< Mhubiri 10 >

1 Kama nzi walio kufa husababisha manukato kutoa harufu ya uozo, hivyo hivyo upumbavu kidogo hushinda hekima na heshima.
အထုံသမားလုပ်သော နံ့သာဆီကို သေသော ယင်ကောင်သည် နံစေသကဲ့သို့၊ အနည်းငယ်သောအမိုက် သည် ပညာနှင့်ဂုဏ်အသရေထင်ရှားသောသူကို ထိုအတူ ဖြစ်စေတတ်၏။
2 Moyo wa mtu mwenye hekima huelekea kulia, lakini moyo wa mpumbavu huelekea kushoto.
ပညာရှိသောသူ၏ နှလုံးသည် မိမိလက်ျာလက် ၌ ရှိ၏။ မိုက်သောသူ၏နှလုံးမူကား၊ မိမိလက်ဝဲလက်၌ ရှိ၏။
3 Wakati mpumbavu anapotembea barabarani, fikira zake zina upungufu, ikithibitisha kwa kila mtu kwamba ni mpumbavu.
မိုက်သောသူသည် လမ်း၌သွားစဉ်တွင်ပင် သတိ လစ်၍၊ ငါသည် လူမိုက်ဖြစ်၏ဟု ခပ်သိမ်းသောသူတို့အား ပြောတတ်၏။
4 Kama jaziba za mtawala zikiinuka kinyume na wewe, usiache kazi yako. Utulivu unaweza kutuliza ukatili mkubwa.
မင်းသည် သင့်ကိုစိတ်ဆိုးလျှင်၊ ကိုယ်နေသင့် အရပ်မှ မရွေ့နှင့်။ သည်းခံခြင်းသည် ကြီးသောအပြစ်ကို ဖြေတတ်၏။
5 Kuna uovu niliouona chini ya jua, aina ya kosa ambalo huja kutoka kwa mtawala:
မင်းမှားယွင်းခြင်းအားဖြင့် ဖြစ်တတ်သော၊ နေအောက်၌ ငါမြင်ရသောအမှုဆိုးဟူမူကား၊
6 Wapumbavu wanapewa nafasi za uongozi, wakati watu walio faulu wanapewa nafasi za chini.
မိုက်သောသူတို့သည် မြင့်သောအရပ်၊ သူဌေးတို့ သည် နိမ့်သောအရပ်၌ ထိုင်ရသောအမှု၊
7 Nimewaona watumwa wakipanda farasi, na watu walio faulu wakitembea kama watumwa juu ya ardhi.
ကျွန်တို့သည် မြင်းကိုစီး၍ မှူးမတ်တို့သည် ကျွန် ကဲ့သို့ မြေပေါ်မှာ ခြေဖြင့်သွားရသောအမှုကို ငါမြင် လေပြီ။
8 Yeyote anayechimba shimo anaweza kutumbukia yake, na popote mtu anayevunja ukuja, nyoka anaweza kumuuma.
တွင်းကို တူးသောသူသည် ထိုတွင်းထဲသို့ ကျလိမ့် မည်။ ခြံကိုဖျက်သော သူသည် မြွေကိုက်ခြင်းကို ခံရလိမ့် မည်။
9 Yeyote achongaye mwawe, anaweza kuumizwa nayo. Na mtu achongaye mbao, anaweza kujihatarisha kwa hiyo.
ကျောက်တို့ကို ရွှေ့သောသူသည် ဖိခြင်းကို ခံရလိမ့်မည်။ ထင်းခုတ်သောသူသည်လည်း ရှနလိမ့်မည်။
10 Kama chuma bapa kisicho na makali, na mtu hainoi, kisha ni lazima atumie nguvu nyingi, lakini hekima hutoa faida kwa ufaulu.
