< Amosi 7 >

1 Hivi ndivyo ambavyo Bwana Yahwe alivyonionyesha. Tazama, aliumba kundi kubwa la nzige wakati wa kuchipuka kwa mmea, na, tazama, ulikuwa ni mmea wa mwisho baada ya mavuno ya mfalme.
အ​ထွတ်​ဘု​ရင်​အ​ရှင်​ထာ​ဝ​ရ​ဘု​ရား​ထံ​မှ ရူ​ပါ​ရုံ​တစ်​ခု​ကို​ငါ​မြင်​ရ​၏။ ဘု​ရင်​မင်း မြတ်​အ​တွက်​ကောက်​ပင်​များ​ရိတ်​ပြီး​စ​ကာ​လ နှောင်း၊ မြက်​ပင်​ပေါက်​ခါ​စ​အ​ချိန်​၌​ထာ​ဝ​ရ ဘု​ရား​သည်​ကျိုင်း​ကောင်​တစ်​အုပ်​ကို​ဖန်​ဆင်း တော်​မူ​သည်။-
2 Wakati walipomaliza kula mbogamboga za nchi, kisha nikasema, “Bwana Yahwe, tafadhali nisamehe; Je Yakobo ataishije? kwa kuwa yeye ni mdogo sana.”
ထို​ကျိုင်း​ကောင်​များ​သည်​တစ်​ပြည်​လုံး​ရှိ ရွက် နု​ပင်​မှန်​သ​မျှ​ကို​ကိုက်​စား​လိုက်​ကြောင်း ငါ​မြင်​ရ​၏။ ငါ​က​လည်း``အို အ​ရှင်​ထာ​ဝ​ရ ဘု​ရား၊ အ​ရှင့်​လူ​တို့​၏​အ​ပြစ်​ကို​လွှတ်​တော် မူ​ပါ။ သူ​တို့​သည်​နု​ငယ်​၍​အား​နွဲ့​လှ​ပါ ၏'' ဟု​လျှောက်​ဆို​သော်၊
3 Yahwe akapunguza hasira kuhusu hili. “Haitatokea,” akasema.
ထာ​ဝ​ရ​ဘု​ရား​သည်​စိတ်​ပြောင်း​တော်​မူ ပြီး``သင်​မြင်​သော​ရူ​ပါ​ရုံ​ဖြစ်​ပေါ်​မည် မ​ဟုတ်'' ဟု​မိန့်​တော်​မူ​၏။
4 Hivi ndivyo ambavyo Bwana Yahwe alivyonionyesha: Tazama, Bwana Yahwe aliita juu ya moto kuhukumu. Nao ukakausha sana, kilindi chini ya dunia na kutaka kuitekeza nchi, pia.
ငါ​သည်​အ​ရှင်​ထာ​ဝ​ရ​ဘု​ရား​ထံ​မှ​ရူ​ပါ​ရုံ နောက်​တစ်​ခု​ကို​မြင်​ရ​၏။ ထို​ရူ​ပါ​ရုံ​၌​အ​ရှင် ထာ​ဝ​ရ​ဘု​ရား​သည် မိ​မိ​လူ​မျိုး​ကို​မီး​ဒဏ် ဖြင့်​အ​ပြစ်​ပေး​ရန်​ပြင်​ဆင်​နေ​တော်​မူ​သည် ကို​တွေ့​ရ​သည်။ ထို​မီး​သည်​မြေ​အောက်​သ​မုဒ္ဒ ရာ​တစ်​ခု​လုံး​ခန်း​ခြောက်​အောင်​ကျွမ်း​လောင် ပြီး​နောက် ကုန်း​ပေါ်​မှာ​စ​တင်​တောက်​လောင် လာ​၏။-
5 Lakini nikasema, “Bwana Yahwe, acha tafadhali; Yakobo ataishije? Kwa kuwa yeye ni mdigo sana.”
ငါ​က​လည်း``အို အ​ရှင်​ထာ​ဝ​ရ​ဘု​ရား​ဆိုင်း တော်​မူ​ပါ။ ဤ​ဒဏ်​ဆိုး​ကို​လူ​မျိုး​တော်​သည် မည်​သို့​ခံ​နိုင်​ပါ​မည်​နည်း။ သူ​တို့​သည်​နု ငယ်​၍​အား​နွဲ့​လှ​ပါ​၏'' ဟု​လျှောက်​ဆို သော်၊-
6 Yahwe akagairi kuhusiana na hili, “Hili halitajitokeza pia,” asema Bwana Yahwe.
ထာ​ဝ​ရ​ဘု​ရား​သည်​စိတ်​ပြောင်း​တော်​မူ​၍ ``ဤ​သို့​လည်း​ဖြစ်​ပေါ်​မည်​မ​ဟုတ်'' ဟု အ​ရှင်​ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သည်။
7 Hivi ndivyo ambavyo Yahwe alivyo nionyesha: Tazama, Bwana amesimama karibu na ukuta, pamoja na uzi wa timiza kwenye mkono wake.
