< Danieli 11 >

1 Katika mwaka wa kwanza wa Dario Mmedi, mimi mwenyewe nilikuja kumwezesha na kumlinda Mikaeli.
ငါသည်လည်း မေဒိအမျိုး ဒါရိမင်းကြီးနန်းစံ ပဌမနှစ်တွင် သူ့ကို နှိုးဆော်၍ ခိုင်ခံ့မြဲမြံစေခြင်းငှါ ကြိုးစားအားထုတ်လေ၏။
2 Na sasa nitakufunulia ukweli. Wafalme watatu watainuka katika Uajemi, na mfalme wa nne atakuwa tajiri sana kuliko wengine wote. Na wakati atakapopata nguvu kupitia utajiri wake, atamwamsha kila mtu kinyume na ufalme wa Ugiriki.
ယခုမူကား၊ မှန်သောအရာကိုငါပြမည်။ ပေရသိ နိုင်ငံကို အစိုးရသော ရှင်ဘုရင် သုံးပါးပေါ် လေဦးမည်။ စတုတ္ထရှင်ဘုရားမူကား၊ ထိုသူ ရှိသမျှတို့ထက် ငွေရတတ်လိမ့်မည်။ ထိုသို့ရတတ်၍ အားကြီးသောကြောင့်၊ ဟေလသနိုင်ငံကို ရန်ဘက်ပြုစေ ခြင်းငှါ၊ ခပ်သိမ်းသော သူတို့ကို နှိုးဆော်လိမ့်မည်။
3 Mfalme wenye nguvu atainuka ambaye atatawala ufalme mkubwa, na ataenenda kufuatana na matakwa yake mwenyewe.
ထိုအခါ တန်ခိုးကြီးသော ရှင်ဘုရင်တပါးလည်း ပေါ်လာလိမ့်မည်။ အာဏာတော်ကြီးလျက် အစိုးရ၍ မိမိအလိုရှိသည်အတိုင်း ပြုလိမ့်မည်။
4 Na atakapokuwa ameinuka, ufalme wake utavunjika na utagawanyika katika pepo nne za mbinguni, lakini hawatakuwa wazao wake mwenyewe, na si kwa nguvu zake kwa wakati alipokuwa akitawala. Kwa kuwa ufalme wake utang'olewa kwa ajili ya wengine tofauti na wazawa wake.
ထိုသူသည် ပေါ်လာပြီးမှ နိုင်ငံတော်ကျိုးပဲ့၍ သူတပါးတို့သည် မိုဃ်းကောင်းကင်လေးမျက်နှာတို့၌ ခွဲဝေ ကြလိမ့်မည်။ သို့ရာတွင် အစိုးရသော သူတို့သည် အမျိုးအနွယ်တော်မဟုတ်။ အာဏာတော်နှင့် အစိုးမရ နိုင်ငံတော်ကို နှုတ်ပစ်၍ အမျိုးအနွယ်တော်မှတပါး အခြားသော သူတို့သည် ရကြလိမ့်မည်။
5 Mfalme wa Kusini atakuwa na nguvu, lakini mmoja kati ya maamiri jeshi wake atakuwa mwenye nguvu kuliko yeye na atautawala ufalme wake kwa nguvu kubwa.
ထိုအခါ တောင်ရှင်ဘုရင်သည် တန်ခိုးကြီးလိမ့် မည်။ မင်းစုထဲ၌ မင်းတပါးသည် ထိုသူထက်တန်ခိုးကြီး၍ အာဏာတည်လိမ့်မည်။ သူ၏အာဏာလည်း အလွန် ကျယ်လိမ့်မည်။
6 Baada ya miaka michache, wakati muda utakapokuwa sawa, watafanya mwungano. Binti wa mfalme wa Kusini atakuja kwa mfalme wa Kaskazini kuyathibitisha makubaliano yao. Lakini hataweza kuzitunza nguvu za mkono wake, wala mfalme hatasimama wala mkono wake. Ataachwa na wale waliomleta, na baba yake, na yeye aliyemwunga mkono katika nyakati hizo.
