< Isaya 13 >

1 Tamko kuhusu Babeli, ambalo Isaya mtoto wa Amozi alipokea:
ဗာဗုလုန်မြို့ကို ရည်ဆောင်၍ အာမုတ်၏သား ဟေရှာယခံရသော ဗျာဒိတ်တော်အချက်ဟူမူကား၊
2 Kwenye mlima wa wazi imewekwa bendera ya ishara, lia kwa sauti kwao, wapungie mikono waende kwenye lango la wenye vyeo.
ရှင်းလင်းသော တောင်ပေါ်မှာအလံကို ထူကြ။ ကျယ်သောအသံနှင့် အော်ဟစ်ကြ။ လက်ကိုလှုပ်ကြ။သူတို့သည် မင်းတို့နေရာတံခါးများကို ဝင်ကြစေ။
3 Nimewamuru watakatifu wangu, ndio, nimewaita watu wangu wenye nguvu kutekeleza asira yangu, na hata watu wangu wanojigmba na kujiinua wenyewe.
ငါသန့်ရှင်းစေသော သူတို့ကို ငါမှာထားပြီ။ ငါပေးသောဘုန်းအာနုဘော်ကြောင့် ဝမ်းမြောက်သောသူ၊ ငါ၏သူရဲတို့ကို ငါ့အမျက်ပြေစေခြင်းငှါ ငါခေါ်ပြီ။
4 Kelele za umati wa watu kwenye milima, za watu wengi! Kelele za ghasiaza ufalme kama mataifa mengi yamekusanyika pamoja! Yahwe wa majeshi anapanga jeshi kwa vita.
ကြီးစွာသော အလုံးအရင်း၏ အသံကဲ့သို့ တောင်တို့အပေါ်မှာ လူများ၏ အသံဗလံ၊ စုဝေးသော တိုင်းသူပြည်သားများတို့၏ အုတ်အုတ်ကျက်ကျက်သော အသံဗလံရှိသည်နှင့်၊ ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရ ဘုရားသည် စစ်တိုက်ခြင်းငှါ၊ အလုံးအရင်းကိုစီရင် ခင်းကျင်းတော်မူ၏။
5 Wametoka katika nchi ya mbali, kutoka juu ya upeo wa macho. Ni Yahwe na silaha zake za hukumu, kuhiharibu nchi yetu.
ထာဝရဘုရားနှင့်အတူတကွ အမျက်တော် လက်နက်တို့သည် တပြည်လုံးကို ဖျက်ဆီးခြင်းငှါ၊ ဝေး သောပြည်၊ ကောင်းကင်စွန်းမှ လာကြ၏။
6 Omboleza maana siku ya Yahwe imekaribia; itakuja na uharibifu kutoka kwa Mwenyenzi.
ထာဝရဘုရား၏ နေ့ရက်သည်နီးသောကြောင့်၊ ငိုကြွေးမြည်တမ်းကြလော့။ အနန္တတန်ခိုးရှင်စီရင် တော်မူ သော ဘေးအန္တရာယ်ကဲ့သို့လာလိမ့်မည်။
7 Hivyo basi mikono ining'inizwe kama kiwete, na kila moyo ulioyeyuka.
ထိုကြောင့်၊ရှိသမျှသော လက်တို့သည် ကျကြ လိမ့်မည်။ လူအပေါင်းတို့သည် စိတ်ပျက်၍ ကြောက်လန့် ခြင်းသို့ ရောက်ကြလိမ့်မည်။
8 Itawatisha; maumivu na uchungu atawapa wao, kama mwanamke ambaye anajifungua. Watangalia kwa kushangaa kwa kila mmoja mmoja; nyuso zao zitakuwa kama moto.
