< Mhubiri 3 >

1 Kwa kuwa kila kitu na wakati wake, na majira kwa kila kusudi chini ya mbingu.
ခပ်သိမ်းသော အမှုအရာတို့သည် မိမိတို့အချိန် ရှိ၏။ မိုဃ်းကောင်းကင်အောက်၌ ကြံစည်သမျှ အသီးသီး ကို့ကို ပြုရသောအချိန်ရှိ၏။
2 Kuna wakati wa kuzaliwa na wakati wa kufa, wakati wa kupanda na wakati wa kung'oa yaliyopandwa,
ဘွားချိန်နှင့်သေချိန်လည်းရှိ၏။ စိုက်ပျိုးရသော အချိန်နှင့် စိုက်ပျိုးရသောအရာကို နှုတ်ရသေအချိန် လည်း ရှိ၏။
3 wakati wa kuua na wakati wa kuponya, wakati wa kubomo na wakati wa kujenga.
သတ်ရသောအချိန်နှင့် အနာပျောက်စေရသော အချိန်လည်း ရှိ၏။ ဖြိုဖျက်ရသော အချိန်နှင့် တည် ဆောက်ရသော အချိန်လည်း ရှိ၏။
4 Kuna wakati wa kulia na wakati wa kucheka, wakati wa kuomboleza na wakati kucheza,
ငိုရသောအချိန်နှင့် ရယ်ရသောအချိန်လည်းရှိ၏။ ညည်းတွားရသောအချိန်နှင့် ကခုန်ရသော အချိန်လည်း ရှိ၏။
5 wakati wa kutupa mawe na wakati wa kukusanya mawe, wakati wa kukumbatia watu wengine wakati wa kutokumbatia.
ကျောက်တို့ကို ဖြန့်ကြဲရသောအချိန်နှင့် စုသိမ်းရ သော အချိန်လည်း ရှိ၏။ ဘက်ယမ်းရသောအချိန်နှင့်၊ မဘက်ယမ်းဘဲ ခွဲခွါ၍ နေရသောအချိန်လည်း ရှိ၏။
6 Kuna wakati wa kutafuta vitu na wakati wa kutotafuta, wakati wa kutunza vitu na wakati wa kuvitupa,
ဆည်းဖူးရသောအချိန်နှင့် ဥစ္စာပျောက်ရသော အချိန်လည်းရှိ၏။ သိုထားရသောအချိန်နှင့် ပစ်လိုက် ရသောအချိန်လည်းရှိ၏။
7 wakati kuchana mavazi na wakati wa kuyashona, wakati wa kunyamaza na wakati wa kuzungumza.
အဝတ်ကို ဆုတ်ရသောအချိန်နှင့် ချုပ်ရသော အချိန်လည်းရှိ၏။ တိတ်ဆိတ်စွာနေသောအချိန်နှင့်၊ စကားပြောရသော အချိန်လည်းရှိ၏။
8 Kuna wakati wa kupenda na wakati wa kuchukia, wakati wa vita na wakati wa amani.
ချစ်ရသောအချိန်နှင့် မုန်းရသောအချိန်လည်း ရှိ၏။ စစ်တိုက်သောအချိန်နှင့် စစ်ငြိမ်းရသောအချိန် လည်း ရှိ၏။
9 Ni faida gani mfanyakazi aipatayo katika kazi yake?
လုပ်ကိုင်သောသူသည် ကြိုးစားအားထုတ်ရာ တွင်၊ အဘယ်ကျေးဇူးရှိသနည်း။
10 Nimeona kazi ambayo Mungu amewapa wanadamu kuitimiza.
၁၀လူသားတို့ ကျင်လည်ရာဘို့ ဘုရားသခင် ပေးတော်မူသော ပင်ပန်းခြင်းအမှုကို ငါကြည့်မြင်ပြီ။
11 Mungu amefanya kila kitu kufaa kwa wakati wake. Pia ameweka umilele ndani ya mioyo yao. Lakini mwanadamu hawezi kuelewa matendo ambayo Mungu ameyafanya, tangu mwanzo wao hadi mwisho.
