< Mwanzo 9 >

1 Kisha Mungu akambariki Nuhu na wanawe, na kuwaambia, “Zaeni, mkaongezeke, na muijaze nchi.
ဘု​ရား​သ​ခင်​သည်​နော​ဧ​နှင့်​သူ​၏​သား​တို့​အား​ကောင်း​ချီး​ပေး​၍``သင်​တို့​၏​သား​စဉ်​မြေး​ဆက်​တို့​သည်​မြေ​ကြီး​ပေါ်​တွင် နေ​ရာ​အ​နှံ့​အ​ပြား​နေ​ထိုင်​နိုင်​ကြ​စေ​ရန်​သား​သ​မီး​မြောက်​မြား​စွာ​မွေး​ဖွား​ကြ​လော့။-
2 Hofu na utisho wenu vitakuwa juu ya kila mnyama aliye hai juu ya nchi, juu ya kila ndege wa angani, juu ya kila kitu kiendacho chini juu ya ardhi, na juu ya samaki wote wa baharini. Vimetolewa katika mikono yenu.
တိ​ရစ္ဆာန်၊ ငှက်၊ ငါး​အ​ပေါင်း​တို့​သည်​သင်​တို့​ကို​ကြောက်​ရွံ့​ရ​ကြ​လိမ့်​မည်။ ထို​သတ္တ​ဝါ​တို့​ကို​သင်​တို့​လက်​၌​ငါ​အပ်​ပေး​၏။-
3 Kila kitu kiendacho kilicho hai kitakuwa chakula kwa ajili yenu. Kama nilivyo wapa mimea, sasa nawapa kila kitu.
သင်​တို့​သည်​ထို​သတ္တ​ဝါ​နှင့်​အ​သီး​အ​ရွက်​တို့​ကို​စား​သုံး​နိုင်​ကြ​၏။ ထို​အ​ရာ​အား​လုံး​ကို​သင်​တို့​စား​သုံး​ရန်​ငါ​ပေး​၏။-
4 Lakini msile nyama pamoja na uhai wake - yaani damu yake - ndani yake.
သင်​တို့​မ​စား​ရ​သော​အ​ရာ​တစ်​ခု​ရှိ​၏။ ထို​အ​ရာ​ကား​သွေး​ပါ​ရှိ​သည့်​အ​သား​ဖြစ်​၏။ အ​ဘယ်​ကြောင့်​ဆို​သော်​သွေး​၌​အ​သက်​တည်​ရှိ​သော​ကြောင့်​ဖြစ်​သ​တည်း။-
5 Lakini kwa ajili ya damu yenu, uhai uliomo katika damu yenu nitataka malipo. Kutoka katika mkono wa kila mnyama nitaitaka. Kutoka katika mkono wa kila mtu, yaani, kutoka katika mkono wa yule ambaye amemuua ndugu yake, nitataka fidia kwa ajili ya uhai wa mtu huyo.
လူ့​အ​သက်​ကို​သတ်​သော​သူ​အား​ဒဏ်​ခံ​စေ​မည်။ လူ​ကို​သတ်​သော​တိ​ရစ္ဆာန်​အား​ငါ​သည်​သေ​ဒဏ်​ခံ​စေ​မည်။-
6 Yeyote amwagaye damu ya mtu, kwa njia ya mtu damu yake itamwagwa, kwa sababu ilikuwa ni katika mfano wa Mungu kwamba Mungu alimuumba mtu.
လူ​ကို​ဘု​ရား​သ​ခင်​၏​ပုံ​သဏ္ဌာန်​တော်​နှင့်​တူ​စွာ​ဖန်​ဆင်း​တော်​မူ​သ​ဖြင့် လူ​ကို​သတ်​သော​သူ​အား​လူ့​လက်​ဖြင့်​သတ်​လိမ့်​မည်။
