< Amosi 8 >

1 Hiki ndicho ambacho bwana Yahwe amenionyesha. Tazama, kikapu cha matunda ya hari!
တဖန် အရှင်ထာဝရဘုရားသည် ငါ့အား ပြတော်မူသော ရူပါရုံဟူမူကား၊ နွေကာလအသီးပါသော တောင်းသည် ထင်ရှား၏။
2 Akasema, “Unaona nini, Amosi?” Nikasema, “Kikapu cha matunda ya hari.” Kisha Yahwe akanambia, “Mwisho umefika kwa watu wangu Israeli; sintowaumiza tena.
အာမုတ်၊ သင်သည် အဘယ်အရာကို မြင်သနည်းဟု မေးတော်မူလျှင်၊ နွေကာလအသီးပါသော တောင်းကို မြင်ပါသည်ဟု ငါလျှောက်သော်၊ ထာဝရဘုရားက၊ နောက်ဆုံးကာလသည် ငါ၏လူဣသရေလ အမျိုး၌ ရောက်လေပြီ။ နောက်တဖန် သူတို့ကို သည်းမခံ။
3 Nyimbo za kwenye hekalu zitakuwa vilio. Katika siku hiyo-hivi ndivyo asemavyo Bwana Yahwe. Mizoga itakuwa mingi, katika kila sehemu wataitupa katika ukimya!”
ထိုကာလ၌ နန်းစဉ်ကခြေသည်တို့သည် မြည်တမ်းကြလိမ့်မည်။ အရပ်ရပ်တို့၌ များစွာသော အသေ ကောင်ရှိ၍၊ လူတို့သည် တိတ်ဆိတ်စွာ ပစ်ချကြလိမ့်မည်ဟု အရှင်ထာဝရဘုရား မိန့်တော်မူ၏။
4 Lisikilizeni hili, ninyi mkanyagao maskini na kumuondoa fukara wa nchi.
ငါတို့သည် စပါးကို ရောင်းအံ့သောငှါ လဆန်း နေ့လွန်ပါစေ၊ ဂျုံကို ရောင်းအံ့သောငှါ ဥပုသ်နေ့ လွန်ပါစေဟု ဆိုလျက်၊ ဧဖာလေးကို ငယ်စေခြင်းငှါ၎င်း၊ လုပ်၍၊ စဉ်းလဲသော ချိန်ခွင်ကို သုံးလျက်ဆင်းရဲသော သူကို ငွေနှင့်၎င်း၊ ငတ်မွတ်သောသူကို ခြေနင်းတရံနှင့်၎င်း ဝယ်၍၊ ညံ့သော ဂျုံဆန်ကို ရောင်းလျက်၊ ငတ်မွတ်သော သူတို့ကို နှိပ်နင်း၍ ဆင်းရဲသော ပြည်သားတို့ကို ဖြတ်ခြင်းငှါ အလွန်အလိုကြီးသော သူတို့၊ ဤစကားကို နားထောင်ကြလော့။
5 wakisema, “Wakati mwezi mpya utakapoisha, hivyo tunaweza kuuza mazao tena? Wakati siku ya Sabato itakapoisha, ili kwamba tuuze ngano? Tutafanya kipimo kidogo na kuongeza bei, tukidanganya kwa mizani za udanganyifu.
6 Hivi ndivyo ambavyo tunaweza kuuza ngano mbaya, kununua fukara kwa fedha, na masikini kwa jozi moja ya kubadhi.”
7 Yahwe ameapa kwa fahari ya Yakobo, “Hakika sintoweza kusahau kazi zao hata moja.”
ထာဝရဘုရားသည် ယာကုပ်၏ဘုန်းကို တိုင်တည်၍ ကျိန်ဆိုတော်မူသည်ကား၊ အကယ်စင်စစ် သူတို့ ကျင့်ကြံ ပြုမူသမျှတို့ကို ငါသည် အစဉ်မပြတ် မမေ့လျော့။
8 Je nchi haitatetemeka kwa hili, na kila mmoja aishiye kuombolezea? Yote hayo yatainuka kama Mto Naili, nayo itataabika juu na kupwa tena, kama mto wa Misri.
