< Mwanzo 19 >

1 Malaika wawili wakaja Sodoma jioni, wakati ambao Lutu alikuwa amekaa langoni mwa Sodoma. Lutu akawaona, akainuka kuwalaki, na akainama uso wake chini ardhini.
ထို​နေ့​ည​၌​ကောင်း​ကင်​တ​မန်​နှစ်​ပါး​တို့​သည် သော​ဒုံ​မြို့​သို့​ရောက်​ရှိ​လာ​ကြ​သော​အ​ခါ လော​တ​သည်​မြို့​တံ​ခါး​ဝ​မှာ​ထိုင်​လျက်​ရှိ​၏။ ကောင်း​ကင်​တ​မန်​တို့​ကို​မြင်​လျှင် သူ​သည်​ထ​၍​ခ​ရီး​ဦး​ကြို​ပြု​လေ​၏။ သူ​သည်​သူ​တို့​ရှေ့​တွင်​ဦး​ညွှတ်​လျက်၊-
2 Akasema, Tafadhari Bwana zangu, nawasihi mgeuke mwende kwenye nyumba ya mtumishi wenu, mlale pale usiku na muoshe miguu yenu. Kisha muamke asubuhi na mapema muondoke.” Nao wakasema, “Hapana, usiku tutalala mjini.”
အ​ကျွန်ုပ်​သည်​အ​ရှင်​တို့​အား​ဧည့်​ဝတ်​ပြု​ပါ​ရ​စေ။ အ​ကျွန်ုပ်​အိမ်​သို့​ကြွ​တော်​မူ​ကြ​ပါ။ ခြေ​ကို​ဆေး​၍​ည​အိပ်​တည်း​ခို​ကြ​ပါ။ နံ​နက်​စော​စော​ထ​၍​ခ​ရီး​ဆက်​ကြ​ပါ'' ဟု​ခေါ်​ဖိတ်​လေ​၏။ သို့​ရာ​တွင်​ကောင်း​ကင်​တ​မန်​တို့​က``ငါ​တို့​သည် အ​ပြင်​လမ်း​မ​ပေါ်​၌​သာ​နေ​ပါ​မည်'' ဟု​ဆို​လေ​၏။
3 Lakini akawasihi sana, mwishowe wakaondoka pamoja nae, na wakaingia katika nyumba yake. Akaandaa chakula na kuoka mkate usiotiwa chachu, wakala.
ဧည့်​သည်​နှစ်​ဦး​တို့​သည်​လော​တ​အ​ဖန်​တ​လဲ​လဲ​ခေါ်​ဖိတ်​ခြင်း​ကြောင့် သူ​၏​အိမ်​သို့​လိုက်​လာ​ကြ​၏။ လော​တ​သည်​သူ​၏​အ​စေ​ခံ​တို့​အား​မုန့်​ဖုတ်​စေ​၍ စား​ဖွယ်​ကောင်း​များ​ကို​ပြင်​ဆင်​စေ​၏။ ထို့​နောက်​ဧည့်​သည်​တို့​သည်​သုံး​ဆောင်​ကြ​၏။
4 Lakini kabla hawaja lala, wanaume wa mji, wa Sodoma, vijana kwa wazee wakaizunguka nyumba, wanaume wote kutoka kila kona ya mji.
ဧည့်​သည်​များ​အိပ်​ရာ​မ​ဝင်​မီ​ယောကျာ်း​အ​ကြီး​အ​ငယ်​အ​ပါ​အ​ဝင် သော​ဒုံ​မြို့​သား​အ​ပေါင်း​တို့​သည်​လော​တ​၏​အိမ်​ကို​ဝိုင်း​ထား​ကြ​၏။-
5 Wakamwita Lutu, na kumwambia, “Wale wanaume walioingia kwako usiku wakowapi? watoe hapa nje waje kwetu, ili tuweze kulala nao.”
