< Yeremia 23 >

1 “Ole wao wachungaji ambao huangamiza na kuwatawanya kondoo wa malisho yangu-hii ndiyo ahadi ya Bwana.”
ထာဝရဘုရားမိန့်တော်မူသည်ကား၊ ငါ့ထံမှာ ကျက်စားသော သိုးတို့ကို ဖျက်ဆီး၍၊ အရပ်ရပ်သို့ ကွဲပြား စေသော သိုးထိန်းတို့သည် အမင်္ဂလာရှိကြ၏။
2 Kwa hiyo, Bwana, Mungu wa Israeli, asema hivi juu ya wachungaji ambao wanawachunga watu wake, “Ninyi mnawatawanya kundi langu na kuwafukuza. Hamuwajali hata kidogo. Tambueni hili! Mimi nitawalipiza uovu wa matendo yenu-hili ni tamko la Bwana.
ထိုကြောင့်၊ ဣသရေလအမျိုး၏ ဘုရားသခင် ထာဝရဘုရား မိန့်တော်မူသည်ကား၊ ငါ၏ လူတို့ကို ကျွေးမွေးရသော သိုးထိန်းတို့အမှုမှာ သင်တို့သည် ငါ၏ သိုးစုကို မကြည့်ရှု၊ မပြုစု၊ အရပ်ရပ်သို့ ကွဲပြားစေ၍ နှင်ထုတ်သောကြောင့်၊ သင်တို့ပြုသော ဒုစရိုက်အပြစ်ကို သင်တို့အပေါ်မှာ ငါသက်ရောက်စေမည်ဟု ထာဝရ ဘုရားမိန့်တော်မူ၏။
3 Mimi mwenyewe nitakusanya mabaki ya kondoo wangu kutoka nchi zote nilizowafukuza, nami nitawarejesha kwenye eneo la malisho, ambako watazaa na kuongezeka.
တဖန်မိန့်တော်မူသည်ကား၊ ငါ၏သိုးစုကို ငါနှင်ထုတ်သော ပြည်ရှိသမျှတို့၌ ကျန်ကြွင်းသော သိုး တို့ကို ငါစုဝေး၍၊ နေရင်းသိုးခြံသို့ တဖန်ငါဆောင်ခဲ့ ဦးမည်။ သူတို့သည်လည်း၊ သားဘွား၍ များပြားကြလိမ့် မည်။
4 Ndipo nitawainua wachungaji juu yao ambao watawachunga hivyo hawataogopa tena au kupotezwa. Hakuna hata mmoja atakayepotea-hili ni tamko la Bwana.
သူတို့ကို ကျွေးမွေးသော သိုးထိန်းတို့ကို သူတို့ အပေါ်မှာ ငါခန့်ထားသဖြင့်၊ သူတို့သည် နောက်တဖန် ကြောက်ခြင်း၊ ထိတ်လန့်ခြင်းမရှိ ရကြ။ ဆုံးမခြင်းကိုလည်း မခံရကြဟု ထာဝရဘုရား မိန့်တော်မူ၏။
5 Angalia, siku zinakuja-hili ndilo tamko la Bwana-nitakapomuinulia Daudi tawi la haki. Atatawala kama mfalme; atatenda kwa busara na kusababisha hukumu na haki katika nchi.
ထာဝရဘုရား မိန့်တော်မူသည်ကား၊ သန့်ရှင်း သော အညွန့်ကို ဒါဝိဒ်အဘို့ ငါပေါက်စေသည်အတိုင်း၊ ဥာဏ်ကောင်းသောရှင်ဘုရင်တဦးသည် စိုးစံ၍၊ မြေကြီး ပေါ်မှာ တရားသဖြင့် ဖြောင့်မတ်စွာ စီရင်ရာ ကာလ သည် ရောက်လိမ့်မည်။