ထိုအပြစ်ကြောင့် မြေတုန်လှုပ်လိမ့်မည် မဟုတ်လော။ မြေသားအပေါင်းတို့သည် ညည်းတွားကြလိမ့်မည် မဟုတ်လော။ မြစ်ကဲ့သို့ တပြည်လုံး ထပြီးလျှင်၊ တဖန် အဲဂုတ္တုမြစ်၌ မြုပ်သကဲ့သို့ ပါသွား၍ မြုပ်လိမ့်မည်မဟုတ် လော။
9 “Itakuja siku ambayo -huu ndio usemi wa Bwana Yahwe- kwamba nitafanya jua litue wakati wa mchana, na nitaiweka giza dunia wakati wa mchana.
အရှင်ထာဝရဘုရား မိန့်တော်မူသည်ကား၊ ထိုကာလအခါ မွန်းတည့်အချိန်၌ ငါသည် နေကိုဝင်စေမည်။ ကြည်လင်သောနေ့၌ မြေကြီးကို မိုက်စေမည်။
10 Nitazigeuza sikukuu zenu kuwa maombolezo na nyimbo zenu zote kuwa masikitiko. Nitawafanya wote kuvaa nguo za magunia na kipara juu ya kila kichwa. Nitayafanya haya kama maombolezo kwa mwana pekee, na siku ya uchungu mwisho wake.
၁၀သင်တို့ပွဲခံခြင်းကို ညည်းတွားခြင်းဖြစ်စေမည်။သီချင်းဆိုခြင်းရှိသမျှကို ငိုကြွေးခြင်းဖြစ်စေမည်။ လူအပေါင်းတို့သည် လျှော်တေအဝတ်နှင့် ခါးကိုစည်းစေခြင်းငှါ၎င်း၊ ဆံပင်ကိုရိတ်စေခြင်းငှါ၎င်း ငါစီရင်မည်။ တယောက်တည်းသောသား သေသည်အတွက် မြည်တမ်းခြင်းကဲ့သို့၎င်း၊ အဆုံး၌ ခါးစွာသောနေ့ကဲ့သို့၎င်း ငါဖြစ် စေမည်။
11 Tazama, siku zinakuja -asema Bwana Yahwe- wakati nitakapoleta njaa katika nchi, sio njaa ya mkate, wala kiu ya maji, ila kusikia maneno ya Yahwe.
၁၁အရှင်ထာဝရဘုရား မိန့်တော်မူသည်ကား၊ မွတ်သိပ်ခြင်းဘေးကို တပြည်လုံး၌ ငါဖြစ်စေသောကာလ ရောက်လိမ့်မည်။ အစာခေါင်းပါး၍ မွတ်သိပ်ခြင်းဘေးမဟုတ်၊ ရေငတ်ခြင်းဘေးလည်းမဟုတ်၊ ထာဝရဘုရား၏ အမိန့်တော်ကို မကြားရသောမွတ်သိပ်ခြင်းဘေးဖြစ်လိမ့် မည်။
12 watatangatanga kutoka bahari hata bahari; watakimbia kutoka kaskazini kwenda magharibi kutafuta neno la Yahwe, lakini hawatalipata.
၁၂လူတို့သည် ထာဝရဘုရား၏ အမိန့်တော်ကို ရှာလျက်၊ ပင်လယ်တပါးမှသည် ပင်လယ်တပါးတိုင် အောင် လှည့်လည်၍၊ တောင်မြောက် ပြေးသွားသော်လည်း မတွေ့ရကြ။
13 Katika siku hiyo wanawali wazuri na wavulana watazimia kutokana na njaa.
၁၃ထိုကာလ၌ အဆင်းလှသော သတို့သမီးကညာများနှင့် လုလင်များတို့သည် ရေငတ်၍ မောကြလိမ့်မည်။
14 Wale waapao kwa dhambi ya Samaria wataanguka na hawatainuka tena.”
၁၄ရှမာရိအပြစ်ကို တိုင်တည်၍ ကျိန်ဆိုသောသူ၊ အိုဒန်၊ သင်၏ဘုရားအသက်ရှင်တော်မူသည်အတိုင်း ဟူ၍၎င်း၊ ဗေရရှေဘ ဘာသာအသက်တည်သည်အတိုင်းဟူ၍၎င်း ဆိုသောသူတို့သည်၊ နောက်တဖန် မထနိုင် အောင်လဲ၍ နေရကြလိမ့်မည်ဟု မိန့်တော်မူ၏။

< Amosi 8 >