< 2 Samweli 24 >

1 Kisha hasira ya Yahwe ikawaka dhidi ya Israeli, naye akamchochea Daudi kinyume chao kusema, “Nenda, ukawahesabu Israeli na Yuda.”
နောက်တဖန်ထာဝရဘုရားသည် ဣသရေလ အမျိုးကို အမျက်ထွက်တော်မူလျှင်၊ စာတန်သည် ရန်ဘက်ပြု၍ ဣသရေလလူနှင့် ယုဒလူတို့ကို ရေတွက် စေခြင်းငှါ ဒါဝိဒ်ကိုတိုက်တွန်းလေ၏။
2 Mfalme akamwambia Yoabu, jemedari wa jeshi, aliyekuwa pamoja naye, “Nenda upite katika kabila zote za Israeli, toka Dani mpaka Beersheba, uwahesabu watu wote, ili niweze kujua idadi kamili ya watu wanaofaa kwa vita.”
ရှင်ဘုရင်ကလည်း၊ လူပေါင်းမည်မျှရှိသည်ကို ငါသိမည်အကြောင်း၊ ဒန်မြို့မှသည် ဗေရရှေဘမြို့ တိုင်အောင် ဣသရေလခရိုင်ရှိသမျှတို့ကို ရှောက်သွား၍၊ လူတို့ကို ရေတွက်လော့ဟု အထံတော်၌ရှိသော ဗိုလ်ချုပ် မင်းယွာဘအားမိန့်တော်မူ၏။
3 Yoabu akamwambia mfalme, “Yahwe Mungu wako na aizidishe hesabu ya watu mara mia, na macho ya bwana wangu mfalme yaone ikifanyika. Lakini kwa nini bwana wangu mfalme analitaka jambo hili?
ယွာဘကလည်း၊ ကိုယ်တော်၏ဘုရားသခင် ထာဝရဘုရားသည် လူတို့ကိုထပ်၍ အဆတရာတိုးပွါး စေသဖြင့်၊ ကျွန်တော်သခင် အရှင်မင်းကြီးမြင်မည် အကြောင်း ပြုတော်မူပါစေသော။ သို့ရာတွင် ကျွန်တော် သခင်အရှင်မင်းကြီးသည် ဤအမှုကို အဘယ်ကြောင့် နှစ်သက်တော်မူသနည်းဟု ရှင်ဘုရင်အား လျှောက်လေ ၏။
4 Walakini neno la mfalme lilikuwa la mwisho dhidi ya Yoabu na dhidhi ya majemedari wa jeshi. Hivyo Yoabu na majemedari wakatoka mbele ya mfalme kuwahesabu watu wa Israeli.
သို့သော်လည်း အမိန့်တော်သည် ယွာဘစကား နှင့် ဗိုလ်များ စကားကိုနိုင်သဖြင့်၊ ယွာဘနှင့် ဗိုလ်များ တို့သည် လူတို့ကိုရေတွက်အံ့သောငှါ အထံတော်မှ ထွက် သွားကြ၏။
5 Wakavuka Yordani na kupiga kambi karibu na Aroeri, kusini mwa mji bondeni. Kisha wakasafiri kupitia Gadi mpaka Yazeri.
ယော်ဒန်မြစ်ကိုကူး၍ ဂဒ်ချိုင့်၌ရှိသော အာရော်မြို့အရှေ့ဘက်၊ ယာဇာမြို့အနားမှာ တပ်ချ ကြ၏။
6 Wakaja Gileadi na nchi ya Tahtimu Hodshi, kisha Dani, Jaani na karibu kuelekea Sidoni.
ဂိလဒ်ပြည်၊ နောက်သိမ်းသောပြည်၊ ဒန်ယန် ပြည်တို့ကို လွန်ပြီးမှ ဇိဒုန်ပြည်သို့ ဝိုင်းသွား၍၊
7 Wakafika ngome ya Tiro na miji yote ya Wahivi na Wakanaani. Kisha wakaenda Negebu katika Yuda huko Beersheba.
တုရုရဲတိုက်သို့၎င်း၊ ဟိဝိမြို့များ၊ ခါနာနိမြို့များ အလုံးစုံတို့သို့၎င်း ရောက်၍၊ ယုဒပြည်တောင်ပိုင်း၊ ဗေရ ရှေဘမြို့၌ လက်စသတ်ကြ၏။
8 Walipokuwa wamepita katika nchi yote, wakarejea Yerusalemu mwishoni mwa miezi tisa na siku ishirini.
ထိုသို့တပြည်လုံး ရှောက်သွား၍ ကိုးလနှင့် အရက်နှစ်ဆယ်လွန်မှ ယေရုရှလင်မြို့သို့ ရောက်ကြ၏။
9 Ndipo Yoabu alipotoa taarifa ya hesabu kamili kwa mfalme kuhusu watu wawezao kupigana vita. Katika Israeli kulikuwa na watu 800, 000 jasiri wawezao kutoa upanga, na wale wa Yuda walikuwa watu 500, 000.
