< Isaya 26 >

1 Siku hiyo wimbo huu utaimbwa katika nchi ya Yuda: Tuna mji imara; Mungu amefanya wokovu katika kuta na ngome zake.
ယု​ဒ​ပြည်​တွင်​အောက်​ပါ​သီ​ချင်း​ကို​လူ​တို့ သီ​ဆို​ကြ​သည့်​နေ့​ရက်​ကာ​လ​ကျ​ရောက်​လာ လိမ့်​မည်။ သူ​တို့​က ``ငါ​တို့​၏​မြို့​တို့​သည်​ခိုင်​ခန့်​ပေ​သည်။ ကယ်​တင်​ခြင်း​နှင့်​ဆိုင်​သော​မြို့​ရိုး​များ​ကို ဘု​ရား​သ​ခင်​ကိုယ်​တော်​တိုင်​ကာ​ကွယ်​တော်​မူ ပါ​၏။
2 Fungua lango, ili mataifa yenye haki yaweze na yenye kutunza imani yaweze kuingia ndani.
မြို့​တံ​ခါး​တို့​ကို​ဖွင့်​လိုက်​ပြီး​လျှင်​ဖြောင့်​မှန် ရာ​ကို ပြု​ကျင့်​သည့်​လူ​မျိုး၊ သစ္စာ​ရှိ​သည့်​လူ​မျိုး​အား​ဝင်​ခွင့်​ပြု​ကြ​လော့။
3 Akili mlionayo, mtamuhifadhi yeye katika amani kamili, maana anawamini ninyi.
အို ထာ​ဝ​ရ​ဘု​ရား၊ကိုယ်​တော်​ရှင်​သည် စိတ်​နှ​လုံး​တည်​ကြည်​၍ ကိုယ်​တော်​ရှင်​ကို​ယုံ​ကြည်​ကိုး​စား​ကြ​သူ​တို့ အား စစ်​မှန်​သော​ငြိမ်း​ချမ်း​သာ​ယာ​မှု​ကို​ပေး​တော် မူ​ပါ​၏။
4 Mwamini Yahwe daima; maana Yaha, Yahwe, ni mwamba wa milele.
ထာ​ဝ​ရ​ဘု​ရား​ကို​အ​မြဲ​တ​စေ​ယုံ​ကြည် ကိုး​စား​ကြ​လော့။ ကိုယ်​တော်​သည်​ငါ​တို့​အား​အ​စဉ်​ကွယ်​ကာ စောင့်​ထိန်း​တော်​မူ​လိမ့်​မည်။
5 Maana atawashusha wale wote wenye kiburi; mji ulio juu atushusha chini, ataushusha chini kwenye aridhi; na ataulinganisha na mavumbi.
ကိုယ်​တော်​သည်​မာန်​မာ​န​ကြီး​သူ​တို့​ကို ရှုတ်​ချ​တော်​မူ​ပြီး​လျှင်၊ သူ​တို့​နေ​ထိုင်​ရာ​ခိုင်​ခန့်​သည့်​မြို့​ကို ဖျက်​ဆီး​တော်​မူ​၍၊ မြို့​ရိုး​များ​ကို​ဖုတ်​ထဲ​သို့​ပြို​ကျ​စေ​တော်​မူ​လေ​ပြီ။
6 Utakanyagwakanyagwa chini na miguu ya walio masikini na wahitaji.
ဖိ​နှိပ်​ချုပ်​ချယ်​မှု​ခံ​ခဲ့​ရ​ကြ​သူ တို့​သည်​လည်း ယ​ခု​အ​ခါ၊ထို​မြို့​ကို​ခြေ​နှင့်​နင်း​၍ ကျော်​လွှား​သွား​လာ​လျက်​ရှိ​ကြ​၏။
7 Mapito ya mwenye haki yamenyooka, Wenye haki; mapito ya wenye haki umeyanyoosha.
အို ထာ​ဝ​ရ​ဘု​ရား၊ကိုယ်​တော်​ရှင်​သည် သူ​တော်​ကောင်း​တို့​လမ်း​ကို​ဖြောင့်​စေ​တော်​မူ​ပါ​၏။ သူ​တို့​သွား​ရ​သော​ခရီး​လမ်း​သည်​လည်း​ညီ​ညာ ပါ​၏။
8 Ndio, kaika mapito ya hukumu yako, Yahwe, tunakusubiri wewe; jina lako na sifa zako ni matamanio yetu.
ကျွန်​တော်​မျိုး​တို့​သည်​ကိုယ်​တော်​ရှင်​၏ အ​လို​တော်​အ​တိုင်း​လိုက်​၍၊ ကိုယ်​တော်​ရှင်​အား​မျှော်​ကိုး​လျက်​ရှိ​ကြ​ပါ​၏။ ကိုယ်​တော်​ရှင်​ကို​သာ​လျှင် တောင့်​တ​ကြ​ပါ​၏။
9 Nimekutamani wewe wakati wa usiku; ndio, roho iliyo ndani yangu ina kutafuta kwa bidii. Pindi hukumu yako itakapokuja duniani, wenyeji wa duniani watajua kuhusu haki.