သူ​တို့​သည်​လော​တ​ကို​ဟစ်​ခေါ်​လျက်``သင့်​ထံ​၌​ဤ​ည​တည်း​ခို​ရန်​ရောက်​ရှိ​လာ​သူ​များ​အ​ဘယ်​မှာ​နည်း။ သူ​တို့​ကို​ထုတ်​ပေး​ပါ'' ဟု​တောင်း​ဆို​ကြ​လေ​သည်။ သော​ဒုံ​မြို့​သား​တို့​က ထို​ဧည့်​သည်​တို့​နှင့်​ကာ​မ​စပ်​ယှက်​လို​ကြ​၏။
6 Lutu akatoka nje na akafunga mlango.
လော​တ​က​အိမ်​အ​ပြင်​သို့​ထွက်​၍ တံ​ခါး​ကို​ပိတ်​လျက်၊-
7 Akasema, “Nawasihi, ndugu zangu, msitende uovu.
အ​ဆွေ​တို့၊ ဤ​ကဲ့​သို့​ယုတ်​မာ​သော​အ​မှု​ကို​မ​ပြု​ရန် တောင်း​ပန်​ပါ​၏။-
8 Tazama, nina mabinti wawili ambao hawajawahi kulala na mwanaume yeyote. Nawaomba tafadhari niwalete kwenu, na muwafanyie lolote muonalo kuwa jema machoni penu. Msitende lolote kwa wanaume hawa, kwa kuwa wamekuja chini ya kivuli cha dari yangu.”
ကျွန်ုပ်​၌​အ​ပျို​စင်​သ​မီး​နှစ်​ယောက်​ရှိ​ပါ​၏။ ထို​သ​မီး​တို့​ကို​သင်​တို့​ပြု​လို​သ​မျှ​အ​တိုင်း​ပြု​နိုင်​ရန် ထုတ်​ပေး​ပါ​မည်။ ဤ​သူ​တို့​ကို​ကား​ချမ်း​သာ​ပေး​ကြ​ပါ။ သူ​တို့​သည်​အ​ကျွန်ုပ်​၏​ဧည့်​သည်​ဖြစ်​၍ သူ​တို့​အား​စောင့်​ရှောက်​ရန်​အ​ကျွန်ုပ်​မှာ​တာ​ဝန်​ရှိ​ပါ​သည်'' ဟု​တောင်း​ပန်​လေ​၏။
9 Wakasema, “Ondoka hapa!” Wakasema pia, huyu alikuja kukaa hapa kama mgeni, na sasa amekuwa mwamuzi! Sasa tutakushugulilia vibaya wewe kuliko wao.” Wakamsonga sana huyo mtu, huyo Lutu, na wakakaribia kuvunja mlango.
သို့​ရာ​တွင်​သူ​တို့​က``သင်​သည်​တစ်​ရပ်​တစ်​ကျေး​မှ​လာ​၍ ငါ​တို့​ကို​သြ​ဇာ​မ​ပေး​နှင့်။ ဖယ်​ပေး၊ မ​ဖယ်​ပေး​လျှင်​သူ​တို့​ခံ​ရ​သည်​ထက်​သင်​ပို​၍​ခံ​ရ​မည်'' ဟု​ဆို​လေ​သည်။ သူ​တို့​သည်​လော​တ​ကို​နောက်​သို့​ဖိ​တွန်း​လျက် အိမ်​တံ​ခါး​ကို​ချိုး​ဖျက်​ရန်​ရှေ့​သို့​တက်​လာ​ကြ​သည်။-
10 Lakini wale wanaume wakamkamata Lutu na kumweka ndani na wakafunga mlango.
၁၀သို့​ရာ​တွင်​ဧည့်​သည်​နှစ်​ဦး​က​တံ​ခါး​ကို​ဖွင့်​လျက် လော​တ​ကို​အိမ်​ထဲ​သို့​ဆွဲ​သွင်း​ပြီး​လျှင် တံ​ခါး​ကို​ပိတ်​လိုက်​ကြ​၏။-
11 Kisha wale wageni wa Lutu wakawapiga kwa upofu wale wanaume waliokuwa nje ya nyumba, vijana na wazee kwa pamoja, kiasi kwamba wakachoka wakati wakiutafuta mlango.
၁၁ထို​နောက်​အ​ပြင်​ဘက်​၌​ရှိ​သော​သူ​အား​လုံး​တို့​ကို​မျက်​စိ​ကွယ်​စေ​ရန်​ဒဏ်​ခတ်​သ​ဖြင့် သူ​တို့​သည်​တံ​ခါး​ပေါက်​ကို​ရှာ​၍​မ​တွေ့​နိုင်​ကြ။
12 Basi wale watu wakamwambia Lutu, Je una mtu mwingine yeyote hapa? wakwe zako, wanao na mabinti zako, na yeyote mwingine katika huu mji, ukawatoe hapa.
