< Isaya 37 >

1 Ikawa siku hiyo mfalme Hezekia aliposika taarifa zao, alichana mavazi yake, na kujifunika nguo za magunia, na akaenda kwenye nyumba ya Yahwe.
ထို​သူ​တို့​၏​အ​စီ​ရင်​ခံ​ချက်​ကို​ကြား​လျှင် ကြား​ခြင်း၊ ဟေ​ဇ​ကိ​မင်း​သည်​ဝမ်း​နည်း​ပူ ဆွေး​လျက် မိ​မိ​၏​အ​ဝတ်​များ​ဆုတ်​ဖြဲ​ပြီး လျှင်​လျှော်​တေ​ကို​ဝတ်​၍ ထာ​ဝ​ရ​ဘု​ရား ၏​ဗိ​မာန်​တော်​သို့​သွား​တော်​မူ​၏။-
2 Na alimtuma Eliakimu, ambae ni kiongozi wa kaya na Shebna mwandishi, na wazee wa makuhani, wote walijifunika nguo za magunia, kwa Isaya mtoto wa Amozi, nabii.
မင်း​ကြီး​သည်​နန်း​တော်​အုပ်​ဧ​လျာ​ကိမ်၊ နန်း တော်​အ​တွင်း​ဝန်​ရှေ​ဗ​န​နှင့်​အ​သက်​ကြီး သူ​ယဇ်​ပု​ရော​ဟိတ်​များ​ကို​အာ​မုတ်​၏​သား ဟေ​ရှာ​ယ​ထံ​သို့​စေ​လွှတ်​တော်​မူ​၏။ ထို​သူ တို့​သည်​လည်း​လျှော်​တေ​ကို​ဝတ်​ဆင်​ထား ကြ​၏။-
3 Wakamwambia yeye, Hezekia akasema hivi, 'Siku hii ni siku ya dhiki, kukemewa, na aibu, ni kama mtoto aliye tayari kuzaliwa lakini mama yake hana nguvu za kumsukuma mtoto.
မင်း​ကြီး​က``ယ​နေ့​သည်​ဒုက္ခ​ရောက်​ရာ​နေ့ ဖြစ်​ပါ​၏။ အ​ကျွန်ုပ်​တို့​သည်​အပြစ်​ဒဏ်​ကို ခံ​ရ​၍​အ​ရှက်​ကွဲ​လျက်​ရှိ​ကြ​ပါ​၏။ အ​ကျွန်ုပ်​တို့​သည်​အ​ချိန်​ရောက်​သော်​လည်း ခွန်​အား​မ​ရှိ​သ​ဖြင့် သား​မ​ဖွား​နိုင်​သည့် အ​မျိုး​သ​မီး​နှင့်​တူ​ပါ​၏။-
4 Itakuwa Yahwe Mungu wenu atasikia maneno ya kamanda mkuu, ambao mfalme wa Asira Bwana wake alimtuma kumpinga Mungu anayeishi, na atakemea maneno ambayo Yahwe Mungu wenu ameyasikia. Sasa inueni maombi yenu juu mabaki yaliyoobakia hapa.''
အာ​ရှု​ရိ​ဧ​က​ရာဇ်​သည်​မိ​မိ​၏​ဗိုလ်​ချုပ်​ကို စေ​လွှတ်​၍ အ​သက်​ရှင်​တော်​မူ​သော​ဘု​ရား​သ​ခင်​အား​စော်​ကား​သည့်​စ​ကား​များ​ကို ပြော​ဆို​စေ​ပါ​၏။ သင်​၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​သည်​ထို​စ​ကား​တို့​ကို ကြား​တော်​မူ​၍ ယင်း​သို့​ပြော​ဆို​သူ​တို့ အား​အ​ပြစ်​ဒဏ်​စီ​ရင်​တော်​မူ​ပါ​စေ​သော၊ သင်​သည်​လည်း​အ​သက်​မ​သေ​ဘဲ​ကျန်​ရှိ နေ​သေး​သူ​အ​ကျွန်ုပ်​တို့​လူ​စု​အ​တွက် ဘု​ရား​သ​ခင်​ထံ​တော်​သို့​ဆု​တောင်း​ပတ္ထ နာ​ပြု​ပါ​လော့'' ဟု​အ​မှာ​စာ​ရေး​၍ ဟေ​ရှာ​ယ​ထံ​ပေး​ပို့​လိုက်​၏။
5 Sasa watumishi wa mfalme Hezekia walikuja kwa Isaya,
ဟေ​ဇ​ကိ​မင်း​၏​အ​မှာ​စာ​ကို​ရ​ရှိ​သော အ​ခါ၊-
6 na Isaya akawambia, ''Mwambieni Bwana wenu: 'Yahwe amesma, ''Msiogope kwa maneno mliyoyasikia, maneno ambayo mfalme wa Asiria amenitusi mimi.
