< Isaya 21 >

1 Tamko kuhusu jangwa pembezoni mwa bahari. Kama dhuruba yenye upepo inayotokea kupita Negevi kuelekea jangwani, kutoka kwenye aridhi ya kutisha.
ရေလွှမ်းမိုးသော တောနှင့်ဆိုင်သော ဗျာဒိတ် တော်ကား၊ တောင်လေမုန်တိုင်းတိုက်သကဲ့သို့ ကြောက် မက်ဘွယ်သော ပြည်၊ တောကြီးမှလာ၏။
2 Nimepewa maono ya kusikitisha: Wasaliti wamepanga hila, na waharibifu kuharibu. Nenda juu na uvamie, Elamu; zingira Media; Mimi nitasimamisha maumivu yao yote.
ကြောက်မက်ဘွယ်သော ရူပါရုံကို ငါမြင်ရ၏။ လုယူတတ်သောသူသည် ဖျက်ဆီး၏။ ဧလံပြည်သားတို့၊ တက်သွားကြလော့။ မေဒိပြည်သားတို့၊ မြို့ကိုဝိုင်းထားကြ လော့။ ထိုမြို့ကြောင့်၊ သူတပါးညည်းတွားခြင်းရှိသမျှကို ငါငြိမ်းစေ၏။
3 Hivyo basi simba wangu wamejawa na maumivu; ni kama mwanamke anayejifungua kwa uchungu yamenipata mimi; Nimeina chini kwa kile nilichokisikia; nimesumbuliwa kwa kile nilichokiona.
ထို့ကြောင့်၊ ငါသည် ခါးနာလှ၏။ သားဘွား သော မိန်းမခံရသကဲ့သို့ ဝေဒနာကိုခံရ၏။ နားမကြားနိုင် အောင် ပြင်းထန်စွာခံရ၏။ မျက်စိမမြင်နိုင်အောင် မှိုင်တွေလျက်ရှိ၏။
4 Moyo wangu unajinga, nimetitishika kwa hofu. Mapema jioni, mda wangu mzuri kwa siku, imeniletea hofu.
ငါ့စိတ်နှလုံးသည် မူးလျက်ရှိ၏။ ကြောက်မက် ဘွယ်သော အရာဖြင့် ငါသည်ထိတ်လန့်လျက်ရှိ၏။ ငါပျော်မွေ့သောညဉ့်ကိုဘေးနှင့် ပြည့်စုံစေတော်မူ၏။
5 Wameandaa meza, wametawanya vitambaa, na wanakula na kunjwa; tokea, mkuu, pakeni ngao yenu kwa mafuta.
စားပွဲကိုပြင်ပြီ။ ကင်းစောင့်ကို ထားပြီ။ စားသောက်လျက်နေကြပြီ။ အိုမင်းများတို့၊ ထကြ၊ လွှားကို ဆီလောင်းကြ။
6 Hiili ndilo Bwana aliloniambia, ''Nenda, baada ya mlinzi; lazima atoe taarifa kwa kile atakacho kiona.
အကြောင်းမူကား၊ ဘုရားရှင်က၊ သင်သွား၍ ကင်းစောင့်ကိုထားလော့။ မြင်သည့်အတိုင်းပြော စေ လော့ဟု ငါ့အားမိန့်တော်မူ၏။
7 Kama ataona gari, jozi ya farasi, farasi juu ya punda na farasi juu ya ngamia, hivyo basi anatakiwa kuwa makini na kuwa macho.''
ကင်းစောင့်သည်လည်း၊နှစ်စီးစီ နှစ်စီးစီ ချီလာ သော မြင်းတပ်တတပ်၊ မြည်းတပ်တတပ်၊ ကုလားအုပ် တပ်တတပ်ကို မြင်၍၊ သတိနှင့် စေ့စေ့ကြည့်ရှု နားထောင် ပြီးလျှင်၊
8 Mlinzi analia nje, ''Bwana, ninasimama juu ya mnara siku zote, kila siku, na kwa nguzo yangu nitasimama usiku wote.''
သခင်၊ကျွန်တော်သည် နေ့အချိန်၌ ကင်းမျှော် စင်ပေါ်မှာ အစဉ်ရပ်၍၊ တညဉ့်လုံး၌လည်း ကင်းစောင့် လျက်နေပါ၏။
9 Tazama gari linakuja na wakiwa wawili wawili. anaita, ''Babeli umeanguka, umeanguka, na sanamu za kuchonga za miungu yao zimevunjika chini.''
