< Mwanzo 5 >
1 Hii ni orodha ya vizazi vya Adamu. Katika siku ambayo Mungu alimuumba mtu, aliwaumba katika mfano wake mwenyewe.
၁အာဒံ၏သားစဉ်မြေးဆက်စာရင်းကိုဖော် ပြပေအံ့။ (ဘုရားသခင်သည်လူကိုဖန်ဆင်း ရာ၌ မိမိ၏ပုံသဏ္ဌာန်နှင့်တူစွာဖန်ဆင်းတော် မူ၏။-
2 Mwanaume na mwanamke aliwaumba. Akawabariki na akawaita Adam wakati walipoumbwa.
၂ကိုယ်တော်သည်လူယောကျာ်းနှင့်လူမိန်းမတို့ ကိုဖန်ဆင်း၍ သူတို့အားကောင်းချီးပေး လျက်လူဟုသမုတ်တော်မူ၏။-)
3 Wakati Adamu alipokuwa ameishi miaka 130, akamzaa mwana katika sura yake mwenyewe, kwa mfano wake, na akamuita jina lake Sethi.
၃အာဒံသည်အသက်တစ်ရာသုံးဆယ်ရှိသော် သူနှင့်ရုပ်ချင်းတူသောသားကိုရ၍ ရှေသ ဟုနာမည်မှည့်လေ၏။-
4 Baada ya Adamu kumzaa Sethi, aliishi miaka mia nane. Akawazaa wana wengi waume na wake.
၄ထိုသားကိုရပြီးနောက်အာဒံသည် နှစ်ပေါင်း ရှစ်ရာဆက်၍အသက်ရှည်လျက် သားသမီး များထပ်ရသေး၏။-
5 Adamu akaishi miaka 930 kisha akafariki.
၅သူသည်အသက်ကိုးရာသုံးဆယ်နှစ်ရှိသော် ကွယ်လွန်လေ၏။
6 Wakati Sethi alipokuwa ameishi miaka 105, akamzaa Enoshi.
၆ရှေသသည်အသက်တစ်ရာ့ငါးနှစ်ရှိသော အခါသားဧနုတ်ကိုရ၏။-
7 Baada ya kumzaa Enoshi, akaishi miaka 807 na akawazaa wana wengi waume na wake.
၇ထိုနောက်သူသည်ရှစ်ရာခုနစ်နှစ်ဆက်၍ အသက်ရှည်ရှည်နေရပြီးလျှင် သားသမီး များထပ်၍ရသေး၏။-