ဟေ​ရှာ​ယ​သည်``ထာ​ဝ​ရ​ဘု​ရား​က​မိ​မိ အား အာ​ရှု​ရိ​အ​မျိုး​သား​တို့​၏​စော်​ကား ပြော​ဆို​သည့်​စ​ကား​များ​အ​တွက် စိတ် အ​နှောင့်​အ​ယှက်​မ​ဖြစ်​ရန်​သင့်​အား​မိန့် မှာ​တော်​မူ​ပါ​၏။-
7 Tazama nitaiweka roho yangu ndani yake na atasikiliiza taarifa fulani na atarudi kwenye nchi yake mwenyewe. Na nitamfanya anguke kwa upanga katika nchi yake mwenyewe.''
ထာ​ဝ​ရ​ဘု​ရား​သည်​ဧ​က​ရာဇ်​မင်း​အား မိ​မိ​၏​ပြည်​သို့​ပြန်​စေ​ရန် သ​တင်း​တစ်​စုံ​တစ် ရာ​ကို​ကြား​သိ​စေ​တော်​မူ​လိမ့်​မည်။ ထို​နောက် သူ့​ကို​ထို​ပြည်​၌​ပင်​အ​ဆုံး​စီ​ရင်​တော်​မူ ပေ​အံ့'' ဟု​ပြန်​ကြား​လိုက်​၏။
8 Basi kamanda mkuu alirudi na kumkuta mfalme wa Asira anapigana dhidi ya Libna, Maana aliskia kwamba mfalme amekwenda mbali kutoka Lachishi.
ဧ​က​ရာဇ်​မင်း​သည်​လာ​ခိ​ရှ​မြို့​မှ​ထွက် ခွာ​ပြီး​လျှင် အ​နီး​အ​နား​ရှိ​လိ​ဗ​န​မြို့​ကို တိုက်​ခိုက်​လျက်​ရှိ​ကြောင်း​ကြား​သိ​သော အ​ခါ၊ အာ​ရှု​ရိ​ဗိုလ်​ချုပ်​သည်​မင်း​ကြီး​နှင့် ဆွေး​နွေး​တိုင်​ပင်​ရန် ထို​အ​ရပ်​သို့​သွား​လေ သည်။-
9 Halafu Sennacheribi alisikia kwamba Tirkhaka mfalme wa Ethiopia na Misri wamehamasishana kupigna dhidi yake. Hivyo akamtuma mjumbe mara nyingine kwa Hezekia apeleke ujumbe:
ထို​အ​ခါ​ဆူ​ဒန်​ဘု​ရင်​တိ​ရက္က​ဦး​စီး​ခေါင်း ဆောင်​သည့်​အီ​ဂျစ်​တပ်​မ​တော်​သည် မိ​မိ​တို့ အား​တိုက်​ခိုက်​ရန်​ချီ​တက်​လာ​ကြောင်း​အာ ရှု​ရိ​အ​မျိုး​သား​တို့​သ​တင်း​ရ​ရှိ​ကြ​၏။-
10 ''Mwambie Hezekia, mfalme wa Yuda, 'Usimruhusu Mungu unayemwamini akudanganye, ''Yerusalemu haitatiwa mikononi mwa mfalme wa Asiria.''
