< Hagai 1 >

1 Katika mwaka wa pili wa mfalme Dario, katika mwezi wa sita, siku ya kwanza ya mwezi, neno la Bwana likaja kwa kwa mkono wa nabii Haghai kwenda kwa gavana wa Yuda, Zerubabeli mwana wa Sheatieli na kuhani mkuu Joshua mwana wa Yehozadaki, kusema,
ဒါရိမင်းကြီးနန်းစံနှစ်နှစ်၊ ဆဌမလတရက်နေ့ တွင်၊ ပရောဖက်ဟဂ္ဂဲအားဖြင့် ယုဒမြို့ဝန်၊ ရှာလသေလ သား ဇေရုဗဗေလနှင့် ယဇ်ပုရောဟိတ်မင်း ယောဇဒက် သား ယောရှုဆီသို့ ထာဝရဘုရား၏နှုတ်ကပတ်တော် ရောက်လာ၍၊
2 “Bwana wa Majeshi asema: 'Hawa watu husema, “Si wakati wetu kuja au kujenga nyumba ya Jehova."””
ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရားမိန့် တော်မူသည်ကား၊ အချိန်မရောက်သေး၊ ထာဝရဘုရား၏ အိမ်တော်ကို တည်ဆောက်ရသော အချိန်မရောက်သေး ဟု၊ ဤလူများ ပြောဆိုကြသည်မှာ၊
3 Tena neno la Bwana lilikuja kwa mkono wa nabii Haghai kusema,
ပရောဖက် ဟဂ္ဂဲအားဖြင့် ထာဝရဘုရား၏ နှုတ် ကပတ်တော်ရောက်လာသည်ကား၊
4 “Je ni wakati kwenu wenyewe kuishi katika nyumba zilizokamilika, na wakati nyumba hii inaharibika?
အချင်းလူတို့၊ သင်တို့သည် အမိုးနှစ်ထပ်နှင့် ပြည့်စုံသော အိမ်၌ နေချိန်ရှိလျက်ပင်၊ အိမ်တော်ပျက် လျက် နေရမည်လော။
5 Kwa hiyo sasa Bwana wa Majeshi asema hivi: 'zitafakarini njia zenu!
ယခုမှာ ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရ ဘုရားမိန့်တော်မူသည်ကား၊ ကိုယ်ကျင့်သော အကျင့်တို့ ကို ဆင်ခြင်ကြလော့။
6 Mmepanda mbengu nyingi, lakini mkaleta mavuno kidogo; mnakula lakini hamshibi, mnakunywa lakini hamkujazwa na vinywaji. Mnavaa nguo lakini hampati joto wenyewe, na mtu wa mshahara hupata pesa na kuweka kwenye mfuko wenye mashimo tu!'
သင်တို့သည် များစွာသော မျိုးစေ့ကို ကြဲသော် လည်း အသီးအနှံနည်းပါးရ၏။ စားရသော်လည်း ဝစွာ မစားရကြ။ သောက်သော်လည်း ဝစွာ မသောက်ရကြ။ အဝတ်ကို ဝတ်ရသော်လည်း နွေးစွာ မဝတ်ရကြ။ အလုပ် လုပ်၍ အခကို ခံရသော်လည်း မလုံသော အိတ်ထဲမှာ သိုထားရကြ၏။
7 Bwana wa Majeshi asema haya:
ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရားမိန့် တော်မူသည်ကား၊ ကိုယ်အကျင့်တို့ကို ဆင်ခြင်ကြလော့။
8 'Zitafakarini njia zetu! Pandeni milimani, mkalete mbao, na mjenge nyumba yangu; na pia nitakuwa radhi na nitatukuzwa!' Asema Bwana.
တောင်ပေါ်သို့ တက်သွား၍ သစ်သားကို ဆောင်ခဲ့ပြီးလျှင် အိမ်တော်ကို ဆောက်ကြလော့။ ငါသည် လည်း အားရ၍ ငါ၏ဘုန်းသည် ထင်ရှားလိမ့်မည်ဟု၊ ထာဝရဘုရား မိန့်တော်မူ၏။
9 'Mmetazamia kupata vingi, lakini tazama! ulileta nyumbani vichache, nitavitowesha mbali! kwa nini?'- Hivi ndivyo anatamka Bwana wa Majeshi! kwa sababu nyumba yangu inakaa kwenye uharibifu, lakini kila mtu yuko radhi kwenye nyumba yake.
