< Ezekieli 18 >

1 Neno la Yahwe likanijia tena, kusema,
တဖန်ထာဝရဘုရား၏ နှုတ်ကပတ်တော်သည် ငါ့ဆီသို့ရောက်လာ၍၊
2 “Je mnamaana gani, ninyi mliotumia hii mithali kuhusiana na nchi ya Israeli na kusema, 'Wababa wamekula zabibu mbichi, na meno ya watoto imetiwa ganzi'?
အဘတို့သည် ချဉ်သောစပျစ်သီးကို စား၍ သားတို့သည် သွားကျိန်းလျက်ရှိကြ၏ဟု၊ သင်တို့သည် ဣသရေလပြည်ကိုရည်မှတ်၍ စကားပုံကို သုံးသောအခါ အဘယ်သို့ဆိုလိုသနည်း။
3 Kama nishivyo-hivi ndivyo Bwana Yahwe asemavyo-bila shaka hakutakuwa na fursa yoyote tena kwa ajili yenu kuitumia hii mithali katika Israeli.
အရှင်ထာဝရဘုရားမိန့်တော်မူသည်ကား၊ ငါ အသက်ရှင်သည်အတိုင်း နောက်တဖန် ဣသရေလပြည် ၌ ထိုစကားပုံကိုသုံးရသော အကြောင်းမရှိရ။
4 Tazama! Kila uhai ni mali yangu-uhai wa baba na uhai wa mwana pia, ni mali yangu! roho itendayo dhambi ndiyo itakayokufa!
ဝိညာဉ်အပေါင်းတို့ကို ငါပိုင်၏။ အဘ၏ဝိညာဉ် ကို ငါပိုင်သကဲ့ သို့သား၏ဝိညာဉ်ကိုလည်း ငါပိုင်၏။ ပြစ်မှားသော ဝိညာဉ်သည် အသက်သေရမည်။
5 Itasemwaje kuhusu mtu mwenye haki na achukuaye yaliyo halali na haki-
လူမည်သည်ကား၊ သဘောဖြောင့်၍ တရား သောအမှု၊ ဟုတ်မှန်သော အမှုကိုပြုလျှင်၎င်း၊
6 kama asipokula juu ya milima au kuinua macho yake kwa sananmu za nyumba ya Israeli, na hakumnajisi mke wa jirani yake, wala kumsemesha mwanamke katika kipindi chake cha mwezi, je! Yu mwenye haki?
တောင်ပေါ်မှာမစား၊ ဣသရေလအမျိုး ကိုးကွယ်သော ရုပ်တုတို့ကို မဖူးမမျှော်၊ သူ့မယားကို မပြစ်မှား၊ ဥတုရောက်သော မိန်းမကို မချဉ်းကပ်၊
7 Je! Itasemwaje kuhusu mtu ambaye hakumkandamiza yeyote, na kumrudisha mdeni wake kwa kile kilichokuwa kimewekwa kwa ajili ya rehani, na hakuiba lakini kuwapatia chakula wenye njaa na kuwafunika uchi kwa nguo, je yu mwenye haki?
အဘယ်သူကိုမျှ မညှဉ်းဆဲ၊ ကြွေးစားပေါင်ထား သော ဥစ္စာကို ပြန်၍မပေးဘဲမနေ၊ သူ့ဥစ္စာကို အနိုင် အထက်မလုမယူ၊ ငတ်မွတ်သောသူကို ကျွေးမွေး၍၊ အဝတ်မရှိသောသူကို အဝတ်နှင့်ဖုံးလွှမ်းလျှင်၎င်း၊
8 Je! Itasemwaje kuhusu mtu ambaye hakuchukua faida kubwa kwa ile pesa aliyokopa, na hakuchukua faida kubwa kwa kile alichokiuza?
အတိုးစား၍ ငွေကိုမချေး၊ အဓမ္မအမှုကို လက်မခံ၊ သူတပါးအမှုကို တရားသဖြင့် စီရင်ခြင်း၊
9 Amesemwa kwamba amechukua yaliyo halali na kuimarisha uaminifu kati ya watu. Kama huyo mtu akitembea katika sheria zangu na kuzishika hukumu zangu kufanya kwa uaminifu, kisha ahadi kwa ajili ya mtu mwenye haki ni hii: Ataishi hakika! -hivi ndivyo Bwana Yahwe asemavyo.