၁၁ခပ်သိမ်းသောအရာတို့ကို မိမိတို့အချိန်တန်မှ၊ လျောက်ပတ်စွာ ဖန်ဆင်းတော်မူပြီ။ လူစိတ်နုလုံးကို လည်း အနန္တကာလ၌ စွဲလန်းစေတော်မူပြီ။ သို့ရာတွင်၊ ဘုရားသခင်စီရင်တော်မူသောအမှုကို၊ အစမှအဆုံး တိုင်အောင်၊ လူသည် စစ်၍မကုန်နိုင်။
12 Ninajua kuwa hakuna kilicho bora kwa mtu yeyote kuliko kufurahi na kutenda mema maadamu anaishi-
၁၂ရွှင်လန်းခြင်းအမှုနှင့် အသက်ရှင်စဉ်တွင် ကျေးဇူး ပြုခြင်း အမှုမှတပါး အခြားသော အမှုအရာတို့၌၊ အကျိုး ကျေးဇူးမရှိသည်ကို ငါသိ၏။
13 na kwamba kila mmoja anapaswa ale na kunywa na anapaswa kuelewa jinsi ya kufurahia mazuri ambayo yanatoka katika kazi zake zote. Hii ni zawadi kutoka kwa Mungu.
၁၃လူတိုင်းစားသောက်ခြင်းငှါ၎င်း၊ မိမိကြိုးစား အားထုတ်သမျှသောအမှု၌ ပျော်မွေ့ခြင်းငှါ၎င်း၊ ဘုရားသခင် ၏ ကျေးဇူးတော်ကြောင့်သာ အခွင့်ရှိ၏။
14 Ninajua kwamba chochote afanyacho Mungu kinadumu milele. Hakuna kinaweza kuongezwa au kuondolea, kwa sababu Mungu ndiye aliyekifanya, ili kwamba watu wamsogelee kwa heshima.
၁၄ဘုရားသခင်ပြုတော်မူသမျှသောအမှုသည် နိစ္စ ထာဝရဖြစ်သည်ကို ငါသိ၏။ ထပ်၍မပြုနိုင်ရာ။ နှုတ်၍ မယူနိုင်ရာ။ လူတို့သည် ရှေ့တော်၌ ကြောက်ရွံ့မည် အကြောင်း၊ ဘုရားသခင်ပြုတော်မူ၏။
15 Chochote kilichopo kimekwisha kuwepo; chochote kitakachokuwepo kimekwisha kuwepo. Mungu huwafanya wanadamu kutafuka vitu vilivyjificha.
၁၅ဖြစ်ဘူးသောအရာသည် ယခုဖြစ်သောအရာနှင့် တူ၏။ ဖြစ်လတံ့သောအရာသည်လည်း၊ ဖြစ်ဘူးသော အရာနှင့်တူ။ လွန်ပြီးသောအရာတို့ကိုလည်း ဘုရားသခင် တောင်းပြန်တော်မူ၏။
16 Na nimeona kwamba chini ya jua ubaya upo mahali palipopaswa kuwa na haki, na sehemu ya haki mara nyingi ina ubaya.
၁၆ထိုမှတပါး၊ နေအောက်မှာ တရားစီရင်ရာအရပ် ၌ အဓမ္မအမှုရှိသည်ကို၎င်း၊ ဖြောင့်မတ်ရာအရပ်၌ ဒုစရိုက် ရှိသည်ကို၎င်း ငါမြင်ပြီ။