၁၂ဧည့်​သည်​နှစ်​ဦး​တို့​က``ငါ​တို့​သည်​ဤ​အ​ရပ်​ကို​ဖျက်​ဆီး​ပစ်​မည်​ဖြစ်​သော​ကြောင့် မြို့​ထဲ​တွင်​သင်​နှင့်​ဆိုင်​သော​သင်​၏​သား​သ​မီး၊ သ​မက်​နှင့်​အ​ခြား​ဆွေ​မျိုး​သား​ချင်း​များ​ရှိ​ကြ​လျှင်​ထွက်​ခွာ​သွား​ကြ​စေ။-
13 Kwa kuwa tunakaribia kuiangamiza sehemu hii, kwa sababu mashitaka dhidi yake mbele ya Yahwe yamezidi kiasi kwamba ametutuma kuuangamiza.”
၁၃သော​ဒုံ​မြို့​သား​တို့​အား​ကြီး​လေး​သော​အ​ပြစ်​တင်​စွပ်​စွဲ​သံ​များ​ကို​ထာ​ဝ​ရ​ဘု​ရား​ကြား​ရ​သ​ဖြင့် သော​ဒုံ​မြို့​ကို​ဖျက်​ဆီး​ပစ်​ရန် ငါ​တို့​ကို​စေ​လွှတ်​လိုက်​သည်'' ဟု​လော​တ​အား​ဆို​လေ​သည်။
14 Lutu akatoka na akazungumza na wakwe zake, wanaume ambao walikuwa wamewaposa binti zake, akawambia, “Ondokeni upesi mahali hapa, kwa kuwa Yahwe anakaribia kuuangamiza mji.” Lakini kwa wakwe zake alionekana kuwa anawatania.
၁၄ထို​အ​ခါ​လော​တ​သည် မိ​မိ​၏​သ​မက်​လောင်း​များ​ထံ​သို့​သွား​၍``ဤ​အ​ရပ်​မှ​အ​မြန်​ထွက်​ကြ​လော့။ ထာ​ဝ​ရ​ဘု​ရား​သည်​ဤ​မြို့​ကို​ဖျက်​ဆီး​တော်​မူ​မည်'' ဟု​တိုက်​တွန်း​လေ​၏။ သို့​ရာ​တွင်​သ​မက်​လောင်း​တို့​သည် လော​တ​ကျီ​စား​ပြော​နေ​သည်​ဟု​ထင်​မှတ်​ကြ​လေ​သည်။
15 Alfajiri, malaika wakamsihi Lutu, wakisema, ondoka, mtwae mkeo na binti zako wawili ambao wako hapa, ili kwamba usipotelee katika adhabu ya mji huu.”
၁၅နံ​နက်​အ​ချိန်​အ​ရုဏ်​တက်​အ​ချိန်​၌ ကောင်း​ကင်​တ​မန်​တို့​က​လော​တ​အား​အ​မြန်​ထွက်​သွား​ရန်​တိုက်​တွန်း​လေ​သည်။ သူ​တို့​က``မြို့​ကို​ဖျက်​ဆီး​သော​အ​ခါ​သင်​၏​မ​ယား​နှင့်​သ​မီး​နှစ်​ယောက်​အ​သက်​မ​ဆုံး​ရ​စေ​ရန် သူ​တို့​ကို​ခေါ်​၍​ယ​ခု​အ​မြန်​ထွက်​လော့'' ဟု​ဆို​၏။-
16 Lakini akakawia-kawia. Kwa hiyo watu wale wakamshika mkono wake, na mkono wa mkewe, na mikono ya binti zake wawili, kwa sababu Yahwe alimhurumia. Wakawatoa nje, na kuwaweka nje ya mji.
၁၆သို့​သော်​လည်း​လော​တ​သည်​ဖင့်​နွဲ​လျက်​နေ​၏။ ထာ​ဝ​ရ​ဘု​ရား​သည်​သူ့​ကို​သ​နား​တော်​မူ​၏။ သို့​ဖြစ်​၍​ကောင်း​ကင်​တ​မန်​တို့​သည် သူ​နှင့်​သူ​၏​မ​ယား၊ သူ​၏​သ​မီး​နှစ်​ယောက်​တို့​ကို​လက်​ဆွဲ​၍ မြို့​ပြင်​သို့​ထုတ်​ကြ​၏။-
17 Wakisha kuwatoa nje mmoja wa wale watu akasema, “jiponye nafsi yako! usitazame nyuma, au usikae mahali popote kwenye hili bonde. Toroka uende milimani ili kwamba usije ukatoweshwa mbali.”