ကာလလွန်သောအခါ သူတို့သည် အဆွေဖွဲ့ကြ လိမ့်မည်။ အသင့်အတင့်ဖြစ်စေခြင်းငှါ တောင်ရှင်ဘုရင် ၏ သမီးသည် မြောက်ရှင်ဘုရင်ထံသို့ ရောက်လိမ့်မည်။ သို့သော်လည်း၊ ထိုမင်းသမီး၏ အာဏာသည် မတည်ရ။ ထိုမင်းနှင့်တကွ အမျိုးအနွယ်တော်သည်လည်း မတည်ရ။ မင်း သမီးကို၎င်း၊ ဆောင်ခဲ့သော သူတို့ကို၎င်း၊ သူ၏သား ကို၎င်း၊ ထိုကာလ၌ သူ့ကိုထောက်ပင့်သော သူများကို၎င်း ဆုံးရှုံးခြင်းသို့အပ်ရလိမ့်မည်။
7 Lakini tawi kutoka katika mizizi yake litachipuka katika nafasi yake. Atalishambulia jeshi na kuingia ngome ya mfalme wa Kaskazini. Atapigana nao, na atawashinda.
ထိုမင်းသမီး၏ အဆွေအမျိုးဖြစ်သော သူ တယောက်သည် အဘ၏ အရိပ်အရာကိုရသဖြင့် စစ်ချီ ၍ လာလိမ့်မည်။ မြောက်ရှင်ဘုရင်၏ မြို့တော်သို့ ရောက် လျှင်၊ မြို့သားတို့ကို တိုက်၍နိုင်လိမ့်မည်။
8 Ataichukua miungu yao mpaka Misri pamoa na sanamu zao za chuma na vyombo vyao vya fedha na vya dhahabu vyenye thamani. Kwa miaka mingi atakaa mbali na mfalme wa Kaskazini.
သူတို့၏ဘုရားများ၊ သွန်းသောရုပ်တုများ၊ အဘိုး ထိုက်သောငွေဖလား၊ ရွှေဖလားများကို အဲဂုတ္တုပြည်သို့ သိမ်းသွားလိမ့်မည်။ သူသည်လည်း မြောက်ရှင်ဘုရင် ထက် အသက်ရှည်လိမ့်မည်။
9 Kisha mfalme wa Kaskazini atauvamia ufalme wa mfalme wa Kusini, lakini atajitoa na kwenda katika nchi yake mwenyewe.
တဖန်မြောက်ရှင်ဘုရင်သည် တောင်ရှင်ဘုရင် ၏နိုင်ငံသို့ ဝင်သော်လည်း မိမိပြည်သို့ ပြန်သွားရလိမ့် မည်။
10 Wana wake watajiweka tayari na kuunganisha jeshi kubwa. Litaendelea kukua na litagharikisha kila kitu, litapita katikati hadi kwenye ngome yake.
၁၀သားတော်တို့သည် ထပြန်၍ များစွာသော အလုံးအရင်းကို စုဝေးကြလိမ့်မည်။ သားတယောက် လည်း ဆက်ဆက်လာ၍ လွှမ်းမိုးချင်းနင်းလိမ့်မည်။ တဖန် ပြန်လာ၍ သူ၏မြို့တိုင်အောင် လုပ်ကြံလိမ့်မည်။
11 Ndipo mfalme wa Kusini atakasirika, na ataenda na kupigana naye, mfalme wa Kaskazini. Mfalme wa Kaskazini atainua jeshi kubwa, bali jeshi litatiwa katika mkono wake.