သင်တို့သည် များစွာရမည်ဟု မြော်လင့်သော် လည်း ရသောဥစ္စာခေါင်းပါးရ၏။ အိမ်သို့ ရောက်သော အခါ ငါမှုတ်လိုက်၏။ အဘယ်ကြောင့်နည်းဟု၊ ကောင်း ကင်ဗိုလ်ခြေအရှင် ထာဝရဘုရား မေးတော်မူ၏။ ငါ့အိမ် သည် ပျက်လျက်ရှိသောကြောင့်၎င်း၊ သင်တို့သည် အသီး အသီး မိမိတို့အိမ်သို့ ပြေးသောကြောင့်၎င်း ဖြစ်သတည်း။
10 Kwa sababu hii mbingu zimeshikiwa zisitoe umande kutoka kwako, na ardhi imeshikilia haizalishi.
၁၀ထိုကြောင့် သင်တို့အပေါ်မှာ မိုဃ်းခေါင်သဖြင့် နှင်းမကျရ။ မြေသည်လည်း အသီးအနှံကို မပေးရ။
11 Nimekuita kutoka juu ya ardhi na juu ya milima, juu ya nafaka na juu ya mzabibu mpya, juu ya mafuta na juu ya mavuno ya ardhi, juu ya watu na juu ya wanyama, na juu ya kazi zote za mikono yako.
၁၁မြေပေါ်၌၎င်း၊ တောင်ပေါ်၌၎င်း၊ ဆန်စပါး၊ ချိုသောစပျစ်ရည်၊ ဆီအပေါ်၌၎င်း၊ မြေထဲကထွက်သမျှ အပေါ်၌၎င်း၊ လူသတ္တဝါတိရစ္ဆာန်အပေါ်၌၎င်း၊ လုပ် ဆောင်သမျှအပေါ်၌၎င်း၊ သွေ့ခြောက်ခြင်းဘေးကို ငါမှာ လိုက်လေပြီဟု မိန့်တော်မူ၏။
12 Kisha Zerubabeli mwana wa Shelitieli, na kuhani mkuu Yoshua mwana wa Yehozadaki, pamoja na mabaki ya watu, wakati sauti ya Bwana Mungu wao, na maneno ya Nabii Hagai, kwa sababu Bwana Mungu wao alikuwa amemtuma. Na watu wakaogopa uso wa Bwana.
၁၂ထိုအခါ ရှာလသေလသား ဇေရုဗဗေလနှင့် ယဇ်ပုရောဟိတ်မင်း ယောဇဒက်သား ယောရှုမှစ၍ ကျန် ကြွင်းသော သူအပေါင်းတို့သည် မိမိတို့ဘုရားသခင် ထာဝရဘုရား၏အမိန့်တော်ကို၎င်း၊ မိမိတို့ ဘုရားသခင် ထာဝရဘုရားစေခိုင်းတော်မူသောပရောဖက်ဟဂ္ဂဲစကားကို ၎င်း နားထောင်သဖြင့်၊ ထာဝရဘုရားရှေ့တော်၌ ကြောက်ရွံ့ကြ၏။
13 Ndipo Hagai, mjumbe wa Bwana, akaongea ujumbe wa Bwana kwa watu na kusema,”'Niko pamoja na wewe!'- Hili ni tamko la Bwana.
၁၃ထိုအခါ ထာဝရဘုရားမှာထားတော်မူသည် အတိုင်း ထာဝရဘုရား၏ တမန်ဟဂ္ဂဲက၊ ငါသည် သင်တို့ နှင့်အတူရှိ၏ဟု၊ ထာဝရဘုရား မိန့်တော်မူကြောင်းကို လူများတို့အား ဆင့်ဆိုလေ၏။
14 Bwana alitibua roho ya mkuu wa mkoa wa Yudah, Zerubabeli mwana wa Sheltieli, na roho ya kuhani mkuu Joshua mwana wa Yehozadaki, na roho ya masalia ya watu, kwa kiasi kwamba wakaenda kufanya kazi katika nyumba ya Bwana Mungu wa majeshi, Mungu wao.
၁၄ထာဝရဘုရားသည်လည်း၊ ယုဒမြို့ဝန်၊ ရှာလ သေလသား ဇေရုဗဗေလနှင့် ယဇ်ပုရောဟိတ်မင်း ယော ဇဒက်သား ယောရှုမှစ၍ ကျန်ကြွင်းသော သူအပေါင်းတို့ ကို နှိုးဆော်တော်မူသောအားဖြင့်၊
15 katika siku ya ishirini na Mwezi wa sita, katika mwaka wa pili wa utawala wa Mfalme Dario.
၁၅ဒါရိမင်းကြီး နန်းစံနှစ်နှစ်၊ ဆဌမလနှစ်ဆယ် လေးရက်နေ့တွင်၊ သူတို့သည် လာ၍ မိမိတို့ဘုရားသခင်၊ ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရား၏အိမ်တော်၌ အလုပ်လုပ်ကြ၏။

< Hagai 1 >