< Mwanzo 41 >

1 Ikawa mwishoni mwa miaka miwili mizima Farao akaota ndoto.
ထိုနောက် နှစ်နှစ်လွန်သောအခါ၊ ဖါရောမင်း သည် အိပ်မက်ကို မြင်မက်သည်ကား၊ မိမိသည် မြစ်နား ၌ ရပ်နေ၏။
2 Tazama, alikuwa amesimama kando ya Nile. Tazama, ng'ombe saba wakatoka katika mto Nile, wakupendeza na wanene, na wakajilisha katika nyasi.
အဆင်းလှ၍ဝသော နွားခုနစ်ကောင်တို့သည် မြစ်ထဲကထွက်၍ မြစ်နားမှာပေါက်သော မြက်ပင်ကို စားလျက် နေကြ၏။
3 Tazama, ng'ombe wengine saba wakatoka katika Nile baada yao, wasiopendeza na wamekondeana. Wakasimama ukingoni mwa mto kando ya wale ng'ombe wengine.
ထိုနွားတို့နောက်မှ အဆင်းမလှ၊ ပိန်သော နွားခုနစ်ကောင်တို့သည် မြစ်ထဲကထွက်၍ အရင်နွားတို့ အနား၌ ကမ်းပေါ်မှာ ရပ်နေကြ၏။
4 Kisha wale ng'ombe wasiopendeza na waliokonda wakawala wale waliokuwa wanapendeza na walionenepa.
အဆင်းမလှ ပိန်သောနွားတို့သည်၊ အဆင်း လှ၍ ဝသောနွားခုနစ်ကောင်တို့ကို ကိုက်စားကြ၏။ ဖါရောမင်းလည်း နိုးလေ၏။
5 Kisha Farao akaamka. Kisha akalala na kuota mara ya pili. Tazama, masuke saba ya nafaka yalichipua katika mche mmoja, mema na mazuri.
တဖန်အိပ်ပြန်၍ အိပ်မက်ကို မြင်မက်ပြန်သည် ကား၊ အလုံးကြီး ၍ကောင်းသော စပါးခုနစ်နှံတို့သည် စပါးတပင်တည်း၌ ဖြစ်ကြ၏။
6 Tazama, masuke saba, membamba na yaliyokaushwa na upepo wa mashariki, yakachipua baada yake.
ထိုနောက်မှ အလုံးသေး၍ အရှေ့လေဖြင့် ပျက်သော စပါးခုနစ်နှံတို့သည် ပေါက်ကြ၏။
7 Masuke membamba yakayameza yale masuke saba mema yote. Farao akaamka, na, tazama, ilikuwa ni ndoto tu.
အလုံးသေးသော စပါးခုနစ်နှံတို့သည် အလုံး ကြီး၍ ကောင်းသော စပါးခုနစ်နှံတို့ကို စားကြ၏။ဖါရော မင်းလည်းနိုး၍ အိပ်မက်ဖြစ်သည်ကို သိလေ၏။
8 Ikawa wakati wa asubuhi roho yake ikafadhaika. Akatuma na kuwaita waganga na wenye hekima wote wa Misri. Farao akawasimlia ndoto zake, lakini hakuna aliyeweza kumtafsiria Farao.
နံနက်အချိန် ရောက်သောအခါ၊ ဖါရောမင်း သည် စိတ်ပူပန်၍၊ အဲဂုတ္တုဗေဒင်တတ် ပညာရှိအပေါင်း တို့ကို ခေါ်၍ အိပ်မက်တော်ကို ပြန်ကြားတော်မူ၏။ သို့သော်လည်း ရှေ့တော်၌အနက်ကို ဘတ်နိုင်သောသူ တယောက်မျှမရှိ။
9 Kisha mkuu wa wanyweshaji akamwambia Farao, “Leo ninayafikiri makosa yangu.
ထိုအခါ ဖလားတော်ဝန်က၊ ကျွန်တော်သည် ကိုယ်အပြစ်ကို ယနေ့အောက်မေ့ပါ၏။
10 Farao aliwakasirikia watumishi wake, na kutuweka kifungoni katika nyumba ya kapteni wa walinzi, mkuu wa waokaji na mimi.
