< Kutoka 6 >

1 Kisha Yahweh akasema na Musa, “Sasa utaona nitakacho fanya kwa Farao. Utaona hili, kwa kuwa ata waacha waenda kwa mkono wangu hodari. Kwasababu ya mkono wangu hodari, ata waondoa nje ya nchi.”
ထာဝရဘုရားကလည်း၊ ငါသည် ဖါရောမင်း၌ အဘယ်သို့ပြုမည်ကို သင်သည် ယခုသိလိမ့်မည်။ သူသည် ကြီးစွာသောတန်ခိုးကို တွေ့မြင်၍၊ ငါ၏လူတို့ကို လွှတ်ရလိမ့်မည်။ ကြီးစွာသော တန်ခိုးကို တွေ့မြင်၍ သူတို့ကို မိမိပြည်မှနှင်ရလိမ့်မည်ဟု မောရှေအား မိန့်တော်မူ၏။
2 Mungu akasema na Musa na kumwambia, “Mimi ni Yahweh.
တဖန်ဘုရားသခင်သည် မောရှေ၌ ဗျာဒိတ်ထားတော်မူသည်ကား၊ ငါသည် ထာဝရဘုရားဖြစ်၏။
3 Nilimtokea Ibrahimu, Isaka, na Yakobo kama Mungu mwenye nguvu; lakini kwa jina langu, Yahweh, sikujuliikana kwao.
ငါသည် အာဗြဟံ၊ ဣဇာက်၊ ယာကုပ်တို့အား၊ အနန္တတန်ခိုးရှင်၊ ဘုရားသခင်နာမနှင့် ထင်ရှားသော် လည်း၊ ထာဝရဘုရားနာမအားဖြင့် သူတို့သည် ငါ့ကို မသိကြ။
4 Pia niliimarisha agano langu na wao, ilikuwapatia nchi ya Kanani, nchi walioishi kama sio raia, nchi walio tanga tanga.
သူတို့သည် အရပ်ရပ်လည်၍၊ ဧည့်သည်နေရာပြည်၊ ခါနာန်ပြည်ကို သူတို့အား ပေးခြင်းငှါ၊ သူတို့နှင့်ငါပြုသောပဋိညာဉ်ကို ငါတည်စေပြီ။
5 Zaidi ya yote, nimesikia kilio cha Waisraeli ambao wa Misri wame wa chukua watumwa, na nimekumbuka agano langu.
အဲဂုတ္တုလူတို့သည် အစေကျွန်ခံစေသော ဣသ ရေလအမျိုးသားတို့၏ ညဉ်းတွားမြည်တမ်းခြင်းအသံကို ငါကြားရပြီ။ ငါပဋိညာဉ်ကိုလည်း ငါအောက်မေ့၏။
6 Kisha basi, sema kwa Waisraeli, 'Mimi ni Yahweh. Nitawatoa kwenye utumwa chini ya wa Misri, na kuwaweka huru na nguvu zao. Nitawaokoa kwa kudhihirisha nguvu zangu, na kwa matendo ya ajabu ya hukumu.
ထိုကြောင့် ဣသရေလအမျိုးသားတို့အား ပြောရသောစကားဟူမူကား၊ ငါသည် ထာဝရဘုရား ဖြစ်၏။ ငါသည်လည်း သင်တို့ကို အဲဂုတ္တုလူတို့လက်မှ လွှတ်၍၊ သူတို့၏ ညှဉ်းဆဲခြင်းထဲက နှုတ်ယူမည်။ လက်ဆန့်ခြင်း၊ ကြီးစွာသော ဒဏ်ခတ်ခြင်းအားဖြင့် သင်တို့ကို ငါရွေးမည်။
7 Nitawaleta kwangu kama watu wangu, na nitakuwa Mungu wenu. Mtajua kuwa mimi ndiye Yahweh Mungu wenu, aliye watoa kwenye utumwa chini ya wa Misri.
