< Isaya 11 >
1 Miti itachipukia katika mizizi ya Yese, na matawi yanayotokana na mizizi yatazaa matunda.
၁ဒါဝိဒ်မင်းဆက်သည်ခုတ်လှဲသည့်သစ်ပင်နှင့် တူ၏။ သို့ရာတွင်သစ်ငုတ်မှအကိုင်းအခက် များထွက်လာသကဲ့သို့ ဒါဝိဒ်၏သားမြေး များအထဲမှဘုရင်သစ်တစ်ပါးပေါ်ထွက် လာလိမ့်မည်။
2 Na roho wa Bwana atashuka juu yake, roho wa hekima na maelewano, roho ya maelekezo na ukuu, roho ya maarifa na hofu ya Yahwe.
၂သူသည်မိမိပြည်သူတို့အားအုပ်စိုးရန် ဉာဏ်ပညာ၊ အသိပညာနှင့်၊ စွမ်းရည်ကို ထာဝရဘုရား၏ဝိညာဉ်တော်တန်ခိုး အားဖြင့်ရလိမ့်မည်။ သူသည်ထာဝရဘုရား၏အလိုတော်ကိုသိ၍ ကိုယ်တော်ကိုကြောက်ရွံ့ရိုသေလိမ့်မည်။
3 Furaha yake itakuwa hofu ya Bwana; hatatoa hukumu kwa kile anachokiona, wala atatoa maamuzi kwa kile anachokisikia.
၃ကိုယ်တော်အားကြောက်ရွံ့ရိုသေမှု၌လည်း မွေ့လျော်ပျော်ပိုက်လိမ့်မည်။ သူသည်မျက်စိနှင့်မြင်ယုံသို့မဟုတ် တစ်ဆင့်စကားနှင့်ကြားယုံဖြင့်အဆုံး အဖြတ် ပေးလိမ့်မည်မဟုတ်။
4 Badala yake atawahukumu masikini kwa haki na atafanya maamuzi kwa usawa na unyenyekevu. Ataamurisha mgomo wa dunia kwa fimbo ya mdomo wake, na punzi ya midomo yake, atawauwa waovu.
၄ဆင်းရဲသားတို့အားဖြောင့်မှန်စွာတရားစီရင်၍ နိမ့်ကျသူတို့၏ရပိုင်ခွင့်များကို ကာကွယ်စောင့်ရှောက်လိမ့်မည်။ သူပေးသည့်ရာဇသံဖြင့်ပြည်သူတို့သည် ဒဏ်သင့်ကြလိမ့်မည်။ ဆိုးညစ်သူတို့သည်လည်း သေရကြလိမ့်မည်။
5 Haki itakuwa mkanda wa viuno kiuno chake kuzunguka mapaja yake.
၅သူသည်မိမိပြည်သူတို့အားမျှတဖြောင့် မတ်စွာ အုပ်စိုးလိမ့်မည်။
6 Mbwa mwitu atakaa pamoja na kondoo, na chui watalala chini pamoja na mtoto wa mbuzi, ndama, mtoto wa simba na ndama pamoja na ndama aliyenona. Mtoto mdogo atawaongoza wao.
၆ဝံပုလွေများသည်သိုးတို့နှင့်အတူ အေးချမ်းစွာ နေကြလိမ့်မည်။ ကျားသစ်များသည်လည်းဆိတ်ငယ်များနှင့် အတူ အိပ်ကြလိမ့်မည်။ နွားသူငယ်များနှင့်ခြင်္သေ့များ၊ အတူတူအစာစားကြလျက် သူတို့အားကလေးသူငယ်များကထိန်းကျောင်း လိမ့်မည်။
7 Ng'ombe na dubu watachungwa pamoja. Na watoto wao watalala pamoja. Simba atakula majani kama ng'ombe.
၇နွားမများနှင့်ဝက်ဝံမတို့သည်အတူတူ အစာစားကြလိမ့်မည်။ သူတို့၏သားငယ်များသည်လည်း အတူတူအေးချမ်းစွာနေကြလိမ့်မည်။ ခြင်္သေ့တို့သည်ကျွဲနွားများကဲ့သို့မြက်ကို စားလိမ့်မည်။
8 Mtoto atacheza juu ya chimo la nyoka, na mtoto aliyeachwa ataweka mkono wake katika pango la nyoka.
၈အကယ်၍နို့စို့ကလေးသည်မြွေဆိုးတွင်းဝ၌ပင် ကစားစေကာမူ ဘေးအန္တရာယ်ရောက်ရလိမ့်မည်မဟုတ်။
9 Hawataumizwa wala kuharibiwa kwenye mlima mtakatifu; kwa maana dunia itakuwa imejaa maarifa ya Yahwe, kama maji yajaavyo kwenye bahari.
၉ဘုရားသခင်၏သန့်ရှင်းမြင့်မြတ်သည့် ဇိအုန်တောင်တော်ပေါ်၌ ဘေးအန္တရာယ်ဖြစ်စေသည့်အရာသို့မဟုတ် ဆိုးညစ်သည့်အရာတစ်စုံတစ်ခုမျှ ရှိလိမ့်မည်မဟုတ်။ ပင်လယ်များသည်ရေနှင့်ပြည့်လျက်နေသကဲ့သို့၊ ထိုပြည်တော်သည်လည်းထာဝရဘုရားအား သိကျွမ်းမှုအသိပညာနှင့်ပြည့်ဝ၍နေလိမ့် မည်။
10 Siku hiyo mzizi wa Yese utasimama kama bendera ya watu. Taifa litamtafuta yeye nje, na mahali pake pakupumzikia patatukuka.
