< Ezekieli 24 >
1 Neno la Yahwe likanijia katika mwaka wa nane mwezi wa kumi na siku ya kumi ya mwezi, kusema,
၁ငါတို့ပြည်နှင်ဒဏ်ခံစဉ်ကိုးနှစ်မြောက်ဒသမ လ၊ လဆန်းဆယ်ရက်နေ့၌ထာဝရဘုရား၏ နှုတ်ကပတ်တော်သည်ငါ့ထံသို့ရောက်လာ၏။-
2 “Mwanadamu, andika kwa ajili yako jina la hii siku, siku hii sahihi mfalme wa Babeli ameizingira Yerusalimu.
၂ကိုယ်တော်က``အချင်းလူသား၊ ယနေ့နေ့စွဲကို ရေးမှတ်လော့။ အဘယ်ကြောင့်ဆိုသော်ဤနေ့ သည်ယေရုရှလင်မြို့ကိုဗာဗုလုန်မင်းစတင် ဝိုင်းရံသည့်နေ့ဖြစ်သောကြောင့်တည်း။-
3 Basi nena mithali juu ya hii nyumba ya kuasi, fumbo moja. Waambie, 'Bwana Yahwe asema hivi: weka sufuria ya kupikia. Iweke na weka maji kwenye hiyo.
၃ပုန်ကန်တတ်သောငါ၏လူမျိုးတော်အားသူတို့ အတွက် ငါအရှင်ထာဝရဘုရားဖော်ပြသည့် ပုံဥပမာကိုပြောပြလော့။ ယင်းပုံဥပမာမှာ ``ကြေးအိုးကိုမီးဖိုပေါ်တွင်တင်၍ရေထည့် ပြီးလျှင်
4 Vikusanye vipande vya chakula ndani yake, kila kipande kizuri-paja na bega-na ijaze kwa mifupa bora.
၄အသားတုံးများကိုအိုးထဲသို့ထည့်လော့။ လက်ရင်းပိုင်းနှင့်ပေါင်များမှအကောင်းဆုံးသော အသားတစ်များကိုလည်းကောင်း လက်ရွေးစင်အရိုးတို့ကိုလည်းကောင်း ကြေးအိုးပြည့်အောင်ထည့်လော့။
5 Chukua kundi bora na jaza mifupa chini yake. Ilete kuchemsha na ipike mifupa ndani yake.
၅အဆူဖြိုးဆုံးသောသိုးကိုသာလျှင်အသုံး ပြုလော့။ ကြေးအိုးအောက်တွင်မီးထင်းထည့်ကာ ရေကိုပွက်ပွက်ဆူစေ၍အရိုးများကိုပြုတ်လော့'' ဟုမိန့်တော်မူပါ၏။
6 Kwa hiyo, Bwana Yahwe asema hivi: Ole kwa mji wa damu. Nitakiongeza chungu cha mbao. Weka kuni nyingi na washa moto. Pika nyama vizuri na changanya katika viungo na iacha mifupa iteketee.
၆အရှင်ထာဝရဘုရားမိန့်တော်မူသည်ကား``လူ သတ်သမားတို့၏မြို့သည်အမင်္ဂလာရှိပါ သည်တကား။ ယင်းသည်အဘယ်အခါ၌မျှ မတိုက်မချွတ်ဘဲထားသဖြင့်ချေးတက်နေ သည့်ကြေးအိုးနှင့်တူ၏။ ကြေးအိုးထဲမှ အသားတစ်များကိုမဲချနေစရာမလို ဘဲ တစ်တုံးပြီးတစ်တုံးအကုန်အစင်ထုတ် လော့။-
7 Kwa kuwa damu iko kati yake. Ameiweka juu ya jiwe laini; hakuimwaga juu ya nchi kuifunika kwa mavumbi,
၇ထိုမြို့ထဲ၌လူသတ်မှုဖြစ်ပွားခဲ့၏။ သို့ ရာတွင်သွေးသည်မြေပေါ်သို့မကျ။ ရှင်း လင်းသောကျောက်သားပေါ်သို့ကျသဖြင့် မြေမှုန့်နှင့်ဖုံးအုပ်ထားရန်မဖြစ်နိုင်။-
8 hivyo inaleta hasira ya kulipa kisasi. Nimeweka damu yake juu ya jiwe laini ili isifunikwe.