6 Katika siku zake Yuda ataokolewa, na Israeli wataishi kwa usalama. Na jina lake atakayeitwa Bwana ni haki yetu.
ထိုမင်းလက်ထက်၌ ယုဒပြည်သည် ကယ်တင် ခြင်းသို့ရောက်၍၊ ဣသရေလပြည်လည်း ငြိမ်ဝပ်စွာ နေရ လိမ့်မည်။ ထိုမင်းသည် ယေဟောဝါဇေဒကနုဟူသော ဘွဲ့နာမရှိလိမ့်သတည်း။
7 Kwa hiyo, tazama, siku zinakuja-hili ndilo tamko la Bwana-hawatasema tena, 'Kama Bwana aishivyo, aliyewatoa wana wa Israeli kutoka nchi ya Misri.'
သို့ဖြစ်၍၊ ထာဝရဘုရားမိန့်တော်မူသည်ကား၊ ဣသရေလအမျိုးသားတို့ကို အဲဂုတ္တုပြည်မှ နှုတ်ဆောင် သော ထာဝရဘုရားအသက်ရှင်တော်မူသည်ဟူ၍ မကျိန်ဆိုဘဲ၊
8 Badala yake watasema, 'Kama Bwana aishivyo, ambaye aliwaleta na ambaye aliwaongoza wana wa nyumba ya Israeli kutoka nchi ya kaskazini na nchi zote walizofukuzwa.' Nao watakaa katika nchi yao wenyewe.”
ဣသရေလအမျိုးသား အစဉ်အဆက်တို့ကို မြောက်ပြည်မှစ၍၊ နှင့်ထုတ်ဘူးသော ပြည်ရှိသမျှတို့မှ ပို့ဆောင်သော ထာဝရဘုရား အသက်ရှင်တော်မူသည် ဟူ၍ ကျိန်ဆိုရသော ကာလသည် နောက်တဖန် ရောက် လိမ့်မည်။ သူတို့သည် နေရင်းပြည်၌ တဖန် နေရကြ လိမ့်မည်။
9 Kuhusu manabii, moyo wangu umevunjika ndani yangu, na mifupa yangu yote imetetemeka. Nimekuwa kama mlevi, kama mtu ambaye ameshindwa na divai, kwa sababu ya Bwana na maneno yake matakatifu.
ပရောဖက်များနှင့် ဆိုင်သော စကားဟူမူကား၊ ထာဝရဘုရားကြောင့်၎င်း၊ သန့်ရှင်းသော စကားတော် ကြောင့်၎င်း ငါ့စိတ်ပျက်လျက်ရှိ၏။ ငါ့အရိုးရှိသမျှတို့သည် လှုပ်ရှားကြ၏။ ယစ်မူးသောသူနှင့် စပျစ်ရည်နိုင်သော သူကဲ့သို့ ငါဖြစ်၏။
10 Kwa maana nchi imejaa wazinzi. Kwa sababu ya hayo nchi imeuka. Milima katika jangwa imekauka. Njia hizi za manabii ni mbaya; nguvu zao hazitumiwi kwa namna sahihi.
၁၀အကြောင်းမူကား၊ မတရားသော မေထုန်၌မှီဝဲ သောသူတို့သည် တပြည်လုံး၌ အနှံ့အပြားရှိကြ၏။ ထိုသူတို့ကြောင့် တပြည်လုံးမြည်တမ်းရ၏။ တော၌ ကျက်စားရာအရပ်တို့သည် သွေ့ခြောက်ကြ၏။ ပြည်သား များလိုက်သောလမ်းသည် မဖြောင့်၊ သူတို့အစွမ်းသတ္တိ သည် တရားဘက်၌ မနေတတ်။
11 Kwa maana manabii na makuhani wote wamekufuru. Nimeona uovu wao ndani ya nyumba yangu! - hili ndilo tamko la Bwana;
၁၁ပရောဖက်နှင့်ယဇ်ပုရောဟိတ်နှစ်ပါးတို့သည် ဘုရားကို မရိုမသေပြုကြပြီ။ ငါ့အိမ်၌ပင် သူတို့ပြုသော အဓမ္မအမှုကို ငါတွေ့ပြီဟု ထာဝရဘုရား မိန့်တော်မူ၏။
12 kwa hiyo njia yao itakuwa kama mahali pa kupumzika katika giza. Watasukumwa chini. Wao wataanguka ndani yake. Kwa maana nitawatuma mabaya juu yao katika mwaka wa adhabu yao; hili ndilo tamko la Bwana.