၁၁တောင်ရှင်ဘုရင်သည် အမျက်ထွက်သဖြင့်၊ မြောက်ရှင်ဘုရင်ကို ဆီးကြို၍ တိုက်လိမ့်မည်။ မြောက်ရှင် ဘုရင်သည် များစွာသော စစ်သည်ဗိုလ်ခြေအလုံးအရင်း တို့ကိုစီရင်သော်လည်း၊ တောင်ရှင်ဘုရင်သည် ထိုအလုံး အရင်းတို့ကို သိမ်းယူလိမ့်မည်။
12 Jeshi litachukuliwa, na moyo wa mfalme wa Kusini utainuliwa juu, na atawafanya makumi maelfu kuanguka, lakini hataweza kuwa mshindi.
၁၂ထိုအလုံး အရင်းတို့ကို ပယ်ရှင်းပြီးမှ မာနစိတ်ပေါက်လျက်၊ အထောင်သောင်းမက များစွာသော လူတို့ကို လုပ်ကြံ သော်လည်း၊ မိမိအာဏာကို မတည်စေရ။
13 Kisha mfalme wa Kaskazini atainua jeshi jingine, kubwa kuliko la kwanza. Baada ya miaka kadhaa, mfalme wa Kaskazini atakuja na jeshi kubwa likiwa na vifaa vingi.
၁၃အကြောင်းမူကား၊ မြောက်ရှင်ဘုရင်သည် တဖန် ပေါ်လာ၍၊ အရင်ထက်များစွာသောအလုံးအရင်း တို့ကို စီရင်ပြီးမှ ကာလအတန်အရာလွန်လျှင်၊ စစ်အင်္ဂါများ၊ စည်းစိမ်များနှင့် ဆက်ဆက်လာလိမ့်မည်။
14 Katika siku hizo wengi watainuka kinyume na mfalmea wa Kusini. Wana wa vurugu miongoni mwa watu wake watasimama wao wenyewe ili kuyatimiliza maono, lakini watajikwaa.
၁၄ထိုကာလ၌ တောင်ရှင်ဘုရင်ကို ရန်ဘက်ပြု သောသူတို့သည် များကြလိမ့်မည်။ သင်၏အမျိုးသားချင်း ဖြစ်သော သူပုန်တို့သည် ဗျာဒိတ်ရူပါရုံကို ပြည့်စုံစေခြင်း ငှါ ထ၍၊ ပျက်စီးခြင်းသို့ ရောက်ကြလိမ့်မည်။
15 Mfalme wa Kaskazini atakuja, kuizingira nchi kwa kuweka vilima, na kuuteka mji wenye ngome. Majeshi ya Kusini hayataweza kusimama, hata wanajeshi wake bora. Hawatakuwa na nguvu za kusimama.
၁၅မြောက်ရှင်ဘုရင်သည် လာ၍ မြို့ရိုးကို တည် ပြီးလျှင် ခိုင်ခံ့သော မြို့တို့ကို လုပ်ကြံလိမ့်မည်။ တောင် ရှင်ဘုရင်၏ လက်နက်များ၊ ရွေးချယ်သောလူများတို့သည် ဆီးတားခြင်းငှါး ခွန်အားမရှိသောကြောင့် မဆီးတားရ ကြ။
16 Badala yake, yeye ajaye ataenenda kwa kufuata tamaa zake kinyume chake; hakuna yeyote atakayesimama katika njia yake. Atasimama katika nchi ya uzuri, na uharibifu utakuwa mkononi wake.
၁၆တိုက်လာသောသူသည် မိမိအလိုအလျောက် ပြု၍၊ သူ့ရှေ့မှာ အဘယ်သူမျှမရပ်မနေနိုင်ဘဲ၊ သာယာ သော ပြည်ကိုနင်းပြီးမှ စုံလင်စေလိမ့်မည်။
17 Mfalme wa Kaskazini atauelekeza uso wake ili kuja kwa nguvu za ufalme wake wote, na kutakuwa na makubaliano atakayoyafanya na mfalme wa Kusini. Atampatia katika ndoa binti wa wanawake ili kuuharibu ufalme wa Kusini. Lakini mpango huo hautafanikiwa wala kumsaidia.