၈ထိုသွေးကအမျက်နှင့်လက်စားချေစေရန် ငါ သည်ယင်းကိုဖုံးအုပ်၍မထားနိုင်သည့်နေရာ တွင်ကျစေခြင်းဖြစ်၏'' ဟူ၍တည်း။
9 Kwa hiyo, Bwana Yahwe asema hivi: Ole kwa mji wa damu. Nitakiongeza chungu cha mbao.
၉ထိုနောက်အရှင်ထာဝရဘုရား မိန့်တော်မူသည် ကား``လူသတ်သမားတို့၏မြို့သည် အမင်္ဂလာ ရှိပါသည်တကား။ ငါကိုယ်တိုင်ပင်ထင်းများ ကိုထည့်မည်။-
10 Weka kuni nyingi na washa moto. Pika nyama vizuri na changanya katika viungo na acha mifupa iteketee.
၁၀ထင်းများကိုထပ်မံ၍ယူလာလော့။ မီးတောက် ကိုယပ်ခပ်ပေးလော့။ အသားများကိုချက်၍ ဟင်းခပ်အမွှေးအကြိုင်တို့ဖြင့် ဟင်းချိုကို ဆူအောင်ကျိုချက်လော့။ အရိုးတို့ကိုကျွမ်း လောင်စေလော့။-
11 Kisha weka chungu kitupu juu ya mkaa, ili kuchemsha na kuchoma shaba yake, hivyo uchafu wake ndani yake itayeyushwa, kutu yake imekula.'
၁၁ထိုနောက်အိုးလွတ်ကိုနီရဲလာအောင် မီးကျီး ခဲများအပေါ်တွင်တင်ထားလော့။ ထိုအခါ ချေးကိုမီးစားသဖြင့် အိုးသည်ဘာသာရေး ထုံးနည်းနှင့်အညီသန့်စင်လာလိမ့်မည်။-
12 Amechoka kwa sababu ya kazi ya taabu, lakini kutu yake haitoki kweke kwa moto.
၁၂သို့ရာတွင်ချေးညှိအားလုံးသည်မီးတောက် ထဲတွင်ပင်လောင်ကျွမ်းလိမ့်မည်မဟုတ်။-
13 Tabia yako ya aibu iko ndani ya uchafu wako, kwa sababu nimekusafisha, lakini bado hutaweza kuwa msafi. Bado hutakuwa huru kutoka uchafu wako hadi hasira yako itakapotulia kutoka kwako.
၁၃အို ယေရုရှင်လင်မြို့၊ သင်သည်အကျင့်ပျက်မှု များဖြင့် မိမိကိုယ်ကိုညစ်ညမ်းစေလေပြီ။ ငါ သည်သင့်အားသန့်စင်အောင်ပြုသော်လည်း သင်သည်ညစ်ညမ်း၍နေ၏။ ငါ၏အမျက်တော် ဒဏ်ကိုမခံရမချင်းသင်သည်သန့်စင်လာ လိမ့်မည်မဟုတ်။-
14 Mimi, Yahwe, nimesema hili, na nitalifanya. Sintotulia wala kupumzika kwa ajili ya hili. Kama njia zako zilivyokuwa, na kama matendo yako, yatakuhukumu! -hivi ndivyo Bwana Yahwe asemavyo.”
၁၄ဤကားထာဝရဘုရားမိန့်တော်မူသော စကားဖြစ်၏။ ငါအရေးယူဆောင်ရွက်ရမည့် အချိန်ကျပြီ။ ငါသည်သင်၏အပြစ်များ ကိုလျစ်လူရှုလိမ့်မည်မဟုတ်။ သနားကြင် နာမည်မဟုတ်။ ကရုဏာထားမည်မဟုတ်။ သင်ပြုခဲ့သည့်အမှုအတွက်အပြစ်ဒဏ် ခံရမည်'' ဟူ၍တည်း။ ဤကားအရှင်ထာဝရ ဘုရားမိန့်တော်မူသောစကားဖြစ်၏။
15 Kisha neno la Yahwe likanijia, kusema,
၁၅ထာဝရဘုရား၏နှုတ်ကပတ်တော်သည် ငါ့ ထံသို့ရောက်လာ၏။-
16 “mwanadamu! Tazama, ninachukua tamaa ya macho yako kutoka kwako pamoja na tauni, lakini hutaomboleza wala kulia, na machozi yako hayatatoka.
