< Ezekieli 7 >

1 Neno la Yahwe likanijia, likisema,
ထာ​ဝ​ရ​ဘု​ရား​၏​နှုတ်​က​ပတ်​တော်​သည် ငါ့​ထံ​သို့​ရောက်​လာ​၏။-
2 Wewe, mwanadamu-Bwana Yahwe asema hivi kwa nchi ya Israeli.”'Mwisho! Mwisho umekuja kwenye mipaka minne ya nchi.
ကိုယ်​တော်​က``အ​ချင်း​လူ​သား၊ ဣ​သ​ရေ​လ ပြည်​သူ​ပြည်​သား​တို့​အား ငါ​အ​ရှင်​ထာဝ​ရ ဘု​ရား​မိန့်​တော်​မူ​သည်​ကား``နိုင်​ငံ​တစ်​ခု လုံး​ပျက်​သုဉ်း​ရာ​အ​ချိန်​ကျ​ပြီ။
3 Sasa mwisho uko juu yako, kwa kuwa natuma ghadhabu yangu juu yako, nitakuhukumu kulingana na njia zako; nitaleta machukizo yako yote juu yako.
``အို ဣ​သ​ရေ​လ​နိုင်​ငံ၊ သင်​ပျက်​သုဉ်း​ရာ​အ​ချိန် ကျ​ပြီ။ သင်​ပြု​ခဲ့​သော​အ​မှု​များ​အ​တွက် ငါ သည်​သင့်​အား​တ​ရား​စီ​ရင်​ပြီ​ဖြစ်​၍ သင်​သည် ငါ​၏​အ​မျက်​တော်​ဒဏ်​ကို​ခံ​ရ​လိမ့်​မည်။ သင် ပြု​ခဲ့​သည့်​စက်​ဆုပ်​ဖွယ်​ရာ​အ​မှု​အ​ပေါင်း​၏ အ​ကျိုး​ဆက်​ကို​သင့်​အား​ငါ​ပေး​ဆပ်​မည်။-
4 Kwa kuwa macho yangu hayatakuhurumia, na sitakuharibu. Badala yake, nitaleta njia zako zote juu yako, na machukizo yako yote yatakuwa katikati yako, hivyo utajua kwamba mimi ni Yahwe.
ငါ​သည်​သင့်​အား​ချမ်း​သာ​ပေး​လိမ့်​မည်​မ​ဟုတ်၊ အ​ဘယ်​သို့​မျှ​လည်း​က​ရု​ဏာ​ပြ​လိမ့်​မည်​မ ဟုတ်။ သင်​ပြု​ခဲ့​သည့်​စက်​ဆုပ်​ဖွယ်​ရာ​အ​မှု​များ အ​တွက် ငါ​သည်​သင့်​ကို​ဒဏ်​ပေး​မည်။ သို့​မှ​သာ လျှင်​ငါ​သည်​ထာ​ဝ​ရ​ဘု​ရား​ဖြစ်​ကြောင်း​သင် သိ​ရှိ​လိမ့်​မည်'' ဟု​မိန့်​တော်​မူ​၏။
5 Bwana Yahwe asema hivi: Msiba! Msiba wa pekee! Tazama, unakuja.
အ​ရှင်​ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သည် ကား``ဘေး​ဒုက္ခ​တစ်​ခု​ပြီး​တစ်​ခု​သင့်​ထံ သို့​ရောက်​ရှိ​လာ​လိမ့်​မည်။-
6 Mwisho unakuja hakika. Mwisho umeamsha dhidi yenu. Tazama! unakuja!
သင်​ပျက်​သုဉ်း​ရာ​အ​ချိန်​ရောက်​ပြီ။ ဆုံး​ပါး ပျက်​စီး​ရာ​အ​ချိန်​ရောက်​ပြီ။ သင့်​ကို​ဆန့်​ကျင် လျက်​ရောက်​ရှိ​လာ​ပြီ။-
7 Kifo chako kinakuja kwako ukaaye kwenye nchi. Mda umefika; siku ya uharibifu iko karibu, na milima haitakuwa na shangwe tena.