နာခြင်းဝေဒနာအမျိုးမျိုးကို ခံရကြလိမ့်မည်။ သားဘွားသော မိန်းမကဲ့သို့ဝေဒနာကို ခံရလျက်၊ တ ယောက်ကိုတယောက် ကြည့်ရှု၍မှိုင်တွေသဖြင့်၊သူတို့ မျက်နှာသည် မီးလျှံအဆင်းရှိလိမ့်မည်။
9 Tazama, siku za Yahwe zinakuja na laana kali wingi wa hasira, kuifanya nchi yenye ukiwa na kuharibu wenye dhambi katika nchi.
ထိုပြည်ကိုဖျက်ဆီး၍၊ အပြစ်ကြီးသော ပြည်သူ ပြည်သားတို့ကို သုတ်သင်ဖယ်ရှင်းခြင်းငှါ၊ ထာဝရ ဘုရား ၏ ကြမ်းကြုတ်သောနေ့ရက်သည် ပြင်းထန်သော ဒေါသ အမျက်ထွက်လျက်လာလိမ့်မည်။
10 Nyota ya mbinguni na matangamano havitatoa nuru yake. Jua litakuwa giza na hata mwenzi hautaangaza.
၁၀မိုဃ်းကောင်းကင်ကြယ်နက္ခတ်တို့သည် အလင်း ကိုမပေး။ နေသည်လည်း ထွက်သောအခါမိုက် လျက်၊ လ သည်လည်း မထွန်းမလင်းဘဲလျက်ရှိလိမ့်မည်။
11 Nitaihadhibu nchi kwa maovu yake na makosa ya uovu wao. Nitamaliza kiburi cha majivuno na nitawashusha wenye kiburi wasiwe makali.
၁၁ထိုလောကီနိုင်ငံ၏ အပြစ်ကို၎င်း၊ မတရားသော သူတို့၏ ဒုစရိုက်များကို၎င်းငါစစ်ကြောမည်။ မာနကြီး သောသူတို့၏ ထောင်လွှားခြင်းကို ငါနှိပ်စက် ၍၊ကြမ်း ကြုတ်သောသူတို့၏ စော်ကားခြင်းကို ငါနှိမ့်ချမည်။
12 Nitawafanya watu kuwa nadra zaidi ya dhahabu nzuri na watu kuwa vigumu kupatikana zaidi ya dhahabu safi ya Ofiri.
၁၂လူသည် ရွှေစင်ထက် အဘိုးထိုက်မည် အကြောင်း၊ ဆင်းရဲသားသည် ဩဖိရရွှေကျောက်ထက် အဘိုးထိုက်မည်အကြောင်း ငါပြုမည်။
13 Hivyo basi nitazifanya mbingu kutingishika, na dunia itayumba kutoka sehemu iliyoko, Kwa hasira ya Yahwe wa majeshi, na siku ya hasira yake.
၁၃သို့ဖြစ်၍၊ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရ ဘုရား၏ ဒေါသအမျက်တော်ပြင်းစွာ ထွက်သော နေ့ ရက်၌၊ မိုဃ်းကောင်းကင်ကို ငါလှုပ်ရှားမည်။ မြေကြီး လည်း မိမိနေရာမှ ရွေ့ရလိမ့်မည်။
14 Kama Paa anayewindwa au kama kondoo wasio na mchungaji, kila mtu atageukia watu wake na kukimbia kwenye nchi yake.
၁၄ပြည်သားတို့သည် ကြောက်၍ပြေးသောဒရယ်မ၊ ထိန်းသိမ်းသူမရှိသော သိုးများကဲ့သို့ ဖြစ်၍၊ အသီးအသီး မိမိအမျိုးသားချင်းတို့ကို မျက်နှာပြု၍၊ အသီးအသီး မိမိပြည်သို့ ပြေးကြလိမ့်မည်။
