< Yeremia 25 >
1 Hili ndilo neno ambalo lilimjia Yeremia juu ya watu wote wa Yuda. Ikawa mwaka wa nne wa Yehoyakimu, mwana wa Yosia, mfalme wa Yuda. Huo ndio mwaka wa kwanza wa Nebukadreza, mfalme wa Babeli.
၁ယောရှိ၏သား၊ ယုဒဘုရင်ယောယကိမ်နန်းစံ စတုတ္ထနှစ်၌ ယေရမိသည်ယုဒပြည်သူအ ပေါင်းတို့နှင့်ပတ်သက်၍ ထာဝရဘုရား၏ထံ တော်မှဗျာဒိတ်တော်ကိုခံယူရရှိလေသည်။ (ထိုနှစ်ကားဗာဗုလုန်ဘုရင်နေဗုခဒ်နေဇာ ၏နန်းစံပထမနှစ်ဖြစ်လေသတည်း။)-
2 Yeremia nabii aliwahubiria watu wote wa Yuda na wenyeji wote wa Yerusalemu.
၂ပရောဖက်ယေရမိကယုဒပြည်သား အပေါင်းတို့နှင့် ယေရုရှလင်မြို့သူမြို့ သားအပေါင်းတို့အား၊-
3 Akasema, “Kwa miaka ishirini na mitatu, tangu mwaka wa kumi na tatu wa Yosia mwana wa Amoni, mfalme wa Yuda mpaka leo, maneno ya Bwana yamekuja kwangu. Nimewahubiria ninyi. Nilikuwa na nia ya kutangaza, lakini hamkunisikiliza.
၃``ထာဝရဘုရားသည်အာမုန်၏သားယုဒ ဘုရင်ယောရှိနန်းစံတစ်ဆယ့်သုံးနှစ်မြောက် မှအစပြု၍ ယနေ့တိုင်အောင်နှစ်ဆယ့်သုံး နှစ်ပတ်လုံးငါ့အားဗျာဒိတ်ပေးလျက်နေ တော်မူခဲ့၏။ ငါသည်လည်းကိုယ်တော်၏ ဗျာဒိတ်တော်များကို သင်တို့အားပြန်ကြား ခဲ့၏။ သို့ရာတွင်သင်တို့သည်ပမာဏမပြု ခဲ့ကြ။-
4 Bwana akawapeleka watumishi wake wote manabii kwako. Walikuwa na nia ya kwenda, lakini hukusikiliza wala kutega masikio.
၄ထာဝရဘုရားသည်အဖန်တလဲလဲ မိမိ ၏အစေခံပရောဖက်များကိုသင်တို့ထံ သို့စေလွှတ်တော်မူခဲ့သော်လည်း သင်တို့ သည်သူတို့၏စကားကိုနားမထောင် ကြ။ ပမာဏလည်းမပြုလိုကြ။-
5 Manabaii hawa walisema, 'Kila mtu auache uovu wake na udhalimu wa matendo yake na kurudi kwenye nchi ambayo Yahwe aliitoa wakati wa zamanai kwa ajili ya babu zenu na ninyi, kama zawadi ya kudumu.
၅သင်တို့သည်မိမိတို့နှင့်ဘိုးဘေးများအား အပြီးအပိုင် ထာဝရဘုရားပေးအပ်တော် မူခဲ့သည့်ပြည်တော်တွင်နေထိုင်ကြစေရန် ထိုပရောဖက်တို့သည်သင်တို့လိုက်လျှောက် လျက်ရှိသည့်လမ်းစဉ်နှင့်ပြုကျင့်လျက်ရှိ သည့်မကောင်းမှုတို့ကိုရှောင်ကြဉ်ရန်ပြော ကြားခဲ့ကြ၏။-
6 Kwa hiyo msiifuate miungu mingine ili kuiabudu au kuiinamia chini, na msimkasirishe kwa kazi ya mikono yenu ili kwamba awaumize.
၆သူတို့သည်သင်တို့အားအခြားဘုရားများ ကိုဝတ်ပြုကိုးကွယ်မှုမပြုကြရန်ကိုလည်း ကောင်း၊ သင်တို့သွန်းလုပ်သည့်ရုပ်တုများကို ရှိခိုးဝတ်ပြုခြင်းအားဖြင့် ထာဝရဘုရား ၏အမျက်တော်ကိုလှုံ့ဆော်မှုမပြုကြရန် ကိုလည်းကောင်းပြောကြားခဲ့ကြ၏။ အကယ် ၍သင်တို့သည်ကိုယ်တော်၏စကားကိုသာ နားထောင်ကြမည်ဆိုပါမူ ကိုယ်တော်သည် သင်တို့အားအပြစ်ဒဏ်ခတ်တော်မူလိမ့်မည် မဟုတ်။-
7 Lakini hamkunisikiliza-hili ndilo tamko la Bwana-kwa hiyo umenikasirisha kwa kazi ya mikono yako ili kujidhuru nafsi zemu.