၁၇ဖြောင့်မတ်သော သူတို့သည် လိုက်လျက် ထိုမင်း သည် မိမိနိုင်ငံ၏ အလုံးအရင်းရှိသမျှတို့နှင့်တကွ ဝင်စား ခြင်းငှါ ကြိုးစားအားထုတ်၍၊ မိန်းမငယ်အားဖြင့် ဖျက်ဆီး ခြင်းငှါပေးစားလိမ့်မည်။ သို့သော်လည်း သူသည် အကြံ မမြောက်၊ အကျိုးမရှိရ။
18 Baada ya hayo, mfalme atafuatilia nchi za pwani na ataziteka nchi nyingi. Lakini amiri jeshi atakikomesha kiburi chake na atakisababisha kiburi chake kiishe.
၁၈တဖန်ကျွန်းစုသို့ မျက်နှာလှည့်၍ ကျွန်းအများ တို့ကို လုပ်ကြံလိမ့်မည်။ သို့ရာတွင်၊ ဗိုလ်မင်းတပါးသည် မိမိခံရသော အသရေဖျက်ခြင်းကို မိမိမှလွှဲပယ်၍၊ ထို အသရေဖျက်ခြင်းကို တိုက်လာသော မင်းအပေါ်သို့ ပြန်ရောက်စေလိမ့် မည်။
19 Kisha atafuatilia miji yenye ngome katika nchi yake mwenyewe, lakini atajikwaa na kuanguka; na hatapatikana tena.
၁၉ထိုမင်းသည်လည်း မိမိနေရာမြို့တော်သို့ ပြန် သွားပြီးလျှင် ထိမိ၍ လဲသဖြင့် ကွယ်ပျောက်လိမ့်မည်။
20 Kisha mtu mwingine atainuka katika nafasi ambaye atamfanya mtoza ushuru apite kwa ajili ya ufahari wa ufalme. Lakini katika siku zijazo atakatiliwa mbali, lakini si kwa hasira wala si katika vita.
၂၀ထိုမင်းအရာ၌လည်း နိုင်ငံတော်၏ ဘုန်းစည်း စိမ်ကို ရှုတ်ချလျက်၊ ငွေတော်ခွဲသော သူသည် ပေါ်လာ၍ ခဏရှိပြီးမှ၊ ဒေါသအမျက်မထွက်၊ စစ်မတိုက်ဘဲ ဆုံးရှုံး ခြင်းသို့ရောက်လိမ့်မည်။
21 Katika nafasi atainuka mtu wa kudharauliwa ambaye watu hawatampa heshima ya nguvu ya kifalme; atakuja bila kukusudiwa na atautwaa ufalme kwa ulaghai.
၂၁ထိုသူအရာ၌လည်း မင်းစည်းစိမ်းကို ခံထိုက် သော သူမဟုတ်၊ ယုတ်မာသော သူပေါ်လာလိမ့်မည်။ သူသည် အနိုင်အထက်မပြု ချော့မော့ခြင်းအားဖြင့် နိုင်ငံ ကို ရလိမ့်မည်။
22 Mbele yake, kila jeshi litafutiliwa mbali kama gharika. Jeshi na kiongozi wa agano wataangamizwa wote kwa pamoja.
၂၂လွှမ်းမိုးသော လက်နက်တို့သည် သူရှေ့မှာ မြုပ်၍ ဆုံးရှုံးလိမ့်မည်။ မိဿဟာယခံသော မင်းလည်း ဆုံးရှုံး လိမ့်မည်။
23 Tangu katika kipindi kile ambacho makubaliano yalifanywa pamoja naye, ataenenda kwa kwa hila; atakuwa mwenye nguvu akiwa na watu wachache tu.