၁၆ကိုယ်တော်က``အချင်းလူသား၊ သင်အချစ်ဆုံးသော သူကိုငါသည်ရုတ်တရက်ရုပ်သိမ်းမည်။ သင်သည် မညည်းညူရ။ မငိုရ။ မျက်ရည်မကျရ။-
17 Utagugumia bila kusikika. Usiendeshe mazishi kwa ajili ya aliyekufa. Funga kilemba chako juu yako na vaa makubazi miguuni pako, lakini usivalishe shela nywele zako au kula mkate wa watu waombolezao kwa ajili ya kuwapoteza wake zao.”
၁၇သင်ရှိုက်သည့်အသံကိုလူတို့မကြားပါစေနှင့်။ ဝမ်းနည်းပူဆွေးသည့်လက္ခဏာဖြင့်ခေါင်းပေါင်း မပေါင်းဘဲ၊ ဖိနပ်မစီးဘဲမသွားမလာနှင့်။ သင်၏မျက်နှာကိုမဖုံးမအုပ်နှင့်။ ဝမ်းနည်း ပူဆွေးသူတို့စားသည့်အစားအစာကို လည်းမစားနှင့်'' ဟုမိန့်တော်မူ၏။
18 Hivyo nimeongea na watu asubuhi, na mke wangu amekufa asubuhi. Asubuhi nimefanya kile nilichokuwa nimeambiwa kukifanya.
၁၈ငါသည်နံနက်ပိုင်း၌လူတို့နှင့်စကားစမြည် ပြောဆိုနေခဲ့၏။ ထိုနေ့ညနေ၌ငါ၏ဇနီး သည်ကွယ်လွန်သွားသော်လည်း နောက်တစ်နေ့၌ ငါသည်ကိုယ်တော်မိန့်မှာတော်မူသည့်အတိုင်း ပြု၏။-
19 Watu wameniuliza, “Ji! hautatuambia haya mambo yanamaana gani, mambo ambayo unayoyafanya?”
၁၉လူတို့က``သင်သည်အဘယ်ကြောင့်ဤသို့ပြု သနည်း။ အကျွန်ုပ်တို့နှင့်ဆိုင်သလော။ ပြော ပါလော့'' ဟုငါ့အားမေးကြ၏။
20 Hivyo nimewaambia, “Neno la Yahwe likanijia, kusema,
၂၀ထို့ကြောင့်ငါက``ငါ့ထံသို့ထာဝရဘုရား နှုတ်ကပတ်တော်ရောက်လာ၏။-
21 'Waambie nyumba ya Israeli, Bwana Yahwe asema hivi: Tazama! Nitapanajisi patakatifu pangu-fahari ya nguvu yenu, mahali panapopendeza macho yenu, na panapotamaniwa na roho zenu, na wana wenu na binti zenu ambao mliowaacha nyuma wataanguka kwa upanga.
၂၁ကိုယ်တော်သည်မိမိ၏အမိန့်တော်ကို အသင် ဣသရေလအမျိုးသားတို့အားဆင့်ဆိုရန် ငါ့ကိုစေခိုင်းတော်မူ၏။ သင်တို့သည်ဗိမာန် တော်ခိုင်ခံ့မှုကိုဂုဏ်ယူဝါကြွားကြ၏။ ဗိမာန် တော်ကိုကြည့်ရှုလိုကြ၏။ ဗိမာန်တော်သို့ သွားရောက်လိုကြ၏။ သို့ရာတွင်ထာဝရ ဘုရားသည်ထိုဗိမာန်တော်ကိုညစ်ညမ်းစေ တော်မူလိမ့်မည်။ ယေရုရှလင်မြို့တွင်ကျန် ရစ်ခဲ့သောသင်တို့၏အိမ်ထောင်စုသားလူ ငယ်များသည်လည်းစစ်ပွဲတွင်ကျဆုံးကြ လိမ့်မည်။-
22 Kisha mtafanya hasa kama nilivyofanya: hutafunika nywele za sehemu ya chini za uso, wala kula mkate wa watu wanaoomboleza!