၁၂ထိုကြောင့်၊ သူတို့သွားသောလမ်းသည် မှောင်မိုက်၌ ချောတတ်သော လမ်းကဲ့သို့ဖြစ်၍၊ သူတို့သည် တွန်းတိုးခြင်းကို ခံရ၍ လဲကြလိမ့်မည်။ အကြောင်းမူကား၊ သူတို့သည် ဆုံးမခြင်းကို ခံရသော ကာလ၌ သူတို့အပေါ်မှာ ဘေးဥပဒ်ကို သင့်ရောက် စေမည်ဟု ထာဝရဘုရား မိန့်တော်မူ၏။
13 kwa maana nimeona uchungu kati ya manabii huko Samaria. Walitabiri kwa Baali na wakawaongoza watu wangu Israeli kwenye njia sahihi.
၁၃ရှမာရိပြည်သား ပရောဖက်တို့၌လည်း၊ မိုက် သောသဘောကို ငါမြင်ပြီ။ သူတို့သည် ဗာလဘုရားကို မှီဝဲ၍ ပရောဖက်ပြုသဖြင့်၊ ငါ၏လူ ဣသရေလ အမျိုးသားတို့ကို မှားယွင်းစေကြပြီ။
14 Na miongoni mwa manabii huko Yerusalemu nimeona mambo ya kutisha: wanafanya uzinzi na huenda kwa udanganyifu. Wanaimarisha mikono ya waovu; hakuna mtu anarejea na kuacha uovu wake. Wote wamekuwa kama Sodoma kwangu na wenyeji wake kama Gomora!”
၁၄ယေရုရှလင်မြို့သား ပရောဖက်တို့၌လည်း၊ စက်ဆုပ်ရွံရှာဘွယ်သောသဘောကို ငါမြင်ပြီ။ သူတို့သည် မတရားသော မေထုန်၌မှီဝဲလျက်၊ မုသာကိုလည်း သုံးလျက်၊ အဓမ္မပြုသောသူတို့ကို အားပေးတတ်သဖြင့်၊ အဘယ်သူမျှမိမိပြုသော အဓမ္မအမှုကို မစွန့်။ ထိုသူ ရှိသမျှတို့သည် ငါ၌ သောဒုံမြို့သားကဲ့သို့၎င်း၊ ယေရု ရှလင်မြို့သားတို့သည် ဂေါမောရမြို့သားကဲ့သို့၎င်း ဖြစ်ကြ၏။
15 Kwa hiyo, Bwana wa majeshi asema hivi juu ya manabii, “Tazameni, nitawafanya wale magugu na kunywa maji yenye sumu, kwa maana kufuru imetoka kwa manabii wa Yerusalemu na kuingia katika nchi yote.”
၁၅ထိုကြောင့်၊ ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရ ဘုရားသည် ပရောဖက်တို့အမှု၌ မိန့်တော်မူသည်ကား၊ သူတို့ကို ဒေါနနှင့် ငါကျွေးမည်။ ဆေးခါးကိုလည်း သောက်စေမည်။ ယေရုရှလင်မြို့သား ပရောဖက်တို့သည် မူလအမြစ်ဖြစ်၍၊ အဓမ္မအမှုသည် တပြည်လုံးကို နှံ့ပြား လေပြီ။
16 Bwana wa majeshi asema hivi, “Usisikilize maneno ya manabii wanaokuhubiri. Wamekudanganya! Wanatangaza maono kutoka kwenye mawazo yao wenyewe, si kwa kinywa cha Bwana.