၁၀ပုဆိန်တုံးသောအခါ မသွေးဘဲနေလျှင်သာ၍ အားထုတ်ရမည်။ ပညာသည် အမှုဆောင်ရသောအခွင့် ကို ပေး၍ ကျေးဇူးကြီး၏။
11 Kama nyoka akiuma kabla hajafurahi, hivyo hakuna faida kwa mfurahishaji.
၁၁မြွေသည် ပြုစားခြင်းကိုမခံ။ ကိုက်မိလျှင် အလမ္ပယ်သမား ကျေးဇူးမရှိ။
12 Maneno ya kinywa cha mtu mwenye hekima yana huruma. Lakini midomo ya mpumbavu humumeza mwenyewe.
၁၂ပညာရှိသောသူ၏စကားသည် လျောက်ပတ်၏။ မိုက်သောသူ၏ နှုတ်မူကား သူ့ကိုယ်ကိုမျိုတတ်၏။
13 Kama maneno yanavyo anza kutiririka mdomoni mwa mpumbavu, ujinga hutoka, na mwisho mdomo wake hutiririka wazimu mbaya.
၁၃သူ၏စကားအစသည် မိုက်ခြင်း၊ အဆုံးသည် အပြစ်ပြုတတ်သော ရူးခြင်းဖြစ်၏။
14 Mpumbavu huongeza maneno, lakini hakuna ajuaye kinachokuja. Ni nani ajuaye baada yake?
၁၄မိုက်သောသူသည် စကားများတတ်၏။ သို့သော် လည်း ဖြစ်လတံ့သောအရာကို လူသည်မပြောနိုင်ရာ။ လူနောက်၌ အဘယ်သို့ ဖြစ်လတံ့သည်ကို အဘယ်သူ ပြောနိုင်သနည်း။
15 Jasho la wapumbavu huwavaa wao, hivyo hawajui hata barabara ya kwenda mjini.
၁၅မြို့သို့သွာသောလမ်းကို မသိသောသူကဲ့သို့ မိုက်သော သူသည် ကြိုးစားအားထုတ်သော်လည်း၊ သူတပါးတို့ကို ပင်ပန်းစေတတ်၏။
16 Ole wako ardhi kama mfalme wako ni kijana mdogo, na kama viongozi wako huanza karamu ahsubuhi!
၁၆ငယ်သားအစိုးရ၍ မှူးမတ်များအချိန်မဲနံနက် စောစော စားသောက်တတ်သောပြည်သည် အမင်္ဂလာ ရှိ၏။
17 Lakini umebarikiwa ardhi kama mfalme wako ni mwana wa waungwana, na kama vingozi wako hula wakati muafaka, kwa nguvu, na sio kwa ulevi.
၁၇မင်းသားအစိုးရ၍၊ မှူးမတ်တို့သည် လွန်ကျူးစွာ မစားမသောက်ဘဲ၊ အချိန်တန်မှအားဖြည့်ခြင်းငှါသာ၊ စားသောက်တတ်သော ပြည်သည် မင်္ဂလာရှိ၏။
18 Kwa sababu ya uvivu paa huanguka. Na kwa sababu isiyo fanya kazi nyumba hupata ufa.
၁၈အလွန်ပျင်းရိခြင်းအားဖြင့် အိမ်သည် ဆွေးမြေ့ တတ်၏။ လက်နှင့်မပြုပြင်ဘဲနေလျှင် အိမ်မိုးယိုတတ်၏။
19 Watu huandaa chakula kwa kicheko, divai huleta furaha maishani, na fedha hutimiza hitaji kwa kila kitu.
၁၉ပျော်မွေ့ခြင်းငှါ ပွဲကိုလုပ်တတ်၏။ စပျစ်ရည် သည်လည်း ရွှင်လန်းစေတတ်၏။ ငွေမူကား၊ အရာရာ၌ နိုင်တတ်၏။
20 Usimlaani mfalme, hata katika akili, na usiwalaani wenye mali katika chumba chako cha kulala. Kwa kuwa ndege wa angani inaweza kuchukua maneno yako. Chochote kilicho na mabawa kinaweza kusambaza jambo.
၂၀ရှင်ဘုရင်ကို စိတ်ဖြင့်မျှ မကျိတ်ဆဲနှင့်။ လူကြီး ကို အိပ်ခန်းထဲ၌ မကျိန်ဆဲနှင့်။ မိုဃ်းကောင်းကင်၌ ကျင်လည်သော ငှက်သည် ထိုအသံကို ဆောင်သွား လိမ့်မည်။ ပျံတတ်သော အကောင်သည် ထိုအမှုကို ဘော်ပြလမ့်မည်။

< Mhubiri 10 >