၁၀ဖါရောဘုရင်သည် ကျွန်တော်နှင့်စားတော်ဝန် ကို အမျက်ထွက်၍ ကိုယ်ရံတော်မှူးအိမ်၌ ချုပ်ထားတော် မူသောအခါ၊
11 Tuliota ndoto usiku huo mmoja, yeye na mimi. Kila mmoja aliota kwa kadili ya tafsiri yake.
၁၁ကျွန်တော်တို့နှစ်ယောက်သည် အသီးအသီး မိမိတို့ ကိုယ်စီဆိုင်သော အနက်နှင့်ပြည့်စုံသော အိပ်မက် ကို တညဉ့်ခြင်းတွင် မြင်မက်ကြပါ၏။
12 Pamoja nasi kulikuwa na kijana Mwebrania, mtumishi wa kapteni wa walinzi. Tulimwambia na akatutafsiria ndoto zetu. Alitutafsiria kila mmoja wetu kulingana na ndoto yake.
၁၂ကျွန်တော်တို့၌ ကိုယ်ရံတော်မှူး၏ကျွန် ဟေဗြဲ လုလင်တယောက်ရှိ၏။ ထိုသူအား ကျွန်တော်တို့သည် ကြားပြော၍ သူသည် အိပ်မက်၏အနက်ကို ဘတ်ပါ၏။ တယောက်စီမြင်မက်သည်အတိုင်း ဘတ်ပါ၏။
13 Ikawa kama alivyotutafsiria, ndivyo ilivyokuwa. Farao alinirudisha katika nafasi yangu, lakini akamtundika yule mwingine.”
၁၃ဘတ်သည်အတိုင်းလည်းမှန်ပါ၏။ ကျွန်တော် သည်အရင်အရာကိုရပြန်၍၊ စားတော်ဝန်မူကား၊ ဆွဲထား ခြင်းကို ခံရပါသည်ဟု လျှောက်လေ၏။
14 Ndipo Farao alipotuma na kumwita Yusufu. Kwa haraka wakamtoa gerezani. Akajinyoa mwenyewe, akabadili mavazi yake, na akaingia kwa Farao.
၁၄ထိုအခါ ဖါရောမင်းသည် လူကိုစေလွှတ်၍ ယောသပ်ကို ခေါ်တော်မူ၏။ ယောသပ်သည် ထောင်ထဲ က အလျင်အမြန်ထွက်ရ၍၊ မုတ်ဆိတ်ညှပ်ခြင်း၊ အဝတ် လဲခြင်းကို ပြုပြီးမှ အထံတော်သို့ ဝင်ရ၏။
15 Farao akamwambia Yusufu, “Nimeoda ndoto, lakini hakuna wa kuitafsiri. Lakini nimesikia kuhusu wewe, kwamba unaposikia ndoto unaweza kuitafsiri.”
၁၅ဖါရောမင်းကလည်း၊ ငါသည်အိပ်မက်ကို မြင် မက်ပြီ။ အနက်ကို အဘယ်သူမျှမဘတ်နိုင်။ သင်သည် အိပ်မက်ကို နားလည်သော ဥာဏ်နှင့် အနက်ဘတ်နိုင် သည်ကို ငါကြားရပြီဟုဆို၏။
16 Yusufu akamjibu Farao, kusema, “Siyo katika mimi. Mungu atamjibu Farao kwa uhakika.”
၁၆ယောသပ်ကလည်း၊ ကျွန်တော်သည် အလို အလျောက်မတတ်နိုင်ပါ။ ဘုရားသခင်သည် မင်္ဂလာ အဖြေစကားကို ဖါရောဘုရင်အား ပေးတော်မူပါစေသော ဟု လျှောက်လေ၏။
17 Farao akamwambia Yusufu, “Katika ndoto yangu, tazama, nilisimama katika ukingo wa Nile.
၁၇ဖါရောမင်းကလည်း၊ ငါမြင်မက်သည်မှာ၊ မြစ်နား၌ ငါရပ်နေ၏။
18 Tazama, ng'ombe saba wakatoka ndani ya Nile, wanene na wakuvutia, nao wakajilisha katika nyasi.
၁၈အဆင်းလှ၍ဝသော နွားခုနစ်ကောင်တို့သည် မြစ်ထဲကထွက်၍၊ မြစ်နားမှာပေါက်သော မြက်ပင်ကို စားလျက် နေကြ၏။
19 Tazama, ng'ombe wengine saba wakapanda baada yao, dhaifu, wabaya, na wembaba. Sijawao kuona wabaya kama hao katika nchi yote ya Misri.