၂၂ထိုအခါသင်တို့သည်ငါပြုခဲ့သည့်အတိုင်း ပြုကြလိမ့်မည်။ သင်တို့၏မျက်နှာများကိုဖုံး အုပ်လိမ့်မည်မဟုတ်။ ဝမ်းနည်းပူဆွေးသူတို့ သည်အစားအစာကိုစားလိမ့်မည်မဟုတ်။-
23 Badala yake, vilemba vyenu vitakuwa juu ya vichwa, na makubadhi yenu miguuni mwenu; hutaomboleza wala kulia, kwa kuwa mtayeyuka katika maovu yenu, na kila mtu atagugumia kwa ya ajili ya ndugu yake.
၂၃သင်တို့သည်ခေါင်းပေါင်းမပေါင်းဘဲဖိနပ်မစီး ဘဲသွားလာကြလိမ့်မည်မဟုတ်။ မြည်တမ်းငို ကြွေးမှုကိုပြုကြလိမ့်မည်မဟုတ်။ မိမိတို့၏ အပြစ်များကြောင့်သင်တို့သည်ကြုံလှီသွားကာ တစ်ဦးရှေ့တွင်တစ်ဦးညည်းတွားကြလိမ့်မည်။-
24 Hivyo Ezekieli atakuwa ishara kwenu, kama kila kitu ambacho alichokifanya mtafanya wakati hili litakapokuja. Kisha mtajua yakwamba mimi ni Bwana Yahwe!”'
၂၄ထိုအခါငါသည်သင်တို့၏ပုဗ္ဗနိမိတ်ဖြစ်၍ သင်တို့သည်ငါပြုခဲ့သမျှသောအမှုတို့ကို ပြုကြလိမ့်မည်။ ဤသို့ဖြစ်ပျက်လာသောအခါ ကိုယ်တော်သည်အရှင်ထာဝရဘုရားဖြစ်တော် မူကြောင်း သင်တို့သိရှိကြလိမ့်မည်ဟုထာဝရ ဘုရားမိန့်တော်မူ၏'' ဟုဆို၏။
25 “Lakini wewe, mwanadamu, siku ambayo nitachukua hekalu lao, ambalo ni furaha yao, kiburi chao, na kile waonacho na kutamani-na wakati nikiwachukua wana wao na binti-
၂၅ထာဝရဘုရားက``အချင်းလူသား၊ ယခုငါ သည်သူတို့ဂုဏ်ယူဝါကြွားစရာ၊ စိတ်ကြည်နူး စရာဖြစ်သောခိုင်ခံ့လှသည့်ဗိမာန်တော်ကို ဖယ်ရှားမည်။ သူတို့သည်ထိုဗိမာန်တော်ကို ကြည့်ရှုလိုကြ၏။ ထိုဗိမာန်တော်သို့သွား ရောက်လိုကြ၏။ သူတို့၏သားသမီးများ ကိုလည်းငါသည်ရုပ်သိမ်းမည်။-
26 siku hiyo, mgeni atakuja kwako kukupatia habari!
၂၆ထိုသို့ငါပြုသောနေ့၌သေဘေးမှလွတ်မြောက် လာသူတစ်စုံတစ်ယောက်သည် ဖြစ်ပျက်ခဲ့သည့် အကြောင်းအရာတို့ကိုသင့်ထံသို့လာ၍ ပြောကြားလိမ့်မည်။-
27 Siku hiyo kinywa chako kitafunguliwa kwa huyo mgeni na utaongea-hutakuwa bubu tena. Utakuwa ishara kwao hivyo basi watajua kwamba mimi ni Yahwe.
၂၇ထိုနေ့၌ပင်လျှင်သင့်နှုတ်သည်လည်းပွင့်လျက် ထိုသူနှင့်စကားပြောနိုင်လိမ့်မည်။ တိတ်ဆိတ် နေတော့မည်မဟုတ်။ ဤနည်းအားဖြင့်သင်သည် လူတို့အတွက် ပုဗ္ဗနိမိတ်ဖြစ်လိမ့်မည်။ ငါသည် ထာဝရဘုရားဖြစ်တော်မူကြောင်းကိုလည်း သူတို့သိရှိကြလိမ့်မည်'' ဟုမိန့်တော်မူ၏။