ညဥ့်​အ​ခါ​၌​ကျွန်​တော်​မျိုး​သည်​ကိုယ်​တော်​ရှင်​အား စိတ်​နှ​လုံး​အ​ကြွင်း​မဲ့​တသ​ပါ​၏။ ကမ္ဘာ​မြေ​ကြီး​နှင့်​ကမ္ဘာ​သူ​ကမ္ဘာ​သား​တို့​အား ကိုယ်​တော်​ရှင်​တ​ရား​စီ​ရင်​တော်​မူ​သော​အ​ခါ၊ တ​ရား​မျှ​တ​မှု​ဆို​သည်​မှာ​အ​ဘယ်​အ​ရာ ဖြစ်​သည်​ကို သူ​တို့​သိ​ရှိ​ကြ​ပါ​လိမ့်​မည်။
10 Na tuonyeshe upendeleo kwa waovu, lakini hawatajifunza haki. katika nchi ya wanyofu anatenda maovu na haoni ukuu wa Yahwe.
၁၀ကိုယ်​တော်​ရှင်​သည်​သူ​ယုတ်​မာ​တို့​အား သ​နား​ညှာ​တာ​တော်​မူ​သော်​လည်း၊ သူ​တို့​သည်​ဖြောင့်​မှန်​ရာ​ကို​ပြု​ကျင့်​ရန် နား​မ​လည်​ကြ​ပါ။ သူ​တော်​ကောင်း​တို့​နေ​ထိုင်​ရာ​ဤ​ပြည်​၌​ပင် လျှင် သူ​တို့​သည်​မ​တ​ရား​သော​အ​မှု​တို့​ကို​ပြု​လျက် ရှိ​ကြ​ပါ​၏။ ကိုယ်​တော်​ရှင်​၏​အာနု​ဘော်​တော်​ကို​လည်း အ​သိ​အ​မှတ်​မ​ပြု​ကြ​ပါ။
11 Yahwe, mkono wako umenyanyuliwa juu, lakini hawapati hizo taarifa. Lakini wataona bidii kwa watu na wataona aibu, kwa sababu idadi ya maadui watawatafuna.
၁၁ရန်​သူ​များ​သည်​မိ​မိ​တို့​အား၊ ကိုယ်​တော်​ရှင်​အ​ပြစ်​ဒဏ်​ခတ်​တော်​မူ​မည် ကို​မ​သိ​ကြ​ပါ။ အို ထာ​ဝ​ရ​ဘု​ရား​သူ​တို့​အား​အ​ရှက်​ကွဲ စေ​တော်​မူ​ပါ။ ဒုက္ခ​ရောက်​စေ​တော်​မူ​ပါ။ ကိုယ်​တော်​ရှင်​ပြင်​ဆင်​ထား တော်​မူ​သည့်​အ​ပြစ်​ဒဏ်​ကို​ခံ​စေ​တော်​မူ​ပါ။ ကိုယ်​တော်​ရှင်​သည်​မိ​မိ​၏​လူ​မျိုး​တော်​အား အ​ဘယ်​မျှ​ချစ်​တော်​မူ​ကြောင်း သူ​တို့​အား​ပြ​တော်​မူ​ပါ​၏။
12 Yahwe, utaleta amani kwetu, maana kweli, umekamilisha kazi zetu zote.
၁၂အို ထာ​ဝ​ရ​ဘု​ရား​ကိုယ်​တော်​ရှင်​သည် ကျွန်​တော်​မျိုး​တို့​အား​ကောင်း​စား​ခွင့် ပေး​တော်​မူ​ပါ​လိမ့်​မည်။ ကျွန်​တော်​မျိုး​တို့​၏​အောင်​မြင်​မှု​မှန်​သ​မျှ သည် ကိုယ်​တော်​ရှင်​စီ​ရင်​တော်​မူ​သော​အ​မှု​များ​၏ အ​ကျိုး​ဆက်​ပင်​ဖြစ်​ပါ​၏။
