< Kutoka 14 >

1 Yahweh akasema na Musa na kumwambia,
ထာဝရဘုရား ကလည်း ၊ ဣသရေလ အမျိုးသား တို့သည် လည် ၍ ၊ ပိဟဟိရုတ် မြို့နား၊
2 “Waambie Waisraeli wageuke na kueka kambi mbele ya Pi Hahirothi, katikati ya Migdoli na bahari, mbele ya Baali Zefoni. Wapaswa kueka kambi pembenni ya Pi Hahirothi.
မိဂဒေါလ မြို့နှင့် ပင်လယ် စပ်ကြား ၊ ဗာလဇေဖုန် မြို့ရှေ့ မှာ တပ်ချ စေခြင်းငှာ မှာ လိုက်လော့။ ထိုမြို့ရှေ့၊ ပင်လယ် ကမ်းနားမှာ တပ်ချ ရကြမည်။
3 Farao atasema kuhusu Waisraeli, 'Wanaangaika kwenye nchi. Nyikani imewafunika.'
အကြောင်းမူကား၊ ဖာရော ဘုရင်က၊ ဣသရေလ အမျိုးသား တို့သည် ကျဉ်းကျုပ် ရာသို့ ရောက် ကြပြီ။ တော လမ်းပိတ် လျက်ရှိ၏ဟု ဆို လိမ့်မည်။
4 Nitaufanya moyo wa Farao mgumu, na yeye ata wakimbiza. Nitapata utukufu kwasababu ya Farao na jeshi lake lote. Wamisri watajua mimi ni Yahweh.” Kisha Waisraeli wakaeka kambi kama walivyo elekezwa.
ငါသည်လည်း ၊ ဖာရော ဘုရင်၏ နှလုံး ကို ခိုင်မာ စေ၍ ၊ သူသည် ဣသရေလ တို့ကို လိုက် လိမ့်မည်။ ငါ သည် ထာဝရဘုရား ဖြစ်ကြောင်းကို အဲဂုတ္တု လူတို့သည် သိ စေခြင်းငှာ၊ ထိုမင်း နှင့် သူ ၏စစ်သူရဲ အလုံးအရင်း အားဖြင့် ငါ့ဘုန်းပွင့် လိမ့်မည်ဟု မောရှေ အား မိန့် တော်မူသည်အတိုင်း ၊ ထိုသူတို့သည် ပြု ကြ၏။
5 Mfalme wa Misri alipo ambiwa Waisraeli wametoroka, nia ya Farao na watumishi wake ikageuka dhidi ya watu. Wakasema, “Tumefanya nini kwa kuwaacha Waisraeli waende huru na wasitutumikie?”
ထိုလူ တို့ထွက်ပြေး ကြောင်း ကို၊ အဲဂုတ္တု ရှင်ဘုရင် အား ကြား ရှောက်သဖြင့် ၊ သူ မှစ၍ ကျွန် များတို့သည် မနာလိုသောစိတ် ဖောက်ပြန် လျှင်၊ ငါတို့သည် ဤ သို့ပြု ၍ ဣသရေလ လူတို့ကို ငါ တို့စေခိုင်း ရာမှ အဘယ်ကြောင့် လွှတ် ရသနည်းဟု ပြောဆို ကြ၏။
6 Kisha Farao akachukuwa magari yake ya farasi na jeshi lake.
ထိုအခါ ဖာရောဘုရင်သည်၊ ရထား တော်ကို ပြင် ၍ ၊ မိမိ လူ အပေါင်းတို့ကို ခေါ် လေ၏။
7 Alichukuwa magari ya farasi mia sita imara na magari yote ya farasi ya Misri, pamoja na maafisa wa hayo magari.
ရွေး သော ရထား ခြောက် ရာ ၊ အဲဂုတ္တု မြင်းစီးသူရဲ အပေါင်း နှင့်တကွ ၊ ဗိုလ် မင်းအသီးအသီး တို့ကို ခေါ်ယူ လေ၏။
8 Yahweh akafanya mgumu moyo wa Farao, mfalme wa Misri, na mfalme akawafukuzia Waisraeli. Sasa Waisraeli waliondoka kwa shangwe.