၁၇ထို​နောက်​ကောင်း​ကင်​တ​မန်​တစ်​ပါး​က``အ​သက်​ဘေး​မှ​လွတ်​အောင်​ပြေး​ကြ​လော့။ နောက်​သို့​လှည့်​မ​ကြည့်​နှင့်။ ချိုင့်​ဝှမ်း​ထဲ​၌​မ​ရပ်​နား​နေ​နှင့်။ အ​သက်​ချမ်း​သာ​ရာ​ရ​ရန်​တောင်​ပေါ်​သို့​ပြေး​ကြ​လော့'' ဟု​မှာ​ကြား​လေ​သည်။
18 Lutu akawambia, “Hapana, tafadhali bwana zangu!
၁၈လော​တ​က``ကိုယ်​တော်၊ အ​ကျွန်ုပ်​တို့​တောင်​ပေါ်​သို့​မ​ပြေး​ပါ​ရ​စေ​နှင့်။-
19 Mtumishi wenu amepata kibali machoni pako, na umenionesha wema ulio mkuu kwa kuokoa maisha yangu, lakini sitaweza kutorokea milimani, kwa sababu mabaya yataniwahi na nitakufa.
၁၉ကိုယ်​တော်​သည်​အ​ကျွန်ုပ်​အား​ကျေး​ဇူး​ပြု​သ​ဖြင့် အ​သက်​ချမ်း​သာ​ရာ​ရ​ခဲ့​ပါ​ပြီ။ တောင်​များ​သည်​ခ​ရီး​ဝေး​လှ​ပါ​၏။ တောင်​ပေါ်​သို့​မ​ရောက်​မီ​ဘေး​သင့်​မည်​ဟု​စိုး​ရိမ်​ရ​ပါ​၏။-
20 Tazama, ule mji pale uko karibu nijisalimishe pale, na ni mdogo. Tafadhari niacheni nikimbilie pale ( Je Siyo mdogo ule?), na maisha yangu yataokolewa.”
၂၀ရှေ့​တွင်​မြို့​က​လေး​တစ်​မြို့​ရှိ​ပါ​သည်။ ထို​မြို့​သည်​နီး​သ​ဖြင့်​ရောက်​လွယ်​ပါ​သည်။ ထို​မြို့​သို့​ပြေး​ပါ​ရ​စေ။ မြို့​ငယ်​က​လေး​ဖြစ်​၍ အ​ကျွန်ုပ်​အ​တွက်​လုံ​ခြုံ​မှု​ရှိ​ပါ​မည်'' ဟု​လျှောက်​လေ​၏။
21 Akamwambia, “Sawa, nimekubali ombi hili pia, kwamba sitaangamiza mji ambaoumeutaja.
၂၁ကောင်း​ကင်​တ​မန်​က``ကောင်း​ပြီ။ ထို​မြို့​ကို​ငါ​မ​ဖျက်​ဆီး။-
22 Harakisha! toroka uende pale, kwa kuwa sitafanya chochote mpaka ufike pale.” kwa hiyo mji ule ukaitwa Soari.
၂၂မြန်​မြန်​ပြေး​လော့။ ထို​မြို့​သို့​သင်​မ​ရောက်​မီ ငါ​သည်​သော​ဒုံ​မြို့​ကို​ဒဏ်​မ​စီ​ရင်​နိုင်'' ဟု​ဆို​လေ​၏။ လော​တ​သည်​ထို​မြို့​ကို​မြို့​က​လေး​ဟု​ခေါ်​သ​ဖြင့် ဇော​ရ​မြို့​ဟု​နာ​မည်​တွင်​လေ​၏။
23 Jua lilikuwa limekwisha chomoza juu ya nchi wakati Lutu alipofika Soari.
၂၃နေ​ထွက်​ချိန်​၌​ဇော​ရ​မြို့​သို့​လော​တ​ရောက်​ရှိ​လေ​၏။-
24 Kisha Yahwe akanyesha juu ya Sodoma na Gomora kiberiti na moto toka kwa Yahwe mbinguni.
၂၄ထို​အ​ခါ​၌​ထာ​ဝ​ရ​ဘု​ရား​သည် သော​ဒုံ​မြို့​နှင့်​ဂေါ​မော​ရ​မြို့​များ​ပေါ်​သို့ ကန့်​မီး​မိုး​ကို​ရွာ​ချ​စေ​တော်​မူ​သ​ဖြင့်၊-