ငါစီရင်ထုံးဖွဲ့သည် အတိုင်းကျင့်၍ သစ္စာ စောင့်ခြင်းကိုပြုလျှင်၎င်း၊ ထိုသူသည် ဖြောင့်မတ်သော သူဖြစ်၏။ အကယ်စင်စစ် အသက်ရှင်ရလိမ့်မည်ဟု အရှင်ထာဝရဘုရားမိန့်တော်မူ၏။
10 Lakini akizaa mwana mnyang'anyi mmwaga damu na kufanya mengi katika haya mambo kama yalivyotajwa hapa,
၁၀သို့ရာတွင်၊ ထိုသူ၏သားသည် ထားပြတိုက် သောသူ၊ လူအသက်ကိုသတ်သောသူ၊ အရင်ဆိုခဲ့ပြီးသော ဒုစရိုက်တစုံတခုကို ပြုသောသူ၊
11 hata kama baba yake hakufanya mojawapo katika haya mambo, lakini akala juu ya milima na akamnajisi mke wa jirani yake, Je! itasemwaje juu yake?
၁၁အရင်ဆိုခဲ့ပြီးသော သုစရိုက်ကိုမပြု၊ တောင် ပေါ်မှာစားခြင်း၊ သူ့မယားကိုပြစ်မှားခြင်း၊
12 Huyu mtu huwakandamiza maskini na wahitaji, na huwakamata na kuwanyang'anya, na hawarudishii dhamana, na huyanua macho yake kwa sanamu na kufanya matendo maovu,
၁၂ဆင်းရဲငတ်မွတ်သော သူကို ညှဉ်းဆဲခြင်း၊ သူ့ဥစ္စာကို အနိုင်အထက်လုယူခြင်း၊ ပေါင်ထားသော ဥစ္စာကို ပြန်၍မပေးဘဲနေခြင်း၊ ရုပ်တုကို ဖူးမျှော်ခြင်း၊ ရွံ့ရှာဘွယ်သော အမှုကိုပြုခြင်း၊
13 na hukopesha pesa kwa faida ya juu sana na kufanya faida kubwa juu ya anachokiuza, Je! huyo mtu ataishi? Hakika hataishi! Atakufa hakika na damu yake itakuwa juu yake kwa sababu amefanya haya mambo ya chuki.
၁၃အတိုးစား၍ငွေချေးခြင်းကိုပြုသော သူဖြစ်လျှင်၊ အသက်ရှင်ရမည်လော။ အသက်မရှင်ရ။ ထိုရွံ့ရှာဘွယ် သော အမှုများကိုပြုသောကြောင့်၊ စင်စစ်အသေသတ် ခြင်းကို ခံရမည်။ သေထိုက်သောအပြစ်ရှိ၏။
14 Lakini Tazama! tuseme kuna mtu aliyezaa mwana, na mwana wake huona dhambi zote za baba yake alizozifanya, na kupitia kuziona, hakuyafanya hayo mambo.
၁၄သို့ရာတွင်၊ ထိုသူ၏သားသည် အဘပြုသမျှ သော ဒုစရိုက်တို့ကို မြင်၍ဆင်ခြင်သဖြင့်၊ ထိုသို့သော အမှုတို့ကိုမပြု၊
15 Huyo mwana hakula juu ya milima, na hakuinua macho yake kwa sanamu za nyumba ya Israeli, na hakumtia unajisi mke wa jirani yake, Je! itasemwaje juu yake?
၁၅တောင်ပေါ်မှာမစား၊ ဣသရေလအမျိုးကိုးကွယ် သော ရုပ်တုတို့ကို မဖူးမမျှော်၊ သူ့မယားကိုမပြစ်မှား၊
16 Yule mwana hakumkandamiza yeyote, au kutwaa dhamana, au kupoteza vitu, lakini badala yake kutoa chakula chake kwa wenye njaa na kuwafunika wenye uchi kwa nguo.
၁၆အဘယ်သူကိုမျှ မညှဉ်းဆဲ၊ ပေါင်ထားသော ဥစ္စာကိုမသိမ်း၊ သူ့ဥစ္စာကို အနိုင်အထက်မလုမယူ၊ ငတ်မွတ်သောသူကို ကျွေးမွေးခြင်း၊ အဝတ်မရှိသော သူကိုအဝတ်နှင့်ဖုံးလွှမ်းခြင်း၊
17 Huyo mwana hakumkandamiza yeyote au au kuchukua faida ambayo ni ya juu sana au kufanya manufaa kwa ajili ya mkopo, lakini ameyashika maagizo yangu na kuenenda sawa sawa na sheria zangu; huyo mwana hatakufa kwa ajili ya dhambi za baba yake: Ataishi hakika!
၁၇ဆင်းရဲသော သူကိုချမ်းသာပေးခြင်း၊ အတိုး မစားဘဲငွေချေးခြင်းကို ပြု၍ငါစီရင်ထုံးဖွဲ့ချက်တို့ကို စောင့်ရှောက်လျှင်၊ ထိုသူသည်အဘ၏ အပြစ်ကြောင့် အသေခံရမည်မဟုတ်။ စင်စစ်အသက်ရှင်ရလိမ့်မည်။
18 Baba yake, kwa kuwa aliwakandamiza wengine kwa nguvu nyingi na kumnyang'anya ndugu yake, na kufanya yasiyo mema miongoni mwa watu wake-tazama, atakufa katika uovu wake.