ထာဝရဘုရား သည်၊ ဖာရော ဘုရင် ၏ နှလုံး ကို ခိုင်မာ စေတော်မူသဖြင့် ၊ သူသည် ဣသရေလ အမျိုးသား တို့ကို လိုက် လေ၏။ သို့သော်လည်း၊ ဣသရေလ လူ တို့သည် ဝါကြွား သောအခြင်းအရာနှင့် ထွက်သွား ကြ၏။
9 Lakini Wamisri wali wafukuzia, pamoja na farasi na magari ya farasi, wapanda farasi, na jeshi lake. Walikuta Waisraeli wameeka kambi pembezoni mwa bahari kati ya Pi Hahirothi na Baali Zefoni.
ထိုသို့ ဖာရော ဘုရင်၏ မြင်း တော်၊ ရထား တော်၊ မြင်းစီးသူရဲ ဗိုလ်ပါ ၊ အဲဂုတ္တု လူအပေါင်းတို့သည် လိုက် ၍ ပိဟဟိရုတ် မြို့နား ၊ ဗာလဇေဖုန် မြို့ရှေ့ ၌ ပင်လယ် ကမ်းနားမှာ တပ်ချ လျက်နေသောဣသရေလ လူတို့ကို မှီ ကြ၏။
10 Farao alipo karibia, Waisraeli walitaza juu na kushangaa. Wamisri walikuwa wakija kwao, na waliogopa. Waisraeli walimlilia Yahweh.
၁၀ဖာရော ဘုရင်သည် ချဉ်း လာသောအခါ ၊ ဣသရေလ အမျိုးသား တို့သည် မြော် ကြည့်၍ ၊ အဲဂုတ္တု လူတို့ စစ်ချီ လာကြောင်းကို မြင် လျှင် ၊ အလွန် ကြောက်လန့် ၍ ထာဝရဘုရား အား အော်ဟစ် ကြ၏။
11 Walimwambia Musa, “Ni kwasababu hakukuwa na makaburi Misri, hadi umetuleta tufe huku nyikani? Kwanini umetutendea hivi, kwa kututoa Misri?
၁၁မောရှေ ကို လည်း ၊ အဲဂုတ္တု ပြည်၌ သင်္ချိုင်း မ ရှိသောကြောင့် ၊ ဤတော ၌ သေ စေခြင်းငှာ ငါ တို့ကို ဆောင် ခဲ့သလော။ ငါ တို့ကို ဤ သို့ပြု ၍၊ အဲဂုတ္တု ပြည်မှ အဘယ်ကြောင့် ဆောင် ခဲ့သနည်း။
12 Hili si ndilo tulilo kwambia Misri? Tulikwambia, 'Utuache, ili tuwafanyie Wamisri kazi.' Ingekuwa bora kwetu sisi kuwafanyia kazi kuliko kufa nyikani.”
၁၂ငါ တို့သည် အဲဂုတ္တု လူတို့ထံ၌ အစေ ကျွန်ခံနေလျက် ရှိ ကြပါစေဟု အဲဂုတ္တု ပြည်၌ ငါတို့ပြော ရာတွင်၊ ဤ အမှု ကို ရည်ဆောင်၍ ပြော သည်မဟုတ် လော။ ငါ တို့သည် ဤတော ၌ သေ ရသည်ထက် ၊ အဲဂုတ္တု လူတို့ထံ၌ အစေ ကျွန်ခံလျှင် သာ၍ ကောင်းသည်ဟု ဆို ကြ၏။
13 Musa akawaambia watu, “Msiogope. Simameni imara na muone wokovu Yahweh atakao uleta kwenu leo. Kwa maana hamtawaona tena Wamisri mnao waona leo.