၁၀ထို​သ​တင်း​ကို​ကြား​သော​အ​ခါ​ဧ​က​ရာဇ် မင်း​သည်​ယု​ဒ​ဘု​ရင်​ဟေ​ဇ​ကိ​ထံ​သို့​သ​ဝဏ် လွှာ​တစ်​စောင်​ရေး​၍​ပေး​ပို့​လိုက်​လေ​သည်။ ထို သ​ဝဏ်​လွှာ​တွင်``သင်​ကိုး​စား​သည့်​ဘု​ရား​သ​ခင်​က သင်​သည်​ငါ​၏​လက်​တွင်း​သို့​ကျ ရောက်​ရ​လိမ့်​မည်​မ​ဟုတ်​ဟု မိန့်​တော်​မူ​သော စ​ကား​ကြောင့်​အ​ထင်​အ​မြင်​မ​မှား​ပါ လေ​နှင့်။-
11 umesikia kitu ambacho mfalme wa Asiria alichokifanya kwa nchi yote kwa kuiangamiza kabisa. Je utawaokoa?
၁၁အာ​ရှု​ရိ​ဧ​က​ရာဇ်​သည်​မိ​မိ​ဖျက်​ဆီး​ပစ် ရန် ဆုံး​ဖြတ်​ထား​သည့်​တိုင်း​နိုင်​ငံ​ကို​အ​ဘယ် သို့​ပြု​တော်​မူ​တတ်​သည်​ကို​သင်​ကြား​သိ ရ​ပြီး​ဖြစ်​ပါ​၏။ သင်​ကိုယ်​တိုင်​ပင်​လျှင်​ငါ ၏​လက်​မှ​လွတ်​မြောက်​နိုင်​လိမ့်​မည်​ဟု​မ ထင်​မှတ်​ပါ​နှင့်။-
12 Je miungu ya mataifa imewakomboa? taifa ambalo baba yangu aliliangamiza: Gozani, Harani, Rezefi na watu wa Edeni katika Telassari?
၁၂ငါ​၏​ဘိုး​ဘေး​တို့​သည်​ဂေါ​ဇန်​မြို့၊ ခါ​ရန်​မြို့ နှင့်​ရေ​ဇပ်​မြို့​တို့​ကို​ဖျက်​ဆီး​ပစ်​ပြီး​လျှင် တေ​လ​ဇာ​မြို့​တွင်​နေ​ထိုင်​သူ​ဘေ​သေ​ဒင် အ​မျိုး​သား​တို့​အား​သုတ်​သင်​ပစ်​ခဲ့​ကြ​၏။ သူ​တို့​၏​ဘု​ရား​များ​အ​နက်​အ​ဘယ်​မည် သော​ဘု​ရား​မျှ​သူ​တို့​ကို​မ​ကယ်​နိုင်​ကြ။-
13 Yuko wapi mfalme wa Hamathi, mfalme wa Arpadi, mfalme wa miji ya Sefarvaaimi, wa Hema na Ivva?''
၁၃ဟာ​မတ်​မြို့၊ အာ​ပဒ်​မြို့၊ သေ​ဖ​ရ​ဝိမ်​မြို့၊ ဟေ​န​မြို့​နှင့်​ဣ​ဝါ​မြို့​တွင်​စိုး​စံ​ခဲ့​သော ဘု​ရင်​များ​သည်​ယ​ခု​အ​ဘယ်​မှာ​ရှိ ကြ​ပါ​သ​နည်း'' ဟု​ဖော်​ပြ​ပါ​ရှိ​၏။
14 Hezekia alipokea barua hii kutoka mikononi mwa mjumbe na kisoma. Halafu akaenda juu kwenye nyumba ya Yahwe na kuusoma mbele yake.