ပြည်​သူ​ပြည်​သား​တို့​ဆုံး​ပါး​ပျက်​စီး​ရာ အ​ချိန်​ရောက်​လာ​ပေ​တော့​အံ့။ တောင်​ပေါ်​တွင် ပွဲ​လမ်း​သ​ဘင်​များ​မ​ရှိ​တော့​ဘဲ ဗ​ရုတ်​သုတ် ခ​ဖြစ်​ရန်​အ​ချိန်​သည်​နီး​ကပ်​လာ​လေ​ပြီ။ ရောက်​လာ​တော့​မည်။
8 Sasa baada ya mda mfupi nitamwaga dhahabu yangu juu yako na kujaza hasira yangu juu yako wakati nitakapokuhukumu kulingana na njia zako na kuleta machukizo yako yote juu yako.
``မ​ကြာ​မီ​ပင်​သင်​သည် ငါ​၏​အ​မျက်​တော် ဒဏ်​ကို​အ​ပြည့်​အ​ဝ​သင့်​အ​ပေါ်​သို့​သွန်း လောင်း​လိမ့်​မည်။ ငါ​သည်​သင်​ပြု​ခဲ့​သော​အ​မှု များ​အ​တွက် သင့်​အား​တ​ရား​စီ​ရင်​မည်။ သင် ပြု​သည့်​စက်​ဆုပ်​ဖွယ်​ရာ​အ​မှု​များ​၏​အ​ကျိုး ဆက်​ကို​သင့်​အား​ငါ​ပေး​အပ်​မည်။-
9 Kwa kuwa jicho langu halitaona kwa huruma, sitakuharibu, kama ulivyofanya, nitafanya kwako; na machukizo yako yatakuwa katikati yako hivyo utajua kwamba ni mimi Yahwe, anayekuadhibu.
ငါ​သည်​သင့်​အား​ချမ်း​သာ​ပေး​လိမ့်​မည်​မ​ဟုတ်။ အ​ဘယ်​သို့​မျှ​လည်း​က​ရု​ဏာ​ပြ​လိမ့်​မည်​မ ဟုတ်။ သင်​ပြု​ခဲ့​သည့်​စက်​ဆုပ်​ဖွယ်​ရာ​အ​မှု​များ အ​တွက်​သင့်​ကို​ဒဏ်​ပေး​မည်။ သို့​မှ​သာ​လျှင် ငါ​သည်​ထာ​ဝ​ရ​ဘု​ရား​ဖြစ်​ကြောင်း​ကို​လည်း ကောင်း၊ သင့်​အား​ဒဏ်​ပေး​သူ​သည်​ငါ​ပင်​ဖြစ် ကြောင်း​ကို​လည်း​ကောင်း​သင်​သိ​လိမ့်​မည်'' ဟူ​၍​ဖြစ်​၏။
10 Tazama, siku! Tazama, inakuja! Kifo kimetoka! fimbo ya kuadhibia imechanua, kiburi kimechipua!
၁၀ဘေး​ဒုက္ခ​ရောက်​ရာ​ကာ​လ​သည်​ချဉ်း​ကပ်​လာ လေ​ပြီ။ အ​ကြမ်း​ဖက်​မှု​သည်​ရှင်​သန်​ကြီး​ထွား လျက်​ရှိ​၏။ မာန်​မာ​န​ထောင်​လွှား​မှု​အ​ကြီး မား​ဆုံး​အ​ချိန်​ပင်​ဖြစ်​၏။-
11 Udhalimu umekua kwenye fimbo ya udhaifu-hakuna kati yao, na hakuna katika ya kundi lao, hakuna katika utajiri wao, na hakuna wa muhimu wao atakaye baki!
