< Isaya 41 >

1 ''Sikilizeni mbele yangu kwa ukimya, enyi mkao pwani; wacha mataifa yapate nguvu kwa upya; waache waje karibu na kuzungumza; na tusogee karibu tujadili mgogoro.
တကျွန်းတနိုင်ငံအရပ်တို့၊ ငါ့ရှေ့မှာ ငြိမ်ဝပ်စွာ နေကြ။ လူအမျိုးမျိုးတို့၊ အားဖြည့်ကြ။ ချဉ်းကပ်၍ ပြောကြ။ တရားတွေ့ကြကုန်အံ့။
2 Nani aliyechochea juu mmoja kutoka mashariki, anamuita katika haki yake kwenye huduma yake? Amemkabidhi mataifa juu yake ili amsaidie yeye kuwaangamiza wafalme. Aliwajeuza kuwa mavumbi kwa neno lake, kama upepo unaovuma kwenye mabua kwa upinde wake.
ဖြောင့်မတ်ခြင်းမင်္ဂလာ လိုက်တတ်သော သူကို အရှေ့ပြည်က၊ အဘယ်သူ ပေါ်လာစေသနည်း။ လူ အမျိုးမျိုးတို့ သူ၌အပ်၍၊ ရှင်ဘုရင်တို့ကို အုပ်စိုးစေခြင်းငှါ၊ အဘယ်သူ စီရင်သနည်း။ ရန်သူတို့ကို သူ၏ထားရှေ့မှာ မြေမှုန့်ကဲ့သို့၎င်း၊ သူ၏လေးရှေ့မှာ လွင့်သောဖွဲကဲ့သို့၎င်း အဘယ်သူဖြစ်စေသနည်း။
3 Aliwachukuwa wao na kuwapitisha salama, katika njia nyepesi ambayo miguu yake imegusa shida.
ရန်သူတို့ကို လိုက်ရ၏။ မိမိခြေမနင်းဘူးသော လမ်းဖြင့်၊ ဘေးမရှိ၊ လွန်သွားရ၏။
4 Ni nani aliyeyafanya na kukamilisha matendo haya? Ni nanialiyechagua kizazi kutoka mwanzo? Mimi, Yahwe ni mwanzo na mwisho, mimi ndiye.
ထိုအမှုများကို စီရင်ဖန်ဆင်းလျက်၊ ရှေ့ဦးစွာမှ စ၍ လူမျိုးအစဉ်အဆက်တို့ကို ခေါ်သောသူသည် အဘယ်သူနည်းဟူမူကား၊ အဦးဆုံးသော သူဖြစ်၍၊ နောက်ဆုံးသော သူတို့နှင့်ရှိသော ငါထာဝရဘုရား ပေတည်း။
5 Visiwa vimeona na kuogopa; miisho ya dunia yatetemeka; walikaribia n kuja.
တကျွန်းတနိုင်ငံအရပ်တို့သည် မြင်၍ ကြောက် ကြ၏။ မြေကြီးစွန်းသားတို့သည် ထိတ်လန့်သော စိတ်နှင့် ချဉ်းကပ်၍ စုဝေးကြ၏။
6 Kila mmoja amsaidie jirani yake, na kila mmoja asemezane na mwenzake, 'Kuwa mfariji;
အိမ်နီးချင်းတယောက်ကို တယောက်မစ၍၊ ညီအစ်ကိုချင်း တယောက်ကိုတယောက်၊ မစိုးရိမ်နှင့်ဟု ဆိုကြ၏။
7 Hivyo basi seremala anamfariji mfua dhahabu, na yule anayefanya kazi kwa kutumia nyundo anamfariji anayefanya kazi kwa chuma, akisema kwa msemo wa kurehemu, ''Ni mizuri; Naye ataupigilia kwa makini misumari ili isipinduke.
ထိုသို့ ပန်းတဉ်းသမားသည် ပန်းထိမ်သမားကို နှိုးဆော်တတ်၏။ သံတူနှင့် ချောစေသော သူသည်။ ပေပေါ်မှာ ရိုက်သော သူကိုလည်း နှိုးဆော်၍၊ ဂဟေ ကောင်းသည်ဟု ဆိုတတ်၏။ ရုပ်တုကို မလှုပ်ရှားစေခြင်း ငှါ သံချွန်နှင့် ရိုက်ထားတတ်၏။
8 Lakini wewe, Israeli mtumishi wangu, Yakobo niliyekuchagua, mtoto wa Ibrahimu rafiki yangu,
ငါ့ကျွန်ဣသရေလ၊ ငါရွေးချယ်သောသူ ယာကုပ်၊ ငါ့အဆွေအာဗြဟံ၏သား၊
9 wewe ambaye ninakurudisha kutoka miisho ya nchi, na ambaye niliyekuita kutoka sehemu ya mbali, na kwako niliyekuambia, 'Wewe ni mtumishi wangu; 'Nimekuchagua wewe na sijakukataa.