၁၆ကောင်းကင်ဗိုလ်ခြေ အရှင်ထာဝရဘုရား မိန့်တော်မူသည်ကား၊ ပရောဖက်ပြု၍ သင်တို့အား ဟောတတ်သော ဆရာတို့၏ စကားကို နားမထောင် ကြနှင့်။ သူတို့သည် သင်တို့အား အချည်းနှီးဟောတတ် ကြ၏။ ထာဝရဘုရား၏ နှုတ်တော်ထွက်သို့မလိုက်၊ ကိုယ်အလိုအလျောက် ရူပါရုံကို မြင်သည်အတိုင်း ဟောပြောတတ်ကြ၏။
17 Wanasema daima kwa wale wanaonidharau mimi, 'Bwana asema kutakuwa na amani kwako.' Na kila mtu anayetembea katika ukaidi wa moyo wake anasema, 'mabaya hayatakuja kwenu.'
၁၇ထာဝရဘုရား၏ နှုတ်ကပတ်တော်ကို မထီမဲ့မြင် ပြုသော သူတို့အား၊ သင်တို့သည် ငြိမ်ဝပ်ခြင်းရှိကြ လိမ့်မည်ဟု ဟောတတ်ကြ၏။ မိမိတို့စိတ်နှလုံးခိုင်မာခြင်း သဘောသို့လိုက်သော သူတို့အား၊ သင်တို့သည် ဘေးဥပဒ် နှင့် မတွေ့ရကြဟု ဟောတတ်ကြ၏။
18 Lakini nani amesimama katika mkutano wa baraza la Bwana? Ni nani anayeona na kusikia neno lake? Ni nani anayezingatia maneno yake na kusikiliza?
၁၈ထိုသူတို့တွင် အဘယ်သူသည် ထာဝရဘုရားနှင့် တိုင်ပင်ဘက်ပြုသနည်း။ အဘယ်သူသည် အမှုတော်ကို ကြားမြင်သနည်း။ အဘယ် သူသည် နှုတ်ကပတ်တော်ကို နားထောင်၍ ကြားသနည်း။
19 Tazama, kuna dhoruba inayotoka kwa Bwana! Hasira yake inatoka, na dhoruba inazunguka. Inazunguka vichwa vya waovu.
၁၉ထာဝရဘုရား၏ လေဘွေတော်သည် ပူသော အရှိန်နှင့်ထွက်၏။ ပြင်းစွာသော လေဘွေဖြစ်၍၊ မတရား သော သူတို့ခေါင်းပေါ်မှာ ပြင်းစွာ တိုက်လိမ့်မည်။
20 Hasira za Bwana hazitarejea mpaka zitakapotimiza nia ya moyo wake. Katika siku za mwisho, utaelewa.
၂၀ထာဝရဘုရားသည် လက်စသတ်၍၊ အကြံ အစည်တော်ကို ပြည့်စုံစေတော်မမူမှီ အမျက်တော် မငြိမ်း ရ။ နောက်ကာလ၌ သင်တို့သည် ရှင်းလင်းစွာ နားလည် ကြလိမ့်မည်။
21 Sikuwatuma manabii hawa. Wao tu walionekana. Sikuwahubiri jambo lolote kwao, lakini bado wanatabiri.
၂၁ငါမစေလွှတ်ဘဲ ထိုပရောဖက်တို့သည် ပြေးကြ ပြီ။ ငါမမှာထားဘဲ သူတို့သည် ကိုယ်အလိုအလျောက် ဟောပြောကြပြီ။
22 Kwa kuwa kama walisimama katika mkutano wangu wa baraza, wangeweza kuwasababisha watu wangu kusikia neno langu; wangewafanya wapate kuacha maneno yao mabaya na mazoea mabaya.
