< Torati 23 >
1 Mwanamume aliyejeruhiwa kwa kupondwa au kukatwa haruhusiwi kuingia katika kusanyiko la Yahwe.
၁``သင်းကွပ်ထားသောယောကျာ်း သို့မဟုတ် ယောကျာ်းတန်ဆာပြတ်နေသူအား ထာဝရ ဘုရား၏လူမျိုးတော်စာရင်းတွင်မပါ ဝင်စေရ။
2 Mwana haramu haruhusiwi kuwa miongoni mwa kusanyiko la Yahwe; kutoka hadi kizazi cha kumi cha uzao wake, hakuna kati yao anatakiwa kuwa kwenye kusanyiko la Yahwe.
၂``မိစ္ဆာမေထုံသံဝါသအားဖြင့်ရသောသား နှင့် ယင်း၏မျိုးဆက်ဆယ်ဆက်တိုင်အောင် ထာ ဝရဘုရား၏လူမျိုးတော်စာရင်းတွင် မပါဝင်စေရ။
3 Muamori au Mmoabu haruhusiwi kuwa miongoni mwa kusanyiko la Yahwe; kutoka hadi kizazi cha kumi cha uzao wake, hakuna kati yao anatakiwa kuwa kwenye kusanyiko la Yahwe.
၃``အမ္မုန်အမျိုးသား၊ မောဘအမျိုးသားနှင့် သူတို့၏အဆက်အနွယ်ဆယ်ဆက်တိုင်အောင် ထာဝရဘုရား၏လူမျိုးတော်စာရင်း တွင်မပါဝင်စေရ။-
4 Hii ni kwa sababu hawakukutana nanyi kwa mkate na maji barabarani mlipokuwa mmetoka nje ya Misri, na kwa sababu walimkodisha Balaamu mwana wa Beoro kutoka Pethoro kule Aramu Naharaimu, awalaani.
၄သင်တို့အီဂျစ်ပြည်မှထွက်လာကြစဉ်သူ တို့သည် သင်တို့လိုအပ်သောရိက္ခာနှင့်ရေ ကိုမပေးကြ။ မက်ဆိုပိုတေးမီးယားပြည်၊ ပေသော်မြို့သား၊ ဗောရ၏သားဗာလမ်ကို ငှား၍သင်တို့အားကျိန်ဆဲစေကြ၏။-
5 Lakini Yahwe Mungu wako hakumsikiliza Balaamu; badala yake, Yahwe Mungu wako aligeuza laana kuwa baraka kwenu, kwa sababu Yahwe Mungu wako aliwapenda.
၅သို့ရာတွင်သင်တို့၏ဘုရားသခင်ထာဝရ ဘုရားသည် သင်တို့ကိုချစ်သောကြောင့်ဗာ လမ်၏ကျိန်ဆဲခြင်းကိုလက်ခံတော်မမူ။ သူသည်သင်တို့အားကျိန်ဆဲစေမည့် အစားကောင်းချီးပေးစေတော်မူ၏။-
6 Hamtakiwi kutafuta amani au mafanikio yao, katika siku zenu zote.
၆သင်တို့၏နိုင်ငံတည်တံ့သမျှကာလပတ် လုံး ထိုလူမျိုးတို့၏အကျိုးကိုမရှာကြ နှင့်။
7 Hutakiwi kumchukia Muedomi, kwa maana ni kaka yako; hutakiwi kumchukia Mmisri, kwa maana ulikuwa mgeni katika nchi yake.
၇``ဧဒုံအမျိုးသားတို့သည် သင်တို့၏သား ချင်းများဖြစ်သောကြောင့် သူတို့ကိုမမုန်းရ။ အီဂျစ်အမျိုးသားတို့ကိုလည်းမမုန်းရ။ သင်တို့သည်တစ်ခါက သူတို့၏ပြည်တွင် နေထိုင်ခဲ့ဖူးသည်။-
8 Wazawa wa kizazi cha tatu wanaozaliwa kwao wanaweza kuwa katika kusanyiko la Yahwe.
၈ယင်းတို့၏အဆက်အနွယ်များသည် တတိယမျိုးဆက်မှစ၍ ထာဝရဘုရား ၏လူမျိုးတော်စာရင်းတွင်ပါဝင်နိုင်၏။
9 Utakapotembea kijeshi dhidi ya maadui zako, basi unapaswa kujitenga na kila aina ya uovu.
၉``သင်တို့သည်ရန်သူကိုစစ်ချီတိုက်ခိုက်နေ စဉ် တပ်စခန်း၌ဘာသာရေးထုံးနည်းအရ မသန့်ရှင်းမှုဟူသမျှကိုရှောင်ကြဉ်ရမည်။-
10 Iwapo miongoni mwenu kuna mwanamume ambaye sio msafi kwa sababu ya jambo lililofanyika kwake usiku, basi anatakiwa atoke nje ya kambi ya jeshi; hatakiwi kurudi kambini.