17 Nikasema moyoni mwangu, “Mungu atahukumu mwenye haki na mbaya kwa wakati muafaka kwa kila jambo na kila tendo.
၁၇ဘုရားသခင်သည် ဖြောင့်မတ်သောသူတို့၏အမှု နှင့်၊ မတရားသောသူတို့၏အမှုကို စစ်ကြောစီရင်တော်မူ မည်ဟု ငါအောက်မေ့၏။ အကြောင်းမူကား၊ ခပ်သိမ်း သောအကြံ၊ ခပ်သိမ်းသော အမှုတို့ကို စစ်ကြောစီရင် ရသော အချိန်ရှိ၏။
18 Nikasema moyoni mwangu, “Mungu huwajaribu wanadamu kuwaonyesha kwamba wao ni kama wanyama.”
၁၈လူသားတို့နေရာကို ရည်မှတ်၍ ငါအောက်မေ့ သည်ကား၊ လူတို့ကို ဘုရားသခင် စုံစမ်းတော်မူမည် အကြောင်းနှင့်၊ သူတို့သည် တိရစ္ဆာန်ကဲ့သို့ဖြစ်သည်ကို သူတို့သိမြင်မည်အကြောင်း၊ နေရာကျသတည်း၊
19 Kwa kuwa mwisho watoto wa wanadamu na mwisho wa wanyama ni sawa. Kifo cha mmoja ni sawa na kifo cha mwingine. Wote wana pumzi sawa. Hakuna faida kwa mwanadamu zaidi ya wanyama. Kwa kuwa hakuna kila kitu isipokuwa pumzi?
၁၉လူသားတွေ့ကြုံသော အမှုကို တိရစ္ဆာန် တွေ့ကြုံတတ်၏။ ထိုသူနှစ်ဦးတို့သည် တပါးတည်းသောအမှုကို တွေ့ကြုံလျက်၊ တဦးသေသကဲ့သို့ တဦးသေတတ်၏။ အလုံးစုံတို့သည် အသက်တမျိုးတည်းရှိကြ၏။ သို့ဖြစ်၍၊ လူသည်တိရစ္ဆာန်ထက် ထူးမြတ်သော အကြောင်းမရှိ။ အလုံးစုံတို့သည် အနတ္တဖြစ်ကြ၏။
20 Kila kitu kinaenda sehemu moja. Kila kitu kinatoka mavumbini, na kila kitu kinarudi katika mavumbini.
၂၀အလုံးစုံတို့သည် တခုတည်းသောအရပ်သို့ ရောက်တတ်ကြ၏။ အလုံးစုံတို့သည် မြေမှုန့်ထဲကဖြစ် သည်နှင့်အညီ၊ မြေမှုန့်ထဲသို့ ပြန်သွားတတ်ကြ၏။
21 Ni nani ajuaye kama roho ya mwanadamu inaenda juu na roho ya wanyama inaenda chini ya nchi?
၂၁သို့ရာတွင်၊ အထက်သို့တက်သော လူသား၏ ဝိညာဉ်ကို၎င်း၊ အောက်အရပ်မြေသို့ဆင်းတတ်သော တိရစ္ဆာန်၏ဝိညာဉ်ကို၎င်း၊ အဘယ်သူသည် ပိုင်းခြား၍ သိသနည်း။
22 kwa hiyo tena nikatambua kwamba hakuna lililo jema kwa yeyote zaidi ya kufurahia kazi yake, kwa kuwa hilo ndilo jukumu lake. Ni nani awezaye kumleta tena kuona kinachotokea baada yake?
၂၂လူသည်မိမိပြုမူရာ၌ ပျော်မွေ့ခြင်းအမှုထက် သာ၍ ကောင်းသောအမှုမရှိသည်ကို ငါသိမြင်၏။ ထိုအမှုသည်သူ၏ အဘို့ဖြစ်၏။ သူသည် မိမိနောက်မှာ အဘယ်သို့ဖြစ်လတံ့သည်ကို သိမြင်မည်အကြောင်း၊ အဘယ်သူဆောင်ခဲ့လိမ့်မည်နည်း။

< Mhubiri 3 >