ယွာဘသည်လည်းလူပေါင်းစာရင်းကို ရှင်ဘုရင်အား ဆက်၍၊ ဣသရေလအမျိုး၌ ထားကိုင် သူရဲရှစ်သိန်း၊ ယုဒအမျိုး၌ ငါသိန်းရှိကြ၏။
10 Ndipo moyo wa Daudi ukamchoma alipokuwa amewahesabu watu. Hivyo akamwambia Yahwe, “Kwa kufanya hivi nimetenda dhambi sana. Sasa, Yahwe, uiondoe hatia ya mtumishi wako, kwani nimetenda kwa upumbavu.”
၁၀ဒါဝိဒ်သည် လူတို့ကို ရေတွက်ပြီးမှ နောင်တရ၍၊ အကျွန်ုပ်ပြုမိသောအမှု၌ အလွန်ပြစ်မှားပါပြီ။ အိုထာဝရ ဘုရား၊ ကိုယ်တော်ကျွန်၏အပြစ်ကို ဖြေရှင်းတော်မူပါ။ အကျွန်ုပ်သည် အလွန်မိုက်သောအမှုကို ပြုမိပါပြီဟု ထာဝရဘုရားအား တောင်းပန်လေ၏။
11 Daudi alipoinuka asubuhi, neno la Yahwe likamjia nabii Gadi, mwonaji wa Daudi, kusema,
၁၁ဒါဝိဒ်သည် နံနက်အချိန်၌ ထသောအခါ၊ ထာဝရဘုရား၏ နှုတ်ကပတ်တော်သည် ဒါဝိဒ်၏ ပရောဖက်ဂဒ်သို့ ရောက်လာ၍၊
12 Nenda umwambie Daudi; 'Hivi ndivyo asemavyo Yahwe: “Ninakupa mambo matatu. Uchague mojawapo.”
၁၂ဒါဝိဒ်ထံသို့သွားလော့။ အရာသုံးပါးကိုသင့်အား ငါပြ၏။ သင်၌ ငါပြုစရာဘို့ တပါးပါးကိုရွေးရမည်ဟု ထာဝရဘုရား၏ အမိန့်တော်ကို ဆင့်ဆိုလော့ဟု မိန့်တော်မူသည်အတိုင်း၊
13 Hivyo Gadi akaenda kwa Daudi na kumwambia, “Je miaka mitatu ya njaa ije katika nchi yako? au miezi mitatu ukimbie kutoka kwa adui zako huku wakikufuatia? au kuwe na tauni ya siku tatu katika nchi yako? Amua sasa jibu gani nimrudishie aliyenituma.”
၁၃ဂဒ်သည် ဒါဝိဒ်ထံသို့သွား၍၊ ပြည်တော်၌ သုံးနှစ်ပတ်လုံး အစာအာဟာရ ခေါင်းပါးစေရမည်လော။ သို့မဟုတ် ရန်သူတို့သည် သုံးလပတ်လုံးလိုက်၍ ကိုယ်တော်ပြေးတော်မူရမည်လော။ သို့မဟုတ် ပြည်တော်၌ သုံးရက်ပတ်လုံးကာလနာ ရောက်စေရမည်လော။ အကျွန်ုပ်ကို စေလွှတ်တော်မူသောသူအား အကျွန်ုပ်သည် အဘယ်သို့ ပြန်လျှောက်ရမည်ကို စဉ်းစားဆင်ခြင်တော်မူပါဟု လျှောက်လေ၏။
14 Ndipo Daudi alipomwambia Gadi, “Nipo katika shida kubwa. Haya na tuanguke katika mikono ya Yahwe kuliko kuanguka katika mikono ya mwanadamu, kwani matendo yake ya rehema ni makuu sana.”