13 Yahwe Mungu wetu, viongozi wengine badala yako wametutawala sisi; Lakini tunalitukuza jina lako.
၁၃ကျွန်​တော်​မျိုး​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ ဘု​ရား၊ ကျွန်​တော်​မျိုး​တို့​သည် သူ​တစ်​ပါး​တို့​အုပ်​စိုး​မှု​ကို ခံ​ရ​ကြ​ပါ​ပြီ။ သို့​ရာ​တွင်​ကိုယ်​တော်​ရှင် တစ်​ပါး​တည်း​သာ​လျှင်၊ ကျွန်​တော်​မျိုး​တို့​၏​အ​ရှင်​သ​ခင်​ဖြစ်​တော်​မူ​ပါ​၏။
14 Wamekufa, hawataishi tena; ni maremu hao, hawatafufuka tena. Kweli, umekuja kuwahukumu na kuwaharibu wao, na umefanya kila kumbukumbu kutoweka.
၁၄ထို​သူ​တို့​သည်​ယ​ခု​အ​ခါ​ကွယ်​လွန်​သွား ကြ​ပါ​ပြီ။ တစ်​ဖန်​ပြန်​၍​အ​သက်​ရှင်​ကြ​တော့​မည်​မ​ဟုတ်​ပါ။ ကိုယ်​တော်​ရှင်​သည်​သူ​တို့​အား​အ​ပြစ်​ဒဏ်​ခတ်​၍၊ သုတ်​သင်​ပယ်​ရှင်း​တော်​မူ​လိုက်​ပြီ​ဖြစ်​သ​ဖြင့်၊ သူ​တို့​၏​ဝိညာဉ်​များ​သည်​လည်း​သင်္ချိုင်း​ထဲ​မှ ထ​ကြ​လိမ့်​မည်​မ​ဟုတ်​ပါ။ သူ​တို့​အား​အ​ဘယ်​သူ​မျှ​လည်း သ​တိ​မ​ရ​ကြ​တော့​ပါ။
15 Umeliongeza taifa, Yahwe, umeliongeza taifa; umeheshimiwa; umeinuliwa katika mipaka yote ya nchi.
၁၅အို ထာ​ဝ​ရ​ဘု​ရား​ကိုယ်​တော်​ရှင်​သည် ကျွန်​တော်​မျိုး​တို့​၏​နိုင်ငံ​ကို​ကြီး​ပွား​တိုး​တက် စေ​တော်​မူ​ပါ​ပြီ။ ကြီး​ပွား​တိုး​တက်​စေ​တော်​မူ​ပါ​ပြီ။ ယင်း​၏​နယ်​ပယ်​တို့​လည်း​လေး​ဘက်​လေး​တန် ပို​မို​ကျယ်​ဝန်း​စေ​တော်​မူ​ပါ​ပြီ။ ဤ​သို့​ပြု​တော်​မူ​သ​ဖြင့်​ကိုယ်​တော်​ရှင်​တွင် ဂုဏ်​အ​သ​ရေ​ရှိ​ပါ​၏။
16 Yahwe, katika mateso yao walikuangalia wewe; walipatwa na wasiwasi katika maombi yao maana adhabu yako ilikuwa juu yao.
၁၆အို ထာ​ဝ​ရ​ဘု​ရား​ကိုယ်​တော်​ရှင်​သည်​မိ​မိ​၏ လူ​မျိုး​တော်​အား​အ​ပြစ်​ဒဏ်​ခတ်​တော်​မူ​သ​ဖြင့်၊ သူ​တို့​သည်​ပြင်း​စွာ​စိတ်​ဒုက္ခ​ရောက်​လျက် အ​ထံ​တော်​သို့​ဆု​တောင်း​ပတ္ထ​နာ ပြု​ကြ​ပါ​၏။
17 Kama mwanamke mjamzito anayekaribia kujifungua, hupatwa na uchungu na hulia kwa uchungu, hivyo ndivyo tulivyokuwa kabla, Bwana.
၁၇အို ထာ​ဝ​ရ​ဘု​ရား​ကိုယ်​တော်​ရှင်​သည် ကျွန်​တော်​မျိုး​တို့​အား​သား​ဖွား​သည့် အ​မျိုး​သ​မီး​ကဲ့​သို့၊ နာ​ကျင်​ခြင်း​ဝေ​ဒ​နာ​နှင့်​အော်​ဟစ်​စေ​တော် မူ​ပါ​ပြီ။
18 Tulikuwa wajawazito, tumekuwa katika mateso, lakini ni kama tumeshajifungua katika akili zetu. Hatujauleta wokovu duniani, na wakazi wa duniani hawakuanguka.