၁၄ဟေ​ဇ​ကိ​မင်း​သည်​ထို​သ​ဝဏ်​လွှာ​ကို​သံ တ​မန်​များ​ထံ​မှ​ယူ​၍​ဖတ်​ပြီး​လျှင် ဗိ​မာန် တော်​သို့​သွား​၍ ထာ​ဝ​ရ​ဘု​ရား​၏​ရှေ့​တော် တွင်​ချ​ထား​၏။-
15 Hezekia alimuomba Mungu:
၁၅ထို​နောက်``ခမ်း​နား​တင့်​တယ်​သည့်​ပလ္လင်​ပေါ်​တွင် စံ​တော်​မူ​သော အို ဣ​သ​ရေ​လ​အ​မျိုး​သား​တို့ ၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော် ရှင်​တစ်​ပါး​တည်း​သာ​လျှင် ကမ္ဘာ​နိုင်​ငံ​အ​ရပ် ရပ်​ကို​အ​စိုး​ရ​သော​ဘု​ရား​ဖြစ်​တော်​မူ​ပါ ၏။ ကိုယ်​တော်​ရှင်​သည်​ကမ္ဘာ​မိုး​မြေ​ကို​ဖန် ဆင်း​တော်​မူ​ပါ​၏။-
16 Yahwe wa majeshi, Mungu wa Israeli, wewe ambae uko juu ya makerubi, wewe ni Mungu mwenywe juu falme zote za dunia. umezifanya mbingu na nchi.
၁၆
17 Jeuza masikio yako, Yahwe, na sikiliza. Fungua macho yako, Ee Yahwe na uone, na usikilize maneno ya Sanacheribi, ambayo ameyatuma kumfanyia mzadha Mungu anayeishi.
၁၇အို ထာ​ဝ​ရ​ဘု​ရား၊ ယ​ခု​ကျွန်​တော်​မျိုး​တို့ ၏​လျှောက်​ထား​ချက်​ကို​နား​ထောင်​တော်​မူ​၍ ကျွန်​တော်​မျိုး​တို့​အား​ကြည့်​တော်​မူ​ပါ။ အ​သက်​ရှင်​တော်​မူ​သော​ဘု​ရား​တည်း​ဟူ သော​ကိုယ်​တော်​ရှင်​အား သ​နာ​ခ​ရိပ်​စော် ကား​ပြော​ဆို​သော​စ​ကား​မှန်​သ​မျှ​ကို နား​ထောင်​တော်​မူ​ပါ။-
18 Ni kweli Yahwe, mfalme wa Asiria ameangamiza mataifa yote na aridhi yao.
၁၈အို ထာ​ဝ​ရ​ဘု​ရား၊ အာ​ရှု​ရိ​ဧ​ကရာဇ်​မင်း များ​သည်​လူ​မျိုး​တ​ကာ​တို့​ကို​ပျက်​ပြုန်း စေ​၍ သူ​တို့​၏​ပြည်​များ​ကို​လူ​သူ​ဆိတ် ငြိမ်​ရာ​ဖြစ်​စေ​လျက်-
19 Wameiweka miungu yao katika moto, maana haikuwa miungu lakini kazi ya mikono ya wanadamu, ni kuni na jiwe tu.
၁၉သူ​တို့​၏​ဘု​ရား​များ​ကို​လည်း​မီး​ရှို့​ပစ် ကြ​သည်​ကို ကျွန်​တော်​မျိုး​တို့​သိ​ကြ​ပါ​၏။ ထို​ဘု​ရား​တို့​သည်​ဘု​ရား​အ​စစ်​မ​ဟုတ်။ လူ့​လက်​ဖြင့်​လုပ်​သည့်​သစ်​သား​ရုပ်၊ ကျောက် ရုပ်​များ​သာ​ဖြစ်​ပါ​၏။-
20 Hivyo Waasira wameawaangamiza wao. hivyo saa Yahwe Mungu wetu, tuokoe kwa nguvu zako, ili falme zote za duniani zijue kwamba wewe ni Yahwe peke yako.''