ယခုမှာ နှစ်စီးစီ နှစ်စီးစီ ချီလာသော မြင်းစီးသူ ရဲတပ်ကို မြင်ပါသည်ဟု ခြင်္သေ့ကဲ့သို့ ကြွေးကြော်၏။ သူ ကလည်း၊ ဗာဗုလုန်မြို့ပြိုလဲပြီ၊ ပြိုလဲပြီ၊ သူ၏ဘုရားရုပ်တု ဆင်းတု ရှိသမျှတို့သည် မြေပေါ်မှာ ကျိုးပဲ့လျက် ရှိကြ ပါသည်ဟု ထပ်၍ဆိုလေ၏။
10 Watu wangu niliwapururu na kuwapepeta, watoto niliyewatoa kwenye sakafu yangu mwenyeweNilichokisikia kutoka kwa Yahwe wa majeshi, Mungu wa Israeli, Nimekutangazia wewe.
၁၀ငါနင်းနယ်၍ ငါ့တလင်းပြင်မှ ထွက်သောစပါး၊ ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရား၊ ဣသရေလ အမျိုး၏ ဘုရား သခင်မိန့်တော်မူသည်ကို ငါကြားရသည် အတိုင်း၊ သင်တို့အား ငါဆင့်ဆိုသတည်း။
11 Tamko kuhusu Duma. Mtu mmoja amenita mimi kutoka Seiri, ''Mlinzi, ni kitu gani kilichobakizwa usiku?
၁၁ဒုမာပြည်နှင့်ဆိုင်သော ဗျာဒိတ်တော်ကား၊ အိုကင်းစောင့်၊ ညဉ့်အမှုကား အဘယ်သို့နည်း။ အိုကင်း စောင့်၊ ညဉ့်အမှုကား အဘယ်သို့နည်းဟု စိရ တောင် ပေါ်က ငါ့ကို ဟစ်ခေါ်လေ၏။
12 Mlinzi akasema, ''Asubuhi itafika na vilevile usiku. Ikiwa unataka kuuliza basi uliza; na urudi tena.''
၁၂ကင်းစောင့်ကလည်း၊ နံနက်သည်လာ၏။ ညဉ့် လည်းလာ၏။ သင်တို့သည် မေးမြန်းလိုလျှင် မေးမြန်း ကြ။ ပြန်သွားကြ။ တဖန် လာကြဟု ဆိုလေ၏။
13 Tamko kuhusu Arabia. Katika jangwa la Arabia mmeutumia usiku, enyi misafara ya Dedanite.
၁၃အာရပ်ပြည်နှင့် ဆိုင်သော ဗျာဒိတ်တော်ကား၊ ခရီးသွားသော ဒေဒန် လူစုတို့၊ သင်တို့သည် အာရပ်တော မှာ ညဉ့်ကို လွန်စေရကြမည်။
14 Leteni maji kwa wenye kiu; wenyeji wa nchi ya Tema, waoneni watuhumiwa kwa mikate.
၁၄တေမပြည်သားတို့၊ ရေငတ်သောသူ အဘို့ ရေကို ယူခဲ့ကြ၏။ ပြေးသောသူကို မုန့်နှင့်ဆီး၍ ကြိုကြ၏။
15 Maana wameukimbia upanga, kutoka upanga unaotolewa, kutoka kwenye upinde ulopinda, na kutokana na uzito wa vita.
၁၅အကြောင်းမူကား၊ သူတို့သည် ထားဘေးမှ၎င်း၊ ထုတ်သောထား၊ တင်သောလေး၊ အလွန်ခက်သော စစ်မှု မှ၎င်းပြေးကြ၏။
16 Maana hili ndilo Bwana alichosema na mimi, ''Ndani ya mwaka mmoja, kama mtu aliyeajiriwa kwa mwaka ataona, utukufu wa Kedari utakwisha.
၁၆ထာဝရဘုရားသည် ငါ့အား မိန့်တော်မူသည် ကား၊ အခစားသောသူရေတွက်သည်အတိုင်း၊ တနှစ်တွင် ကေဒါမြို့၏ ဘုန်းအသရေ ရှိသမျှ ကွယ်ပျောက်၍၊
17 Ni baadhi ya ya wavuta upinde, mashujaa wa Kader watabakia,'' maana Bwana, Mungu wa Israeli, amesema.
၁၇ကျန်ကြွင်းသော ကေဒါအမျိုးသား၊ လေးစွဲသူရဲ တို့သည် အလွန် နည်းကြလိမ့်မည်ဟု၊ ဣသရေလအမျိုး ၏ ဘုရားသခင် ထာဝရဘုရား မိန့်တော်မူ၏။

< Isaya 21 >