၁၁အ​ကြမ်း​ဖက်​မှု​သည်​ယုတ်​မာ​မှု​ကို​တိုး​ပွား စေ​လိမ့်​မည်။ သူ​တို့​နှင့်​ဆိုင်​သ​မျှ​ကျန်​ရှိ​လိမ့် မည်​မ​ဟုတ်။ သူ​တို့​၏​စီး​ပွား​ချမ်း​သာ​ဂုဏ် အ​သ​ရေ​တို့​သည်​ကျန်​ရှိ​လိမ့်​မည်​မ​ဟုတ်။
12 Muda unakuja; siku imekaribia. Usimuache anayenunua shangwe, wala asihuzunike auzaye, kwa kuwa hasira yangu iko juu ya kikundi kizima!
၁၂အ​ချိန်​ကျ​ပြီ။ ရောင်း​ဝယ်​ဖောက်​ကား​မှု​များ ပြု​လုပ်​၍​မ​ဖြစ်​သည့်​နေ့​ရက်​ကာ​လ​နီး​ကပ် လာ​လေ​ပြီ။ အ​ဘယ်​ကြောင့်​ဆို​သော်​ဘု​ရား​သ​ခင်​၏​အ​မျက်​တော်​သည်​လူ​တိုင်း​အ​ပေါ် သို့​သက်​ရောက်​မည်​ဖြစ်​သော​ကြောင့်​တည်း။-
13 Kwa kuwa muuzaji hatarudia kile kilichouzwa, kadiri wanapoendelea kuishi, kwa kuwa maono yako juu yako kikundi kizima. Hawatarudi, kwa kuwa hakuna mtu anayeishi kwenye dhambi atakayejitia nguvu!
၁၃ကုန်​သွယ်​သူ​သည်​မိ​မိ​ရောင်း​လိုက်​သည့်​မြေ​ယာ ကို​ပြန်​လည်​ရ​ရှိ​ရန် အ​သက်​ရှည်​နိုင်​လိမ့်​မည် မ​ဟုတ်။ အ​ဘယ်​ကြောင့်​ဆို​သော်​လူ​တိုင်း​နှင့် ဆိုင်​သော​ဘု​ရား​သ​ခင်​၏​ဗျာ​ဒိတ်​တော်​ကို ပြန်​လည်​ပြင်​ဆင်​မည်​မ​ဟုတ်​သော​ကြောင့်​တည်း။ သူ​တို့​အ​ပြစ်​ကြောင့်​ဆိုး​ညစ်​သူ​တို့​သည် မ​သေ​ဘဲ​ကျန်​ရစ်​နိုင်​ကြ​မည်​မ​ဟုတ်။-
14 Wamepiga tarumbeta na kufanya kila kitu tayari, lakini hakuna mtu anayeenda kupigana; kwa kuwa hasira yangu iko juu ya kundi zima.
၁၄တိုက်​ပွဲ​စ​ရန်​တံ​ပိုး​မှုတ်​ပြီ​ဖြစ်​၍​လူ​အ​ပေါင်း တို့​သည်​အ​သင့်​ပြင်​ကြ​၏။ သို့​ရာ​တွင်​တစ်​ဦး တစ်​ယောက်​မျှ​စစ်​ပွဲ​ထဲ​သို့​မ​ဝင်​ရောက်။ အ​ဘယ် ကြောင့်​ဆို​သော်​ဘု​ရား​သ​ခင်​၏​အ​မျက်​တော် သည် လူ​တိုင်း​အ​ပေါ်​သို့​သက်​ရောက်​မည်​ဖြစ် သော​ကြောင့်​တည်း။
15 Upanga uko nje, na tauni na njaa viko nje kwenye jengo. Wale walioko shambani watakufa kwa upanga, wakati njaa na tauni zitakapowala wale waliopo kwenye mji.