၁၄ဒါဝိဒ်ကလည်း၊ ငါသည် ကျဉ်းမြောင်းရာသို့ ရောက်လေပြီတကား။ ထာဝရဘုရား၏ လက်တော်သို့ ရောက်ပါစေ။ ကရုဏတော်ကြီးလှ၏။ လူလက်သို့ မရောက်ပါစေနှင့်ဟု ဂဒ်အားပြန်ပြော၏။
15 Hivyo akatuma tauni juu ya Israeli kuanzia asubuhi kwa muda ulioamriwa, na watu sabini na tano elfu kutoka Dani mpaka Beersheba wakafa.
၁၅ထိုနေ့နံနက်မှစ၍ ချိန်းချက်သော အချိန်တိုင်အောင် ထာဝရဘုရားသည် ဣသရေလအမျိုး၌ ကာလ နာကို လွှတ်လိုက်တော်မူ၍၊ ဒန်မြို့မှသည် ဗေရရှေဘမြို့ တိုင်အောင် လူခုနစ်သောင်းသေကြ၏။
16 Malaika aliponyosha mkono wake kuelekea Yerusalemu ili kuuharibu, Yahwe akabadili nia yake kuhusu madhara, na akamwambia malaika aliyekuwa tiyari kuwaangamiza watu, “Yatosha! Rudisha mkono wako sasa.” Wakati huo malaika wa Yahwe alikuwa amesimama katika kiwanja cha kupuria cha Arauna Myebusi.
၁၆ကောင်းကင်တမန်သည် ယေရုရှလင်မြို့ကို ဖျက်ဆီးမည်ဟု လက်ကိုဆန့်သောအခါ၊ ထာဝရဘုရား သည် ထိုဘေးကြောင့် နောင်တရတော်မူ၍၊ တန်ပြီ။ သင့်လက်ကို ရုပ်သိမ်းလော့ဟု လူတို့ကိုဖျက်ဆီးသော ကောင်းကင်တမန်အား မိန့်တော်မူ၏။ ထိုအခါ ထာဝရ ဘုရား၏ ကောင်းကင်တမန်သည် ယေဗုသိလူအရောန၏ ကောက်နယ်တလင်းအနားမှာ ရှိ၏။
17 Daudi alipomwona malaika aliyekuwa amewapiga watu, akamwambia Yahwe kusema, “Nimetenda dhambi, na nimetenda kwa upumbavu. Lakini kondoo hawa, wamefanya nini? Tafadhari, mkono wako na uniadhibu mimi na familia ya baba yangu!”
၁၇လူတို့ကို ဒဏ်ခတ်သော ကောင်းကင်တမန်ကို ဒါဝိဒ်သည်မြင်သောအခါ၊ အကျွန်ုပ်ပြစ်မှားပါပြီ။ ဒုစရိုက်ကို ပြုမိပါပြီ။ ဤသိုးတို့မူကား အဘယ်သို့ပြုမိပါ သနည်း။ လက်တော်သည် အကျွန်ုပ်နှင့် အကျွန်ုပ် အဆွေ အမျိုး၌ ရောက်စေတော်မူပါဟု ထာဝရဘုရားအား တောင်းပန်လေ၏။
18 Kisha Gadi akaja siku hiyo kwa Daudi na kumwambia, “Kwea na ujenge madhabahu kwa ajili ya Yahwe katika kiwanja cha kupuria cha Arauna Myebusi.”
၁၈ထိုနေ့ခြင်းတွင် ဂဒ်သည် ဒါဝိဒ်ထံသို့လာ၍၊ ကိုယ်တော်ကြွပါ။ ယေဗုသိလူအရောန၏ ကောက်နယ် တလင်း၌ထာဝရဘုရားအဘို့ ယဇ်ပလ္လင်ကို တည်ရမည် ဟု၊
19 Hivyo Daudi akakwea kama Gadi alivyomwelekeza kufanya, kama Yahwe alivyokuwa ameagiza.
၁၉ထာဝရဘုရား၏ အမိန့်တော်ကို ဆင့်ဆိုသည်အတိုင်း ဒါဝိဒ်သည် သွားလေ၏။
20 Arauna akatazama na kumwona mfalme na watumishi wake wakikaribia. Ndipo Arauna akaondoka na kumsujudia mfalme uso wake mpaka juu ya ardhi.