၂၀အို ကျွန်​တော်​မျိုး​တို့​၏​ဘု​ရား​သ​ခင်​ထာ ဝ​ရ​ဘု​ရား၊ ယ​ခု​ပင်​ကျွန်​တော်​မျိုး​တို့​အား အာ​ရှု​ရိ​အ​မျိုး​သား​တို့​၏​လက်​မှ​ကယ်​တော် မူ​ပါ။ သို့​မှ​သာ​လျှင်​ကိုယ်​တော်​ရှင်​တစ်​ပါး တည်း​သာ​လျှင် ဘု​ရား​သ​ခင်​ဖြစ်​တော်​မူ​ကြောင်း ကမ္ဘာ​ပေါ်​ရှိ​လူ​မျိုး​အ​ပေါင်း​တို့​သိ​ရှိ​ကြ​ပါ လိမ့်​မည်'' ဟု​ဆု​တောင်း​ပတ္ထ​နာ​ပြု​တော်​မူ​၏။
21 Basi Isaya mtoto wa Amozi alituma ujumbe kwa Hezekia, na kusema, Yahwe Mungu wa Israeli amesema, Kwa sababu umeomba kwangu kuhusu Sannacheribi mfalme wa Asiria,
၂၁ထို​နောက်​ထာ​ဝ​ရ​ဘု​ရား​သည်​မင်း​ကြီး​၏ ဆု​တောင်း​ပတ္ထ​နာ​ကို​နား​ညောင်း​တော်​မူ​ပြီ ဖြစ်​ကြောင်း ဟေ​ရှာ​ယ​သည်​ဟေ​ဇ​ကိ​မင်း ထံ​သို့​ပေး​ပို့​ရာ​တွင်-
22 Haya ndiyo maneno ambayo Yahwe amezungumza kuhusu yeye, ''Binti bikira wa Sayuni wanakudharau na kukucheka kwa dharau; mabinti wa Yerusalemu wanatingisha vichwa vyao kwa ajili yako.
၂၂ထာ​ဝ​ရ​ဘု​ရား​က``အ​ချင်း​သ​နာ​ခ​ရိပ်၊ ယေ​ရု ရှ​လင်​မြို့​သည်​သင့်​ကို​ကြည့်​၍​ပြုံး​ကာ​ပြက် ရယ်​ပြု​လေ​ပြီ။-
23 Ni nani unayempinga na kumtusi? na dhidi ya nani unayenyanyua sauti yako na kunyanyua macho yako kwa kiburi? dhidi ya mtakatifu wa Israeli.
၂၃သင်​သည်​အ​ဘယ်​သူ​အား​စော်​ကား​ကဲ့​ရဲ့​လျက် နေ​သည်​ဟု​ထင်​မှတ်​ပါ​သ​နည်း။ ဣ​သ​ရေ​လ အ​မျိုး​သား​တို့​၏​သန့်​ရှင်း​မြင့်​မြတ်​တော်​မူ သော​ငါ​ဘု​ရား​အား​မ​လေး​မ​ခန့်​ပြု​၍ နေ​ပါ​သည်​တ​ကား။-
24 Kwa kupitia watumishi wako umempinga Bwana na amesema, 'Kwa wingi wa gari nimepanda juu kwenye kilele cha milima, katika kilele cha mwuinuko wa Lebanoni. Nitaikata mierezi yake na kuchagua miti ya miseprasi pale, ni msitu uzao sana.
၂၄သင်​သည်​မိ​မိ​၏​စစ်​ရ​ထား​အ​ပေါင်း​ဖြင့် အ​မြင့်​ဆုံး​တောင်​များ​ကို​လည်း​ကောင်း၊ လေ ဗ​နုန်​တောင်​ထိပ်​များ​ကို​ပင်​လည်း​ကောင်း​နှိမ် နင်း​အောင်​မြင်​ခဲ့​ကြောင်း ငါ့​အား​ကြွား​ဝါ​ရန် သံ​တ​မန်​များ​ကို​စေ​လွှတ်​ခဲ့​၏။ ထို​အ​ရပ် ရှိ​အ​မြင့်​ဆုံး​အာ​ရဇ်​ပင်​များ​နှင့်​အ​လှ​ဆုံး ထင်း​ရှူး​ပင်​များ​ကို​ခုတ်​လှဲ​ကာ၊ တော​နက် ကြီး​များ​သို့​ရောက်​ရှိ​ခဲ့​ကြောင်း​ကြွား​ဝါ ခဲ့​၏။-
