< Amosi 1 >

1 Haya ni mambo yanayoihusu Israeli ambayo Amosi, mmoja wa wachungaji katika Tekoa, aliyapokea katika ufunuo. Alipokea haya mambo katika siku za Uzia mfalme wa Yuda, na pia katika siku za Yeroboamu mwana wa Yoashi mfalme wa Israeli, miaka miwili kabla ya tetemeko la aridhi.
ယုဒရှင်ဘုရင် ဩဇိမင်း၊ ဣသရေလရှင်ဘုရင်ယောရှ၏သား ယေရောဗောင်မင်းတို့လက်ထက်၊ မြေကြီး မလှုပ်မှီနှစ်နှစ် အထက်က၊ သိုးထိန်းစုအဝင်ဖြစ်သော တေကောရွာသားအာမုတ်သည် ဣသရေလပြည်အတွက် ခံရသော ဗျာဒိတ်တော်စကားဟူမူကား၊
2 Alisema, “Yahwe atanguruma kutoka Sayuni; atainua sauti yake kutoka Yerusalemu. Malisho ya wachungaji yatanyamaza kimya; kilele cha Karmeli kitanyauka.”
ထာဝရဘုရားသည် ဇိအုန်တောင်ပေါ်ကကြွေးကြော်၍၊ ယေရုရှလင်မြို့ထဲကအသံကို လွှင့်တော်မူသော ကြောင့်၊ သိုးထိန်းနေရာတို့သည် ညှိုးငယ်၍၊ ကရမေလတောင်ထိပ်သည် နွမ်းရိလိမ့်မည်။
3 Hivi ndivyo Yahwe asemavyo: “Kwa dhambi tatu za Damaskasi, hata kwa nne, sintobadilisha adhabu, kwa sababu wameipura Gileadi kwa vyombo vya chuma.
ထာဝရဘုရား မိန့်တော်မူသည်ကား၊ ဒမာသက်မြို့သည် ဂိလဒ်ပြည်ကို စပါးနယ်ရာ သံယန္တရားစက်တို့ နှင့် ကြိတ်နယ်သောအပြစ်သုံးပါးမက၊ အပြစ်လေးပါးကြောင့် ငါသည် ဒဏ်မပေးဘဲမနေ။
4 Nitapeleka moto kwenye nyumba ya Hazaeli, na utaiteketeza ngome za Ben Hadadi.
ဟာဇေလမင်းမျိုးအပေါ်သို့ မီးကိုလွှတ်၍၊ ဗင်္ဟာဒဒ်မင်း၏ဘုံဗိမာန်တို့ကို လောင်စေမည်။
5 Nitazivunja komeo za Damaskasi na kumkatilia mbali mtu ambaye aishiye katika Biqati Aveni, na pia yule mtu ashikaye fimbo ya kifalme katika Beth Edeni. Na watu wa shamu watakwenda utumwani hata Kiri,” asema Yahwe.
ဒမာသက်မြို့ တံခါးကန့်လန့်ကျင်တို့ကိုချိုးမည်။ အာဝင်ချိုင့်သားတို့ကို၎င်း၊ ဗေသေဒင်မြို့၌ မင်းပြုသော သူတို့ကို၎င်း ပယ်ဖြတ်မည်။ ရှုရ်ပြည်သားတို့သည် ကိရမြို့သို့ သိမ်းသွားခြင်းကိုခံရကြမည်ဟု ထာဝရဘုရား မိန့်တော်မူ၏။
6 Hivi ndivyo Yahwe asemavyo: “Kwa dhambi tatu za Gaza, hata nne, sintobadilisha adhabu, kwa sababu waliwachukua mateka watu wote, kuwaweka juu ya mkono wa Edomu.
တဖန်ထာဝရဘုရား မိန့်တော်မူသည်ကား၊ ဂါဇမြို့သည် ချုပ်ထားသောသူအပေါင်းတို့ကို ဧဒုံမင်း၌ အပ်ခြင်းငှါ သိမ်းသွားသောအပြစ်သုံးပါးမက၊ အပြစ်လေးပါးကြောင့် ငါသည် ဒဏ်မပေးဘဲမနေ။
7 Nitatuma moto kwenye kuta za Gaza, na kuziteketeza ngome zake.
ဂါဇမြို့ရိုးအပေါ်သို့ မီးကိုလွှတ်၍ ဘုံဗိမာန်တို့ကို လောင်စေမည်။
8 Nitamkatilia mbali yule mtu aishiye katika Ashdodi na mtu ashikaye fimbo ya kifalme kutoka Ashkeloni. Nitaugeuza mkono wangu dhidi ya Ekroni, na mabaki ya Wafilisti wataangamia,” asema Bwana Yahwe.