၁၉ထိုနွားတို့နောက်မှ၊ အဆင်းမလှ ပိန်ကြုံသော နွားခုနစ်ကောင်တို့သည် ထွက်လာကြ၏။ ထိုမျှလောက် အရုပ်ဆိုးသော နွားတို့ကို အဲဂုတ္တုပြည်တရှောက်လုံးတွင် တခါမျှမမြင်ရစဖူး။
20 Wale ng'ombe wembamba na wabaya wakawala wale ng'ombe saba na wanene.
၂၀အဆင်းမလှ ပိန်သောနွားတို့သည်၊ ဝသော အရင်နွားခုနစ်ကောင်တို့ကို ကိုက်စားကြ၏။
21 Walipokuwa wamemaliza kuwala wote, haikujulikana kama walikuwa wamewala, kwani walibaki wabaya kama mwanzo. Kisha nikaamka.
၂၁စားပြီးသောနောက်၊ စားမှန်းကို အဘယ်သူမျှ မသိရ။ အရင်ကဲ့သို့ အရုပ်ဆိုးသေး၏။ ငါလည်း နိုး၏။
22 Niliona katika ndoto yangu, na tazama, masuke saba yakatoka katika bua moja, jema na limejaa.
၂၂တဖန်ငါမြင်မက် ပြန်သည်ကား၊ အလုံးကြီး၍ ကောင်းသော စပါးခုနစ်နှံတို့သည် စပါးတပင်တည်း၌ ဖြစ်ကြ၏။
23 Tazama, masuke saba zaidi, yaliyonyauka, membamba na yamekaushwa na upepo wa mashariki, yakachipua baada yake.
၂၃ထိုနောက်မှ ညှိုးနွမ်းလျက် အလုံးသေး၍ အရှေ့ လေဖြင့် ပျက်သော စပါးခုနစ်နှံတို့သည် ပေါက်ကြ၏။
24 Yale masuke membamba yakayameza masuke saba mema. Niliwaambia waganga ndoto hizi, lakini hakuna aliyeweza kunielezea.”
၂၄အလုံးသေးသော စပါးနှံတို့သည် ကောင်းသော စပါးခုနစ်နှံတို့ကို စားကြ၏။ ထိုအိမ်မက်ကို ဗေဒင်တတ် တို့အား ငါကြားပြော၍ အနက်ကို အဘယ်သူမျှ မဘတ်နိုင်ဟု ယောသပ်အား ပြောဆိုတော်မူ၏။
25 Yusufu akamwambia Farao, “Ndoto za Farao ni moja. Mungu amemwambia Farao kuhusu jambo analokwenda kulifanya.
၂၅ယောသပ်ကလည်း၊ ဖါရောဘုရင် မြင်မက်တော် မူသော အိပ်မက်ကား တပါးတည်းဖြစ်ပါ၏။ ဘုရားသခင် ပြုလတံ့သောအမှုကို ဖါရောဘုရင်အား ပြတော်မူပြီ။
26 Wale ng'ombe saba wema ni miaka saba, na masuke saba mema ni miaka saba. Ndoto ni moja.
၂၆ကောင်းသော နွားခုနစ်ကောင်တို့သည် ခုနစ်နှစ်ဖြစ်ပါ၏။ ကောင်းသောစပါးခုနစ်နှံတို့သည်လည်း ခုနစ်နှစ်ဖြစ်ပါ၏။ အိပ်မက်တော်ကား တပါးတည်း ဖြစ်ပါ၏။
27 Na wale ng'ombe saba wembamba na wabaya waliokuja baadaye ni miaka saba, na pia masuke saba membamba yaliyokaushwa na upepo wa mashariki itakuwa miaka saba ya njaa.