၂၃အကြောင်းမူကား၊ မိဿဟာယ ပြုသောမင်းသည် သစ္စာပျက်သဖြင့်၊ တက်လာ၍ လူအနည်းငယ်မျှ ပါသော် လည်း တန်ခိုးကြီးလိမ့်မည်။
24 Kwa ghafla ataingia katika sehemu tajiri sana za jimbo, na atafanya kile ambacho si baba yake wala baba wa baba yake alishakifanya. Atagawanya mateka, nyara, na mali zake miongoni mwa wafuasi wake. Atapanga mpango wa kuiangusha ngome, lakini ni kwa muda tu.
၂၄အသီးအနှံများသောပြည်ကို အနိုင်အထက် မပြုဘဲ ဝင်လိမ့်မည်။ လုယူသော ပစ္စည်းဥစ္စာစည်းစိမ် များကို စွန့်ကြဲ၍၊ မိမိဘိုးဘေးမပြုဘူးသော အမှုကိုပြုလိမ့် မည်။ ခိုင်ခံ့သော မြို့ပြတို့ကို ရခြင်းငှါ တာရှည်စွာ ကြံစည်လိမ့်မည်။
25 Ataamsha nguvu zake na moyo wake kinyume na mfalme wa Kusini kwa jeshi kubwa. Mfalme wa Kusini atapigana vita akiwa na jeshi kubwa lenye nguvu, lakini hataweza kusimama kwa kuwa wengine watafanya njama dhidi yake.
၂၅ကြီးစွာသော အလုံးအရင်းနှင့်တကွ တောင်ရှင် ဘုရင်ကို ဆန့်ကျင်ဘက်ပြု၍၊ မိမိအစွမ်းသတ္တိကို နှိုးဆော် လိမ့်မည်။ တောင်ရှင်ဘုရင်သည်လည်း၊ အားကြီး၍ များစွာသော အလုံးအရင်းနှင့်တကွ စစ်တိုက်ခြင်းငှါ နှိုးဆော်သော်လည်း မခံရပ်နိုင်။ အကြောင်းမူကား၊ သူတဘက်၌ မကောင်းသောအကြံကို ကြံစည်ကြလိမ့် မည်။
26 Hata wale wanaokula chakula chake kizuri watajaribu kumwangamiza. Jeshi lake litakatiliwa mbali kama gharika, na wengi wao watauawa.
၂၆ထိုသူကျွေးမွေးခြင်းကို ခံရသော သူတို့သည် လည်း၊ ထိုသူ၏ အကျိုးကိုဖျက်ဆီးသောအားဖြင့်၊ သူ၏ တပ်မြှုပ်၍၊ စစ်သူရဲများတို့သည် အသက်ဆုံးကြလိမ့်မည်။
27 Wafalme wote hawa wawili, wakiwa na mioyo yao imejawa na uovu kinyume na mwenzake, watakaa katika meza moja na kudanganyana, lakini haitakuwa na maana yoyote. Kwa kuwa mwisho utatokea katika kipindi ambacho kimeshapangwa.
၂၇ထိုရှင်ဘုရင် နှစ်ပါးတို့သည် မကောင်းသော အကြံကိုကြံ၍၊ တခုသောစားပွဲ၌ မုသာစကားကို ပြောကြလိမ့်မည်။ သို့သော်လည်း၊ အကြံမမြောက်ရ။ ချိန်းချက်သော အချိန် ကာလ၌ အဆုံးဖြစ်ရလိမ့်မည်။
28 Kisha mfalme wa Kaskazini atarudi katika nchi yake akiwa na utajiri mkubwa, na moyo wake ukipinga vikali agano takatifu. Atatenda na kisha atarudi katika nchi yake mwenyewe.