၇သို့ရာတွင်သင်တို့သည်ကိုယ်တော်၏စကား ကိုနားမထောင်ကြကြောင်း ထာဝရဘုရား ကိုယ်တော်တိုင်မိန့်တော်မူပြီ။ သင်တို့သည် ကိုယ်တော်၏စကားကိုနားထောင်မည့်အစား မိမိတို့ပြုလုပ်သည့်ရုပ်တုများအားဖြင့် အမျက်တော်ကိုလှုံ့ဆော်ကာ ကိုယ်တော်ပေး တော်မူသည့်အပြစ်ဒဏ်ကိုမိမိတို့အပေါ် သို့သက်ရောက်စေကြလေပြီ။
8 Basi, Bwana wa majeshi asema hivi, 'Kwa kuwa hukusikiliza maneno yangu,
၈``ထို့ကြောင့်သင်တို့သည် ကိုယ်တော်၏စကား ကိုနားမထောင်လိုကြသဖြင့် အနန္တတန်ခိုး ရှင်ထာဝရဘုရားက၊-
9 tazama, nitaagiza amri ya kukusanya watu wote wa kaskazini- asema Bwana- na Nebukadreza, mtumishi wangu, mfalme wa Babeli, na kuwaleta juu ya nchi hii na wenyeji wake, na juu ya mataifa yote yaliyo karibu nawe. Kwa maana nitawaangamiza. Nitawageuza kuwa na hofu, kuwa kitu cha kuzomewa na ukiwa wa daima.
၉`ငါသည်မြောက်အရပ်မှလူမျိုးများနှင့်ငါ ၏အစေခံဗာဗုလုန်ဘုရင်နေဗုခဒ်နေဇာ ကိုဆင့်ခေါ်ကာ ဤပြည်သူပြည်သားအပေါင်း တို့နှင့်နီးနားပတ်ဝန်းကျင်ရှိပြည်သူများ မှလူမျိုးအပေါင်းတို့အားတိုက်ခိုက်စေမည်။ ငါသည်ယင်းတို့ကိုအကြွင်းမဲ့ဖျက်ဆီး၍ ထာဝစဉ်ယိုယွင်းပျက်စီးစေသဖြင့်ရှုမြင် ရသူတို့လန့်ဖျပ်တုန်လှုပ်ကြလိမ့်မည်။ ဤ ကားငါထာဝရဘုရားမြွက်ဟသည့် စကားဖြစ်၏။-
10 Sauti ya furaha na sherehe-sauti ya bwana arusi na bibi arusi, sauti ya mawe ya kusagia na mwanga wa taa-nitafanya mambo yote haya kutoweka kutoka kwa mataifa haya.
၁၀ငါသည်ဝမ်းမြောက်ရွှင်လန်းစွာကြွေးကြော် ကြသည့်အသံများနှင့် မင်္ဂလာဆောင်ပွဲအသံ များကိုလည်းကောင်း၊ ကျိတ်ဆုံကျောက်လှည့် သည့်အသံများကိုလည်းကောင်းဆိတ်သုဉ်း စေမည်။ ထို့ပြင်မီးခွက်များကိုလည်းငါ ငြိမ်းသတ်မည်။-
11 Ndipo nchi hii yote itakuwa ukiwa na hofu, na mataifa haya watamtumikia mfalme wa Babeli kwa miaka sabini.
၁၁ဤပြည်တစ်ခုလုံးသည်ယိုယွင်းပျက်စီးလျက် ကျန်ရစ်ကာ ရှုမြင်ရသူတို့ထိတ်လန့်ဖွယ်ရာ ဖြစ်လိမ့်မည်။ ပတ်ဝန်းကျင်ရှိလူမျိုးအပေါင်း တို့သည်လည်း အနှစ်ခုနစ်ဆယ်တိုင်တိုင်ဗာ ဗုလုန်ဘုရင်၏အစေကိုခံရကြလိမ့်မည်။-
12 Kisha miaka sabini itakapokamilika, nitamuadhibu mfalme wa Babeli na taifa hilo, nchi ya Wakaldayo-hili ndilo tamko la Bwana-kwa uovu wao na kuifanya kuwa ukiwa milele.