25 Akaharibu miji ile, na bonde lote, na vyote vilivyomo katika miji, na mimea iliyo chipua juu ya ardhi.
၂၅ထို​မြို့​များ​နှင့်​ချိုင့်​ဝှမ်း​တစ်​လျှောက်​လုံး​ရှိ​လူ​တို့​နှင့်​အ​ပင်​တို့​ကို​သေ​ကြေ​ပျက်​စီး​စေ​တော်​မူ​၏။-
26 Lakini mke wa Lutu aliye kuwa nyuma yake, akatazama nyuma, na akawa nguzo ya chumvi.
၂၆လော​တ​၏​မ​ယား​က​မူ​နောက်​သို့​လှည့်​ကြည့်​မိ​သ​ဖြင့် ဆား​တိုင်​အ​ဖြစ်​သို့​ပြောင်း​လဲ​သွား​လေ​သည်။
27 Abraham akaamuka asubuhi na mapema akaenda mahali alipokuwa amesimama mbele ya Yahwe.
၂၇နောက်​နေ့​နံ​နက်​စော​စော​၌​အာ​ဗြ​ဟံ​သည် ထာ​ဝ​ရ​ဘု​ရား​၏​ရှေ့​တော်​တွင်​ရပ်​ခဲ့​ဖူး​သော​နေ​ရာ​သို့​အ​မြန်​သွား​လေ​၏။-
28 Akatazama chini kuelekea Sodoma na Gomora na kuelekea katika nchi yote bondeni. Akaona na tazama, moshi ulikuwauki ukienda juu kutoka chini kama moshi wa tanuru.
၂၈သူ​သည်​သော​ဒုံ​မြို့၊ ဂေါ​မော​ရ​မြို့​နှင့်​ချိုင့်​ဝှမ်း​တစ်​လျှောက်​လုံး​ကို​လှမ်း​ကြည့်​လိုက်​ရာ မီး​ဖို​ကြီး​တစ်​ခု​မှ​မီး​ခိုး​တက်​သ​ကဲ့​သို့ မြေ​ပြင်​မှ​အ​ခိုး​တက်​လျက်​ရှိ​သည်​ကို​မြင်​ရ​လေ​သည်။-
29 Wakati Mungu alipoharibu miji ya bondeni, Mungu akamkumbuka Abraham. Akamtoa Lutu kutoka katika maangamizi alipoangamiza miji ambayo katika hiyo Lutu aliishi.
၂၉သို့​ရာ​တွင်​ထာ​ဝ​ရ​ဘု​ရား​သည်​လော​တ​နေ​ထိုင်​ရာ ချိုင့်​ဝှမ်း​ရှိ​မြို့​များ​ကို​ဖျက်​ဆီး​သော​အ​ခါ​၌ အာ​ဗြ​ဟံ​ကို​သ​တိ​ရ​တော်​မူ​၏။ လော​တ​ကို​လည်း​ပျက်​စီး​ခြင်း​ဘေး​မှ​လွတ်​မြောက်​စေ​တော်​မူ​၏။
30 Lakini Lutu akapanda juu kutoka Soari na kwenda kuishi katika milima akiwa pamoja na binti zake wawili, kwa sababu aliogopa kuishi Soari. Kwa hiyo akaishi pangoni, yeye na binti zake wawili.
၃၀လော​တ​သည်​ဇော​ရ​မြို့​တွင်​မ​နေ​ထိုင်​ဝံ့​သ​ဖြင့် သ​မီး​နှစ်​ယောက်​တို့​နှင့်​အ​တူ​တောင်​ပေါ်​သို့​ပြောင်း​ရွှေ့​ပြီး​လျှင် လိုဏ်​ဂူ​တစ်​ခု​အ​တွင်း​၌​နေ​လေ​၏။-
31 Yule wa kwanza akamwambia yule mdogo, “Baba yetu ni mzee, na hakuna mwanaume mahali popote wa kulala na sisi kulingana na desturi ya dunia yote.
၃၁သ​မီး​အ​ကြီး​က​သူ​၏​ညီ​မ​အား``ငါ​တို့​၏​အ​ဖ​လည်း​အို​ပြီ။ ငါ​တို့​မှ​အ​မျိုး​ဆက်​ကျန်​ရစ်​ခဲ့​စေ​ရန် ကမ္ဘာ​မှာ​ငါ​တို့​အား​ထိမ်း​မြား​မည့်​သူ​တစ်​စုံ​တစ်​ယောက်​မျှ​မ​ရှိ။-
32 Njoo na tumnyweshe baba yetu mvinyo na tulale naye ili kwamba tuendeleze uzao wa baba yetu.”
၃၂သို့​ဖြစ်​သော​ကြောင့်​ဖ​ခင်​ကို​စ​ပျစ်​ရည်​တိုက်​၍​မူး​ယစ်​စေ​ပြီး​လျှင် သူ​၏​အ​မျိုး​ဆက်​မ​ပြတ်​စေ​ရန်​သူ​နှင့်​အ​တူ​အိပ်​ကြ​စို့'' ဟု​ဆို​လေ​၏။-
33 Kwa hiyo wakamnywesha baba yako mvinyo usiku ule. Kisha yule wa kwanza akaingia na akalala na baba yake; Baba yake hakujua ni wakati gani alikuja kulala, wala wakati alipo amka.