၂၈တဖန်မြောက်ရှင်ဘုရင်သည် များစွာသော စည်းစိမ်ဥစ္စာပါလျက် မိမိပြည်သို့ ပြန်၍သွားစဉ်တွင်၊ သန့်ရှင်းသော ပဋိညာဉ်တရားကို မနာလိုသောစိတ် ရှိသည်အတိုင်း ပြုပြီးမှ မိမိပြည်သို့ ပြန်သွားလိမ့်မည်။
29 Katika muda uloamriwa atarudi na kuushambulia ufalme wa Kusini. Lakini katika kipindi hiki hakitakuwa kama awali.
၂၉ချိန်းချက်သော အချိန်၌လည်း တောင်မျက်နှာသို့ တဖန်ပြန်လာဦးမည်။ သို့သော်လည်း၊ အရင်ဖြစ်သကဲ့သို့ မဟုတ်။ နောက်ဖြစ်သကဲ့သို့လည်းမဟုတ်။
30 Kwa kuwa meli kutoka Kitimu zitamshambulia, naye ataogopa na kurudi nyuma. Atakuwa mwenye hasira dhidi ya agano takatifu, na atawaonyesha mema wale watakaoliacha agano takatifu.
၃၀အကြောင်းမူကား ခိတ္တိမ်သင်္ဘောတို့သည် ထိုသူ ကို ဆီးတားကြလိမ့်မည်။ ထိုကြောင့် စိတ်နာလျက် ပြန် သွား၍ သန့်ရှင်းသော ပဋိညာဉ်တရားကို အမျက်ထွက် သည်။ အတိုင်းပြုပြီးမှ ပြန်သွားစဉ်တွင် သန့်ရှင်းသော ပဋိညာဉ်တရားကို စွန့်ပစ်သော သူတို့နှင့် အဆွေဖွဲ့လိမ့် မည်။
31 Majeshi yake yatainuka na kukufuru sehemu takatifu katika ngome. Wataziondoa sadaka za kawaida za kuteketezwa, na watasimamisha chukizo la uharibifu litakalosababisha ukiwa.
၃၁ထိုမင်းနောက်မှ စစ်လက်နက်တို့သည် ပေါ်လာ သဖြင့်၊ တန်ခိုးကြီးသော သန့်ရှင်းရေးဌာနတော်ကို ညစ် ညူးစေ၍၊ နေ့ရက်အစဉ်ပြုသော ဝတ်ကို ပယ်ရှင်းကြ လိမ့်မည်။ ဖျက်ဆီးတတ်သောရွံ့ရှာဘွယ် အရာကိုလည်း တည်ထားကြလိမ့်မည်။
32 Na kwa wale walioenenda kwa ouvu kinyume na agano, atawadanganya na kuwatia uovu. Bali watu wale wanaomjua Mungu wao watakuwa jasiri na watachukua hatua.
၃၂ပဋိညာဉ်တရားကို ပြစ်မှားသော သူတို့သည် ချော့မော့ရာသို့ လိုက်၍ ယိုယွင်းကြလိမ့်မည်။ မိမိတို့ ဘုရားသခင်ကို သိသောသူတို့မူကား၊ ကြီးစွာသောအားနှင့် ပြုကြလိမ့်မည်။
33 Watu wenye hekima miongobi mwa watu watawafanya watu waelewe. Lakini watajikwaa kwa upanga na kwa miali ya moto; watatiwa mateka na kunyang'anywa kwa siku.
၃၃လူစုထဲမှာ ပညာရှိသော သူတို့သည် အများ သော သူတို့ကို သွန်သင်ကြရလိမ့်မည်။ ထားနှင့်ကွယ်မျက် ခြင်း၊ မီးရှို့ခြင်း၊ သိမ်းသွားချုပ်ထားခြင်း၊ လုယက်ခြင်း အားဖြင့် အင်တန်ကာလပတ်လုံး လဲကြလိမ့်မည်။
34 Katika siku za kujikwaa kwao, watasaidiwa kwa msaada kidogo. Watu wengi watajiunga nao wenyewe katika unafiki.
၃၄လဲကြသောအခါ အနည်းငယ်သော မစခြင်းကို တဖန်ခံရကြလိမ့်မည်။ လူအများတို့သည် ချော့မော့ရာသို့ လိုက်၍ဆည်းကပ်ကြလိမ့်မည်။
35 Baadhi ya watu wenye hekima watajikwaa ili kujisafisha kutokee kwao, na kujiosha, na kujitakasa, mpaka wakati wa mwisho. Kwa kuwa wakati ulioamriwa haujaja bado.