၁၂ထိုနောက်ငါသည်ဗာဗုလုန်ဘုရင်နှင့်ပြည်သူ တို့အား မိမိတို့ကူးလွန်သည့်အပြစ်အတွက် ဆုံးမမည်။ သူတို့၏ပြည်ကိုဖျက်ဆီးကာ ထာဝစဉ်ယိုယွင်းပျက်စီးလျက်နေစေမည်။-
13 Nami nitaleta juu ya nchi hiyo maneno yote niliyosema, na kila kitu kilichoandikwa katika kitabu hiki ambacho Yeremia ametabiri juu ya mataifa yote.
၁၃ငါသည်ထိုလူမျိုးအားယခင်ကခြိမ်းခြောက် ခဲ့သည့်အတိုင်းလူမျိုးတကာတို့အား ယေ ရမိပြန်ကြားခဲ့သည့်အပြစ်ဒဏ်များဖြင့် လည်းကောင်း၊ ဤစာစောင်တွင်ဖော်ပြပါရှိ သည့်အပြစ်ဒဏ်များဖြင့်လည်းကောင်း ဆုံးမမည်။-
14 Kwa maana pia mataifa mengi na wafalme wakuu watapata watumwa kutoka mataifa haya. Nitawalipa kwa matendo yao na kazi za mikono yao.'”
၁၄များစွာသောလူမျိုးတို့နှင့်တန်ခိုးကြီးသည့် ဘုရင်များထံ၌ကျွန်ခံရကြလိမ့်မည်။ ငါ သည်လည်းသူတို့အားမိမိတို့ပြုခဲ့သည့် အမှုများ၏ ဆိုးကျိုးကိုခံစေမည်' '' ဟု မိန့်တော်မူ၏။
15 Kwa kuwa Bwana, Mungu wa Israeli, asema hivi, “Chukua kikombe hiki cha divai ya ghadhabu kutoka mkononi mwangu, ukawanyweshe mataifa yote niliyokutuma.
၁၅ဣသရေလအမျိုးသားတို့၏ဘုရားသခင် ထာဝရဘုရားက ငါ့အား``သင်သည်ငါ၏ အမျက်တော်နှင့်ပြည့်လျက်ရှိသည့်ဤစပျစ် ရည်ခွက်ဖလားကိုငါ့ထံမှယူ၍ သင့်အား ငါစေလွှတ်တော်မူသည့်လူမျိုးတကာတို့ ကိုတိုက်ခိုက်လော့။-
16 Kwa maana watakunywa na kisha watalewa na kufanya wazimu mbele ya upanga ambao nitaupeleka kati yao.”
၁၆ထိုအမျက်တော်ရည်ကိုသောက်ကြသောအခါ သူတို့သည်ငါစေလွှတ်သည့်စစ်မက်အန္တရာယ် ကြောင့် မူးယစ်ယိမ်းယိုင်ကာရူးသွပ်၍သွားကြ လိမ့်မည်'' ဟုမိန့်တော်မူ၏။
17 Basi, nikakichukua kikombe mkononi mwa Bwana, nikawanywesha mataifa yote ambayo Bwana alinituma:
၁၇သို့ဖြစ်၍ငါသည်ထာဝရဘုရား၏လက် တော်မှခွက်ဖလားကိုယူ၍ ငါ့အားကိုယ် တော်စေလွှတ်တော်မူသည့်လူမျိုးအပေါင်း တို့အားအမျက်တော်ရည်ကိုတိုက်၏။-
18 Yerusalemu, miji ya Yuda, na wafalme wake, na wakuu wake, na kuwafanya kuwa ukiwa na kitu cha kutisha, na kuwa kitu cha kuzomewa na laana, kama ilivyo hata leo.