၁၅လမ်း​များ​ပေါ်​မှာ​တိုက်​ခိုက်​မှု​များ​ရှိ​၏။ အိမ် များ​၌​အ​နာ​ရော​ဂါ​နှင့်​ငတ်​မွတ်​ခြင်း​ရှိ​၏။ ကျေး​တော​တွင်​ရှိ​နေ​သူ​တို့​သည်​ဋ္ဌား​ဘေး​ဖြင့် သေ​ဆုံး​ရ​လျက်​မြို့​တွင်း​ရှိ​နေ​သူ​တို့​မူ​ကား အ​နာ​ရော​ဂါ​ဘေး၊ ငတ်​မွတ်​ခြင်း​ဘေး​ဖြင့် သေ​ရ​ကြ​လိမ့်​မည်။-
16 Lakini watakao salia watatoroka kutoka miongoni mwao, na watakwenda kwenye milima. Kama hua wa mabondeni, wote watalia-kila mtu kwa ajili ya uovu wake.
၁၆ကျန်​ရစ်​သော​သူ​တို့​သည်​ချိုး​ငှက်​ကဲ့​သို့​ညည်း ညူ​လျက်​ချိုင့်​ဝှမ်း​များ​ထဲ​မှ​နေ​၍ တောင်​ပေါ် သို့​ထွက်​ပြေး​ကြ​လိမ့်​မည်။ လူ​အ​ပေါင်း​တို့ သည်​မိ​မိ​တို့​၏​အ​ပြစ်​များ​အ​တွက်​ငို ကြွေး​ရ​လိမ့်​မည်။-
17 Kila mkono utasita na kila goti litakuwa dhaifu kama maji, na watavaa nguo za magunia, na hofu kuu itawafunika,
၁၇လူ​အ​ပေါင်း​တို့​၏​လက်​များ​သည်​အား​လျော့ လျက် သူ​တို့​၏​ဒူး​များ​သည်​တုန်​၍​နေ​လိမ့်​မည်။-
18 na aibu itakuwa juu ya kila uso, na upara juu ya vichwa vyao vyote.
၁၈သူ​တို့​သည်​လျှော်​တေ​အဝတ်​ကို​ဝတ်​၍ တစ် ကိုယ်​လုံး​တုန်​လှုပ်​လျက်​နေ​ကြ​လိမ့်​မည်။ ဦး ဆံ​ပယ်​၍​ရှက်​ကြောက်​နေ​သော​မျက်​နှာ​များ တွေ့​ရ​ကြ​လိမ့်​မည်။-
19 Watatupa fedha yao kwenye mitaa na dhahabu yao itakuwa kama jalala. Fedha yao na dhahabu yao haitaweza kuwaokoa katika siku ya ghadhabu ya Yahwe. Maisha yao hayataokolewa, na njaa yao haitashiba, kwa sababu uovu wao umekuwa kizuizi.
၁၉သူ​တို့​သည်​မိ​မိ​တို့​၏​ရွှေ၊ ငွေ​များ​ကို​အ​မှိုက် သ​ရိုက်​သ​ဖွယ် လမ်း​များ​ပေါ်​သို့​လွှင့်​ပစ်​လိုက် ကြ​လိမ့်​မည်။ အ​ဘယ်​ကြောင့်​ဆို​သော်​ထာ​ဝ​ရ ဘု​ရား​အ​မျက်​ထွက်​တော်​မူ​ရာ​ကာ​လ​၌ သူ​တို့​၏ ရွှေ၊ ငွေ၊ များ​သည်​သူ​တို့​အား​မ​ကယ် နိုင်​သော​ကြောင့်​ဖြစ်​၏။ သူ​တို့​သည်​မိ​မိ​တို့ အ​ဆာ​ပြေ​စေ​ရန်​အ​တွက်​သော်​လည်း​ကောင်း၊ မိ​မိ​တို့​ဝမ်း​ကို​ဖြည့်​တင်း​မှု​အ​တွက်​သော် လည်း​ကောင်း ရွှေ၊ ငွေ၊ များ​ကို​အ​သုံး​မ​ပြု နိုင်​ကြ။ ရွှေ​ငွေ​တို့​သည်​သူ​တို့​အား​အ​ပြစ် ဒု​စ​ရိုက်​ကို​ပြု​စေ​၏။-
20 Kwenye fahari yao walichukua kito yake nzuri za mapambo, pamoja nao wakatengeza sanamu zao za vinyago, na vitu vyao vichukizavyo. Kwa hiyo, nayabadilisha haya kuwa kitu najisi kwao.