25 Nimechimba kisima na kunywa maji; nimechimba mito yote ya Misri chini ya nyayo za miguu yangu.'
၂၅သင်​သည်​ရေ​တွင်း​များ​ကို​တူး​၍​တိုင်း​တစ်​ပါး မှ​ရေ​ကို​သောက်​ခဲ့​သည်​ဟူ​၍​လည်း​ကောင်း၊ သင့် တပ်​မ​တော်​သား​တို့​သည်​ခြေ​ဖြင့်​နင်း​၍​နိုင်း မြစ်​ရေ​ကို​ခန်း​ခြောက်​စေ​ခဲ့​သည်​ဟူ​၍​လည်း ကောင်း​ကြွား​ဝါ​ခဲ့​၏။
26 Je haujasikia jinsi nilivyoamua toka siku nyingi na nimelifanyia kazi toka kipindi cha kale? ninayaleta sasa ili yaweze kutimia. Mko hapa kuhiaribu miji imara na yenye ulinzi wa kutosha na kuwa chungu cha uharibifu.
၂၆``ရှေး​မ​ဆွ​က​ပင်​လျှင်​ဤ​အ​မှု​အ​ရာ​များ ကို ငါ​စီ​မံ​ခန့်​ခွဲ​ထား​ခဲ့​ကြောင်း​သင်​အ​ဘယ် ၌​မျှ​မ​ကြား​ဘူး​ပါ​သ​လော။ ယ​ခု​ထို​အ​မှု အ​ရာ​တို့​ကို​ငါ​ဖြစ်​ပွား​စေ​လေ​ပြီ။ ခံ​တပ် မြို့​များ​ကို​အ​မှိုက်​ပုံ​အ​ဖြစ်​သို့​ပြောင်း​လဲ ပစ်​နိုင်​သော​တန်​ခိုး​ကို​သင့်​အား​ငါ​ပေး​အပ် ခဲ့​၏။-
27 Wakazi wake, waliowadhaifu, waliokata tamaa na wenye aibu. Wanaotesha shambani, majani mabichi, majani juu paa au kwenye shamba kabla ya upepo wa mashariki.
၂၇ထို​မြို့​များ​တွင်​နေ​ထိုင်​သူ​တို့​သည်​အ​ဘယ် သို့​မျှ​မ​တတ်​နိုင်။ ကြောက်​လန့်​လျက်​ကြက်​သေ သေ​၍​နေ​ကြ​၏။ သူ​တို့​သည်​အ​ရှေ့​လေ​ပူ တိုက်​၍​ညှိုး​နွမ်း​သွား​သည့်​လယ်​မြက်​များ၊ အိမ်​ခေါင်​မိုး​ပေါ်​ရှိ​ပေါင်း​ပင်​များ​နှင့်​တူ ကြ​၏။''
28 Lakini najua kukaa kwenu chini, kutoka kwenu nje, mnapoingia ndani, na mnapokuwa wakali dhidi yangu.
၂၈``သို့​ရာ​တွင်​သင်​၏​အ​ကြောင်း​ကို​အ​ကုန် အ​စင်​ငါ​သိ​၏။ သင်​အ​ဘယ်​အ​မှု​ကို​ပြု ၍​အ​ဘယ်​အ​ရပ်​သို့​သွား​သည်​ကို​လည်း ကောင်း၊ ငါ့​အား​အ​ဘယ်​မျှ​အ​မျက်​ထွက် လျက်​နေ​သည်​ကို​လည်း​ကောင်း​ငါ​သိ​၏။-
29 Kwa sababu mnakuwa wakali dhidi yangu, maana kiburi chenu kimeyafikia masikio yangu, Nitaweka ndoano katika pua zenu, na sauti katika midomo yenu; Nitawageuza nyuma kwenye njia mliyokuja nayo.
၂၉သင်​အ​မျက်​ထွက်​ပုံ၊ မာန်​မာ​န​ကြီး​ပုံ​တို့ ကို​ငါ​ကြား​သိ​ရ​လေ​ပြီ။ သို့​ဖြစ်​၍၊ ငါ​သည် သင့်​ကို​နှာ​ရှုတ်​တပ်​၍​ဇက်​ခွံ့​ပြီး​လျှင်​လာ လမ်း​အ​တိုင်း​ပြန်​စေ​မည်။''
30 Hii itakuwa wimbo kwenu: mwaka huu mtakula kinachoota porini na mwaka pili mtakula kinachoota hapo hapo. Lakini mwaka wa tatu lazima mpande na mvune, pandeni mizabibu na mle matunda yake.