၁၈အဘမူကား၊ မိမိညီအစ်ကိုကိုအထပ်ထပ် ညှဉ်းဆဲလျက်၊ သူ့ဥစ္စာကို အနိုင်အထက်လုယူလျက်၊ မိမိအမျိုးသားချင်းတိုပတွင် မကောင်းသော အမှုကို ပြုသော အပြစ်ကြောင့်၊ အသေသတ်ခြင်းကို ခံရမည်။
19 Lakini ninyi husema, 'Kwa nini mwana asibebe uovu wa baba yake?' Kwa sababu mwana hubeba yaliyo halali na haki na kuzitunza amri zangu; huzifanya. Ataishi hakika!
၁၉သင်တို့ကလည်း၊ အဘယ်သို့နည်း။ သားသည် အဘ၏ အပြစ်ကို မခံရသလောဟု မေးကြသော်၊ သား သည် တရားသောအမှု၊ ဟုတ်မှန်သောအမှုကိုပြု၍၊ ငါစီရင်ထုံးဖွဲ့သမျှအတိုင်း ကျင့်စောင့်လျှင်၊ စင်စစ် အသက်ရှင်ရလိမ့်မည်။
20 Yule atendaye dhambi, ndiye ambaye atakufa. Mwana hatabeba uovu wa baba yake, na baba hatabeba uovu wa mwana wake. Haki ya yule atendaye haki itakuwa juu yakwe mwenyewe, na uovu wa mwenye uovu utakuwa juu yake mwenyewe.
၂၀ပြစ်မှားသောသူသည် အသေခံရမည်။ သား သည် အဘ၏အပြစ်ကိုမခံရ။ အဘသည် သား၏အပြစ် ကို မခံရ။ တရားသောသူသည် တရားစွာပြုခြင်းအကျိုး ကို၎င်း၊ မတရားသောသူသည် မတရားစွာပြုခြင်း အပြစ်ကို၎င်း ခံရလိမ့်မည်။
21 Lakini kama mwovu ageukapo kutoka dhambi zake zote alizofanya, na kuzitunza sheria zangu zote na kufanya yaliyo halali na haki, kisha hakika ataishi na hatakufa.
၂၁သို့ရာတွင်၊ မတရားသောသူသည် မိမိပြုမိသမျှ သော ဒုစရိုက်တို့ကို ကြဉ်ရှောင်လျက်၊ ငါစီရင်ထုံးဖွဲ့သမျှ တို့ကို စောင့်ရှောက်၍၊ တရားသောအမှု၊ ဟုတ်မှန်သော အမှုတို့ကိုပြုလျှင်၊ သေခြင်းနှင့်လွတ်၍ စင်စစ်အသက် ရှင်ရလိမ့်မည်။
22 Makosa yote aliyoyafanya hayatakumbukwa juu yake. Ataishi kwa hiyo haki aliyoitenda.
၂၂ပြုမိသမျှသော ဒုစရိုက်အပြစ်တို့ကို သူတဘက် ၌ မမှတ်ရ။ ပြုမိသောဖြောင့်မတ်ခြင်းအမှုကြောင့် အသက် ရှင်ရလိမ့်မည်။
23 Je! Nitafurahia juu ya kifo cha mwovu-hivi ndivyo Bwana Yahwe asemavyo-na sio katika kugeuka kwake kutoka njia yake ili kwamba aweze kuishi?
၂၃မတရားသောသူသည်မိမိအကျင့် တို့ကိုရှောင်၍ အသက်မရှင်၊ အသေခံခြင်းအမှု၌ ငါသည်အနည်းငယ် သော ပျော်မွေ့ခြင်းရှိသလော။
24 Lakini kama mtu mwenye haki ageukapo kutoka kwenye haki yake na kufanya maovu na kutenda machukizo kama machukizo yote ambayo mtu mwovu afanyayo, basi ataishi? Haki yake yote aliyoifanya haitakumbukwa wakati atakaponisaliti katika uhaini wake. Hivyo atakufa katika dhambi alizofanya.
၂၄သို့ရာတွင်။ တရားသောသူသည်ဖောက်ပြန်၍၊ အဓမ္မအမှုကို၎င်း၊ မတရားသောသူပြုသမျှသော စက်ဆုပ် ရွံ့ရှာဘွယ် အမှုတို့ကို၎င်းပြုလျှင်၊ အသက်ရှင်ရမည် လော။ အရင်ပြုသမျှသော ဖြောင့်မတ်ခြင်းအမှုတို့ကို မမှတ်၊ သူသည် လွန်ကျူးသောအမှု၊ ပြစ်မှားသော အပြစ်ကြောင့် အသေသတ်ခြင်းကို ခံရလိမ့်မည်။
25 Lakini ninyi husema, 'Njia ya Bwana si sawa!' sikilizeni, nyumba ya Israeli! Je njia zangu haziko sawa? Je si njia ambazo haziko sawa?