၂၀အ​ခါ​တစ်​ပါး​က​ထို​သူ​တို့​သည်​မိ​မိ​တို့ ၏​လှ​ပ​သော​ကျောက်​မျက်​ရ​တ​နာ​များ အ​တွက် ဝါ​ကြွား​ဂုဏ်​ယူ​ခဲ့​ကြ​သော်​လည်း ယင်း​တို့​ကို​စက်​ဆုပ်​ဖွယ်​ကောင်း​သည့်​ရုပ်​တု များ​ပြု​လုပ်​ရာ​တွင်​အ​သုံး​ပြု​ကြ​ကုန်​၏။ သို့​ဖြစ်​၍​ထာ​ဝ​ရ​ဘု​ရား​သည်​သူ​တို့​အား ထို​ရ​တ​နာ​များ​သည်​သူ​တို့​အ​တွက်​မ​သန့် ရှင်း​သော​အ​ရာ​များ​ဖြစ်​စေ​တော်​မူ​၏။
21 Kisha nitawapatia hivyo vitu kwenye mikono ya wageni kama mateka na kwa waovu wa dunia kama mateka, na watapanajisi.
၂၁ထာ​ဝ​ရ​ဘု​ရား​က``သူ​တို့​ကို​တိုက်​ခိုက်​လု ယူ​ကြ​စေ​ရန် လူ​မျိုး​ခြား​တို့​အား​ငါ​အ​ခွင့် ပေး​မည်။ တ​ရား​ဥ​ပ​ဒေ​ချိုး​ဖောက်​သူ​တို့ သည်​သူ​တို့​၏​စည်း​စိမ်​ဥစ္စာ​များ​ကို​ယူ​၍ ညစ်​ညမ်း​စေ​ကြ​လိမ့်​မည်။-
22 Kisha nitaugeuza uso wangu mbali kutoka kwao watakapo najisi mahali pangu pa siri; maharamia wataingia humo na kupanajisi.
၂၂ဋ္ဌား​ပြ​များ​သည်​ငါ​၏​ဗိ​မာန်​တော်​သို့ အ​တင်း​ဝင်​ရောက်​ကာ​ညစ်​ညမ်း​စေ​သော အ​ခါ​ငါ​သည်​မျက်​ကွယ်​ပြု​မည်။''
23 Tengeneza mnyororo, kwa sababu nchi imejaa hukumu ya damu, na mji umejaa udhalimu.
၂၃``ပြည်​တွင်း​၌​လူ​သတ်​မှု​များ​ဖြင့်​လည်း ကောင်း၊ မြို့​များ​၌​အ​ကြမ်း​ဖက်​မှု​များ​ဖြင့် လည်း​ကောင်း​ပြည့်​နှက်​လျက်​ရှိ​သ​ဖြင့် နေ​ရာ တ​ကာ​တွင်​ဗ​ရုတ်​သုတ်​ခ​ဖြစ်​၍​နေ​၏။-
24 Hivyo nitaleta waovu wengi wa mataifa, na watamilki nyumba zao, na nitaleta mwisho kwenye fahari ya uweza, kwenda mahali pao patakatifu patanajisiwa!
