< Mhubiri 11 >

1 Peleka mkate wako juu ya maji, kwa kuwa utaupata tena baada ya siku nyingi.
သင်၏အစာကို ရေပေါ်မှာပစ်ချလော့။ ကာလ ကြာမြင့်မှ တဖန်တွေ့လေဦးမည်။
2 Shiriki mkate na watu saba, hata wanane kwa kuwa haujui ni majanga gani yanayo kuja juu ya nchi.
လူခုနစ်ယောက်မက၊ ရှစ်ယောက်တို့အား ဝေမျှ လော့။ မြေပေါ်မှာအဘယ်အမှုရောက်မည်ကို သင်မသိ။
3 Kama mawingu yamejaa mvua, yanajivua yenyewe chini ya nchi. Na kama mti ukianguka kuelekea kusini au kuelekea kaskazini, popote mti unapoangukia papo hapo utabakia.
မိုဃ်းတိမ်တို့သည် မိုဃ်းရေနှင့်ပြည့်သောအခါ မြေပေါ်မှာရွာတတ်၏။ သစ်ပင်သည် တောင်ဘက်သို့ လဲသည်ဖြစ်စေ၊ မြောက်လက်သို့လဲသည်ဖြစ်စေ၊ လဲသောအရပ်၌ နေရာကျ၏။
4 Yeyote autazamaye upepo yawezekana asipande, na yeyote atazamaye mawingu yawezekana asivune.
လေကိုမှတ်တတ်သောသူသည် မျိုးစေ့ကိုမကြဲ။ မိုဃ်း တိမ်တို့ကို ပမာဏပြုတတ်သော သူသည်လည်း စပါးကိုမရိပ် ရာ။
5 Kama usivyo jua njia ya upepo, wala vile ambavyo mtoto akuavyo tumboni, vivyo hivyo huwezi kuielewa kazi ya Mungu, aliye umba kila kitu.
နံဝိညာဉ်သွားရာလမ်းကို၎င်း၊ ကိုယ်ဝန်ဆောင် သော မိန်းမဝမ်း၌အရိုးတို့သည် အဘယ်သို့တိုးပွားသည်ကို ၎င်း မသိနိုင်သကဲ့သို့၊ အလုံးစုံတို့ကို ဖန်ဆင်းတော်မူသော ဘုရားသခင်၏အမှုတော်တို့ကို မသိနိုင်။
6 Asubuhi panda mbegu yako; hadi jioni, fanya kazi kwa mikono yako kama inavyo hitajika kwa kuwa haujui ni ipi itafanikiwa, jioni au asubuhi, au hii au ile au zote zitakuwa nzuri.
နံနက်အချိန်၌ မျိုးစေ့ကိုကြဲလော့။ ညဦးအချိန်၌ လည်း မကြဲဘဲမနေနှင့်။ အကြောင်းမူကား၊ အဘယ်အရာ သည် အကျိုးရှိမည်ကို၎င်း၊ နှစ်ပါးစလုံးတို့သည် အညီ အမျှအကျိုးရှိမည်ကို၎င်း မသိနိုင်။
7 Kweli nuru ni tamu, na ni kitu cha kufurahisha kwa ajili ya macho kuona jua.
အကယ်စင်စစ် အလင်းသည်ချို၏။ နေရောင် ခြည်ကိုမြင်၍ ပျော်ပါးစရာရှိ၏။
8 Kama mtu akiishi miaka mingi, na aifurahie yote, lakina na afikiri juu ya siku zijazo za giza, kwa kuwa zitakuwa nyingi. Kila kitu kijacho ni mvuke unaoteketea.
သို့ရာတွင်၊ လူသည်အသက်တာရှည်၍ အစဉ် ရွှင်လန်းသော်လည်း၊ မှောင်မိုက်ကာလကို အောက်မေ့ ပါစေ။ ထိုကာလကြာမြင့်လိမ့်မည်။ ဖြစ်လတံ့သမျှတို့သည် အနတ္တသက်သက်ဖြစ်ကြ၏။
9 Furahia kijana, katika ujana wako, na moyo wako ufurahie siku za ujana wako. fuatilia yale mema ya moyo wako, chochote kilicho mbele ya macho yako. Ingawa, fahamu kwamba MUngu atakuleta hukumuni kwa ajili ya vitu hivi vyote.
အချင်းလူပျို၊ အသက်ပျိုသောအခါ ပျော်မွေ့ လော့။ အသက်ပျိုစဉ်ကာလတွင် စိတ်ရွှင်လန်းခြင်း ရှိလော့။ ကိုယ်အလိုရှိရာလမ်းနှင့်၊ ကိုယ်ဥာဏ်ပြသော လမ်းသို့လိုက်လော့။ သို့ရာတွင်၊ ထိုအမှုအလုံးစုံတို့ကို ဘုရားသခင်စစ်ကြော၍၊ သင့်ကို အပြစ်ပေးတော်မူမည် ဟု အောက်မေ့လော့။
10 Ondoa hasira kutoka moyoni mwako, na usijali maumivu yoyote katika mwili wako, kwa sababu ujana na nguvu zake ni mvuke.
၁၀သို့ဖြစ်၍၊ စိတ်ညှိုးငယ်ခြင်းအကြောင်းနှင့်၊ ကိုယ် ဆင်းရဲခြင်းအကြောင်းကို ပယ်ရှားလော့။ အသက်ငယ် ခြင်းအရာနှင့် အရွယ်ပျိုခြင်းအရာသည် အနတ္တဖြစ်၏။

< Mhubiri 11 >