8 Sethi akaishi miaka 912 kisha akafariki.
၈သူသည်အသက်ကိုးရာတစ်ဆယ့်နှစ်နှစ်ရှိ သော်ကွယ်လွန်လေ၏။
9 Wakati Enoshi alipokuwa ameishi miaka tisini, akamzaa Kenani.
၉ဧနုတ်သည်အသက်ကိုးဆယ်ရှိသောအခါ သားကာဣနန်ကိုရပြီးနောက်၊-
10 Baada ya kumzaa Kenani, Enoshi aliishi miaka 815. Akazaa wana wengi wa ume na wake.
၁၀ရှစ်ရာတစ်ဆယ့်ငါးနှစ်ဆက်၍ အသက်ရှည်ရှည် နေရလေ၏။ သူသည်သားသမီးများထပ်၍ ရသေး၏။-
11 Enoshi aliishi miaka 905 na kisha akafariki.
၁၁အသက်ကိုးရာငါးနှစ်ရှိသော်ကွယ်လွန်လေ၏။
12 Wakati Kanani alipokuwa ameishi miaka sabini, akamzaa Mahalaleli.
၁၂ကာဣနန်သည်အသက်ခုနစ်ဆယ်ရှိသောအခါ သားမဟာလေလကိုရပြီးနောက်၊-
13 Baada ya kumzaa Mahalaleli, Kenani aliishi miaka 840. Akawazaa wana wengi wa ume na wake.
၁၃နှစ်ပေါင်းရှစ်ရာလေးဆယ်ဆက်၍အသက်ရှည် ရှည်နေရလေ၏။ သူသည်သားသမီးများထပ် ၍ရသေး၏။-
14 Kenani aliishi miaka 910, na kisha akafariki.
၁၄အသက်ကိုးရာတစ်ဆယ်နှစ်ရှိသော်ကွယ်လွန် လေ၏။
15 Mahalaleli alipokuwa ameishi miaka sitini na tano, alimzaa Yaredi.
၁၅မဟာလေလသည်အသက်ခြောက်ဆယ်နှစ်ရှိ သောအခါ သားယာရက်ကိုရပြီးနောက်၊-
16 Baada ya kumzaa Yaredi, Mahalaleli aliishi miaka 830. Akazaa wana wengi wa ume na wake.
၁၆နှစ်ပေါင်းရှစ်ရာသုံးဆယ်ဆက်၍အသက်ရှည် ရှည်နေရလေ၏။ သူသည်သားသမီးများထပ် ၍ရသေး၏။-
17 Mahalaleli aliishi miaka 895 na kisha akafariki.
၁၇အသက်ရှစ်ရာကိုးဆယ့်ငါးနှစ်ရှိသော်ကွယ်လွန် လေ၏။
18 Yaredi alipokuwa ameishi miaka 162, alimzaa Henoko.
၁၈ယာရက်သည်အသက်တစ်ရာ့ခြောက်ဆယ့်နှစ်နှစ် ရှိသောအခါသားဧနောက်ကိုရပြီးနောက်၊-
19 Baada ya kumzaa Henoko, Yaredi aliishi miaka mianane. Akazaa wana wengi waume na wake.
၁၉နှစ်ရှစ်ရာဆက်၍အသက်ရှည်ရှည်နေရ၏။ သူ သည်သားသမီးများထပ်၍ရသေး၏။-
20 Yaredi aliishi miaka 962 na kisha akafariki.
၂၀အသက်ကိုးရာခြောက်ဆယ့်နှစ်နှစ်ရှိသော် ကွယ်လွန်လေ၏။
21 Henoko alipokuwa ameishi miaka sitini na tano, akamzaa Methusela.
၂၁ဧနောက်သည်အသက်ခြောက်ဆယ့်ငါးနှစ်ရှိ သောအခါ သားမသုရှလကိုရလေ၏။-
22 Henoko akaenenda na Mungu miaka miatatu baada ya kumzaa Methusela. Aliwazaa wana wengi wa ume na wake.
၂၂ဧနောက်သည်ထာဝရဘုရားနှင့်မိတ်သဟာယ ဖွဲ့လျက် နှစ်ပေါင်းသုံးရာဆက်၍အသက်ရှည်၍ နေထိုင်စဉ်သားသမီးများထပ်၍ရသေး၏။-
23 Henoko aliishi miaka 365.
၂၃သူသည်အသက်သုံးရာခြောက်ဆယ့်ငါးနှစ် အထိအသက်ရှည်၏။-
24 Henoko alienenda na Mungu, na kisha alitoweka, kwa kuwa Mungu alimtwaa.
၂၄သူသည်သူ၏ဘဝတစ်လျှောက်လုံးတွင် ထာဝရ ဘုရားနှင့်မိတ်သဟာယဖွဲ့၍ သက်ရှင်နေထိုင် ပြီးနောက် ထာဝရဘုရားကသူ့အားသိမ်းယူ တော်မူသဖြင့်ကွယ်ပျောက်သွားလေ၏။
25 Wakati Methusela alipokuwa ameishi miaka 187, alimzaa Lameki.
၂၅မသုရှလသည်လည်းအသက်တစ်ရာရှစ်ဆယ့် ခုနစ်နှစ်ရှိသောအခါ သားလာမက်ကိုရပြီး နောက်၊-
26 Baada ya kumzaa Lameki, Methusela aliishi miaka 782. Akawazaa wana wengi wa ume na wake.
၂၆ခုနစ်ရာရှစ်ဆယ်နှစ်ဆက်၍အသက်ရှည်၏။ သူသည်သားသမီးများထပ်၍ရသေး၏။-
27 Methusela aliishi miaka 969. Kisha akafariki.
၂၇အသက်ကိုးရာခြောက်ဆယ့်ကိုးနှစ်ရှိသော် ကွယ်လွန်လေ၏။
28 Wakati Lameki alipokuwa ameishi miaka 182, alimzaa mwana.
၂၈လာမက်သည်လည်းအသက်တစ်ရာရှစ်ဆယ့်နှစ် နှစ်ရှိသောအခါ သားတစ်ယောက်ကိုရလေ၏။-
29 Akamuita jina lake Nuhu, akisema, “Huyu ndiye atatupatia pumziko kutoka katika kazi yetu na kutoka katika kazi ya taabu ya mikono yetu, ambayo lazima tuifanye kwa sababu ya ardhi ambayo Yahwe ameilaani.”
၂၉``ထာဝရဘုရားကမြေကိုကျိန်စာသင့်စေ သဖြင့် ငါတို့သည်ပင်ပန်းစွာလုပ်ကိုင်ရာမှ ဤသားသည်သက်သာရာရစေမည့်သူဖြစ် သည်'' ဟုလာမက်ဆို၍ထိုသားကိုနောဧဟု နာမည်မှည့်လေ၏။-
30 Lameki aliishi miaka 595 baada ya kumzaa baba wa Nuhu. Akazaa wanawengi wa ume na wake.
၃၀သူသည်ငါးရာကိုးဆယ့်ငါးနှစ်ဆက်၍အသက် ရှည်၍နေထိုင်စဉ် သားသမီးများထပ်၍ရသေး ၏။-
31 Lameki aliishi miaka 777. Kisha akafariki.
၃၁အသက်ခုနစ်ရာခုနစ်ဆယ့်ခုနစ်နှစ်ရှိသော် ကွယ်လွန်လေသည်။
32 Baada ya Nuhu kuishi miaka miatano, akamzaa Shemu, Hamu, na Yafethi.
၃၂နောဧသည်အသက်ငါးရာပြည့်ပြီးနောက်ရှေမ၊ ဟာမနှင့်ယာဖက်နာမည်ရှိသားသုံးယောက်ကို ရလေ၏။