မြေကြီးအစွန်းအနားမှ ငါလက်ဆွဲ၍ ခေါ်သော သူ၊ သင်သည် ငါ့ကျွန်ဖြစ်၏ဟူ၍၎င်း၊ သင့်ကို ငါရွေး ချယ်ပြီ၊ သင့်ကို မပစ်မပယ်ဟူ၍၎င်း၊ ဂတိကို ခံရသောသူ၊
10 Usiogope maana mimi niko pamoja na wewe. Usiwe na wasiwasi, maana mimi ni Mungu wako. Nitakutia nguvu, na nitakusaidia, wewe, na Nitakushika kwa mkono wa haki yangu.
၁၀မစိုးရိမ်နှင့်။ ငါသည် သင့်ဘက်မှာ ရှိ၏။ မကြောက်နှင့်။ သင်၏ဘုရားသခင် ငါသည် သင့်ကို ခိုင်ခံ့ စေမည်။ သင့်ကို စောင့်မမည်။ ငါ့သစ္စာလက်ျာလက်ဖြင့် ထောက်ပင့်မည်။
11 Tazama, watakuwa na aibu na hawataheshimiwa, wale wote waliokuwa na hasira na wewe; watakuwa si kitu na watatokomea, wale watakao kupinga wewe.
၁၁သင်၌အမျက်ထွက်သော သူတို့သည် ရှက် ကြောက်ခြင်းနှင့် မျက်နှာပျက်ခြင်း ရှိကြလိမ့်မည်။ သင်၌ ရန်ပြုသော သူတို့သည် အဘယ်မျှ မဟုတ်သကဲ့သို့ ဖြစ်၍၊ ရှင်းရှင်းပျက်စီးခြင်းသို့ ရောက်ကြလိမ့်မည်။
12 Utawatafuta na wala hautawapata wale wanaopingana na wewe; wale wafanyao vita dhidi yako watakuwa kama si kitu, si kitu kabisa.
၁၂သင်နှင့် ဆန့်ကျင်ဘက်ပြုသော သူတို့ကို သင် သည် ရှာ၍ မတွေ့ရ။ သင့်ကို စစ်တိုက်သော သူတို့သည် အဘယ်မျှ မဟုတ်သကဲ့သို့၎င်း၊ အနတ္တသက်သက်ကဲ့သို့ ၎င်း ဖြစ်ကြလိမ့်မည်။
13 Maana mimi Yahwe Mungu wako, nitawashika mkono wako wa kiume, nikikuambia wewe, 'Usiogope; Nitakusaidia wewe.
၁၃အကြောင်းမူကား၊ သင်၏ဘုရားသခင်ထာဝရ ဘုရားက၊ မစိုးရိမ်နှင့်။ ငါမစမည်ဟု သင့်အားဆိုလျက်၊ သင်၏လက်ျာလက်ကို ကိုင်မည်။
14 Usiogope, Yakobo wewe mdudu, na enyi watu wa Israeli; Nitawasaidia''- hili ni tamko la Yahwe, Mkombozi wako, Mtakatifu wa Israeli.
၁၄အိုတီကောင်ယာကုပ်၊ အမျိုးငယ် ဣသရေလ၊ မစိုးရိမ်နှင့်။ ငါသည် သင့်ကို မစသော သူဖြစ်၏။ သင့်ကို ရွေးနှုတ်သောသူသည်၊ ဣသရေလအမျိုး၏ သန့်ရှင်း သော ဘုရားဖြစ်သည်ဟု ထာဝရဘုရား မိန့်တော်မူ၏။
15 Tazama, ninakufanya wewe kuwa chombo kikali cha kuparulia chenye makali pande mbili; utaparua milima na kuiponda; utafanya vilima kama makapi.