၂၇ထိုနွားတို့နောက် ထွက်လာသောနွား၊ ပိန်၍ အရုပ်ဆိုးသော နွားခုနစ်ကောင်တို့သည် ခုနစ်နှစ်ဖြစ်ပါ ၏။ အရှေ့လေဖြင့်ပျက်သော စပါးဖျင်း ခုနစ်နှံတို့သည် လည်း၊ အစာခေါင်းပါးသော ခုနစ်နှစ်ဖြစ်ပါ၏။
28 Hilo ni jambo nililomwambia Farao. Mungu amemfunulia Farao jambo analokwenda kulifanya.
၂၈ဖါရောဘုရင်အား ကျွန်တော်လျှောက်လိုသော အရာဟူမူကား၊ ဘုရားသခင်ပြုလတံ့သော အမှုကိုဖါရော ဘုရင်အား ပြတော်မူ၏။
29 Tazama, miaka saba yenye utele mwingi inakuja katika nchi yote ya Misri.
၂၉အဲဂုတ္တုပြည်တရှောက်လုံးတွင် ဝပြောသောနှစ် ခုနစ်နှစ်ရှိလိမ့်မည်။
30 Na miaka saba ya njaa itakuja baada yake, na utele wote katika nchi ya Misri utasahaulika, na njaa itaiaribu nchi.
၃၀ထိုနောက်မှ အစာခေါင်းပါးသောနှစ် ခုနစ်နှစ် ပေါ်လာ၍၊ အဲဂုတ္တုပြည်၌အလုံးစုံသော ဝပြောခြင်းသည် တိမ်မြုပ်လျက် အစာခေါင်းပါးခြင်းအားဖြင့် တပြည်လုံး ပျက် စီးလိမ့်မည်။
31 Utele hautakumbukwa katika nchi kwa sababu ya njaa itakayofuata, kwa kuwa itakuwa kali sana.
၃၁အစာခေါင်းပါးခြင်းသည် အလွန်အားကြီးသော ကြောင့်၊ အရင်ဝပြောခြင်း၏ လက္ခဏာမထင်ရ။
32 Kwamb ndoto ilijirudia kwa Farao sababu ni kwamba jambo hili limeanzishwa na Mungu, na Mungu atalitimiza hivi karibuni.
၃၂ဖါရောဘုရင်သည် ထပ်၍အိပ်မက်မြင်ရသည် အရာမှာ၊ ထိုအမှုကို ဘုရားသခင် မြဲမြံခိုင်ခံ့စေ၍ အလျင် အမြန် စီရင်တော်မူလိမ့်မည်။
33 Basi Farao atafute mtu mwenye maharifa na busara, na kumweka juu ya nchi ya Misri.
၃၃သို့ဖြစ်၍ ဖါရောဘုရင်သည် ဥာဏ်ပညာနှင့် ပြည့်စုံသောသူကို ရွေးချယ်၍ အဲဂုတ္တုပြည်ကို အုပ်စိုး စေတော်မူပါ။
34 Farao na afanye hivi: achague wasimamizi juu ya nchi. Na wachukue sehemu ya tano ya mazao ya Misri katika miaka saba ya shibe.
၃၄ခန့်ထားတော်မူသောသူသည်လည်း တပြည်လုံး ၌ အကြီးအကြပ်တို့ကို ခန့်ထား၍၊ ဝပြောသောနှစ် ခုနစ် နှစ်ပတ်လုံး တပြည်လုံးတွင် ငါးဘို့တဘို့ကောက်ယူကြ ပါစေ။
35 Na wakusanye chakula chote cha hii miaka myema ijayo na kuitunza nafaka chini ya mamlaka ya Farao, kwa chakula kutumika katika miji. Wakiifadhi.