၂၂ထိုသူတို့သည် ငါနှင့် တိုင်ပင်ဘက်ပြုလျှင်၊ ငါ့စကားကို ငါ၏ လူမျိုးအားဆင့်ဆို၍၊ ငါ၏လူမျိုးကို မတရားသော လမ်းမှ၎င်း၊ မကောင်း သောအကျင့်ဓလေ့ မှ၎င်း လွဲသွားစေကြပြီ။
23 Mimi ni Mungu aliye karibu-hili ni tamko la Bwana-mimi sio Mungu aliye mbali?
၂၃ငါသည်နီးသော အရပ်၌သာ ဘုရားဖြစ် သလော။ ဝေးသော အရပ်၌လည်း ဘုရားဖြစ်သည် မဟုတ်လောဟု ထာဝရဘုရား မေးတော်မူ၏။
24 Je, kuna mtu yeyote anayejificha mahali penye siri ili nisiweze kumwona? -Hili ndilo tamko la Bwana-Je mbingu na nchi hazikujawa nami? -hili Ndilo tamko la Bwana.
၂၄ငါမမြင်စေခြင်းငှါ အဘယ်သူသည် မထင်ရှား သော အရပ်၌ ပုန်းရှောင်၍ နေနိုင်သနည်းဟု ထာဝရ ဘုရားမေးတော်မူ၏။ ငါသည် ကောင်းကင်မြေကြီးကို နှံ့ပြားသည် မဟုတ်လောဟု ထာဝရဘုရား မေးတော် မူ၏။
25 Nimesikia yale waliyosema manabii, wale waliokuwa wanatabiri uongo kwa jina langu. Wakisema, 'Nilikuwa na ndoto!
၂၅ငါသည် အိပ်မက်မြင်ပြီ၊ အိပ်မက်မြင်ပြီဟု၊ ငါ့နာမကို အမှီပြု၍၊ မုသာဖြင့် ဟောပြောသော ပရောဖက်တို့၏ စကားကို ငါကြားပြီ။
26 Nilikuwa na ndoto!' Je, hii itaendelea mpaka lini, manabii wanaotabiri uongo kutoka kwa akili zao, na wanasema nini kutokana na udanganyifu mioyoni mwao?
၂၆ထိုပရောဖက်တို့သည် အဘယ်မျှကာလပတ်လုံး ဤသို့ကြံစည် ကြလိမ့်မည်နည်း။ သူတို့သည် မုသာစကား ကို ဟောပြောတတ်ကြ၏။ ကိုယ်စိတ်နှလုံး လှည့်စားသည် အတိုင်း ဟောပြောတတ်ကြ၏။
27 Wana mpango wa kuwafanya watu wangu kusahau jina langu kwa ndoto ambazo wanazoripoti, kila mmoja kwa jirani yake, kama vile babu zao walivyosahau jina langu kwa ajili ya jina la Baali.
၂၇ဘိုးဘေးတို့သည် ဗာလကြောင့် ငါ့နာမကို မေ့လျော့သကဲ့သို့၊ သူတို့သည် အိမ်နီးချင်းတယောက်ကို တယောက်ပြောတတ်သော အိပ်မက်များအားဖြင့် ငါ၏ လူမျိုးသည် ငါ့နာမကို မေ့လျော့စေမည်ဟု အကြံရှိကြ သည်တကား။
28 Nabii aliye na ndoto, aseme ndoto hiyo. Lakini yule ambaye nimemwambia kitu fulani, basi aseme neno langu kwa kweli. Je, majani yanahusiana na nafaka? - hili ni tamko la Bwana-
၂၈အိပ်မက်မြင်သော ပရောဖက်သည် အိပ်မက် စကားကို ပြောပါလေစေ။ ငါ၏နှုတ်ကပတ်တော်ကို ခံရ သော သူသည် နှုတ်ကပတ်စကားတော်ကို မှန်ကန်စွာ ဟောပြောပါလေစေ။ အဖျင်းသည်စပါးနှင့် အဘယ်သို့ ဆိုင်သနည်းဟု ထာဝရဘုရား မိန့်တော်မူ၏။