အာဇုတ်မြို့သားတို့ကို၎င်း၊ အာရှကေလုန်မြို့၌ မင်းပြုသောသူတို့ကို၎င်း ပယ်ဖြတ်မည်။ ဧကြုန်မြို့ကို လည်း တိုက်၍ ကျန်ကြွင်းသော ဖိလိတ္တိလူတို့သည် ပျက်စီးကြလိမ့်မည်ဟု အရှင်ထာဝရဘုရား မိန့်တော်မူ၏။
9 Hivi ndivyo Yhawe asemavyo: “Kwa dhambi tatu za Tiro, hata kwa nne, sintobadili adhabu, kwa sababu waliwapelekea watu wote wa Edomu, na wamevunja agano lao la undugu.
တဖန် ထာဝရဘုရားမိန့်တော်မူသည်ကား၊ တုရုမြို့သည် ညီအစ်ကိုချင်းဖွဲ့သောမိဿဟာယကို မစောင့်၊ ချုပ်ထားသော သူအပေါင်းတို့ကို ဧဒုံမင်း၌အပ်သောအပြစ်သုံးပါးမက၊ အပြစ်လေးပါးကြောင့် ငါသည် ဒဏ် မပေးဘဲမနေ။
10 Nitapeleka moto kwenye kuta za Tiro, nao utaziteketeza ngome zake.”
၁၀တုရုမြို့ရိုးအပေါ်သို့ မီးကိုလွှတ်၍ ဘုံဗိမာန်တို့ကို လောင်စေမည်။
11 Hivi ndivyo Yahwe asemavyo, “Kwa dhambi tatu za Edomu, hata kwa nne, sintobadilisha adhabu, kwa sababu alimfuatilia ndugu yake kwa upanga na kutupilia mbali huruma zote. Hasira yake ikaendelea kuwa kali, na ghadhabu yake ikabaki milele.
၁၁တဖန် ထာဝရဘုရားမိန့်တော်မူသည်ကား၊ ဧဒုံပြည်သည် သနားသောစိတ်ကိုချုပ်တည်း၍၊ ညီအစ်ကို ကို ထားနှင့်လိုက်သောအပြစ်၊ ဒေါသစိတ်နှင့် အစဉ်အမြဲဆွဲဖြတ်၍ အစဉ်အမြဲအငြိုးထားသော အပြစ်သုံးပါးမက၊ အပြစ်လေးပါးကြောင့် ငါသည်ဒဏ်မပေးဘဲမနေ။
12 Nitapeleka moto juu ya Temani, na utaziteketeza nyumb a za kifalme za Bozra.”
၁၂တေမန်မြို့အပေါ်သို့ မီးကိုလွှတ်၍၊ ဗောဇရမြို့၏ ဘုံဗိမာန်တို့ကို လောင်စေမည်။
13 Hivi ndivyo Yahwe asemavyo, “Kwa dhambi tatu za watu wa Amoni, hata kwa nne, sintobadilisha adhabu, kwa sababu wamewapasua wanawake wa Gileadi wenye mimba, ili waweze kupanua mipaka yao.
၁၃တဖန် ထာဝရဘုရားမိန့်တော်မူသည်ကား၊ အမ္မုန်ပြည်သားတို့သည် မိမိတို့နေရာကို ကျယ်စေခြင်းငှါ၊ ကိုယ်ဝန်ဆောင်သော ဂိလဒ်ပြည်သူမိန်းမတို့၏ ဝမ်းကိုခွဲသောအပြစ်သုံးပါးမက၊ အပြစ်လေးပါးကြောင့် ငါသည် ဒဏ်မပေးဘဲမနေ။
14 Nitawasha moto katika kuta za Raba, nao utaziteketeza nyumba za kifalme, pamoja na kupiga kelele katika siku ya vita, pamoja na dhoruba katika siku ya kimbunga.
၁၄ရဗ္ဗာမြို့ရိုးကို မီးရှို့၍ ဘုံဗိမာန်တို့ကို လောင်စေမည်။ စစ်တိုက်သောနေ့၌ အော်ဟစ်ခြင်း၊ မိုဃ်းသက် မုန်တိုင်းရောက်သောနေ့၌ လွင့်သွားခြင်း ရှိလိမ့်မည်။
15 Mfalme wao ataenda utumwani, yeye na maafisa wake pamoja,” asema Yahwe.
၁၅သူတို့ရှင်ဘုရင် ကိုယ်တိုင်မှစ၍၊ မှူးတော်မတ်တော်များတို့သည် သိမ်းသွားခြင်းကို ခံရကြလိမ့်မည်ဟု ထာဝရဘုရား မိန့်တော်မူ၏။

< Amosi 1 >