၃၅ထိုသူတို့သည်ဖြစ်လတံ့သော မင်္ဂလာနှစ်တို့တွင် ရိက္ခာရှိသမျှကို စုရုံး၍ ဖါရောဘုရင်ထံတော်၌ စပါးများ ကို ဆည်းဘူးကြပါစေ။ မြို့များ၌လည်း ရိက္ခာကို သိုထား ကြပါစေ။
36 Chakula kitakuwa matumizi ya nchi kwa miaka saba ya njaa itakayokuwa katika nchi ya Misri. Kwa njia hii nchi haitaaribiwa na njaa.”
၃၆သို့ဖြစ်၍ အဲဂုတ္တုပြည်၌ အစာခေါင်းပါးသောနှစ် ခုနစ်နှစ်ရောက်သောအခါ၊ ပြည်သူပြည်သား စားစရာဘို့ သိုထားလျက်ရှိနှင့်၍ အစာခေါင်းပါးသော ကာလတွင် ပြည်တော်မပျက်ရဟု ဖါရောမင်းအား လျှောက်လေ၏။
37 Ushauri huu ukawa mwema machoni pa Farao na machoni pa watumishi wake wote.
၃၇ထိုသို့ ယောသပ်လျှောက်သောစကားကို ဖါရော မင်းအစရှိသော ကျွန်တော်မျိုးအပေါင်းတို့သည် နှစ်သက် ကြ၍၊
38 Farao akawambia watumishi wake, “Je tunaweza kumpata mtu kama huyu, ambaye ndani yake kuna Roho wa Mungu?”
၃၈ဖါရောမင်းက၊ ဘုရားသခင်၏ ဝိညာဉ်တော်ကို ရ၍ ဤကဲ့သို့သော သူကို အဘယ်မှာ ရှာ၍ တွေ့မည် နည်းဟု ကျွန်တော်မျိုးတို့အား မိန့်တော်မူ၏။
39 Hivyo Farao akamwambia Yusufu, “Kwa vile Mungu amekuonesha yote haya, hakuna mtu mwenye ufahamu na busara kama wewe.
၃၉ယောသပ်အားလည်း၊ ဘုရားသခင်သည် ဤအမှုအလုံးစုံတို့ကို သင့်အား ပြုတော်မူသည်ဖြစ်၍ သင်ကဲ့သို့ ဥာဏ်ပညာနှင့် ပြည့်စုံသောသူ မရှိ။
40 Utakuwa juu ya nyumba yangu, watu wangu watatawaliwa kwa kadili ya neno lako. Katika kiti cha enzi peke yake mimi nitakuwa mkuu kuliko wewe.”
၄၀သင်သည် နန်းတော်အုပ်ဖြစ်ရမည်။ သင်၏ စကားအတိုင်း ငါ၏ပြည်သားအပေါင်းတို့ကို ငါစီရင် စေမည်။ ရာဇပလ္လင်အားဖြင့်သာ ငါသည် သင့်ထက် ကြီးမြတ်မည်ဟု မိန့်တော်မူ၏။
41 Farao akamwambia Yusufu, “Tazama, nimekuweka juu ya nchi yote ya Misri.”
၄၁တဖန်ကြည့်ပါ၊ အဲဂုတ္တုပြည်တပြည်လုံးကို သင်အုပ်စိုးစေခြင်းငှါ ငါခန့်ထားပြီဟု ယောသပ်အား မိန့်တော်မူလျက်၊
42 Farao akavua pete yake ya mhuri kutoka katika mkono wake na kuiweka katika mkono wa Yusufu. Akamvika kwa mavazi ya kitani safi, na kuweka mkufu wa dhahabu shingoni mwake.
၄၂လက်စွပ်တော်ကိုချွတ်၍ ယောသပ်လက်၌ စွပ်စေတော်မူ၏။ ပိတ်ချောအဝတ်ကိုလည်း ဝတ်စေ၍၊ လည်ပင်း၌ ရွှေစလွယ်ကိုဆွဲပြီးလျှင်၊
43 Akataka apandishwe katika kibandawazi cha pili alichokuwa nacho. Watu wakapiga kelele mbele yake, “Pigeni magoti.” Farao akamweka juu ya nchi yote ya Misri.