၁၈ကျွန်​တော်​မျိုး​တို့​သည်​နာ​ကျင်​ခြင်း ဝေ​ဒ​နာ​ခံ​ရကြ​ပါ​၏။ သို့​ရာ​တွင်​အ​ဘယ်​အ​မှု​ကို​မျှ မ​ဖြစ်​ပွား​စေ​ပါ။ ကျွန်​တော်​မျိုး​တို့​သည်​မိ​မိ​တို့​နိုင်​ငံ​အ​တွက် အ​ဘယ်​အောင်​ပွဲ​ကို​မျှ​မ​ရ​ကြ​ပါ။ အ​ဘယ်​အမှု​ကို​မျှ​အ​ထ​မြောက်​အောင် ဆောင်​နိုင်​ခဲ့​သည်​မ​ရှိ​ပါ။
19 Wafu wenu wataishi; watu wenu walio kufa watafufuka. Amka na uimbe kwa furaha, njie muishio mavumbini; maana umande wenu ni umande wa mwanga, na dunia itawaleta mbele wafu wake.
၁၉ကျွန်​တော်​မျိုး​တို့​၏​လူ​စု​အ​နက်​မှ သေ​လွန်​သွား​ကြ​သူ​တို့​သည်၊တစ်​ဖန်​ပြန်​၍ အ​သက်​ရှင်​လာ​ကြ​ပါ​လိမ့်​မည်။ သူ​တို့​၏​ခန္ဓာ​ကိုယ်​များ​သည်​အ​သက်​ဝင်​၍ လာ​ပါ​လိမ့်​မည်။ သ​င်္ချိုင်း​တွင်း​၌​လဲ​လျောင်း​နေ​သော​သူ​သေ​တို့​သည် ထ​၍​ရွှင်​လန်း​စွာ​သီ​ချင်း​ဆို​ကြ​ပါ​လိမ့်​မည်။ အ​ရောင်​လျှပ်​သည့်​ဆီး​နှင်း​များ​သည်​ကမ္ဘာ​မြေ ကြီး​ကို ပြန်​လည်​စိမ်း​လန်း​လာ​စေ​သ​ကဲ့​သို့ ကာ​လ​ကြာ​မြင့်​စွာ​က​ပင်​သေ​လွန်​ခဲ့​သော သူ​တို့​ကို​ထာ​ဝ​ရ​ဘု​ရား​သည်​ပြန်​၍ အ​သက်​ရှင်​စေ​တော်​မူ​ပါ​လိမ့်​မည်။
20 Enendeni, watu wangu, ingieni katika vyumba vyenu na mfunge mlango nyuma yenu; jificheni kwa mda mfupi, mpaka hasira itakapopita.
၂၀ငါ​၏​အ​မျိုး​သား​တို့၊ သင်​တို့​သည်​မိ​မိ​တို့​အိမ် တွင်း​သို့​ဝင်​၍​တံ​ခါး​များ​ကို​ပိတ်​ထား​ကြ လော့။ ဘု​ရား​သ​ခင်​၏​အ​မျက်​တော်​ပြေ​သည် တိုင်​အောင်​ကာ​လ​အ​နည်း​ငယ်​ပုန်း​အောင်း​နေ ကြ​လော့။-
21 Maana, angalia, Yahwe anakaribia kutoka katika eneo lake kuwahadhibu watu waishio duniani kwa ajili ya makosa yao; dunia itaachia umwagaji wa damu, na hawatawaficha tena waliokufa.
၂၁ထာ​ဝ​ရ​ဘု​ရား​သည်​ကမ္ဘာ​သူ​ကမ္ဘာ​သား​တို့ အား​အ​ပြစ်​ဒဏ်​ခတ်​ရန်​ကြွ​လာ​တော်​မူ​လိမ့် မည်။ ကမ္ဘာ​မြေ​ကြီး​ပေါ်​တွင်​လျှို့​ဝှက်​ကူး​လွန် ထား​သည့်​လူ​သတ်​မှု​များ​သည်​ပေါ်​လွင်​ထင် ရှား​၍​လာ​လိမ့်​မည်။ အ​သတ်​ခံ​ရ​သူ​တို့​အား မြေ​ကြီး​သည်​ဖုံး​ကွယ်​ထား​တော့​မည်​မ​ဟုတ်။

< Isaya 26 >