၁၀ဒါဝိဒ်မင်းဆက်မှပေါ်ထွန်းလာသည့်ဘုရင် သည် လူမျိုးတကာတို့အဖို့အချက်ပြအမှတ် လက္ခဏာတစ်ရပ်ဖြစ်သည့်အချိန်ကာလကျ ရောက်လာလိမ့်မည်။ သူတို့သည်သူ၏မြို့တော် သို့လာရောက်စုရုံးကြလျက် သူ့အားဂုဏ်ပြု ချီးမြှင့်ကြလိမ့်မည်။-
11 Siku hiyo, Bwana ataunyoosha mkono wake tena kuokoa mabaki ya watu wake yaliyosalia huko Asiria, Misri, Pathrosi, Kushi, Shinari, Hamathi, na kisiwa cha bahari.
၁၁ထိုနေ့ရက်ကာလကျရောက်လာသောအခါ ထာဝရဘုရားသည် မိမိတန်ခိုးတော်ကို အသုံးပြုတော်မူလျက်အာရှုရိပြည်၊ အီဂျစ် ပြည်၊ ပါသရုပြည်၊ ဆူဒန်ပြည်၊ ဧလံပြည်၊ ဗာဗုလုန်ပြည်၊ ဟာမတ်ပြည်၊ ပင်လယ်ကမ်း ခြေဒေသများနှင့်ကျွန်းများတွင် ကျန်ရှိ နေသေးသောဣသရေလအမျိုးသားတို့ အားမိမိတို့ဌာနေသို့ပြန်လည်ပို့ဆောင် တော်မူလိမ့်မည်။-
12 Ataweka bendera kwa kwa mataifa na atakusanya Waisrel waliotupwa na watu wa Juuda waliotawanyika kitika pembe nne za dunia.
၁၂မိမိသည်ကွဲလွင့်လျက်နေသောဣသရေလ ကိုလည်းကောင်း၊ ပြန့်ကျဲနေသောယုဒလူမျိုး တို့အား ကမ္ဘာမြေပြင်အရပ်လေးမျက်နှာမှ ပြန်လည်စုသိမ်းလျက်နေတော်မူကြောင်း ကိုလည်းကောင်း ဖော်ပြရန်ထာဝရဘုရား သည်အချက်ပြအလံတော်ကိုလွှင့်ထူ တော်မူလိမ့်မည်။-
13 Ataujeuza wivu wa Efraimu, na ukatili wa Yuda utakomeshwa. Efraimu atamuonea wivu Yuda, Yuda hatakuwa adui wa Efraimu tena.
၁၃ဣသရေလပြည်သူတို့သည်၊ ယုဒပြည်သူ တို့အပေါ်တွင်ငြူစူစိတ်ရှိကြတော့မည် မဟုတ်။ ယုဒပြည်သူတို့သည်လည်းဣသရေ လပြည်သူတို့၏ရန်ဘက်ဖြစ်ကြတော့မည် မဟုတ်။-
14 Badala yake, watashuka chini kwenye mlima wa Wafilisti upande wa magharibi, na pamoja watateka watu mashariki. Watavamia Edomu na Moabu, na watu wa Amoni watawatii wao.
၁၄ထိုပြည်သူနှစ်ရပ်တို့သည်ပူးပေါင်း၍ အနောက်ဘက်ရှိဖိလိတ္တိအမျိုးသားတို့ အားတိုက်ခိုက်၍ အရှေ့ပြည်တွင်နေထိုင် ကြသူတို့၏ဥစ္စာပစ္စည်းများကိုလုယူကြ လိမ့်မည်။ သူတို့သည်ဧဒုံအမျိုးသားများ နှင့်မောဘအမျိုးသားတို့ကိုအနိုင်ရ၍ အမ္မုန်အမျိုးသားတို့အားလည်းမိမိတို့ ၏သြဇာခံဖြစ်စေကြလိမ့်မည်။-
15 Yahwe atauharibu kabisa ghuba ya bahari ya Misri. Kwa mawimbi makali ambayo yanavuma juu ya mtoto Efurate na itagawanyika katika mifereji saba, hivyo unaweza ukapita juu kwa viatu.
၁၅ထာဝရဘုရားသည်လေပူကိုတိုက်စေ၍ စူးအက်ပင်လယ်ကွေ့နှင့်ဥဖရတ်မြစ်တို့ကို ခန်းခြောက်စေတော်မူပြီးလျှင် မည်သူမဆို လမ်းလျှောက်ကျော်ဖြတ်နိုင်သည့်ချောင်းငယ် ကလေးခုနစ်ခုသာလျှင် ကျန်ရှိစေတော် မူလိမ့်မည်။-
16 Kutakuwa na njia kuu kwa ajili ya mabaki ya watu kurudi kutoka Asiria, maana kuna Waisraeli wanaokuja kutoka nchi ya Misri.
၁၆အီဂျစ်ပြည်မှဣသရေလအမျိုးသားတို့ ထွက်ခွာလာစဉ်အခါကကဲ့သို့ပင် အာရှုရိ ပြည်တွင်ကျန်ရှိနေသေးသူကိုယ်တော်၏လူ မျိုးတော်ထွက်ခွာရန်အတွက်လမ်းမကြီး တသွယ်ကိုဖြစ်ပေါ်စေတော်မူလိမ့်မည်။