15 Kwa yeyote atakayeonekana atauliwa, na yeyote atakayekamatwa atauliwa kwa upanga.
၁၅တွေ့မိသမျှသော သူတို့ကို လှံနှင့်ထိုးရ၏။ စုဝေး လျက်ရှိသော သူအပေါင်းတို့လည်း ထားဖြင့် ဆုံးကြလိမ့် မည်။
16 Watoto wao watakatwa vipandevipande mbele ya macho yao. Nyumba zao zitavamiwa na wake zao watabakwa.
၁၆သူတို့သားသမီးများကို သူတို့မျက်မှောက်၌ မြေ ပေါ်မှာ ဆောင့်ဖွပ်လိမ့်မည်။ သူတို့ အိမ်များကို လုယက် ၍၊သူတို့ မယားများကို အဓမ္မပြုကြလိမ့်မည်။
17 Tazama, ninakaribia kuwakoroga Wamede ili wawavamie wao, ambao hawaoni maana ya fedha wala furaha ya dhahabu.
၁၇ကြည့်ရှုလော့။ ငွေကိုပမာဏမပြု၊ ရွှေကိုအ လိုမရှိသော မေဒိလူများကို သူတို့တဘက်၌ ငါနှိုးဆော် မည်။
18 Mishale yao itawachoma vijana wadogo. Hakutakuwa na shimo kwa watoto wao na hawatawacha watoto wao.
၁၈သူတို့သည် လူပျိုတို့ကို လေးနှင့်ရိုက်ခတ်ကြလိမ့် မည်။ အကလေးတို့ကို မသနားကြ။ သူတို့မျက်စိသည် သူငယ်တို့ကို မနှမြောရ။
19 Na Babali ufalme unaovutia zaidi, fahari ya mapambo ya wakaldyo, itaangamizwa na Mungu kama Sodoma na Gomora.
၁၉တိုင်းနိုင်ငံတို့၏ အထွဋ်၊ ခါလဒဲ အမျိုးသားတို့၏ ဘုန်းအသရေဖြစ်သော ဗာဗုလုန်မြို့သည် ဘုရားသခင် ဖျက်ဆီးတော်မူသော သောဒုံမြို့နှင့် ဂေါမောရမြို့ကဲ့သို့ ဖြစ်လိမ့်မည်။
20 Hapatakuwa na wenyeji wala wakazi kutoka kizazi kimoja hadi kizazi kingine. Mwarabu atapiga hema lake uko wala wachungaji hawatalaza mifugo yao pale.
၂၀ထိုမြို့၌ ကာလအစဉ်၊ လူမျိုးအဆက်ဆက် အဘယ်သူမျှ မနေရ။ ထိုမြို့၌ အာရပ်လူသည် တဲကိုမျှ မဆောက်ရ။ သိုးထိန်းတို့သည် သိုးခြံကိုမျှ မလုပ်ရကြ။
21 Lakini wanyama pori wa jangwani watalala pale. Nyumba zao zitajaa bundi; na mbuni watakaa huko na mbuzi pori wataruka pale.
၂၁တောသားရဲတို့သည် ထိုမြို့၌ အိပ်ကြလိမ့်မည်။ အိမ်တို့သည် မြည်တတ်သော တိရစ္ဆာန်များနှင့် အပြည့် ရှိကြလိမ့်မည်။ ကုလားအုပ်ငှက်တို့လည်း နေရာကျ၍၊ မျောက်တို့လည်း ကခုန်ကြလိမ့်မည်။
22 Fisi watalia kwenye ngome yao, na mbeha katika maeneo yao mazuri. Mda wao umekaribia, na siku zao hazitachelewa.
၂၂တောခွေးတို့သည်လည်း၊ ဘုံဗိမာန်များ၌၎င်း၊ မြေခွေးတို့သည်လည်း၊ ကြက်သရေတိုက်များ၌၎င်း၊အူကြ၊ မြည်ကြလိမ့်မည်။ ထိုသို့သော ကာလနီးလှပြီ။ ထိုမြို့၏ အသက် တာမရှည်ရ။

< Isaya 13 >