ငါ​သည်​ထာ​ဝ​ရ​ဘု​ရား​ထံ​မှ​ရူ​ပါ​ရုံ​တစ်​ခု ကို​မြင်​ရ​၏။ ထို​ရူ​ပါ​ရုံ​၌​ချိန်​ကြိုး​ဖြင့်​တိုင်း ထွာ​ဆောက်​လုပ်​ခဲ့​သည့်​ကျောက်​နံ​ရံ​ဘေး​တွင် ချိန်​ကြိုး​တစ်​ချောင်း​ကိုင်​ကာ​ရပ်​နေ​တော်​မူ သော​ကိုယ်​တော်​ရှင်​ကို​ငါ​တွေ့​မြင်​သည်။-
8 Yahwe akanambia, “Amosi, unaona nini?” nikasema, “Uzi wa timazi.” Kisha Bwana akasema, “Tazama, nitaweka uzi wa timazi miongoni mwa watu wangu Israeli. Sintowaharibu tena.
ကိုယ်​တော်​က``အာ​မုတ်၊ အ​ဘယ်​အ​ရာ​ကို မြင်​သ​နည်း'' ဟု​ငါ့​အား​မေး​သ​ဖြင့်၊ ငါ​က​လည်း``ချိန်​ကြိုး​တစ်​ချောင်း​ကို မြင်​ရ​ပါ​သည်​ဘု​ရား'' ဟု​လျှောက်​ဆို​၏။ ကိုယ်​တော်​ရှင်​က​လည်း၊``ငါ​၏​လူ​မျိုး​သည် ရွေ့​စောင်း​နေ​သော​နံ​ရံ​သ​ဖွယ်​ဖြစ်​နေ​သည် ကို ဤ​ချိန်​ကြိုး​ဖြင့်​ပြ​ဆို​ရ​ပြီ။ သူ​တို့​ကို ဒဏ်​ခတ်​ရန်​နောက်​တစ်​ဖန်​စိတ်​ပြောင်း​တော့ မည်​မ​ဟုတ်။-
9 Mahala pa juu pa Isaka pataharibiwa, patakatifu pa Israeli pataangamia, na nitainuka juu ya nyumba ya Yeroboamu kwa upanga.”
ဣ​ဇာက်​မှ​ဆင်း​သက်​သော​အ​မျိုး​အ​နွယ်​တို့ ကိုး​ကွယ်​ရာ​အ​ရပ်​များ​ပျက်​စီး​ရ​တော့​မည်။ ဣ​သ​ရေ​လ​နိုင်​ငံ​ရှိ​သန့်​ရှင်း​ရာ​ဌာ​န​မှန် သ​မျှ​ကို မြေ​ပုံ​အ​ဖြစ်​နှင့်​သာ​ကျန်​ရစ်​စေ မည်။ ငါ​သည်​ယေ​ရော​ဗောင်​မင်း​ဆက်​၏​နန်း သက်​ကို​ကုန်​စေ​တော့​မည်'' ဟု​မိန့်​တော်​မူ​၏။
10 Kisha Amazia, yule kuhani wa Betheli, akatuma ujumbe kwa Yeroboamu, mfalme wa Israeli: “amosi amefanya njama dhidi yako katikati ya nyumba ya Israeli. Nchi haiwezi kubeba maneno yote haya.
၁၀ထို​အ​ခါ​ဗေ​သ​လ​ယဇ်​ပု​ရော​ဟိတ်​အာ​မ​ဇိ က ဣ​သ​ရေ​လ​ဘု​ရင်​ယေ​ရော​ဗောင်​ထံ​သို့ သံ​တော်​ဦး​တင်​လိုက်​လေ​၏။ ``အာ​မုတ်​သည် အ​ရှင်​မင်း​ကို​ဆန့်​ကျင်​ဖို့​ရန်​ပြည်​သူ​တို့ ကြား​တွင်​ကြံ​စည်​လျက်​ရှိ​ပါ​သည်။ သူ​ဟော သော​စ​ကား​များ​ကြောင့်​နိုင်​ငံ​တော်​ပျက်​ရ ပါ​လိမ့်​မည်။-
11 Kwa kuwa hivi ndivyo asemavyo Amosi, 'Yeroboamu atakufa kwa upanga, na hakika Israeli itakwenda utumwani kutoka nchi yake.”'