၁၀တစ်စုံတစ်ယောက်သည်ညအချိန်၌သုက် လွှတ်မိလျှင် သူသည်စခန်းအပြင်သို့ထွက် ၍နေရမည်။-
11 Jioni ikifika, anatakiwa ajiogeshe kwa maji; na jua likizama atarudi ndani kambini.
၁၁ထိုသူသည်ညနေအချိန်တွင်ရေချိုး၍ နေ ဝင်ချိန်တွင်တပ်စခန်းထဲသို့ပြန်ဝင်နိုင်သည်။
12 Pia unatakiwa kuwa na eneo nje ya kambi ambayo utakwenda;
၁၂``ကျင်ကြီးစွန့်ရာနေရာကိုတပ်စခန်း အပြင်၌ထားရှိရမည်။-
13 na utakuwa na kitu katika zana zako cha kuchimbia; utakapochuchumaa kujisaidia, unapaswa kuchimbia nacho na kisha kurudishia udongo na kufunika kile kilichotoka kwako.
၁၃သင်တို့သည်တပ်ပြင်သို့ထွက်၍ကျင်ကြီးစွန့် သောအခါ သင့်ထံတွင်သစ်သားတူရွင်းကို အသင့်ဆောင်ထား၍ ထိုတူရွင်းဖြင့်တွင်းတူး ၍ကျင်ကြီးကိုပြန်ဖုံးလော့။-
14 Kwa maana Yahwe Mungu wako anatembea miongoni mwa kambi yenu kuwapa ushindi na kuwapa maadui zenu mkononi mwenu. Kwa hiyo kambi yenu lazima iwe takatifu, ili kwamba asione kitu chochote kichafu miongoni mwenu na kuwaacha.
၁၄သင်တို့ကိုကာကွယ်လျက်သင်တို့အားအောင် ပွဲခံစေရန် သင်တို့၏ဘုရားသခင်ထာဝရ ဘုရားသည် တပ်စခန်းတွင်သင်တို့နှင့်အတူ ရှိတော်မူသည်ဖြစ်၍ တပ်စခန်းကိုဘာသာ ရေးထုံးနည်းအရသန့်ရှင်းစွာထားရကြမည်။ ထာဝရဘုရားသည် သင်တို့အားမစွန့်မပယ် စေရန်မသန့်ရှင်းသောအမှုဟူသမျှကို မပြုလုပ်ရ။
15 Hutakiwi kumrudishia bwana mtumwa aliyetoroka kwake.
၁၅``သခင်ထံမှထွက်ပြေး၍သင့်ထံသို့ခိုလှုံရန် ရောက်ရှိလာသောကျွန်ကို သူ၏သခင်ထံသို့ ပြန်မပို့နှင့်။-
16 Mruhusu aishi pamoja nawe, katika mji wowote atakaochagua. Usimuonee.
၁၆ထိုကျွန်သည်သင်တို့၏မြို့များအနက် သူနေ ထိုင်လိုသည့်မြို့၌နေခွင့်ပြုရမည်။ သင်သည် သူ့ကိုမညှင်းဆဲမနှိပ်စက်ရ။
17 Hapatakiwi kuwa na kahaba wa kidhehebu miongoni mwa mabinti wa Israeli, na wala hapatakiwi kuwa na kahaba wa kidhehebu miongoni mwa wana wa kiume wa Israeli.
၁၇``ဣသရေလလူမျိုးထဲမှယောကျာ်းဖြစ်စေ၊ မိန်းမဖြစ်စေကိုးကွယ်ရာဌာနဆိုင်ရာ ပြည့်တန်ဆာအလုပ်ကိုမလုပ်ရ။-
18 Hautakiwi kuleta mshahara wa kahaba au mshahara wa mbwa katika nyumba ya Yahwe Mungu wako kwa kiapo chochote; kwa maana vyote hivi na machukizo mbele ya Yahwe Mungu wako.