ငါ၏လူမျိုးဖြစ်စေခြင်းငှါ၊ သင်တို့ကို ငါသိမ်းယူမည်။ ငါသည်လည်း သင်တို့၏ ဘုရားသခင်ဖြစ်မည်။ ငါသည်သင်တို့ကို အဲဂုတ္တုလူတို့လက်မှ လွှတ်သော သင်တို့၏ ဘုရားသခင် ထာဝရဘုရားဖြစ်ကြောင်းကို သင်တို့ သိကြလိမ့်မည်။
8 Nitawaleta kwenye nchi niliyo muahidi kumpa Ibrahimu, Isaka, na Yakobo. Nitawapa kama mali yenu. Mimi ni Yahweh.”'
ငါသည်လည်း၊ အာဗြဟံ၊ ဣဇာက်၊ ယာကုပ်တို့ အားပေးမည်ဟု ကျိန်ဆိုသောပြည်သို့ ငါပို့ဆောင်၍၊ အမွေခံစရာဘို့ပေးမည်။ ငါသည် ထာဝရဘုရားဖြစ်၏ဟု မိန့်တော်မူ၏။
9 Musa alipo waambia haya Waisraeli, hawakumsiliza kwasababu ya mateso magumu ya utumwa wao.
ထိုသို့မောရှေသည် ဣသရေလအမျိုးသားတို့အား ဆင့်ဆိုသော်လည်း၊ သူတို့သည် အလွန်စိတ်ပင်ပန်း ၍ ကြမ်းတမ်းစွာ ညှဉ်းဆဲခြင်းကို ခံရသောကြောင့်၊ မောရှေစကားကိုနားမထောင်ဘဲနေကြ၏။
10 Hivyo Yahweh akazungumza na Musa na kumwambia,
၁၀ထာဝရဘုရားကလည်း၊ အဲဂုတ္တုရှင်ဘုရင် ဖါရောမင်းထံသို့ဝင်၍၊
11 “Nenda umwambie Farao, mfalme wa Misri, awaache watu wa Israeli waondoke kwenye nchi yake.”
၁၁သူသည် ဣသရေလအမျိုးသားတို့ကို မိမိပြည်မှလွှတ်ရမည်အကြောင်း ပြောလော့ဟု မောရှေအား မိန့်တော်မူ၏။
12 Musa akamwambia Yahweh, “Kama Waisraeli hawajanisikiliza mimi, kwa nini Farao anisikillize mimi, tangu mimi sio mzuri wakuzungumza?”
၁၂မောရှေကလည်း၊ ဣသရေလအမျိုးသားတို့သည် အကျွန်ုပ်ပြောသောစကားကို နားမထောင်ဘဲ နေသည်ဖြစ်၍၊ အရေဖျားလှီးခြင်းကို မခံသောနှုတ်နှင့် ပြောတတ်သော အကျွန်ုပ်၏စကားကို ဖါရောမင်းသည် အဘယ်သို့ နားထောင်ပါမည်နည်းဟု ထာဝရဘုရားရှေ့မှာ လျှောက်ဆို၏။
13 Yahweh akasema na Musa na Aruni. Akawapa amri ya Waisraeli na Farao, mfalme wa Misri, awatoe Waisraeli kutoka nchi ya Misri.
၁၃သို့ရာတွင် မောရှေနှင့် အာရုန်သည် ဣသရေလအမျိုးသားတို့ကိုအဲဂုတ္တုပြည်မှ နှုတ်ဆောင်ရမည် အကြောင်း၊ ထာဝရဘုရားသည် သူတို့ကိုခေါ်၍ ဣသရေလအမျိုးသားတို့ထံသို့၎င်း၊ အဲဂုတ္တုရှင်ဘုရင် ဖါရော မင်းထံသို့၎င်း စေခိုင်းမှာထားတော်မူ၏။
14 Hawa walikuwa vichwa wa nyumba za baba yao: wana wa Rubeni, mzaliwa wa kwanza wa Israeli, walikuwa Hanoki, Palu, Hezroni, na Karmi. Hawa walikuwa mababu wa ukoo wa Rubeni.