၂၀ထိုသို့ရှင်ဘုရင်သည် အခြံအရံတော်နှင့်တကွ ကြွလာသည်ကို အရောနသည် ကြည့်၍မြင်လျှင်၊ ပြင်သို့ ထွက်၍ ရှင်ဘုရင်ရှေ့တော်၌ ဦးချပြပ်ဝပ်လျက်၊
21 Kisha Arauna akasema, “Kwa nini bwana wangu mfalme amekuja kwangu, mtumishi wake? Daudi akajibu, “Kununua uwanja wako wa kupuria, ili nimjengee Yahwe madhabahu, ili kwamba tauni iondolewe kwa watu.”
၂၁ကျွန်တော်သခင် အရှင်မင်းကြီးသည် ကိုယ်တော်ကျွန်ရှိရာသို့ အဘယ်ကြောင့် ကြွလာတော်မူသနည်း ဟု မေးလျှောက်လျှင်၊ ဒါဝိဒ်က၊ လူတို့တွင် ကာလနာဘေးကို ငြိမ်းစေမည်အကြောင်း ထာဝရဘုရားအဘို့ ယဇ်ပလ္လင်ကို တည်လို၍၊ သင်၏ကောက်နယ်တလင်းကို ဝယ်အံ့သောငှါ လာသည်ဟု အမိန့်ရှိသော်၊
22 Arauna akamwambia Daudi, “Chukua liwe lako, bwana wangu mfalme. Ulifanyie lolote lolote lililojema machoni pako. Tazama, ng'ombe kwa ajili ya sadaka ya kuteketezwa na miganda ya kupuria na nira kwa kuni.
၂၂အရောနက၊ ကျွန်တော်သခင်အရှင်မင်းကြီး သည် စိတ်တော်ရှိသည်အတိုင်း ယူ၍ ပူဇော်တော်မူပါ။ မီးရှို့ရာယဇ်ဘို့ နွားများရှိပါ၏။ ထင်းဘို့ကောက်နယ်တန်ဆာ၊ နွားနှင့်ဆိုင်သော တန်ဆာများရှိပါ၏ဟု ဒါဝိဒ် အား လျှောက်လျက်၊
23 Haya yote bwana wangu mfalme, mimi Arauna nakupa.” Kisha akamwambia mfalme, “Yahwe Mungu wako na awe nawe.”
၂၃အလုံးစုံတို့ကို ရှင်ဘုရင်အား ဆက်၍၊ ကိုယ်တော်၏ ဘုရားသခင်ထာဝရဘုရားသည် ကိုယ်တော်ကို လက်ခံတော်မူပါစေသောဟု လျှောက်လေ၏။
24 Mfalme akamwambia Arauna, “Hapana, nahimiza kukinunua kwa thamani yake. Sitatoa kama sadaka ya kuteketezwa kwa Yahwe chochote nisichokigharimia.” Hivyo Daudi akakinunua kiwanja cha kupuria na ng'ombe kwa shekeli hamsini za fedha.
၂၄ရှင်ဘုရင်ကလည်း၊ ထိုသို့ငါမယူရ။ စင်စစ်အဘိုးပေး၍ ငါဝယ်မည်။ ကိုယ်ငွေမကုန်ဘဲငါ၏ ဘုရားသခင် ထာဝရဘုရားအား မီးရှို့ရာယဇ်ကို ငါမပူဇော်လိုဟု အရောနအား ဆိုသဖြင့်၊ ငွေအကျပ်ငါးဆယ်ကို ပေး၍၊ ထိုကောက်နယ်တလင်းနှင့် နွားတို့ကို ဝယ်ပြီးမှ၊
25 Daudi akajenga madhabahu kwa Yahwe pale na kutoa juu yake sadaka za kuteketezwa na sadaka za amani. Hivyo wakamsihi Yahwe kwa niaba ya nchi, hivyo akaizuia tauni katika katika Israeli yote.
၂၅ထိုအရပ်၌ ထာဝရဘုရားအဘို့ ယဇ်ပလ္လင်ကို တည်၍ မီးရှို့ရာယဇ်၊ မိဿဟာယယဇ်တို့ကို ပူဇော် လေ၏။ ထာဝရဘုရားသည်လည်း၊ ဣသရေလပြည်အဘို့ ဆုတောင်းသောစကားကို နားထောင်၍ ကာလနာ ဘေးကို ငြိမ်းစေတော်မူ၏။

< 2 Samweli 24 >