၁၁`ယေ​ရော​ဗောင်​မင်း​သည်​တိုက်​ပွဲ​၌​ကျ​ဆုံး ပြီး​ဣ​သ​ရေ​လ​ပြည်​သား​တို့​သည် မိ​မိ​တို့ ၏​နိုင်​ငံ​မှ​တစ်​ပါး​တစ်​နိုင်​ငံ​သို့​ဖမ်း​သွား ခံ​ရ​မည်' ဟု​ဟော​နေ​ပါ​သည်'' ဟူ​၍​သံ တော်​ဦး​တင်​လိုက်​၏။
12 Amazia akamwambia Amosi, “Mwonaji, nenda, kimbia irudie nchi ya Yuda, na hapo ule mkate na kutabiri.
၁၂ယင်း​နောက်​အာ​မ​ဇိ​က​အာ​မုတ်​အား``တန် တော့​ပ​ရော​ဖက်၊ ဆက်​မ​ဟော​နှင့်၊ ယု​ဒ​နိုင်​ငံ သို့​ပြန်​သွား​ပြီး​ထို​ပြည်​၌​သာ​ပ​ရော​ဖက် လုပ်​စား​လော့။-
13 Lakini usitabiri tena hapa katika Betheli, kwa kuwa ni patakatifu pa mfalme na nyumba ya kifalme.”
၁၃ဗေ​သ​လ​မြို့​သို့​နောက်​တစ်​ဖန်​လာ​၍​မ​ဟော လေ​နှင့်၊ ဤ​နေ​ရာ​သည်​ဘု​ရင်​မင်း​ကိုယ်​တော် တိုင်​ကိုး​ကွယ်​ဝတ်​ပြု​ရာ အ​မျိုး​သား​ဗိ​မာန် တော်​ဖြစ်​သည်'' ဟု​ဆို​လိုက်​၏။
14 Kisha Amosi akamwambia Amazia, “Mimi sio nabii wala mwana wa nabii. Mimi ni mchungaji wa mifugo, na mtunza mikuyu.
၁၄ထို​အ​ခါ​အာ​မုတ်​က``ငါ​သည်​အ​ခ​ကြေး ငွေ​ယူ​၍​ပ​ရော​ဖက်​ပြု​သော​ပ​ရော​ဖက် တစ်​ယောက်​မ​ဟုတ်။ ငါ​သည်​သိုး​ထိန်း​ဖြစ် ၍​သင်္ဘော​သ​ဖန်း​ပင်​များ​ကို​ပြု​စု​နေ​သူ တစ်​ဦး​ဖြစ်​၏။-
15 Lakini Yahwe akanichukua kutoka kuchunga mifugo na kunambia, 'Nenda, katabiri kwa watu wangu Israeli.'
၁၅ထာ​ဝ​ရ​ဘု​ရား​သည်​ငါ့​ကို​သိုး​ကျောင်း နေ​ရာ​မှ​ခေါ်​ယူ​ပြီး လူ​မျိုး​တော်​ဣ​သ​ရေ​လ ထံ​သို့​သွား​ရောက်​၍​ဗျာ​ဒိတ်​ပေး​ရန်​စေ​ခိုင်း တော်​မူ​ခဲ့​သည်။-
16 Sasa sikia neno la Yahwe. Wewe usemaye, 'Usitabiri juu ya Israeli, na usiongee juu ya nyumba ya Isaka.
၁၆သို့​ဖြစ်​သော​ကြောင့်​ထာ​ဝ​ရ​ဘု​ရား​၏ အ​မိန့်​တော်​ကို​နား​ထောင်​လော့။ သင်​က​ငါ့ အား၊ ဣသ​ရေ​လ​ပြည်​သား​တို့​တစ်​ဖက်​မှ ဆန့်​ကျင်​ပြီး​ပ​ရော​ဖက်​မ​ပြု​နှင့်​မ​ဟော နှင့်​ဟု​ဆို​၏။-
17 Kwa hiyo hivi ndivyo Yahwe asemavyo, 'Mke wako atakuwa kahaba katika mji; wana wako waume na binti zako wataanguka kwa upanga; nchi yako itapimwa na kugawanywa; utakufa katika nchi najisi, na Israeli hakika itakwenda utumwani kutoka nchi yake.”'
၁၇ထို​သို့​ဆို​သော​ကြောင့်​သင့်​ကို​ထာ​ဝ​ရ ဘု​ရား​က ဤ​သို့​မိန့်​တော်​မူ​ပြီ။ `သင်​၏ မ​ယား​သည်​ပြည့်​တန်​ဆာ​ဘ​ဝ​သို့​ရောက် သွား​ရ​မည်။ သင်​၏​သား​သ​မီး​များ​သည် လည်း​စစ်​ပွဲ​၌​ကျ​ဆုံး​ရ​လိမ့်​မည်။ သင်​ပိုင် သော​မြေ​ယာ​များ​ကို​ခွဲ​ဝေ​ကာ​သူ​တစ်​ပါး လက်​သို့​ပေး​အပ်​လိုက်​မည်။ သင်​ကိုယ်​တိုင်​သည် မိစ္ဆာ​နိုင်​ငံ​တစ်​ခု​၌​သေ​ဆုံး​ရ​မည်။ ဣ​သ​ရေ​လ ပြည်​သား​သည်​မိ​မိ​တို့​နေ​ရင်း​နိုင်​ငံ​မှ တိုင်း တစ်​ပါး​သို့​ချုပ်​နှောင်​သွား​ခြင်း​ကို​ခံ​ရ ကြ​မည်' ''ဟု​အာ​မ​ဇိ​အား​ပြန်​၍​ဆို လိုက်​၏။

< Amosi 7 >