29 Na neno langu si kama moto? -Hili ni tamko la Bwana-na kama mwamba wenye kupiga nyundo?
၂၉ငါ၏ နှုတ်ကပတ်တော်သည် မီးကဲ့သို့၎င်း၊ ကျောက်ကို ထုချေသောသံတူကဲ့သို့၎င်း ဖြစ်သည်မဟုတ် လောဟု ထာဝရဘုရား မေးတော်မူ၏။
30 Tazameni, ninapingana na nabii-hii ndiyo ahadi ya Bwana-yeyote anayeiba maneno kutoka kwa mtu mwingine na anasema yanatoka kwangu.
၃၀သို့ဖြစ်၍၊ ငါ့စကားတော်ကို အိမ်နီးချင်း တယောက်မှတယောက်ခိုးသော ပရောဖက်တို့ကို ငါသည် ဆန့်ကျင်ဘက်ပြုမည်ဟု ထာဝရဘုရား မိန့်တော်မူ၏။
31 Tazama, ninapingana na manabii-hili ndilo tamko la Bwana-ambao hutumia lugha zao kutabiri maneno.
၃၁မိမိတို့အလိုအလျောက် ဟောပြောလျက်နှင့် အမိန့်တော်ရှိသည်ဟုဆိုသော ပရောဖက်တို့ကို ငါသည် ဆန့်ကျင်ဘက်ပြုမည်ဟု ထာဝရဘုရားမိန့်တော်မူ၏။
32 Tazameni, ninapingana na manabii wanaoota ndoto-hii ndiyo ahadi ya Bwana-na kisha kuwahubiri na kwa njia hii kuwadanganya watu wangu kwa udanganyifu wao na kujivunia. Mimi ni juu yao, kwa kuwa sikuwatuma wala kuwapa amri. Kwa hivyo hawatawasaidia watu hawa - hili ndilo tamko la Bwana.
၃၂မှားသာအိပ်မက်ကိုဟောပြော၍၊ မုသာစကား နှင့် အချည်းနှီးစကားအားဖြင့် ငါ၏လူမျိုးကိုမှားယွင်း စေသော ပရောဖက်တို့ကို ငါသည် ဆန့်ကျင်ဘက်ပြုမည်။ သူတို့ကို ငါမစေလွှတ်၊ မမှာထားသောကြောင့်၊ ဤလူမျိုး သည် ကျေးဇူးမရှိဟု ထာဝရဘုရား မိန့်တော်မူ၏။
33 Watu hawa au nabii au kuhani wakakuuliza, 'Je, ni nini tamko la Bwana?' basi lazima uwaambie, 'Ni tamko gani? Kwa maana nimekuacha wewe-hili ndilo tamko la Bwana.
၃၃ဤလူမျိုးတွင် ဆင်းရဲသားဖြစ်စေ၊ ပရောဖက် ဖြစ်စေ၊ ယဇ်ပုရောဟိတ်ဖြစ်စေ၊ တစုံတယောက်က၊ ထာဝရဘုရား၏ ဗျာဒိတ်တော်အဘယ်သို့နည်းဟု သင့်ကို မေးလျှင်၊ ပြန်ပြောရမည်မှာ၊ သင်တို့နှင့်ဆိုင်သော ဗျာဒိတ်တော်ဟူမူကား၊ သင်တို့ကို ငါစွန့်ပစ်မည်ဟု ထာဝရဘုရား မိန့်တော်မူ၏။
34 Kwa habari ya manabii, makuhani, na watu wanaosema, 'Hili ndilo tamko la Bwana,' nitamuadhibu mtu huyo na nyumba yake.