၁၈ယုဒဘုရင်များ၊ ခေါင်းဆောင်များနှင့်တကွ ယေရုရှလင်မြို့နှင့်ယုဒမြို့ရှိသမျှတို့သည် ရှုမြင်ရသူတို့ထိတ်လန့်တုန်လှုပ်ဖွယ်ရာ သဲကန္တာရဖြစ်လျက် ယင်းတို့၏အမည်နာမ သည်လည်းလူတို့ကျိန်ဆဲရာတွင်အသုံးပြု သည့်စကားအသုံးအနှုန်းဖြစ်လာစေရန် ထိုအမျက်တော်ရည်ကိုသောက်ရကြ၏။ ယခုအခါထိုမြို့တို့သည်ယင်းအတိုင်း ပင်ဖြစ်ပျက်လျက်ရှိပေသည်။
19 Mataifa mengine pia walipaswa kunywa: Farao mfalme wa Misri na watumishi wake; maafisa wake na watu wake wote;
၁၉စပျစ်ရည်ခွက်ဖလားမှအမျက်တော်ရည် ကိုသောက်ရကြသည့်အခြားသူများ၏ စာရင်းမှာ၊ အီဂျစ်ဘုရင်မှူးမတ်များနှင့်ခေါင်းဆောင်များ၊ အီဂျစ်အမျိုးသားများနှင့်အီဂျစ်ပြည်ရှိ လူမျိုးခြားရှိသမျှ၊ ဥဇပြည်မင်းအပေါင်း၊ ဖိလိတ္တိပြည်ရှိအာရှကေလုန်မြို့၊ဂါဇမြို့၊ ဧကြုန်မြို့တို့မှဘုရင်အပေါင်းနှင့်အာဇုတ် မြို့သား အကြွင်းအကျန်ရှိသမျှ၊ ဧဒုံပြည်၊မောဘပြည်နှင့်အမ္မုန်ပြည်သား အပေါင်း၊ တုရုနှင့်ဇိဒုန်ဘုရင်အပေါင်း၊ ပင်လယ်ရပ်ခြားမြေထဲပင်လယ်ဒေသတွင် အုပ်စိုးသည့်ဘုရင်အပေါင်း၊ ဒေဒန်မြို့၊တေမမြို့နှင့်ဗုဇမြို့တို့မှ မြို့သူမြို့သားအပေါင်း၊ နဖူးပေါ်မှဆံပင်တိုညှပ်သူမှန်သမျှ၊ အာရပ်ဘုရင်အပေါင်း၊ သဲကန္တာရတွင်နေထိုင်သူလူမျိုးခြားတို့အား အစိုးရသည့်ဘုရင်အပေါင်း၊ ဇိမရိပြည်၊ဧလံပြည်နှင့်မေဒိပြည်ဘုရင် အပေါင်းနှင့် မြောက်ဘက်ရှိရပ်နီးရပ်ဝေးမှဘုရင် အပေါင်းတို့ ဖြစ်ကြ၏။ ကမ္ဘာပေါ်တွင်ရှိသမျှသောလူမျိုးတို့သည် ထိုအမျက်တော်ရည်ကိုသောက်ရကြ၏။ နောက်ဆုံးသောက်ရမည့်သူမှာဗာဗုလုန် ဘုရင်ဖြစ်ပေသည်။
20 watu wote wa urithi wa mchanganyiko na wafalme wote wa nchi ya Uzi; na wafalme wote wa nchi ya Wafilisti, na Ashkeloni, na Gaza, na Ekroni, na mabaki ya Ashdodi;
၂၀
21 Edomu na Moabu na wana wa Amoni.
၂၁
22 Wafalme wa Tiro na Sidoni, wafalme wa pwani ng'ambo ya pili ya bahari,
၂၂
23 Dedani, Tema, na Busi pamoja na wale wanyoao nywele zao upande wa pili wa vichwa vyao, pia walipaswa kukinywa.
၂၃
24 Watu hawa pia walitakiwa kukinywa; wafalme wote wa Uarabuni na wafalme wote wa watu wa asili mchanganyiko wanaoishi nyikani;
၂၄
25 wafalme wote wa Zimri, wafalme wote wa Elamu, na wafalme wote wa Wamedi;
၂၅
26 wafalme wote wa kaskazini, wale wa karibu na wale wa mbali—kila mmoja na ndugu zake na falme zote za ulimwengu ambazo ziko chini ya uso wa dunia. Hatimaye mfalme wa Babeli atakunywa baada yao wote.
၂၆
27 Bwana akaniambia, “Basi, uwaambie, 'Bwana wa majeshi, Mungu wa Israeli, asema hivi kunywa na kulewa, kisha tapika, uanguke, wala usisimame mbele ya upanga nitakaoutuma kati yenu.'