၁၃မောရှေ ကလည်း မ စိုးရိမ် ကြနှင့်။ ငြိမ်ဝပ်စွာရပ် နေကြ။ ထာဝရဘုရား သည်၊ ယနေ့ ပြ တော်မူသော ကယ်တင် ခြင်းကို ကြည့်ရှု ကြလော့။ သင်တို့သည် ယနေ့ မြင် သော အဲဂုတ္တု လူတို့ကို၊ နောက်တဖန် အလျှင်းမ မြင် ရကြ။
14 Yahweh ata wapigania, na ninyi mtasima imara.”
၁၄သင် တို့ဘက် ၌ ထာဝရဘုရား သည် စစ်တိုက် တော်မူလိမ့်မည်။ သင် တို့သည် ငြိမ်ဝပ် စွာနေရကြမည်ဟု လူ များတို့အား ဆို ၏။
15 Kisha Yahweh akamwambia Musa, “Kwanini wewe, Musa, unaendelea kuniita mimi? Waambie Waisraeli waendelee mbele.
၁၅ထာဝရဘုရား ကလည်း ၊ အဘယ်ကြောင့် ငါ့ ကို အော်ဟစ် သနည်း။ ဣသရေလ အမျိုးသား တို့သည် တက်သွား စေခြင်းငှာ မှာ လိုက်လော့။
16 Nyanyua gongo lako juu, nyoosha mkono wako kuelekea baharini na uigawanye sehemu mbili, ili watu wa Israeli wapite baharini kwenye nchi kavu.
၁၆သင် မူကား ၊ လှံတံ ကို ချီ ပြီးလျှင် ၊ ပင်လယ် ပေါ် မှာ လက် ကိုဆန့် ၍ ပင်လယ် ရေကို ခွဲ လော့။ ဣသရေလ အမျိုးသား တို့သည် ပင်လယ် အလယ်၌ မြေ ပေါ် မှာ ရှောက်သွား ရကြမည်။
17 Jitahadharishe kuwa nitafanya mioyo ya Wamisri kuwa migumu ili wawafuate. Nitapata utukufu kwasababu ya Farao na jeshi lake lote, magari yake ya farasi, na wapanda farasi.
၁၇ငါ သည်လည်း အဲဂုတ္တု လူတို့၏ နှလုံး ကို ခိုင်မာ စေသဖြင့် ၊ သူတို့သည် လိုက် ကြလိမ့်မည်။ ဖာရော ဘုရင်နှင့် သူ ၏ဗိုလ်ခြေ ၊ ရထား ၊ မြင်းစီးသူရဲ များအားဖြင့် ငါ့ဘုန်းပွင့် လိမ့်မည်။
18 Kisha Wamisri watajua kuwa mimi ni Yahweh nitakapo pata utukufu kwasababu ya Farao, magari yake ya farasi, na wapanda farasi wake.”
၁၈ထိုသို့ ဖာရော ဘုရင်နှင့် သူ ၏ရထား များ၊ မြင်းစီးသူရဲ များအားဖြင့် ငါ့ ဘုန်းပွင့် သောအခါ ၊ ငါ သည် ထာဝရဘုရား ဖြစ်ကြောင်းကို ၊ အဲဂုတ္တု လူတို့သည် သိရ ကြလိမ့်မည်ဟု မောရှေ အား မိန့် တော်မူ၏။
19 Malaika wa Mungu, aliyeenda mbele ya Waisraeli, aliama na kwenda nyuma yao. Nguzo ya wingu ili sogea mbele yao na kwenda kusimama nyumba yao.
၁၉ထိုအခါ ဣသရေလ တပ် ရှေ့မှာ သွား သော ဘုရား သခင်၏ ကောင်းကင်တမန် သည် နောက်၌ လိုက် သဖြင့်၊ မိုဃ်းတိမ် တိုင် သည် သူ တို့ရှေ့ က ရွှေ့ ၍ နောက်၌ ရပ် နေလေ၏။
20 Wingu lilikuja katikati ya kambi ya Misri na kambi ya Israeli. Lilikuwa wingu jeusi kwa Wamisri, lakini liliangaza usiku kwa ajili ya Waisraeli, hivyo upande mmoja haukuweza kuja karibu ya mwingine usiku wote.