၃၀ထို​နောက်​ဟေ​ရှာ​ယ​သည်​ဟေ​ဇ​ကိ​မင်း အား``နောင်​အ​ခါ​ဖြစ်​ပျက်​မည့်​အ​မှု​အ​ရာ များ​၏​ရှေ့​ပြေး​နိ​မိတ်​ကား​ဤ​သို့​တည်း။ သင် သည်​ယ​ခု​နှစ်​၌​လည်း​ကောင်း၊ နောင်​နှစ်​ခါ​၌ လည်း​ကောင်း​စ​ပါး​ရိုင်း​ကို​သာ​လျှင်​စား​ရ လိမ့်​မည်။ သို့​ရာ​တွင်​တ​တိ​ယ​နှစ်​၌​မူ​ဂျုံ စ​ပါး​ကို​စိုက်​ပျိုး​ရိတ်​သိမ်း​ရ​လိမ့်​မည်။ စ​ပျစ်​ပင်​များ​ကို​လည်း​စိုက်​၍​စ​ပျစ် သီး​များ​ကို​စား​ရ​လိမ့်​မည်။-
31 Mabaki ya nyumba ya Yuda ambao wanaishi watachukua mzizi tena na kuzalisha matunda.
၃၁ယု​ဒ​ပြည်​တွင်​အ​သက်​မ​သေ​ဘဲ​ကျန်​ရှိ နေ​သူ​တို့​သည်​မြေ​တွင်​နက်​စွာ​အ​မြစ်​စွဲ ၍​သီး​နှံ​များ​ကို​ဆောင်​သည့်​အ​ပင်​ငယ် များ​ကဲ့​သို့​ရှင်​သန်​ဖွံ့​ဖြိုး​ကြ​လိမ့်​မည်။-
32 Maana katika Yerusalemu waliobaki watatoka; Kutoka kwenye mlima Sayuni waliobaki watakuja. Bidii ya Yahwe wa majeshi itafanikisha hili.''
၃၂ယေ​ရု​ရှ​လင်​မြို့​နှင့်​ဇိ​အုန်​တောင်​ပေါ်​တွင် လူ​တို့​သည်​အ​သက်​မ​သေ​ဘဲ​ကျန်​ရှိ​နေ ကြ​လိမ့်​မည်။ အ​ဘယ်​ကြောင့်​ဆို​သော်​ယင်း​သို့ ကျန်​ရှိ​စေ​ရန် ထာ​ဝ​ရ​ဘု​ရား​သန္နိ​ဋ္ဌာန်​ချ မှတ်​ထား​တော်​မူ​သော​ကြောင့်​ဖြစ်​၏။''
33 Hivyo basi Yahwe asema hivi kuhusu Asiria: ''Atakuja katika miji, wala kurusha mkuki hapa. Wala atakuja hapa mbele kwa ngao au kujenga uzio njia panda dhidi yao.
၃၃အာ​ရှု​ရိ​ဧ​က​ရာဇ်​မင်း​၏​အ​ကြောင်း​ထာ​ဝ​ရ ဘု​ရား​မိန့်​တော်​မူ​သည်​ကား​ဤ​သို့​တည်း။ ကိုယ် တော်​က``ထို​သူ​သည်​ဤ​မြို့​ကို​ဝင်​ရ​လိမ့်​မည် မ​ဟုတ်။ မြို့​ထဲ​သို့​လည်း​မြား​တစ်​လက်​မျှ​ပင် ပစ်​ရ​လိမ့်​မည်​မ​ဟုတ်။ အ​ဘယ်​စစ်​သူ​ရဲ​မျှ ဒိုင်း​လွှား​ကို​ကိုင်​ဆောင်​၍​မြို့​အ​နီး​သို့​ချဉ်း ကပ်​ရ​လိမ့်​မည်​မ​ဟုတ်။ မြို့​ကို​ဝိုင်း​ရံ​ရန်​မြေ က​တုတ်​များ​ကို​လည်း​ဖို့​လုပ်​ရ​လိမ့်​မည် မ​ဟုတ်။-
