< Amosi 4 >

1 Lisikilizeni neno hili, ninyi ng'ombe wa Bashani, ninyi mliomo katika mlima wa Samaria, ninyi mnaowakandamiza maskini, ninyi mnaowaponda wahitaji, ninyi muwaambiao waume zenu, “Tuleteeni vinywaji.”
ဆင်းရဲသောသူတို့ကို ညှဉ်းဆဲလျက်၊ ငတ်မွတ်သောသူတို့ကိုနှိပ်စက်လျက်၊ မိမိသခင်တို့အား ငါတို့ သောက်ဘို့ယူခဲ့ကြဟုဆိုတတ်လျက်၊ ရှမာရိတောင်ပေါ်မှာနေသော ဗာရှန်နွားတို့၊ ဤစကားတော်ကိုနားထောင် ကြလော့။
2 Bwana Yahwe ameapa kwa utukufu wake, “Tazama, siku zitakuja kwenu wakati watakapowaondoa kwa ndoana, wa mwisho wenu na ndoana za kuvulia samaki.
အရှင်ထာဝရဘုရားသည် မိမိသန့်ရှင်းခြင်း ပါရမီတော်ကိုတိုင်တည်၍ ကျိန်ဆိုတော်မူသည်အတိုင်း၊ သင်တို့ကို ငါးမျှားနှင့်၎င်း၊ သင်တို့သားမြေးတို့ကိုပိုက်ကွန်နှင့်၎င်း ဘမ်းဆီးယူသွားရသောကာလ ရောက်လိမ့်မည်။
3 Mtatoka kupitia mahali palipo bomolewa kwenye kuta za mji, kila mmoja wenu kwenda moja kwa moja kupitia hapo, na mtajitupa mbele ya Harmoni -hivi ndivyo asemavyo Yahwe.”
သင်တို့သည် အသီးအသီးကိုယ်စီတွေ့သော အပေါက်ဖြင့်ထွက်၍ ရဲတိုက်ထဲသို့ ချခြင်းကိုခံရကြမည်ဟု ထာဝရဘုရားမိန့်တော်မူ၏။
4 “Nendeni Betheli na uovu, hata Gilgali mkaongeza dhambi, leteni dhabihu zenu kila asubuhi, zaka zenu kila baada ya siku tatu.
ဗေသလမြို့သို့သွား၍ ပြစ်မှားကြလော့။ ဂိလဂါလမြို့သို့လည်းသွား၍ များစွာသောပြစ်မှားခြင်းခြင်းကို ပြုကြလော့။ နံနက်တိုင်းပူဇော်သောယဇ်ကို၎င်း၊ သုံးနှစ်တခါ ဥစ္စာဆယ်ဘို့တဘို့ကို၎င်း ဆောင်ခဲ့ကြလော့။
5 Toeni dhabihu za shukurani pamoja na mkate; tangazeni sadaka za hiari; watangazieni, kwa kuwa hii ndiyo iwapendezayo, ninyi watu wa Israeli -hivi ndivyo asemavyo Bwana Yahwe.
လုယူသောဥစ္စာထဲကကျေးဇူးချီးမွမ်းရာ ပူဇော်သက္ကာကို မီးရှို့ကြလော့။ အလိုလိုပြုသော ပူဇော်သက္ကာ များကိုလည်း ကြားပြော၍ကြော်ငြာစေကြလော့။ အိုဣသရေလအမျိုးသားတို့၊ ထိုသို့ပြုရာတွင် သင်တို့သည် မွေ့လျော်တတ်ကြသည်ဟု အရှင်ထာဝရဘုရား မိန့်တော်မူ၏။
6 Nawapatia usafi wa meno katika miji yenu na na kupungukiwa na mkate katika sehemu zenu zote. Bado hamkurudi kwangu -hivi ndivyo Yahwe asemavyo.
ငါသည်လည်း၊ သင်တို့မြို့ရွာရှိသမျှတို့၌ သွားတို့၏ စင်ကြယ်ခြင်းကို၎င်း၊ သင်တို့နေရာအရပ်ရှိသမျှတို့၌ အစာခေါင်းပါးခြင်းကို၎င်းပေးသော်လည်း၊ သင်တို့သည် ငါ့ထံသို့ပြန်၍ မလာကြဟုထာဝရဘုရားမိန့်တော်မူ၏။
7 Pia nimeizuia mvua kutoka kwenu wakati bado kulikuwa na miezi mitatu kwa mavuno. Nikaifanya inyeshe juu ya mji, na kuifanya isinyeshe katika mji mwingine. Kipande kimoja cha nchi ilinyesha, lakini kipande kingine cha nchi ambapo haikunyesha palikuwa pakavu.