၂၀ထိုသို့ အဲဂုတ္တု တပ် နှင့် ဣသရေလ တပ် စပ်ကြား သို့ ရောက် လျှင် ၊ အဲဂုတ္တုလူတို့၌ မိုက် သော မိုဃ်းတိမ် ဖြစ်၍၊ ဣသရေလလူတို့အား အလင်း ကိုပေး လျက်နေသဖြင့် ၊ တညဉ့် လုံး တပ်တဦး နှင့်တဦးမ ချဉ်း နိုင်ရာ။
21 Musa akanyoosha mkono wake kuelekea bahari. Yahweh akasogeza bahari nyuma kwa upepo mkali wa mashariki usiku huo wote na kufanya bahari nchi kavu. Kwa namna hii maji yaligawanyika.
၂၁မောရှေ သည် ပင်လယ် ပေါ် မှာ လက် ကိုဆန့် ၍ ၊ ထာဝရဘုရား သည် တညဉ့် လုံး ၌ အားကြီး သော အရှေ့ လေ အားဖြင့် ပင်လယ် ရေကို လှန် ပြန်၍ ၊ မြေ ကို ပေါ်စေတော်မူသည်နှင့် ၊ ရေ သည် ကွဲပြတ် လျက်ရှိ၏။
22 Waisraeli walienda katikati ya bahari kwa nchi kavu. Maji yaliunda ukuta mkono wao wa kulia na mkono wao wa kushoto.
၂၂ဣသရေလ အမျိုးသား တို့သည် ပင်လယ် အလယ် ၌ မြေ ပေါ် မှာ ရှောက်သွား ကြ၍ ၊ ရေ သည် သူ တို့ လက်ျာ ဘက်၊ လက်ဝဲ ဘက်မှာ ကျောက်ထရံ ကဲ့သို့ရှိနေ၏။
23 Wamisri waka wafukuzia. Wali wafuata hadi katikati ya bahari - farasi wote wa Farao, magari ya farasi, na wapanda farasi.
၂၃အဲဂုတ္တု လူများ၊ ဖာရော ဘုရင်၌ပါသောမြင်း ၊ ရထား ၊ မြင်းစီးသူရဲ အပေါင်း တို့သည်၊ ပင်လယ် အလယ် သို့ လိုက် ဝင် ကြ၏။
24 Lakini masaa ya mapema ya asubui, Yahweh alitazama chini jeshi la Wamisri kupitia nguzo ya moto na wingu. Alisababisha hofu miongoni mwa Wamisri.
၂၄နံနက် ယံ ၌ ထာဝရဘုရား သည် မီး မိုဃ်းတိမ် တိုင် အားဖြင့် အဲဂုတ္တု တပ် ကို ကြည့်ရှု ၍ နှောင့်ရှက် တော်မူ၏။
25 Magari yao ya farasi yalikuwa yana kwama matairi, na wapanda farasi waliendesha kwa ugumu. Hivyo Wamisri walisema, “Acha tuwakimbie Waisraeli, kwa kuwa Yahweh anawapigania dhidi yetu.”
၂၅သူ တို့ရထား အသွား ခက် စေခြင်းငှာ ရထားဘီး များကို ချို့တဲ့ စေတော်မူ၏။ အဲဂုတ္တု လူတို့ကလည်း ၊ ဣသရေလ လူတို့ထံမှ ပြေး ကြစို့။ ထာဝရဘုရား သည် သူ တို့ဘက်၊ အဲဂုတ္တု လူတို့တဘက်၌ စစ်တိုက် သည်ဟု ပြောဆို ကြ၏။
26 Yahweh akamwambia Musa, “Nyoosha mkono kuelekea bahari ili maji yawarudie Wamisri, magari yao ya farasi, na wapanda farasi wao.”