7 Na hivyo nanyi zaeni na kuongezeka, sambaeni katika inchi yote na muongezeke juu yake.”
``သင်​တို့​၏​သား​စဉ်​မြေး​ဆက်​တို့​သည်​ကမ္ဘာ​မြေ​ကြီး​ပေါ်​တွင် နေ​ရာ​အ​နှံ့​အ​ပြား​နေ​ထိုင်​နိုင်​စေ​ရန်​သား​သ​မီး​မြောက်​မြား​စွာ​မွေး​ဖွား​ကြ​လော့'' ဟု​မိန့်​တော်​မူ​၏။
8 Kisha Mungu akazungumza na Nuhu na wanae pamoja naye, akisema,
ဘု​ရား​သ​ခင်​သည်​နော​ဧ​နှင့်​သူ​၏​သား​တို့​အား၊-
9 “Kwa ajili yangu, sikiliza! Ninakwenda kulithibitisha agano langu pamoja nawe na uzao wenu baada yenu,
``သင်​တို့​နှင့်​လည်း​ကောင်း၊ သင်​တို့​မှ​ဆင်း​သက်​သော​မျိုး​ဆက်​များ​နှင့်​လည်း​ကောင်း၊-
10 na kwa kila kiumbe hai kilicho pamoja nawe, pamoja na ndege, mnyama wa kufugwa, na kila kiumbe cha nchi pamoja nawe, kuanzia kwa wote waliotoka kwenye safina, mpaka kwa kila kiumbe hai juu ya nchi.
၁၀သင်္ဘော​ထဲ​မှ​သင်​တို့​နှင့်​အ​တူ​ထွက်​လာ​သော​သက်​ရှိ​သတ္တ​ဝါ​ဖြစ်​သည့်​ငှက်​နှင့်​တိရစ္ဆာန်​အ​ပေါင်း​တို့​နှင့်​လည်း​ကောင်း​ငါ​သည်​ယ​ခု​ပ​ဋိ​ညာဉ်​ပြု၏။-
11 Kwa sababu hii ninalithibitisha agano langu pamoja nanyi, kwamba hapatatokea kuangamizwa kwa mwenye mwili kwa njia ya maji ya gharika. Tena hapatatokea gharika ya kuangamiza nchi.”
၁၁သင်​တို့​နှင့်​ငါ​ယ​ခု​ပြု​သော​ပ​ဋိ​ညာဉ်​စ​ကား​ဟူ​မူ​ကား`သက်​ရှိ​သတ္တ​ဝါ​အ​ပေါင်း​တို့​သည်​နောင်​မည်​သည့်​အ​ခါ​၌​မျှ​ရေ​လွှမ်း​မိုး​၍​နောက်​တစ်​ဖန်​မ​ပျက်​စီး​စေ​ရ။-
12 Mungu akasema, “na hii ndiyo ishara ya agano ambalo ninafanya kati yangu na ninyi pamoja na kila kiumbe hai kilicho pamoja nanyi, kwa vizazi vyote vya baadaye:
၁၂သင်​နှင့်​တ​ကွ​သက်​ရှိ​သတ္တ​ဝါ​အား​လုံး​တို့​နှင့် ငါ​ထာ​ဝ​စဉ်​ပြု​သော​ပ​ဋိ​ညာဉ်​၏​လက္ခ​ဏာ​သက်​သေ​အ​ဖြစ်​ဖြင့်၊-
13 Nimeweka upinde wangu wa mvua katika wingu, na itakuwa ndiyo ishara ya agano kati yangu na nchi.
၁၃မိုး​တိမ်​ထဲ​၌​ငါ​၏​သက်​တံ့​ကို​ပေါ်​စေ​မည်။ ထို​သက်​တံ​သည်​ကမ္ဘာ​လော​က​နှင့်​ငါ​ပြု​သော​ပ​ဋိ​ညာဉ်​၏​လက္ခ​ဏာ​သက်​သေ​ဖြစ်​လိမ့်​မည်။-
14 Hata itakuwa nitakapoleta wingu juu ya nchi na upinde wa mvua ukaonekana katika wingu,
၁၄ငါ​သည်​မိုး​ကောင်း​ကင်​သို့​တိမ်​များ​တက်​လာ​စေ​၍ တိမ်​ထဲ​တွင်​သက်​တံ့​ပေါ်​လာ​သည့်​အ​ခါ​တိုင်း၊-
15 ndipo nitakumbuka agano langu, ambalo ni kati yangu na ninyi na kila kiumbe hai cha wote mwenye mwili. Maji hayatafanyika tena gharika kuharibu wote wenye mwili.