၃၄ထာဝရဘုရား၏ ဗျာဒိတ်တော်ရှိသည်ဟု ပြော ဆိုသော ပရောဖက်၊ ယဇ်ပုရောဟိတ်၊ ပြည်သူပြည်သား ကို၎င်း၊ ထိုသူ၏ အိမ်သူအိမ်သားတို့ကို၎င်း၊ ငါသည် ဒဏ်ပေးမည်။
35 Endelea kusema, kila mtu kwa jirani yake na kila mtu kwa ndugu yake, 'Bwana alijibu nini?' na 'Bwana alitangaza nini?'
၃၅သင်တို့က၊ ထာဝရဘုရားသည် အဘယ်သို့ ပြန်ပြောတော်မူသနည်းဟူ၍၎င်း၊ အဘယ်သို့ မိန့်တော်မူသနည်းဟူ၍၎င်း၊ အိမ်နီးချင်း၊ ညီအစ်ကို ချင်း တယောက်ကိုတယောက် မေးမြန်းရမည်။
36 Lakini usizungumze tena juu ya tamko la Bwana, kwa kuwa kila tamko kutoka kwa kila mtu limekuwa ujumbe wake mwenyewe, na umepotosha maneno ya Mungu aliye hai, Bwana wa majeshi, Mungu wetu.
၃၆ထာဝရဘုရား၏ ဗျာဒိတ်တော်ရှိသည်ဟူ၍ နောက်တဖန် မဆိုရ။ လူတိုင်းမိမိစကားမှတပါး အခြား သောဗျာဒိတ်တော်မရှိရ။ အကြောင်းမူကား၊ သင်တို့သည် အသက်ရှင်တော်မူသောဘုရား၊ ငါတို့၏ ဘုရားသခင် တည်းဟူသော ကောင်းကင်ဗိုလ်ခြေ အရှင်ထာဝရဘုရား ၏ စကားတော်ကို ဖျက်ကြပြီ။
37 Utamuuliza nabii hivi, 'Bwana alikujibu nini? Je, Bwana alisema nini? Kisha unasema tamko kutoka kwa Bwana;
၃၇ထာဝရဘုရားသည် သင့်အား အဘယ်သို့ ပြန်ပြောတော်မူသနည်း။ ထာဝရဘုရားသည် အဘယ်သို့ မိန့်တော်မူသနည်းဟု ပရောဖက်ကို မေးလော့။
38 lakini Bwana asema hivi, Sema hivi, “Hili ni tamko la Bwana” ingawa nimekuagiza na kusema, “Usiseme: Hili ni tamko kutoka kwa Bwana.”
၃၈သင်တို့က၊ ထာဝရဘုရား၏ ဗျာဒိတ်တော်ဟု ဆိုကြသည်ဖြစ်၍၊ ထာဝရဘုရားမိန့်တော်မူသည်ကား၊ ထာဝရဘုရား၏ ဗျာဒိတ်တော်ရှိသည်ဟု မဆိုရမည် အကြောင်း၊ ငါ ပညတ်သော်လည်း၊ သင်တို့သည် ထာဝရ ဘုရား၏ ဗျာဒိတ်တော်ရှိသည်ဟူသော စကားကို သုံးကြ သောကြောင့်၊
39 Kwa hiyo, angalia, nitawachukua na kukutupa mbali na mimi, pamoja na jiji ambalo nilikupa wewe na baba zako.
၃၉ငါသည် သင်တို့ကို၎င်း၊ သင်တို့နှင့် ဘိုးဘေးတို့ အား ငါပေးသော မြို့ကို၎င်း၊ ငါ့ထံမှ အကုန်အစင် ကျုံး၍ ပစ်လိုက်မည်။
40 Ndipo nitaweka aibu ya milele na fedheha juu yenu ambayo haitasahauliwa.'”
၄၀အစဉ်အမြဲ မမေ့လျော့နိုင်သော ထာဝရကဲ့ရဲ့ ခြင်းနှင့် အရှက်ကွဲခြင်းကို သင်တို့အပေါ်မှာ သက်ရောက် စေမည်။

< Yeremia 23 >