၁၈ပြည့်တန်ဆာအလုပ်ဖြင့်ရသောငွေကို ကတိ သစ္စာပြုချက်အရ သင်၏ဘုရားသခင်ထာဝရ ဘုရား၏သန့်ရှင်းရာဌာနတော်သို့မလှူဒါန်း ရ။ ထာဝရဘုရားသည်ထိုအလုပ်ကိုစက် ဆုပ်ရွံရှာတော်မူ၏။
19 Hutakiwi kumkopesha Muisraeli mwenzako kwa riba – riba ya fedha, riba ya chakula, au riba ya kitu chochote kinachokopeshwa kwa riba.
၁၉``သင်သည်ဣသရေလအမျိုးသားချင်း တစ်ဦးအား ငွေ၊ စားစရာသို့မဟုတ်ပစ္စည်း တစ်ခုခုကိုချေးငှားသောအခါအတိုး မယူရ။-
20 Kwa mgeni unaweza kukopesha kwa riba; lakini kwa Muisraeli mwenzako haupaswi kukopesha kwa riba, ili kwamba Yahwe Mungu wako aweze kukubariki katika kila jambo uwekalo mkono wako, katika nchi ambayo mnaenda kumiliki.
၂၀လူမျိုးခြားများထံမှအတိုးယူနိုင်သော် လည်း ဣသရေလအမျိုးသားချင်းထံမှ အတိုးမယူရ။ ဤပညတ်ကိုလိုက်နာလျှင် ဘုရားသခင်ထာဝရဘုရားသည် သင်တို့ သိမ်းယူမည့်ပြည်တွင်သင်တို့ပြုလေသမျှ ကိုကောင်းချီးပေးတော်မူလိမ့်မည်။
21 Unapofanya kiapo kwa Yahwe Mungu wako, haupaswi kukawia kuikamilsha, kwa maana Yahwe Mungu wako hakika atadai kiapo hicho; itakuwa dhambi kako usipokamilisha.
၂၁``သင်တို့၏ဘုရားသခင်ထာဝရဘုရား အားကတိသစ္စာထားလျှင် ထိုကတိသစ္စာဝတ် ကိုဖြေရန်မနှောင့်နှေးစေနှင့်။ အကယ်၍ နှောင့်နှေးခဲ့သော်သင်၌အပြစ်ရောက်လိမ့် မည်။-
22 Lakini iwapo utajizuia kutoa kiapo, haitakuwa dhambi kwako.
၂၂ထာဝရဘုရားအားကတိမထားဘဲနေလို လျှင်နေနိုင်၏။
23 Kile ambacho kimetoka kinywani mwako unapaswa kukifuata na kukitekeleza; kulingana na kiapo ulichotamka kwa Yahwe Mungu wako, chochote ulichotamka kwa hiari kwa kinywa chako.
၂၃သို့ရာတွင်မိမိ၏ဆန္ဒအလျောက်ကတိသစ္စာ ထားလျှင် ထိုကတိအတိုင်းတည်စေရမည်။
24 Utakapokwenda katika shamba la mizabibu la jirani yako, unatakiwa kula mizabibu idadi yoyote unayotaka, lakini hautakiwi kuhifadhi yoyote katika kikapu chako.
၂၄``သင်တို့သည်ဣသရေလအမျိုးသားချင်း တစ်ဦး၏စပျစ်ဥယျာဉ်ထဲရှိ လမ်းအတိုင်း ဖြတ်သန်းသွားသည့်အခါ စပျစ်သီးများကို လိုသလောက်ဆွတ်ခူးစားနိုင်သော်လည်း အပိုမယူသွားရ။-
25 Utakapokwenda katika shamba la zao lililoiva la jirani yako, unaweza kuvuna kichwa cha mavuno kwa mkono wako, lakini haupaswi kutumia mundu kuvuna zao lililoiva la jirani yako.
၂၅သင်တို့သည်အမျိုးသားချင်းတစ်ဦး၏လယ် ကန်သင်းအတိုင်းဖြတ်သန်းသွားအခါ လက် နှင့်ဆွတ်၍ရသမျှသောစပါးနှံများကိုစား နိုင်သည်။ သို့ရာတွင်စပါးနှံများကိုတံစဉ် ဖြင့်မရိတ်ရ။