၁၅သက်​ရှိ​သတ္တ​ဝါ​အ​ပေါင်း​တို့​ကို​နောက်​တစ်​ဖန်​ရေ​လွှမ်း​မိုး​ခြင်း​ဘေး​ဒဏ်​ဖြင့် မ​သေ​ကြေ​မ​ပျက်​စီး​ရ​ဟု​သင်​တို့​နှင့်​တ​ကွ​တိ​ရစ္ဆာန်​အ​ပေါင်း​တို့​အား​ငါ​ထား​သော​ကတိ​ကို​သ​တိ​ရ​မည်။-
16 Upinde wa mvua utakuwa katika mawingu na nitauona, ili kukumbuka agano la milele kati ya Mungu na kila kiumbe hai cha wote wenye mwili ambacho kiko juu ya nchi.”
၁၆တိမ်​များ​ထဲ​၌​သက်တံ့​ပေါ်​လာ​သော​အ​ခါ ထို​သက်​တံ့​ကို​ငါ​မြင်​ရ​၍ ကမ္ဘာ​မြေ​ကြီး​ပေါ်​ရှိ​သက်​ရှိ​သတ္တ​ဝါ​အ​ပေါင်း​တို့​နှင့်​ငါ​ထာ​ဝ​စဉ်​ပြု​သော​ပ​ဋိ​ညာဉ်​ကို​သ​တိ​ရ​မည်' ဟူ​၍​ဖြစ်​သည်။-
17 Kisha Mungu akamwambia Nuhu, “Hii ni ishara ya agano ambalo nimelithibitisha kati yangu na wenye mwili wote ambao wako juu ya nchi.”
၁၇ဤ​သည်​ကား​ကမ္ဘာ​မြေ​ကြီး​ပေါ်​ရှိ​သတ္တ​ဝါ​အ​ပေါင်း​တို့​နှင့် ငါ​ပြု​သော​က​တိ​တော်​၏​လက္ခ​ဏာ​သက်​သေ​ဖြစ်​၏'' ဟု​မိန့်​တော်​မူ​၏။
18 Wana wa Nuhu ambao walitoka katika safina walikuwa ni Shemu, Hamu, na Yafethi. Na Hamu akamzaa kanaani.
၁၈သင်္ဘော​ထဲ​မှ​ထွက်​လာ​ခဲ့​ကြ​သော​နော​ဧ​၏​သား​များ​မှာ​ရှေ​မ၊ ဟာ​မ​နှင့်​ယာ​ဖက်​တို့​ဖြစ်​ကြ​၏။ (ဟာ​မ​သည်​ခါ​နာန်​၏​အ​ဖ​ဖြစ်​၏။-)
19 Watatu hawa walikuwa ndio wana wa Nuhu, na kutokea kwa hawa nchi yote ikajaa watu.
၁၉ကမ္ဘာ​မြေ​ကြီး​ပေါ်​ရှိ​လူ​အ​ပေါင်း​တို့​သည် နော​ဧ​၏​သား​သုံး​ယောက်​တို့​မှ​ဆင်း​သက်​ပေါက်​ပွား​လာ​ကြ​ကုန်​၏။
20 Nuhu akaanza kuwa mkulima, na akapanda mizabibu.
၂၀နော​ဧ​သည်​တောင်​သူ​လယ်​သ​မား​တစ်​ဦး​ဖြစ်​၍ စ​ပျစ်​ခြံ​ကို​အ​ဦး​ဆုံး​စိုက်​ပျိုး​ခဲ့​သူ​ဖြစ်​၏။-
21 Akanywa sehemu ya divai na akalewa. Akawa amelala hemeani uchi.
၂၁သူ​သည်​စ​ပျစ်​ရည်​သောက်​၍​မူး​ယစ်​လာ​သ​ဖြင့် မိ​မိ​အ​ဝတ်​များ​ကို​ချွတ်​ပစ်​ပြီး​လျှင် တဲ​ထဲ​၌​ကိုယ်​တုံး​လုံး​နေ​လေ​၏။-
22 Kisha Hamu, baba yake na Kanaani, akaona uchi wa baba yake na akawaambia ndugu zake wawili waliokuwa nje.
၂၂ခါ​နာန်​၏​ဖ​ခင်​ဟာ​မ​သည်​သူ​၏​ဖ​ခင်​ကိုယ်​တုံး​လုံး​ရှိ​သည့်​အ​ဖြစ်​ကို​မြင်​ရ​လျှင် အ​ပြင်​သို့​ထွက်​၍​အစ်​ကို​နှစ်​ယောက်​တို့​အား​ပြော​ပြ​လေ​၏။-
23 Kwa hiyo Shemu na Yafethi wakachukua kanzu wakaitanda juu ya mabega yao, na wakatembea kinyumenyume na wakaufunika uchi wa baba yao. Nyuso zao zikiwa zimegeuka nyuma upande mwingine, kwa hiyo hawakuona uchi wa baba yao.