၃၃ထို​ည​၌​သူ​တို့​သည်​ဖ​ခင်​အား​စ​ပျစ်​ရည်​တိုက်​၍ သ​မီး​အ​ကြီး​သည်​ဖ​ခင်​နှင့်​အိပ်​လေ​၏။ ဖ​ခင်​သည်​မူး​ယစ်​နေ​သ​ဖြင့် မိ​မိ​ပြု​သည့်​အ​မှု​ကို​မိ​မိ​မ​သိ​ချေ။
34 Siku iliyo fuata yule wa kwanza akamwambia mdogowake, “Sikiliza, usiku wa jana nililala na baba yangu. Na tumnyweshe mvinyo usiku wa leo pia, na uingie ukalale naye. Ili kwamba tuendeleze uzao wa baba yetu.”
၃၄နောက်​တစ်​နေ့​၌​သ​မီး​အ​ကြီး​က​ညီ​မ​အား``ယ​မန်​နေ့​ည​က​ငါ​သည်​ဖ​ခင်​နှင့်​အိပ်​ပြီး​ပြီ။ ယ​နေ့​ည​တွင်​သူ့​အား​တစ်​ဖန်​မူး​ယစ်​စေ​၍ သင်​က​လည်း​ငါ​ကဲ့​သို့​သူ​နှင့်​ဝင်​၍​အိပ်​လော့။ သို့​မှ​သာ​လျှင်​ငါ​တို့​တစ်​ယောက်​စီ​၌ ဖ​ခင်​နှင့်​သား​သ​မီး​မျိုး​ဆက်​ရ​မည်'' ဟု​ဆို​လေ​၏။-
35 Kwa hiyo wakamnywesha baba yao mvinyo usiku ule pia, na yule mdogo akaenda na akalala naye. Baba yake hakujua ni wakati gani alilala, wala wakati alipoamka.
၃၅ထို​ည​၌​လည်း​သူ​တို့​သည်​ဖ​ခင်​ကို​စ​ပျစ်​ရည်​တိုက်​၍​မူး​ယစ်​စေ​ပြီး​လျှင် သ​မီး​အ​ငယ်​သည်​သူ​နှင့်​အိပ်​လေ​၏။ ဖ​ခင်​လည်း​မူး​ယစ်​နေ​သ​ဖြင့် မိ​မိ​ပြု​သည့်​အ​မှု​ကို​မိ​မိ​မ​သိ​ချေ။-
36 Basi hao binti wote wawili wa Lutu wakapata mimba kwa baba yao.
၃၆ထို​သို့​အား​ဖြင့်​လော​တ​၏​သ​မီး​နှစ်​ယောက်​တို့​သည် သူ​တို့​၏​ဖ​ခင်​နှင့်​သန္ဓေ​စွဲ​ကြ​လေ​သည်။-
37 Wa kwanza akazaa mwana wa kiume, na akamwita jina lake Moabu. Akawa ndiye baba wa wamoabu hata leo.
၃၇သ​မီး​အ​ကြီး​တွင်​သား​တစ်​ယောက်​ဖွား​မြင်​၍ မော​ဘ​ဟု​နာ​မည်​မှည့်​၏။ ထို​သား​သည်​လက်​ရှိ​မော​ဘ​လူ​မျိုး​တို့​၏​ဖ​ခင်​ဖြစ်​သ​တည်း။-
38 Nayule mdogo naye akazaa mwana wa kiume, na akamwita Benami. Huyu ndiye baba wa watu wa Waamoni hata leo.
၃၈သ​မီး​အ​ငယ်​လည်း​သား​တစ်​ယောက်​ဖွား​မြင်​၍ ဗေ​နမ္မိ​ဟု​နာ​မည်​မှည့်​၏။ ထို​သား​သည်​လက်​ရှိ​အမ္မုန်​လူ​မျိုး​၏​ဖ​ခင်​ဖြစ်​သ​တည်း။

< Mwanzo 19 >