၁၅ငါသည် သင့်ကို အသွားရှိသော စပါးနယ်စရာ ယန္တရားစက် အသစ်ဖြစ်စေမည်။ သင်သည် တောင်ကြီး တို့ကို နယ်၍ ညက်စေမည်။ တောင်ငယ်တို့ကို ဖွဲကဲ့သို့ ဖြစ်စေမည်။
16 Utawatawanya wao, na upepo utawabeba na kuwapeka mbali; upepo utawatanya wao. Utashanglia katika Yahwe, utashangiliakatika mtakatifu wa Israeli
၁၆သူတို့ကို လှေ့၍၊ လေသည် သူတို့ကို တိုက်သွား လိမ့်မည်။ မုန်တိုင်းလွှင့်လိမ့်မည်။ သင်မူကား ထာဝရ ဘုရား၌ ဝမ်းမြောက်လိမ့်မည်။ ဣသရေလအမျိုး၏ သန့်ရှင်းသော ဘုရား၌ ဝါကြွားလိမ့်မည်။
17 Waliodhulumiwa na masikini wanatafuta maji, lakini hakuna kitu, ndimi zao zimekauka kwa kiu; Mimi Yahwe, nitajibu maombi yao; Mimi Mungu wa Israeli, sitawacha wao.
၁၇ဆင်းရဲသောသူနှင့် ငတ်မွတ်သော သူတို့သည် ရေကိုရှာ၍ မတွေ့၊ ရေငတ်၍ လျှာ သွေ့ခြောက်သော အခါ၊ ငါထာဝရဘုရားသည် သူတို့ စကားကို နားထောင် မည်။ ဣသရေလအမျိုး၏ ဘုရားသခင်ဖြစ်သော ငါသည် သူတို့ကို မစွန့်။
18 Nitatengeneza mikondo ya maji kushusha chini, na chemichem katikati ya mabonde; nitalifanya jangwa kuwa kisima cha maji, na aridhi kavu kuwa chemichem ya maji.
၁၈မြင့်သောအရပ်တို့၌ မြစ်ကို၎င်း၊ နိမ့်သော အရပ်တို့၌ စမ်းရေကို၎င်း ငါပေါက်စေမည်။ တောအရပ် ၌ ရေကန်များကို၎င်း၊ သွေ့ခြောက်သောအရပ်၌ စမ်းရေ တွင်းများကို၎င်း ငါဖြစ်စေမည်။
19 Katika jangwa nitapanda mierezi, mshita, mhadisi, na mti wa mizeituni. Nitaotesha mberoshi katika uwazi wa jangwa, pamoja na mbono nitapanda mberoshi kitika jangwa lililowazi.
၁၉တော၌ အာရဇ်ပင်၊ အကာရှပင်၊ မုရတုပင်၊ သံလွင်ပင်များကို၎င်း၊ လွင်ပြင်၌ ထင်းရူးပင်၊ တဒေရ ပင်၊ တာရှုရပင်များကို၎င်း ရောနှောလျက် စိုက်မည်။
20 Nitayafanya haya ili waweze kuona, kutambua na kuelewa kwa pamoja, kwamba mkono wa Yahwe umetenda haya, kama Mtakatifu wa Israeli aliyeliumba.
၂၀သို့ဖြစ်၍၊ ထာဝရဘုရားသည် ဤအမှုကို စီရင် ၍၊ ဣသရေလအမျိုး၏ သန့်ရှင်းသော ဘုရားဖန်ဆင်း တော်မူကြောင်းကို၊ ထိုသူအပေါင်းတို့သည် သိမြင်၍၊ ဆင်ခြင်နားလည်ကြလိမ့်မည်။
21 Wakilisha keshi yako, '' asema Yahwe; ''wakilisha hoja zenu nzuri kwa sanamu yenu,'' asema Mfalme wa Yakobo.
၂၁သင်တို့၏ အမှုကို စောင့်ကြလော့ဟု ထာဝရ ဘုရားမိန့်တော်မူ၏။ သင်တို့၏ခိုင်ခံ့သော သက်သေများ ကို ထုတ်ပြကြလော့ဟု ယာကုပ်အမျိုး၏ ရှင်ဘုရင် မိန့်တော်မူ၏။
22 Waache walete hoja zao wenyewe; waache waje mbele na watutangazie sisi nini kitakachotokea, ili tuweze kuelewa haya mambo vizuri. Tuawaache watupe tamko mapema, ili tuweze kulitafakari na tuweze kujua n kwa jinsi gani litatimia.
၂၂ထုတ်ဘော်၍ အနာဂတ္တိအရာတို့ကို ငါတို့အား ပြကြစေ။ အရင်ဖြစ်ဘူးသော အရာတို့သည် အဘယ်သို့ ဖြစ်သည်ကို ငါတို့ ဆင်ခြင်၍၊ ထိုအရာတို့၏ အဆုံးကို သိရမည်အကြောင်း ဘော်ပြကြစေ။ သို့မဟုတ်၊ ဖြစ်လတံ့ သောအရာတို့ကို ငါတို့အား ဟောပြောကြစေ။
23 Wajulishe kitu kuhusu baadaye, ili tujue kuwa ninyi ni miungu; fanya kitu kizuri au kibaya, ambacho kitatutisha na kutushangaza.