၂၇ထိုနောက်ထာဝရဘုရားက ငါ့အား``ဣသရေလ အမျိုးသားတို့၏ဘုရားသခင်၊ အနန္တတန်ခိုး ရှင်ထာဝရဘုရားသည်ထိုသူတို့အားမူး ယစ်အော့အန်သည့်တိုင်အောင်၊ သူတို့ထံသို့ငါ စေလွှတ်သည့်စစ်မက်အန္တရာယ်ကြောင့်ပြိုလဲ၍ မထနိုင်သည့်တိုင်အောင်အမျက်တော်ရည် ကိုသောက်ကြရန်မိန့်တော်မူကြောင်းဆင့် ဆိုလော့။-
28 Kisha itatokea kwamba ikiwa wanakataa kuchukua kikombe mkononi mwako ili kunywa, utawaambia, 'Bwana wa majeshi asema hii lazima mnywe.
၂၈အကယ်၍သူတို့သည်သင်၏လက်မှခွက် ဖလားကိုယူ၍သောက်ရန်ငြင်းဆန်နေကြ ပါမူ အနန္တတန်ခိုးရှင်ထာဝရဘုရားက သူတို့အားအသောက်ခိုင်းတော်မူကြောင်း ပြောကြားလော့။-
29 Kwa maana, tazama, nitaleta janga juu ya mji ulioitwa kwa jina langu, je ninyi mtaachiliwa msiadhibiwe? Hutakuwa huru, kwa maana nitaita upanga juu ya wenyeji wote wa nchi! - ndilo tamko la Bwana wa majeshi.'
၂၉ငါသည်ဖျက်ဆီးရန်လုပ်ငန်းကိုငါ၏နာမ တော်ကိုဆောင်သောမြို့တော်မှအစပြုမည်။ ထိုမြို့သားတို့သည်အပြစ်ဒဏ်ခံရကြ တော့မည်မဟုတ်ဟုထင်မှတ်ကြသလော။ ငါသည်ကမ္ဘာမြေပေါ်ရှိလူအပေါင်းတို့ ထံသို့စစ်မက်အန္တရာယ်ကိုစေလွှတ်မည် ဖြစ်၍ သူတို့သည်အမှန်ပင်အပြစ်ဒဏ်ခံ ရကြလိမ့်မည်။ ဤကားငါထာဝရ ဘုရားမြွက်ဟသည့်စကားဖြစ်၏။
30 Basi wewe mwenyewe, Yeremia, tabiri kwao maneno haya yote. Uwaambie, 'Bwana atanguruma kutoka juu, naye atapaza sauti yake toka makao yake matakatifu, na radi kutoka mahali pake patakatifu; naye atapiga kelele kama wale wakanyagao zabibu dhidi ya wote wanaoishi duniani.
၃၀``အသင်ယေရမိ၊ သင်သည်ငါ၏ဗျာဒိတ်တော် မှန်သမျှကို ဤသူတို့အားပြောကြားကြေ ညာရမည်မှာ၊ `ထာဝရဘုရားသည်သန့်ရှင်းတော်မူသော အိမ်တော်မှ နေ၍မိုးချုန်းသံပြုတော်မူလိမ့်မည်။ အထက်ဘဝဂ်မှနေ၍မြည်ဟိန်းသံပြုတော် မူလိမ့်မည်။ ကိုယ်တော်သည်မိမိ၏လူမျိုးတော်အား ဟိန်းဟောက်တော်မူလိမ့်မည်။ ကိုယ်တော်သည်စပျစ်သီးနယ်သောသူကဲ့သို့ အော်ဟစ်တော်မူလိမ့်မည်။ ကမ္ဘာပေါ်ရှိလူအပေါင်းတို့ကိုလည်းအော်ဟစ် လိမ့်မည်။
31 Kelele huja mpaka mwisho wa nchi, kwa sababu mgogoro kutoka kwa Bwana utaleta mashtaka dhidi ya mataifa. Ataleta haki kwa wote wenye mwili. Yeye atawatia waovu katika upanga-hili ndi'o tamko la Bwana.'
၃၁ထာဝရဘုရားသည်လူမျိုးတကာတို့အား စွဲချက်တင်တော်မူမည်။ ကိုယ်တော်၏အသံတော်သည်ကမ္ဘာမြေကြီးစွန်း တိုင်အောင်ပဲ့တင်ထပ်၍သွားလိမ့်မည်။ ကိုယ်တော်သည်လူအပေါင်းတို့အားစစ်ဆေး စီရင်တော်မူ၍ သူယုတ်မာတို့အားကွပ်မျက်တော်မူလိမ့်မည်။ ဤကားထာဝရဘုရားမြွက်ဟသည့်စကား ဖြစ်၏' ဟုပြောကြားလော့'' ဟူ၍ဖြစ်၏။
32 Bwana wa majeshi asema hivi, 'Tazameni, taabu itatokea toka kwa taifa hadi taifa, na dhoruba kubwa itatokea toka pande za mwisho za dunia.