၄၃ဒုတိယရထားတော်ကို စီးစေတော်မူ၏။ ပြပ်ဝပ် ၍ နေကြဟု သူ့ရှေ့မှာ ဟစ်ကြ၏။ ထိုသို့လျှင် အဲဂုတ္တု ပြည်တပြည်လုံးကို အုပ်စိုးစေတော်မူ၏။
44 Farao akamwambia Yusufu, “Mimi ni Farao, mbali na wewe, hakuna mtu atakayeinua mkono wake au mguu wake katika nchi ya Misri.”
၄၄ဖါရောမင်းကလည်း၊ ငါသည် ဖါရောဘုရင် မှန်၏။ သို့ဖြစ်၍ သင်၏အခွင့်မရှိလျှင် အဲဂုတ္တုပြည် တရှောက်လုံးတွင် အဘယ်သူမျှ မိမိလက်ခြေကိုမကြွရဟု မိန့်တော်မူ၏။
45 Farao akamwita Yusufu jina la Zafenathi Panea.” Akampa Asenathi, binti wa Potifera kuhani wa On, kuwa mke wake. Yusufu akaenda juu ya nchi yote ya Misri.
၄၅ဖါရောမင်းသည်လည်း၊ ဇာဖဏာသဖါဏတည်း ဟူသော ဘွဲ့နာမနှင့်ယောသပ်ကို ချီးမြှောက်၍ ဩနမြို့၏ ယဇ်ပုရောဟိတ်ပေါတိဖေရ၏သမီးအာသနတ်နှင့် စုံဘက်စေတော်မူ၏။ ထိုသို့ယောသပ်သည် အဲဂုတ္တု နိုင်ငံအုပ်အရာနှင့် အထံတော်ကထွက်လေ၏။
46 Yusufu alikuwa na umri wa miaka thelathini aliposimama mbele ya Farao, mfalme wa Misri. Yusufu akatoka mbele ya Farao, na kwenda katika nchi yote ya Misri.
၄၆ယောသပ်သည် အဲဂုတ္တုရှင်ဘုရင် ဖါရောမင်း ထံ၌ အခွင့်ရသောအခါ၊ အသက်အနှစ်သုံးဆယ် ရှိသ တည်း။ အထံတော်ကထွက်၍ အဲဂုတ္တုပြည်တရှောက်လုံး သို့ သွားလေ၏။
47 Katika miaka saba ya shibe nchi ilipozaa kwa wingi.
၄၇ဝပြောနှစ် ခုနစ်နှစ်ပတ်လုံး မြေအသီးအနှံတို့ သည် အလွန်များပြားကြ၏။
48 Akakusanya chakula chote cha miaka saba iliyokuwako katika nchi ya Misri na kukiweka chakula katika miji. Akaweka katika kila mji chakula cha mashamba yaliyokizunguka.
၄၈ခုနစ်နှစ်ပတ်လုံး အဲဂုတ္တုပြည်တွင် ရှိသမျှသော ရိက္ခာကိုစုရုံး၍ မြို့တို့၌ သိုထားလေ၏။ မြို့ပတ်ဝန်းကျင် လယ်တို့၌ရသော ရိက္ခာကိုမြို့အသီးအသီးတို့တွင် သိုထား လေ၏။
49 Yusufu akahifadhi nafaka kama mchanga wa bahari, kingi kiasi kwamba akaacha kuhesabu, kwa sababu kilikuwa hakihesabiki.
၄၉စပါးကိုကား သမုဒ္ဒရာသဲလုံးနှင့်အမျှ အလွန် များစွာစုထား၍ မရေတွက်နိုင်အောင် များသောကြောင့် မရေတွက်ဘဲနေသတည်း။
50 Kabla miaka ya njaa kuingia Yusufu akapata wana wawili, ambao Asenathi, binti wa Potifera kuhani wa On, alimzalia.
၅၀အစာခေါင်းပါးသောနှစ် မရောက်မှီ၊ ယောသပ် သည် ဩနမြို့၏ယဇ်ပုရောဟိတ် ပေါတိဖေရ၏သမီး အာသနတ်တွင် သားနှစ်ယောက်တို့ကို မြင်ရ၏။
51 Yusufu akamwita mzaliwa wake wa kwanza Manase, kwani alisema, “Mungu amenisahaurisha shida zangu zote na nyumba yote ya baba yangu.”