၂၆ထာဝရဘုရား ကလည်း ၊ ပင်လယ်ရေ သည် အဲဂုတ္တု လူများ၊ ရထား များ၊ မြင်းစီးသူရဲ များတို့အပေါ် သို့ ပြန် စေခြင်းငှာ ၊ ပင်လယ် အပေါ် မှာ လက် ကိုဆန့် လော့ဟု မောရှေ အား မိန့် တော်မူသည်အတိုင်း၊
27 Hivyo Musa akanyoosha mkono wake kuelekea bahari, na ikarudi kwenye hali yake ya kawaida palipo pambazuka. Wamisri walikimbilia ndani ya bahari, na Yahweh akawaingiza Wamisri katikati ndani yake.
၂၇မိုဃ်းလင်း သောအခါ ၊ မောရှေ သည် လက် ကို ပင်လယ် ပေါ် မှာ ဆန့် သဖြင့် ၊ ပင်လယ် ရေသည် အားကြီး၍ ပြန် လာသည်ကို၊ အဲဂုတ္တု လူတို့သည် ပြေး ကြသော်လည်း၊ ထာဝရဘုရား သည် သူ တို့ကို ပင်လယ် အလယ် ၌ လှဲ တော်မူ၏။
28 Maji yakarudi na kufunika magari ya farasi ya Farao, wapanda farasi, na jeshi lake lote lililo fuata magari ya farasi kwenye bahari. Hakuna aliyepona.
၂၈ထိုသို့ ပင်လယ်ရေ သည် ပြန်လာ ၍ ၊ ပင်လယ် ထဲသို့ လိုက် ဝင်သော ဖာရော ဘုရင်၏ ရထား ၊ မြင်းစီးသူရဲ ၊ ဗိုလ်ခြေ အပေါင်း တို့ကို လွှမ်းမိုး သဖြင့်၊ တစုံတယောက် မျှ မ ကျန်ရစ် ရ၊
29 Walakini, Waisraeli walitembea kwenye nchi kavu katikati ya bahari. Maji yalikuwa ukuta kwao mkono wa kulia na mkono wa kushoto.
၂၉ဣသရေလ အမျိုးသား တို့မူကား ၊ ပင်လယ် အလယ် ၌ မြေ ပေါ်မှာ ရှောက်သွား ၍ ၊ ရေ သည် သူ တို့လက်ျာ ဘက်၊ လက်ဝဲ ဘက်မှာ ကျောက်ထရံ ကဲ့သို့ရှိနေ၏။
30 Hivyo Yahweh akaokoa Israeli hiyo siku kutoka mkono wa Wamisri, na Israeli ikaona maiti za Wamisri ufukweni.
၃၀ထိုသို့ ထာဝရဘုရား သည် ထိုနေ့ ၌ ဣသရေလ လူတို့ကို ၊ အဲဂုတ္တု လူတို့လက် မှ ကယ်လွှတ် တော်မူသဖြင့် ၊ ပင်လယ် ကမ်းနား မှာ အဲဂုတ္တု လူ အသေ ကောင်တို့ကို မြင် ရကြ၏။
31 Israeli ilipoona nguvu kubwa Yahweh aliyo itumia dhidi ya Wamisri, watu walimsifu Yahweh, na kumwamini Yahweh na mtumishi wake Musa.
၃၁ထိုသို့ အဲဂုတ္တု လူတို့၌ ထာဝရဘုရား ပြု တော်မူသော အမှု ကြီး ကို၊ ဣသရေလ လူတို့သည် မြင် ၍ ၊ ထာဝရဘုရား ကို ကြောက်ရွံ့ ကြ၏။ ထာဝရဘုရား နှင့် ကိုယ်တော် ၏ ကျွန် မောရှေ ကို ယုံကြည် ကြ၏။

< Kutoka 14 >