၁၄ဣသရေလအဆွေအမျိုးသူကြီးတို့၏ အမည်ဟူမူကား၊ ဣသရေလသားဦးရုဗင်၏သားကား၊ ဟာနုတ်၊ ဖါလု၊ ဟေဇရုံ၊ ကာမိတည်း။ ဤသူတို့သည် ရုဗင်အမျိုးအနွယ်ဖြစ်၏။
15 Wana wa Simeoni walikuwa Yemueli, Yamini, Ohadi, Yakini, Zohari, na Shauli - mwana wa mwanamke wa Kanani. Hawa walikuwa mababu wa ukoo wa Simeoni.
၁၅ရှိမောင်၏သားကား၊ ယမွေလ၊ ယာမိန်၊ ဩဟဒ်၊ ယာခိန်၊ ဇောဟာ၊ ခါနာန်အမျိုးသမီး မိန်းမ၏သား ရှောလတည်း။ ဤသူတို့သည် ရှိမောင်အမျိုးအနွယ်ဖြစ်၏။
16 Hapa yameorodheshwa majina ya wana wa Lawi, pamoja na uzo wao. Walikuwa ni Gerishoni, Kohathi, na Merari. Lawi aliishi mpaka alipo kuwa na miaka 137.
၁၆လေဝိသား အဆွေအမျိုးအလိုက်ဟူမူကား၊ ဂေရရှုံ၊ ကောဟတ်၊ မေရာရိတည်း။ လေဝိအသက်သည် အနှစ်တရာသုံးဆယ်ခုနစ်နှစ်ရှိသတည်း။
17 Wana wa Gerishoni walikuwa Libni na Shimei.
၁၇ဂေရရှုံသားအဆွေအမျိုးအလိုက် ဟူမူကား၊ လိဗနိနှင့် ရှိမိတည်း။
18 Wana wa Kohathi walikuwa Amramu, Izhari, Hebroni, na uzieli. Kohathi aliishi hadi miaka 133.
၁၈ကောဟတ်သားကား၊ အာမရံ၊ ဣဇဟာ၊ ဟေဗြုန်၊ ဩဇေလတည်း။ ကောဟတ်အသက်သည် အနှစ်တရာသုံးဆယ်သုံးနှစ်ရှိသတည်း။
19 Wana wa Merari walikuwa Mahli na Mushi. Hawa walikuja kuwa mababu wa ukoo wa Walawi, pamoja na uzao wao.
၁၉မေရာရိသားကား၊ မဟာလိနှင့် မုရှိတည်း။ ဤသူတို့သည် လေဝိအဆွေအမျိုးအသီးအသီးဖြစ်သတည်း။
20 Amramu alimuoa Yokebedi, dada yake baba yake. Alimzalia Aruni na Musa. Amramu aliishi miaka 137 na akafa.
၂၀အာမရံသည် မိမိအရီးယောခေဗက်နှင့် စုံဘက်၍၊ သူသည် အာရုန်နှင့်မောရှေကို၎င်း၊ သူတို့အစ်မ မိရိအံကို၎င်း ဘွားလေ၏။ အာမရံအသက်သည် အနှစ်တရာ သုံးဆယ်ခုနစ်နှစ်ရှိသတည်း။