စပါးရိတ်ရာကာလမရောက်မှီ သုံးလအထက်က၊ မိုဃ်းမရွာစေခြင်းငှါ မိုဃ်းကိုငါဆီးတားပြီ။ မြို့တမြို့ပေါ်မှာ ရွာစေခြင်းငှါ၎င်း၊ တမြို့ပေါ်မှာမရွာစေခြင်းငှါ၎င်းပြုလျက်၊ မြေတကွက်သည် မိုဃ်းရေကိုခံရ၍ တကွက်သည် မခံရ၊ သွေ့ခြောက်လျက် နေရ၏။
8 Walizunguka miji miwili au mitatu kwenda mji mwingine kunywa maji, lakini hawakutosheka. Bado hawakunirudia mimi -asema Yahwe.
ထိုသို့မြို့နှစ်မြို့သုံးမြို့သားတို့သည် ရေသောက်ခြင်းငှါ မြို့တမြို့သို့သွားရ၍ မဝရကြ။ သို့သော်လည်း၊ သင်တို့သည် ငါ့ထံသို့ ပြန်၍မလာကြဟု ထာဝရဘုရားမိန့်တော်မူ၏။
9 Nimewapiga kwa maradhi yanayosababisha kuvu. Wingi wa bustani, mashamba yenu ya zabibu, mitini yenu, na mizaituni-kuteketeza yote. Bado hamkunirudia hivi ndivyo Yahwe asemavyo.
လေထိ၍အပင်သေခြင်း၊ အရည်ယို၍ သေခြင်းဘေးဖြင့် ငါသည်ဒဏ်ခတ်လေပြီ။ သင်တို့၌ များပြားသောလယ်ယာ၊ စပျစ်ဥယျာဉ်၊ သင်္ဘောသဖန်းပင်၊ သံလွင်ပင်တို့ကို ကျိုင်းကောင်တို့သည် ကိုက်စားကြပြီ။ သို့သော်လည်း၊ ငါ့ထံသို့ ပြန်၍မလာကြဟု ထာဝရဘုရားမိန့်တော်မူ၏။
10 Nimetuma tauni kwenu kama ya Misri. Nimewaua watoto wenu kwa upanga, kubeba farasi zenu, na kuufanya uvundo wa kambi zenu na kuingiza kwenye pua zenu. Bado hamkunirudia mimi -hivi ndivyo asemavyo Yahwe.
၁၀အဲဂုတ္တုပြည်ခံရသော ကာလနာဘေးကို သင်တို့ရှိရာသို့ ငါစေလွှတ်လေပြီ။ လုလင်တို့ကို ထားဖြင့် ကွပ်မျက်စေပြီ။ မြင်းတို့ကိုသိမ်းသွားစေပြီ။ သင်တို့တပ်၌ ပုပ်စပ်သောအနံ့ကို သင်တို့နှာခေါင်း၌လှိုင်စေပြီ။ သို့သော်လည်း၊ ငါ့ထံသို့ ပြန်၍မလာကြဟု ထာဝရဘုရားမိန့်တော်မူ၏။
11 Nimeiangamiza miji miongoni mwenu, kama wakati Mungu alipoiangamiza Sodoma na Gomora. Mlikuwa kama kijinga kilichonyakuliwa kutoka kwenye moto. Bado hamkunirudia - asema Yahwe.
၁၁ဘုရားသခင်သည် သောဒုံမြို့နှင့် ဂေါမောရမြို့ကို မှောက်လှန်သကဲ့သို့၊ သင်တို့အချို့ကိုငါမှောက်လှန်၍ သင်တို့သည် မီးထဲကနှုတ်သောထင်းစကဲ့သို့ ဖြစ်ကြပြီ။ သို့သော်လည်း၊ ငါ့ထံသို့ ပြန်၍မလာကြဟု ထာဝရဘုရား မိန့်တော်မူ၏။
12 Kwa hiyo nitafanya jambo baya kwako, Israeli; na kwa sababu nitafanya jambo baya kwako, jiandae kukutana na Mungu, Israeli!
၁၂သို့ဖြစ်၍၊ အိုဣသရေလအမျိုး၊ အထက်က ပြုသကဲ့သို့ သင်တို့၌ငါပြုဦးမည်။ ထိုသို့ပြုမည်ဖြစ်သော ကြောင့်၊ အိုဣသရေလအမျိုး၊ သင်၏ဘုရားသခင်နှင့် တွေ့ခြင်းငှါ ကိုယ်ကိုပြင်ဆင်လော့။
13 Kwa kuwa, tazama, yeye atangenezaye milima pia ndiye aumbaye upepo, humfunulia mawazo yake mwanadamu, hufanya asubuhi kuwa giza, na kupakanyaga mahala pa juu ya dunia. Yahwe, Mungu wa majeshi, ndilo jina lake.”
၁၃တောင်တို့ကို လုပ်၍လေကိုဖန်ဆင်းထသော၊ လူစိတ်အကြံအစည်ကို လူအားဘော်ပြထသော၊ နံနက် အလင်းကို အမိုက်ဖြစ်စေထသော၊ မြင့်သောမြေအရပ်တို့ကို နင်းသောသူသည် ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရားတည်းဟူသော ဘွဲ့နာမရှိတော်မူ၏။

< Amosi 4 >