၅၁သားဦးကိုကား မနာရှေအမည်ဖြင့် မှည့်လေ၏။ အကြောင်းမူကား၊ ငါခံရသမျှသော ပင်ပန်းခြင်းနှင့် ငါ့အဘ၏ အိမ်သားအပေါင်းတို့ကို ငါမေ့စေခြင်းငှါ ဘုရားသခင်ပြုတော်မူပြီဟု ဆိုသတည်း။
52 Akamwita mwanawe wa pili Efraimu, kwani alisema, Mungu amenipa uzao katika nchi ya mateso yangu.”
၅၂နောက်ရသောသားကိုကား၊ ဧဖရိမ်အမည်ဖြင့် မှည့်လေ၏။ အကြောင်းမူကား၊ ဘုရားသခင်သည် ငါဆင်းရဲခံရသောပြည်၌ ငါ့ကိုပွါးများ စေတော်မူပြီဟု ဆိုသတည်း။
53 Miaka saba ya shibe iliyokuwa katika nchi ya Misri ikafika mwisho.
၅၃ထိုနောက် အဲဂုတ္တုပြည်၌ ဝပြောသောနှစ် ခုနစ် နှစ်ကုန်လေ၏။
54 Miaka saba ya njaa ikaanza, kama alivyokuwa amesema Yusufu. Kulikuwa na njaa katika nchi zote, lakini katika nchi yote ya Misri kulikuwa na chakula.
၅၄ယောသပ်ပြောသည်အတိုင်း အစာခေါင်းပါး သော နှစ်တို့သည် ရောက်စရှိ၏။ ထိုအခါ ခပ်သိမ်းသော ပြည်တို့၌ အစာခေါင်းပါးခြင်းရှိသော်လည်း အဲဂုတ္တုပြည် ၌ ဆန်စပါးရှိသေး၏။
55 Nchi yote ya Misri ilipokuwa na njaa, watu wakapiga kelele kwa Farao kwa ajili ya chakula. Farao akawambia Wamisri wote, “Nendeni kwa Yusufu na mfanye atakavyosema.”
၅၅နောက်တဖန် အဲဂုတ္တုပြည်သူ ပြည်သား အပေါင်းတို့သည် မွတ်သိပ်သောအခါ စားစရာကိုရပါ မည်အကြောင်း ဖါရောမင်းထံ၌ ကြွေးကြော်ကြ၏။ဖါရောမင်းကလည်း၊ ယောသပ်ထံသို့သွားကြ၊ သူစီရင် သည်အတိုင်းပြုကြဟု အဲဂုတ္တုပြည်သူပြည်သား အပေါင်းတို့ကို မိန့်တော်မူ၏။
56 Njaa ilikuwa juu ya uso wote wa nchi. Yusufu akafungua ghala zote na kuuza chakula kwa Wamisri. Njaa ilikuwa kali sana katika nchi ya Misri.
၅၆မြေပြင်တရှောက်လုံး၌ အစာခေါင်းပါးသော အခါ၊ ယောသပ်သည် စပါးကျီရှိသမျှတို့ကို ဖွင့်၍ အဲဂုတ္တု လူတို့အား ရောင်းလေ၏။ ထိုအခါ အဲဂုတ္တုပြည်၌ အစဉ် အတိုင်း အစာခေါင်းပါးသတည်း။
57 Dunia yote ikaja Misri kununua nafaka kutoka kwa Yusufu, kwani njaa ilikuwa kali katika dunia yote.
၅၇ခပ်သိမ်းသောပြည်တို့၌လည်း အလွန်အစာ ခေါင်းပါးသောကြောင့်၊ အသီးသီးသောပြည်သားတို့သည် စပါးကိုဝယ်ခြင်းငှါ အဲဂုတ္တုပြည် ယောသပ်ထံသို့ လာ ရောက်ကြ၏။

< Mwanzo 41 >