၂၃သင်တို့သည် ဘုရားဖြစ်သည်ကို ငါတို့ သိရမည် အကြောင်း၊ ဖြစ်လတံ့သော အရာတို့ကို ပြကြလော့။ အချင်းချင်း တယောက်ကိုတယောက် ကြည့်ရှုတွေ့မြင် မည်အကြောင်း၊ ကောင်းသောအမှု၊ ဆိုးသောအမှု တစုံ တခုကို ပြုကြလော့။
24 Tazama sanamu zenu si kitu na matendo yenu si kitu; aliyewachagua ni machukizo.
၂၄သင်တို့သည် အဘယ်မျှမဟုတ်သော အရာ ထက်သာ၍ ယုတ်မာကြ၏။ သင်တို့အမှုလည်း၊ အဘယ်မျှ မဟုတ်သော အမှုထက်သာ၍ ယုတ်မာ၏။ သင်တို့ကို ရွေးယူသော သူသည် ရွံ့ရှာဘွယ် ဖြစ်၏။
25 Nimemnyanyua mmoja kutoka kaskazini, naye amekuja kutoka mawio ya jua nimemchagua yeye alitajae jina langu, na atawakanyaga viongozi kama matope, kama mfinyanzi akanyagavyo udongo.
၂၅မြောက်မျက်နှာ၌ လူတယောက်ကို ငါပေါ်ထွန်း စေ၍၊ သူသည် လာလိမ့်မည်။ နေထွက်ရာမှလာ၍ ငါ့နာမကို ပဌနာပြုလိမ့်မည်။ အိုးထိန်းသမားသည် အိုးမြေကို နင်းသကဲ့သို့၊ ထိုသူသည် မင်းတို့ကို အိုးမြေ အမှတ်နှင့် ကျော်နင်းလိမ့်မည်။
26 Ni nani aliyetangaza hili tangu mwanzo, ili tuweze kujua? na kabla ya mda, ili tuseme, ''Yuko sawasawa''? Kweli hakuna hata mmoja aliyekiri hili, ndio hakuna hata mmoja aliyekusikia ukisema chochote.
၂၆ငါတို့သည် သိရမည်အကြောင်း၊ ရှေ့ဦးစွာမှစ၍ အဘယ်သူသည် ဟောပြောသနည်း။ မှန်ပေ၏ဟု ငါတို့ သည် ဆိုရမည်အကြောင်း၊ ရှေးမဆွက အဘယ်သူသည် ဟောပြောသနည်း။ ဘော်ပြသော သူတယောက်မျှမရှိ။ ဟောပြောသော သူတယောက်မျှမရှိ။ သင်တို့ စကားကို ကြားသောသူတယောက်မျှမရှိ။၏
27 Kwanza nilizungumza na Sayuni, ''Tazama hapo walipo;'' Nimemtuma mhubiri Yerusalemu.
၂၇ဤမည်သောအမှုတို့သည် ဖြစ်ကြလိမ့်မည်ဟု ရှေးဦးစွာ ငါသည် ဇိအုန်မြို့အား ပြော၏။ ဝမ်းမြောက် စရာ သိတင်းကို ကြားပြောသော တမန်ကိုလည်း၊ ယေရု ရှလင်မြို့သို့ ငါစေလွှတ်၏။
28 Nilipoangalia, hakuna hata mmoja, hakuna hata miongoni mwao ambaye anaweza kutoa ushauri mzuri, nani, lini nimulize, awezaye kunijibu neno.
၂၈သူတို့ကို ငါကြည့်ရှုသောအခါ၊ တစုံတယောက်မျှ မရှိ။ သူတို့တွင် သတိပေးသော သူတယောက်မျှမရှိ။ ပြန်ပြောစေခြင်းငှါ သူတို့ကို ငါမေးမြန်းသော်လည်း၊
29 Tazama, matendo yao si kitu; sanamu zao za chuma zilizotupwa ni upepo na utupu.
၂၉သူတို့သည် အကြွင်းမဲ့အနတ္တဖြစ်ကြ၏။ သူတို့ အမှုများလည်း၊ အဘယ်မျှမဟုတ်။ သူတို့သွန်းသော ရုပ်တု တို့လည်း အတ္တမရှိ၊ လေသက်သက်ဖြစ်ကြ၏။

< Isaya 41 >