၂၄ငါ​သည်​အ​ဆိုး​ညစ်​ဆုံး​သော​လူ​မျိုး​တို့​အား ဤ​အ​ရပ်​သို့​ခေါ်​ဆောင်​၍ သင်​တို့​၏​နေ​အိမ် များ​ကို​သိမ်း​ယူ​စေ​မည်။ ထို​သူ​တို့​အား​သင် တို့​ကိုး​ကွယ်​ဝတ်​ပြု​ရာ​ဌာ​န​များ​ကို​ညစ် ညမ်း​စေ​ရန် ငါ​အ​ခွင့်​ပေး​သော​အ​ခါ​ခွန် အား​ကြီး​သူ​တို့​သည်​အား​လျော့​စိတ်​ပျက် ကြ​လိမ့်​မည်။-
25 Hofu itakuja! Wataitafuta amani, lakini haitakuwepo.
၂၅သင်​တို့​ကြောက်​မက်​ဖွယ်​ရာ​အ​ချိန်​ကျ​ရောက် လာ​ပြီ။ သင်​တို့​သည်​ငြိမ်း​ချမ်း​သာ​ယာ​မှု ကို​ရှာ​သော်​လည်း​တွေ့​ရ​ကြ​လိမ့်​မည်​မ​ဟုတ်။-
26 Majanga juu ya majanga yatakuja juu yangu, na kutakuwa na tetesi juu ya tetesi. Kisha watatafuta ono moja kutoka kwa nabii, lakini sheria itawaangamiza kutoka kwa kuhani na shauri kutoka kwa wazee.
၂၆ဘေး​ဒုက္ခ​တို့​သည်​တစ်​ခု​ပြီး​တစ်​ခု​သက်​ရောက် လာ​လျက် သင်​တို့​သည်​သ​တင်း​ဆိုး​များ​ကို အ​ဆက်​မ​ပြတ်​ကြား​ရ​ကြ​လိမ့်​မည်။ သင်​တို့ သည်​ပ​ရော​ဖက်​တို့​အား​သူ​တို့​တွေ့​မြင်​ရ သည့်​ဗျာ​ဒိတ်​ရူ​ပါ​ရုံ​များ​ကို​ဖော်​ပြ​ရန် တောင်း​ပန်​ကြ​လိမ့်​မည်။ ယဇ်​ပု​ရော​ဟိတ်​များ တို့​မှာ​လည်း လူ​တို့​အား​ဟော​ပြော​သွန်​သင် ရန်​အ​ဘယ်​အ​ရာ​မျှ​ရှိ​လိမ့်​မည်​မ​ဟုတ်။ အ​သက်​ကြီး​သူ​တို့​သည်​လည်း​အ​ဘယ်​သို့ မျှ​အ​ကြံ​ဉာဏ်​ပေး​နိုင်​ကြ​လိမ့်​မည်​မ​ဟုတ်။-
27 Mfalme ataomboleza na mwana wa mfalme atakata tamaa, wakati mikono ya watu wa nchi itatetemeka kwa hofu. Kulingana na njia zao wenyewe nitafanya hivi kwao! Nitawahukumu sawa sawa na wanavyostahili hadi watakapojua yakwamba mimi ni Yahwe.'”
၂၇မင်း​ကြီး​သည်​ညည်း​တွား​မြည်​တမ်း​လျက်​နေ လိမ့်​မည်။ မင်း​သား​သည်​လည်း​မျှော်​လင့်​ရာ​မဲ့ ဖြစ်​၍​နေ​လိမ့်​မည်။ ပြည်​သူ​တို့​ကား​ကြောက် လန့်​တုန်​လှုပ်​လျက်​နေ​ကြ​လိမ့်​မည်။ ငါ​သည် သင်​တို့​အား​မိ​မိ​တို့​ပြု​ခဲ့​သ​မျှ​သော​အ​မှု များ​အ​တွက်​အ​ပြစ်​ဒဏ်​ပေး​မည်။ သင်​တို့​သူ တစ်​ပါး​အား​တ​ရား​စီ​ရင်​ခဲ့​ကြ​သည်​နည်း တူ သင်​တို့​အား​ငါ​တ​ရား​စီ​ရင်​မည်။ ဤ​နည်း အား​ဖြင့်​ငါ​သည်​ထာ​ဝရ​ဘု​ရား​ဖြစ်​ကြောင်း သင်​တို့​သိ​ရ​ကြ​လိမ့်​မည်'' ဟု​မိန့်​တော်​မူ​၏။

< Ezekieli 7 >