၂၃ထို​အ​ခါ​ရှေ​မ​နှင့်​ယာဖက်​တို့​သည်​ဝတ်​ရုံ​တစ်​ထည်​ကို မိ​မိ​တို့​၏​ပ​ခုံး​များ​ပေါ်​တွင်​တင်​၍​ယူ​ခဲ့​ကြ​၏။ သူ​တို့​သည်​တဲ​ထဲ​သို့​ကျော​ခိုင်း​ဝင်​လာ​ကြ​ပြီး​လျှင် သူ​တို့​၏​ဖ​ခင်​အား​လွှမ်း​ခြုံ​ပေး​ကြ​၏။ ဖ​ခင်​ကိုယ်​တုံး​လုံး​ရှိ​သည့်​အ​ဖြစ်​ကို​မ​မြင်​စေ​ရန် မျက်​နှာ​လွှဲ​ထား​ကြ​၏။-
24 Nuhu alipozinduka kutoka katika ulevi wake, alijua ni jambo gani mtoto wake mdogo amemfanyia.
၂၄နော​ဧ​အ​မူး​ပြေ​၍​သ​တိ​ရ​လာ​သ​ဖြင့် အ​ငယ်​ဆုံး​သား​ပြု​မူ​ပုံ​ကို​သိ​ရှိ​ရ​သော​အ​ခါ၊
25 Hivyo akasema, “Alaaniwe Kanaani. Na awe mtumishi kwa watumishi wa ndugu zake.”
၂၅``ခါ​နာန်​သည်​ကျိန်​စာ​သင့်​ပါ​စေ​သော။ သူ​သည်​အစ်​ကို​တို့​ထံ​တွင်​ကျွန်​ခံ​ရ​ပါ​စေ​သော။
26 Akasema pia, Yahwe, Mungu wa Shemu, abarikiwe, Kanaani na awe mtumwa wake.
၂၆ရှေ​မ​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​၏ ဂုဏ်​ကျေး​ဇူး​တော်​ကို​ချီး​မွမ်း​ကြ​စေ​သ​တည်း။ ခါ​နာန်​သည်​ရှေ​မ​၏​ကျွန်​ဖြစ်​ရ​ပါ​စေ​သော။
27 Mungu na apanuwe mipaka ya Yafethi, na afanye makazi yake katika hema za Shemu. Kanaani na awe mtumwa wake.”
၂၇ဘု​ရား​သ​ခင်​သည်​ယာ​ဖက်​ကို​ချီး​မြှင့်​ပါ​စေ​သော။ သူ​၏​အ​ဆက်​အ​နွယ်​တို့​သည်​ရှေ​မ​၏​အ​မျိုး​အ​နွယ်​နှင့်​အ​တူ​နေ​ရ​ပါ​စေ​သော။ ခါ​နာန်​သည်​ယာ​ဖက်​၏​ကျွန်​ဖြစ်​ရ​ပါ​စေ​သော'' ဟု​ဆို​လေ​၏။
28 Baada ya gharika, Nuhu aliishi miaka miatatu na hamsini.
၂၈ရေ​လွှမ်း​မိုး​ခြင်း​ဘေး​လွန်​ပြီး​နောက်​နော​ဧ​သည် နှစ်​ပေါင်း​သုံး​ရာ​ငါး​ဆယ်​ဆက်​လက်​အ​သက်​ရှင်​နေ​ထိုင်​၍၊-
29 Siku zote za Nuhu zilikuwa ni miaka mia tisa na hamsini, na kisha alikufa.
၂၉အ​သက်​ကိုး​ရာ​ငါး​ဆယ်​နှစ်​ရှိ​သော်​ကွယ်​လွန်​လေ​၏။

< Mwanzo 9 >