၃၅အမှုဆုံးရသည် ကာလတိုင်အောင်၊ ပညာရှိသောသူအချို့တို့သည်လည်း စုံစမ်းခြင်းကိုခံ၍၊ သန့်ရှင်းဖြူစင်ရမည် အကြောင်းလဲကြလိမ့်မည်။ ထိုအမှုသည် ချိန်းချက်သော ကာလတိုင်အောင် ဖြစ်ရသတည်း။
36 Mfalme atafanya kutokana na matakwa yake. Atajiinua mwenyewe na kujifanya mkubwa kuliko kila mungu. Kinyume cha Mungu wa miungu, atasema vitu vibaya, kwa kuwa atafanikiwa mpaka pale ghadhabu itakapokuwa imekamilika. Kwa ajili kile kilichoamriwa kitakapokuwa kimefanyika.
၃၆ရှင်ဘုရင်တပါးသည် မိမိအလိုအလျောက်ပြု၍၊ ဘုရားအပေါင်းတို့ထက် ကိုယ်ကို ကိုယ်ချီးပင့်မြှောက်စား လျက်၊ ဘုရားတို့၏ဘုရားကို ဆန့်ကျင်ဘက်ပြု၍ အံ့ဘွယ် သောစကားကို ပြောလိမ့်မည်။ ဒေါသအမျက်စေ့စုံသည် ကာလတိုင်အောင် ကောင်းစားလိမ့်မည်။ စီရင်ဆုံးဖြတ် သမျှ အတိုင်းဖြစ်ရလိမ့်မည်။
37 Hatazijali miungu ya baba zake wala mungu anayependwa na wanawake. Wala hatamjali mungu mwingine yeyote. Kwa kuwa zaidi ya mtu yeyote atajifanya mwenyewe kuwa mkuu.
၃၇ထိုမင်းသည် ဘိုးဘေးတို့ ကိုးကွယ်သော ဘုရားကို၎င်း၊ မိန်းမ၌ တပ်မက်သောအလိုကို၎င်း၊ တပါးသော ဘုရားများကို၎င်း ပမာဏမပြု။ သူတကာတို့ထက် ကိုယ်ကို ကိုယ်ချီးမြှောက်လိမ့်မည်။
38 Atamheshimu mungu wa ngome badala ya haya. Ni mungu ambaye baba zake hawakumkubali ambaye atamheshimu kwa dhahabu na fedha, kwa mawe ya thamani na zawadi zenye kuthaminiwa.
၃၈ထိုဘုရားအရာ၌ ရဲတိုက်တို့၏ဘုရားနှင့်၊ ဘိုးဘေးတို့မသိသောဘုရားကိုချီးမြှောက်၍၊ ရွှေ၊ ငွေ၊ ကျောက်မြတ်၊ နှစ်သက်ဘွယ်သော တန်ဆာများကို ပူဇော်လိမ့်မည်။
39 Atazishambulia ngome imara sana kwa msaada wa mungu mgeni. Atampa heshima kubwa yeyote anayemkubali. Atawafanya kuwa watawala juu ya watu wengi, na ataigawanya nchi kama thawabu.
၃၉ခိုင်ခံ့သော ရဲတိုက်များကို၎င်း၊ မိမိဝန်ခံသောတပါးအမျိုးသားဘုရားကို၎င်း ပြုစု၍ ဂုဏ်အသရေ တိုးပွားစေလိမ့်မည်။ လူများတို့အပေါ်မှာအုပ်စိုးရသော အခွင့်ကိုပေး၍ စီးပွားဖြစ်ခြင်းအလိုငှါ မြေကို ဝေဖန်လိမ့် မည်။
40 Kwa wakati wa mwisho mfalme wa Kusini atamshambulia. Mfalme wa Kaskazini atamvamia kwa ukali wa magari na wapanda farasi, na meli nyingi. Naye ataenda kinyume cha nchi, kuwagharikisha, na kupita katikati.