၃၂အနန္တတန်ခိုးရှင်ထာဝရဘုရားက``ဘေး အန္တရာယ်ဆိုးသည် တစ်နိုင်ငံပြီးတစ်နိုင်ငံ သို့ကူးစက်၍လာလိမ့်မည်။ လေမုန်တိုင်းကြီး သည်ကမ္ဘာမြေကြီးစွန်းမှတိုက်ခတ်လာလိမ့် မည်'' ဟုမိန့်တော်မူ၏။-
33 Kisha wale waliouawa na Bwana watakuja kutoka upande mmoja wa dunia hadi mwingine; hawataomboleza, kukusanyika, au kuzikwa. Watakuwa kama samadi chini.
၃၃ထိုနေ့ရက်ကျရောက်လာသောအခါထာဝရ ဘုရားကွပ်မျက်တော်မူသောသူတို့၏အလောင်း များသည် ကမ္ဘာမြေပြင်တစ်လျှောက်လုံးတွင်ပျံ့နှံ့ လျက်နေလိမ့်မည်။ သူတို့အတွက်အဘယ်သူမျှ ဝမ်းနည်းပူဆွေးမှုပြုလိမ့်မည်မဟုတ်။ အလောင်း များကိုလည်းယူ၍သင်္ဂြိုဟ်ကြလိမ့်မည်မဟုတ်။ ယင်းတို့သည်နောက်ချေးပုံများကဲ့သို့မြေ ပေါ်တွင်ရှိနေလိမ့်မည်။
34 Pigeni Yowe, wachungaji, na pigeni kelele ya kuomba msaada! Gaagaa katika ardhi, enyi mlio hodari katika kundi. Kwa kuwa siku yako ya kuuawa na kutawanywa imekuja. Utaanguka kama kondoo waliochaguliwa.
၃၄အသင်ခေါင်းဆောင်တို့၊ အော်ဟစ်ငိုယိုကြလော့။ ငါ၏လူမျိုးတော်ကိုထိန်းသောသိုးထိန်းတို့၊ ကျယ်စွာအော်ဟစ်ကြလော့။ ဝမ်းနည်းပူဆွေး လျက်မြေမှုန့်တွင်လူးလှိမ့်ကြလော့။ အသတ် ခံရကြမည့်အချိန်ကျရောက်လာပြီဖြစ်၍ သင်တို့သည်သိုးထီးများကဲ့သို့အသတ်ခံ ရကြလိမ့်မည်။-
35 Wachungaji hawatakuwa na pa kukimbilia. Hakuna kutoroka kwa watu walio hodari katika kundi.
၃၅သင်တို့အဖို့ချမ်းသာရရန်လမ်းရှိလိမ့်မည် မဟုတ်။
36 Kuna mlio wa wasiwasi wa wachungaji na milio ya kulalama kwa watu walio hodari katika kundi, kwa kuwa Yahweh anayaharibu malisho yao.
၃၆သင်တို့သည်ညည်းတွားအော်ဟစ်လိမ့်မည်။ အဘယ်ကြောင့်ဆိုသော်ထာဝရဘုရား သည်သူတို့၏နိုင်ငံများကို အမျက်တော် ဖြင့်ဖျက်ဆီးကာသူတို့၏ငြိမ်းချမ်းသာ ယာသည့်ပြည်ကိုယိုယွင်းပျက်စီးလျက် နေစေတော်မူလေပြီ။
37 Kwa hiyo, malisho ya amani yataharibiwa kwa sababu ya hasira ya Bwana.
၃၇
38 Kama simba, ameacha shimo lake, kwa kuwa ardhi yao itakuwa kitu cha kushangaza kwa sababu ya hasira ya muonevu, kwa sababu ya ghadhabu yake kali'”
၃၈ခြင်္သေ့သည်မိမိ၏ဂူကိုစွန့်ပစ်သကဲ့သို့ ထာဝရဘုရားသည်မိမိလူမျိုးတော်အား စွန့်ပစ်တော်မူလေပြီ။ ကြောက်မက်ဖွယ်ကောင်း သည့်စစ်မက်အန္တရာယ်နှင့်ထာဝရဘုရား ၏အမျက်တော်ကြောင့် သူတို့၏ပြည်သည် သဲကန္တာရအဖြစ်သို့ပြောင်းလဲသွားလေ ပြီ။