34 Njia atakayojia itakuwa njia hiyo hiyo atakayorudia; ataingia katika mji huu. Hili ni Tamko ya Yahwe.
၃၄အာ​ရှု​ရိ​မင်း​သည်​မိ​မိ​လာ​လမ်း​ဖြင့်​ပြန်​ရ လိမ့်​မည်။ သူ​သည်​မြို့​ထဲ​သို့​ဝင်​ရ​လိမ့်​မည်​မ ဟုတ်။ ဤ​ကား၊ ငါ​ထာ​ဝ​ရ​ဘု​ရား​မိန့်​တော် မူ​သော​စ​ကား​ဖြစ်​၏။-
35 Maana nitaulinda huu mji na kuuokoa, kwa niaba yangu mimi mwenyewe na kwa niaba Daudi mtumishi wangu.''
၃၅ငါ​သည်​မိ​မိ​၏​ဂုဏ်​သိက္ခာ​ကို​လည်း​ကောင်း၊ ငါ​၏​အ​စေ​ခံ​ဒါ​ဝိဒ်​အား​ပေး​ခဲ့​သည့်​က​တိ တော်​ကို​လည်း​ကောင်း​ထောက်​၍​ဤ​မြို့​ကို​ကာ ကွယ်​စောင့်​ထိန်း​မည်'' ဟု​မိန့်​တော်​မူ​၏။
36 Halafu malaika wa Yahwe alienda nje na kuvamia kambi ya Waasiria, na kuwauwa askari 185, 000. Watu walipoamka asubuhi na mapema, miili iliyokufa imelala kila mahali.
၃၆ထို​ညဥ့်​၌​ထာ​ဝ​ရ​ဘု​ရား​၏​ကောင်း​ကင်​တ​မန် သည် အာ​ရှု​ရိ​တပ်​စ​ခန်း​သို့​ဝင်​၍​တပ်​သား တစ်​သိန်း​ရှစ်​သောင်း​ငါး​ထောင်​ကို​သုတ်​သင်​ပစ် လေ​သည်။ နောက်​တစ်​နေ့​အ​ရုဏ်​တက်​ချိန်​၌ ထို​သူ​အ​ပေါင်း​တို့​သည်​လဲ​၍​သေ​နေ​ကြ​၏။-
37 Hivyo Sennacheribi mfalme wa Asiria aliiacha Israeli na kwenda nyumbani na akakaa Ninewi.
၃၇ထို​အ​ခါ​အာ​ရှု​ရိ​ဧ​က​ရာဇ်​မင်း​သည်​တပ် ခေါက်​၍​နိ​နေ​ဝေ​မြို့​သို့​ပြန်​တော်​မူ​၏။-
38 Baadaye, na alipokuwa anabudu katika nyumba ya Nisrochi mungu wake, mtoto wake Adramaleki na Shareza alimuua kwa upanga. Halafu wakakimbilia kwenye nchi ya Ararati. Halafu Esarhadoni mtoto wake akatawala katika sehemu ya baba yake.
၃၈တစ်​နေ့​သ​၌​သူ​သည်​မိ​မိ​ဘု​ရား​နိ​သ​ရုတ် ၏​ဗိ​မာန်​တော်​တွင်​ဝတ်​ပြု​ကိုး​ကွယ်​၏။ ဝတ်​ပြု နေ​စဉ်​သား​တော်​များ​ဖြစ်​သော​အာ​ဒြမ္မေ​လက် နှင့်​ရှ​ရေ​ဇာ​တို့​သည်​မင်း​ကြီး​အား ဋ္ဌား​နှင့် ခုတ်​သတ်​ပြီး​လျှင်​အာ​ရ​ရတ်​ပြည်​သို့​ထွက် ပြေး​ကြ​၏။ အ​ခြား​သား​တော်​တစ်​ပါး​ဖြစ် သူ​ဧ​သ​ရ​ဟဒ္ဒုန်​သည်​ခ​မည်း​တော်​၏ အ​ရိုက်​အ​ရာ​ကို​ဆက်​ခံ​၍​နန်း​တက်​လေ သည်။

< Isaya 37 >