၂၅သို့သော်လည်း သင်တို့က၊ ထာဝရဘုရား စီရင်ချက်မဖြောင့်ဟု ဆိုကြသည်တကား။ အိုဣသရေလ အမျိုး၊ ငါစီရင်ချက်သည် ဖြောင့်၍၊ သင်တို့ စီရင်ချက် ကောက်သည် မဟုတ်လော။
26 Wakati mtu mwenye haki ageukapo kutoka kwenye makosa yake, na kufanya maovu na kufa kwa sababu ya hayo, kisha atakufa katika uovu ambao alioufanya.
၂၆တရားသောသူသည် တရားသောအမှုကိုပယ်၍ အဓမ္မအမှုကို ပြုလျှင်၊ ထိုအမှုကြောင့် သေရမည်။ ပြုမိသော အဓမ္မအမှုကြောင့် အသေသတ်ခြင်းကို ခံရမည်။
27 Lakini wakati mtu mwovu ageukapo kutoka uovu wake alioufanya na kufanya yaliyo halali na haki, kisha ataulinda uhai wake.
၂၇ထိုအတူ၊ မတရားသောသူသည် မိမိပြုမိသော အဓမ္မအမှုကို ရှောင်၍၊ တရားသောအမှု၊ ဟုတ်မှန်သော အမှုကိုပြုလျှင်၊ မိမိအသက်ကို ကယ်နှုတ်ရလိမ့်မည်။
28 Kwa kuwa ameona na kugeuka kutokana na makosa yake yote ambayo aliyoyafanya. Hakika ataishi, na hatakufa.
၂၈ပြုမိသမျှသော အဓမ္မအမှုတို့ကို ဆင်ခြင်၍ ရှောင်သောကြောင့်၊ သေခြင်းနှင့်လွတ်၍ စင်စစ်အသက် ရှင်ရလိမ့်မည်။
29 Lakini nyumba ya Israeli husema, 'Njia ya Bwana haiko sawa!' Ni namna gani njia zangu si sawa, nyumba ya Israeli? Ni njia zenu ndizo si sawa.
၂၉သို့သော်လည်း ဣသရေလအမျိုးက၊ ထာဝရ ဘုရားစီရင်ချက်မဖြောင့်ဟု ဆိုကြသည်တကား။ အိုဣသ ရေလအမျိုး၊ ငါစီရင်ချက်သည် ဖြောင့်၍၊ သင်တို့ စီရင်ချက်ကောက်သည် မဟုတ်လော။
30 Kwa hiyo nitamuhukumu kila mtu miongoni mwenu kulingana na njia zake, nyumba ya Israeli! -hivi ndivyo Bwana Yahwe asemavyo. Tubuni na rudini kutoka kwenye makosa yenu yote ili kwamba wasiwe kikwazo cha uovu dhidi yenu.
၃၀သို့ဖြစ်၍၊ အိုဣသရေလအမျိုး၊ သင်တို့ အသီး အသီးကျင့်ကြသည်အတိုင်း အကျိုးအပြစ်ကိုငါစီရင်မည်။ သင်တို့သည် အဓမ္မအမှုရှိသမျှတို့ကို စွန့်ပစ်၍ ပြောင်းလဲ ကြလော့။ ပြောင်းလဲကြလော့။ ဒုစရိုက်အပြစ်ကြောင့် ထိမိ၍ ဆုံးခြင်းသို့မရောက်ကြနှင့်။
31 Tupilia mbali makosa yenu yote mliyoyafanya; jifanyieni moyo mpya na roho mpya. Kwa nini mfe, nyumba ya Israeli?
၃၁သင်တို့သည် ပြုသမျှသော လွန်ကျူးခြင်းအမှု တို့ကို စွန့်ပစ်၍ အသစ်သောနှလုံး၊ အသစ်သော စိတ် သဘောကို ပြင်ဆင်ကြလော့။ အိုဣသရေလအမျိုး၊ သင်တို့သည် အဘယ်ကြောင့် အသေသတ်ခြင်းကို ခံလို သနည်း။
32 Kwa kuwa sifurahii kifo cha yule afaye-hivi ndivyo Bwana Yahwe asemavyo-hivyo tubuni na muishi!”
၃၂အသေခံရသော သူ၏ အသေခံခြင်းအမှု၌ ငါသည် ပျော်မွေ့ခြင်းမရှိ။ ထိုကြောင့်၊ပြောင်းလဲ၍ အသက်ရှင်ကြလော့ဟု အရှင်ထာဝရဘုရား မိန့်တော် မူ၏။

< Ezekieli 18 >