21 Wana wa Izhari walikuwa Kora, Nefegi, na Zikri.
၂၁ဣဇဟာသားကား၊ ကောရ၊ နေဖက်၊ ဇိခရိတည်း။
22 Wana wa Uzieli walikuwa Mishaeli, Elizafani na Sithri.
၂၂ဩဇေလသားကား၊ မိရှေလ၊ ဧလဇာဖန်၊ သိသရိတည်း။
23 Aruni alimuoa Elisheba, binti wa Aminadabu, dada wa Nashoni. Alimzaa Nadabu na Abihu, Eleazari na Ithamari.
၂၃အာရုန်သည် အမိနဒပ်သမီး၊ နာရှုန်နှမ ဧလိရှဘနှင့် စုံဘက်၍၊ သူသည် နာဒပ်၊ အဘိဟု၊ ဧလဇာ၊ ဣသမာတို့ကို ဘွားလေ၏။
24 Wana wa Kora walikuwa Asiri, Elikana na Abiasa. Hawa walikuwa mababu wa ukoo wa Wakora.
၂၄ကောရသားကား၊ အဿိရ၊ ဧလကာန၊ အဗျာသပ်တည်း။ ဤသူတို့သည် ကောရအဆွေအမျိုး ဖြစ်သ တည်း။
25 Eleazari, mwana wa Aruni, alimuoa mmoja wa mabinti Wa Putieli. Alimzalia Fineazi. Hawa walikuwa vichwa wa nyumba za baba yao miongoni mwa Walawi, pamoja na uzao wao.
၂၅အာရုန်သား ဧလဇာသည် ပုတျေလသမီး တယောက်နှင့်စုံဘက်၍၊ သူသည် ဖိနဟတ်ကိုဘွားလေ၏။ ဤသူတို့သည် လေဝိအမျိုး၊ အသီးအသီးတို့၏ အဆွေအမျိုးသူကြီး ဖြစ်ကြသတည်း။
26 Hawa wanaume wawili walikuwa Musa na Aruni ambao Yahweh alisema, “Waleteni Waisraeli kutoka nchi ya Misri, kwa makundi ya wanaume wapiganaji.”
၂၆ထာဝရဘုရားက ဣသရေလအမျိုးသား ဗိုလ်ပါတို့ကို အဂုတ္တုပြည်မှ နှုတ်ဆောင်လော့ဟု မိန့်တော်မူ သောစကားကို ခံသောသူ၊
27 Aruni na Musa wakazungumza na Farao, mfalme wa Misri, awaruhusu Waisraeli watoke Misri. Hawa walikuwa Musa na Aruni wale wale.
၂၇ဣသရေလအမျိုးသားတို့ကို အဲဂုတ္တုပြည်မှ နှုတ်ဆောင်ခြင်းငှါ၊ အဲဂုတ္တုရှင်ဘုရင် ဖါရောမင်းထံ၌ လျှောက်ရသောသူတို့သည်၊ ထိုအာရုန်နှင့်မောရှေ ဖြစ်သတည်း။
28 Pale Yahweh alipo zungumza na Musa katika nchi ya Misri,
၂၈အဲဂုတ္တုပြည်မှာ ထာဝရဘုရားသည်၊ မောရှေအား ဗျာဒိတ်ထားတော်မူသောနေ့ရက်၌လည်း၊
29 alimwambia, “Mimi ni Yahweh. Sema kwa Farao, mfalme wa MIsri, kila kitu nitacho kwambia.”
၂၉ငါသည် ထာဝရဘုရားဖြစ်၏။ ငါမှာလိုက်သမျှတို့ကို၊ အဲဂုတ္တုရှင်ဘုရင် ဖါရောမင်းအား ပြန်ပြောရမည် ဟု မောရှအား ထာဝရဘုရား မိန့်တော်မူ၏။
30 Lakini Musa alimwambia Yahweh, “Mimi sio mzuri wa kuongea, hivyo kwanini Farao anisikilize mimi?”
၃၀မောရှေကလည်း၊ အကျွန်ုပ်သည် အရေဖျားလှီးခြင်းကို မခံသောနှုတ်ရှိသည်ဖြစ်၍၊ ဖါရောဘုရင်သည် အကျွန်ုပ်စကားကို အဘယ်သို့ နားထောင်ပါလိမ့်မည်နည်းဟု ထာဝရဘုရားရှေ့မှာ လျှောက်ဆို၏။

< Kutoka 6 >