၄၀အမှုကုန်ရသည်ကာလ၌ တောင်ရှင်ဘုရင်သည် ထိုမင်းကို တိုက်လိမ့်မည်။ မြောက်ရှင်ဘုရင်သည်လည်း ရထားများ၊ မြင်းစီးသူရဲများ၊ သင်္ဘောများတို့နှင့်တကွ လေးဘွေကဲ့သို့ တိုက်လာလျက်၊ ထိုပြည်တို့ကို ဝင်၍ ချင်းနင်းလွှမ်းမိုးလိမ့်မည်။
41 Naye ataingia katika nchi ya uzuri, makumi elfu ya Waisraeli wataanguka. Lakini watu hawa watatoroka kutoka katika mkono wake: Waedomu, Wamoabu, na mabaki ya watu wa Amoni.
၄၁သာယာသောပြည်ကိုလည်းဝင်၍ အများသော သူတို့သည် ဆုံးရှုံးကြလိမ့်မည်။ သို့ရာတွင်၊ သူ၏ လက်မှ လွတ်သော သူဟူမူကား၊ ဧဒုံပြည်သား၊ မောဘပြည်သား၊ အမ္မုန်အမျိုးသားအကြီးတို့သည် လွတ်ကြလိမ့်မည်။
42 Naye ataunyosha mkono katika nchi; nchi ya Misri haitaokolewa.
၄၂ထိုမင်းသည် အပြည်ပြည်တို့ကို အောင်မြင်ရ လိမ့်မည်။ အဲဂုတ္တုပြည်လည်း မလွတ်ရ။
43 Atakuwa na mamlaka juu ya hazina za dhahabu na za fedha, na juu ya utajiri wote wa Misri; watu wa Libya na Ethiopia watakuwa chini katika nyayo za miguu yake.
၄၃ထိုပြည်မှာရှိသော ရွှေဘဏ္ဍာ၊ ငွေဘဏ္ဍာ၊ အဘိုးထိုက်သော ဥစ္စာများကို အပိုင်ရလိမ့်မည်။ လိဗုပြည် သားနှင့် ကုရှပြည်သားတို့သည် သူ့နောက်သို့ လိုက်ရကြလိမ့်မည်။
44 Lakini taarifa kutoka mashariki na kaskazini zitamwogopesha, naye atatoka akiwa mwenye hasira nyingi kuwa ili kuwaharibu kabisa na kuwahifadhi kwa ajli ya uharibifu.
၄၄သို့ရာတွင် သူသည် အရှေ့မျက်နှာ၊ မြောက်မျက်နှာအရပ်မှ သိတင်းကိုကြား၍ စိတ်ပူပန်သဖြင့်၊ လူ အများတို့ကို ဖျက်ဆီးသုတ်သင်ပယ်ရှင်းခြင်းငှါ၊ ကြီးစွာသော ဒေါသအမျက်နှင့် ထွက်သွားလိမ့်မည်။
45 Naye ataisimamisha hema ya makao yake ya kifalme kati ya bahari na milima ya uzuri wa utakatifu. Ataufikia mwisho wake, na hapatakuwa na msaidizi wa kumsadia.
၄၅ပင်လယ်ကြားမှာ ဘုန်းကြီး၍ သန့်ရှင်းသော တောင်ပေါ်၌စံရာ တဲတော်ကို တည်ဆောက်ပြီးလျှင် အဘယ်သူမျှ မစခြင်းငှါ မတတ်နိုင်၍ ဆုံးရှုံးခြင်းသို့ ရောက်လိမ့်မည်။

< Danieli 11 >