< 1 Samweli 21 >

1 Kisha Daudi akafika Nobu kumuona Ahimeleki kuhani. Ahimeleki akaja akutane na Daudi huku akitetemeka na kumwambia, “Kwa nini uko peke yako huna mtu wa kuambatana na wewe?”
ဒါဝိဒ်သည် ယဇ်ပုရောဟိတ် အဟိမလက် ရှိရာ နောဗမြို့သို့ ရောက်၍၊ အဟိမလက်သည် ဒါဝိဒ်နှင့် တွေ့သောအခါ ကြောက်၍၊ သင်သည် လူတယောက်မျှ မပါဘဲ အဘယ်ကြောင့် တကိုယ်တည်း လာသနည်းဟု မေးသော်၊
2 Daudi akamjibu Ahimeleki kuhani, “Mfalme amenituma kwa jambo maalum na ameniambia hivi, 'Asiwepo hata mtu mmoja anayejua chochote kuhusu shughuli niliyokutuma, na kile nilichokuagiza.' Nimewaelekeza vijana kwenda sehemu fulani.
ဒါဝိဒ်က၊ ရှင်ဘုရင် အမှုတော်တခုကို အပ်၍၊ ငါစေခိုင်းမှာထားသော အမှုကို အဘယ်သူမျှ မသိစေနှင့်ဟု မိန့်တော်မူသောကြောင့်၊ ငါ့ကျွန်တို့ကို ဤမည်သောအရပ် ဤမည်သောအရပ်၌ ဆိုင်းလင့်စေခြင်းငှါ အရင်စေလွှတ်လေပြီ။
3 Sasa basi chakula gani kinapatikana hapa? Nipatie mikate mitano, au chochote kilichopo hapa.”
သို့ဖြစ်၍ ကိုယ်တော်လက်၌ ရှိသော မုန့်ငါးလုံးကိုသော်၎င်း၊ တွေ့သမျှကို သော်၎င်း၊ ကျွန်ုပ်လက်သို့ အပ်ပေးပါဟု ယဇ်ပုရောဟိတ် အဟိမလက်အား တောင်း၏။
4 Huyo Kuhani alimjibu Daudi na kusema, “Hakuna mkate wa kawaida mkononi, lakini ipo mikate takatifu- kama vijana hawajatembea na wanawake.”
ယဇ်ပုရောဟိတ်က၊ ငါ့လက်၌ လူတိုင်းစားရသော မုန့်မရှိ။ လုလင်တို့သည် မိန်းမကိုသာ ရှောင်လျှင်၊ သန့်ရှင်းသော မုန့်ရှိသည်ဟု ဒါဝိဒ်အားဆို၏။
5 Daudi akamjibu kuhani, “Hakika hatujatembea na wanawake kwa siku hizi tatu. Nilipoanza safari, miili ya vijana iliwekwa wakfu kwa BWANA, ingawa ilikuwa safari ya kawaida. Je, si zaidi sana leo miili yao ikawekwa wakfu kwa BWANA.”
ဒါဝိဒ်ကလည်း၊ ကျွန်ုပ်ထွက်ကတည်းက အဘယ်သူမျှ မိန်းမနှင့် မပေါင်းဘော်၊ လုလင်တန်ဆာ တို့သည် သန့်ရှင်းပါ၏။ ထိုမုန့်လည်း လူတိုင်းစားရသော မုန့်ကဲ့သို့ ဖြစ်ပါ၏။ အကြောင်းမူကား၊ ယနေ့ သန့်ရှင်းသောမုန့်သစ်ကို တင်ထားလျက်ရှိပါ၏ဟု ယဇ်ပုရောဟိတ် အား ပြန်ပြောသော်၊
6 Hivyo kuhani akampa mikate iliyokuwa imewekwa wakfu kwa BWANA. Maana haikuwepo mikate mingine hapo, isipokuwa tu ile ya wonyesho, ambayo iliondolewa kutoka kwa BWANA, ili sehemu yake iwekwe mikate ya moto, inapokuwa imeondolewa.
ယဇ်ပုရောဟိတ်သည် ရှေ့တော်မုန့်မှ တပါးအခြားသော မုန့်မရှိသောကြောင့် သန့်ရှင်းသော မုန့်ကိုပေး၏။ ထိုရှေ့တော်မုန့်စား၌ မုန့်သစ်ကို တင်ထားအံ့သောငှါ ထာဝရဘုရားရှေ့တော်မှ နှုတ်ပယ် နှင့်ပြီ။
7 Basi siku hiyo mmoja wa watumishi wa Sauli alikuwapo mahali hapo, ameshilkiliwa mbele za BWANA. Jina la mtu huyo aliitwa Doegi Mwedomu, mkuu wa wachungaji wa Sauli.
ထိုနေ့၌ အမှုတော်ထမ်းအဝင် သိုးတော်ထိန်းအုပ် ဧဒုံအမျိုးသား၊ ဒေါဂအမည်ရှိသော သူသည် ထာဝရဘုရားရှေ့တော်၌ စောင့်နေရ၏။
8 Daudi akamwambia Ahimeleki, “Je, hakuna hata mkuki wowote au upanga? Maana mimi sikubeba upanga wangu wala silaha zangu, maana ile shughuli ya mfalme ilikuwa ya muhimu.”
ဒါဝိဒ်ကလည်း၊ ကိုယ်တော်၌ ထားလှံရှိသလော။ အမှုတော်ကို အလျင်အမြန် ဆောင်ရသောကြောင့်၊ ထား အစရှိသော လက်နက်တစုံတခုမျှ မပါဟု အဟိမလက်အား ပြောလေသော်၊
9 Kuhani akasema, “Ule upanga wa Mfilisti Goliathi, uliyemuua katika bonde la Ela, uko hapa umefunikwa katika nguo nyuma ya naivera. kama unataka kuuchukua huo, uchukue, maana hakuna silaha nyingine hapa.” Daudi akasema, “Hakuna silaha nyingine kama hiyo, nipatie hiyo.”
ယဇ်ပုရောဟိတ်က၊ ဧလာချိုင့်၌ သင်လုပ်ကြံခဲ့သော ဖိလိတ္တိလူ ဂေါလျတ်၏ ထားသည် အဝတ်နှင့် ထုပ်ရစ်လျက် သင်တိုင်းတော်နောက်မှာ ရှိ၏။ ယူချင်လျင် ယူတော့။ အခြားသော ထားမရှိဟု ဆိုလျှင်၊ ဒါဝိဒ်က ထိုထားနှင့်တူသော ထားမရှိ။ ပေးပါတော့ဟု ဆို၏။
10 Daudi aliamka na kukimbia mbali na Sauli na akaenda kwa Akishi, mfalme wa Gathi.
၁၀ထိုနေ့၌ ဒါဝိဒ်သည် ရှောလုကို ကြောက်သောကြောင့် ထ၍ ဂါသမင်းကြီးအာခိတ်ထံသို့ ပြေးသွား၏။
11 Mtumishi wa Akishi akamwambia, “huyu siye Daudi mfalme wa nchi hii? Je, wanawake hawakupokezana wakiimba na kucheza, 'Sauli ameua maelfu yake, na Daudi makumi elfu yake?”'
၁၁အာခိတ်မင်း၏ ကျွန်တို့က၊ ဒါဝိဒ်သည် ဣသရေလရှင်ဘုရင် ဖြစ်သည်မဟုတ်လော။ ရှောလု အထောင်ထောင်၊ ဒါဝိဒ် အသောင်းသောင်း သတ်လေစွတကားဟု ဤသူရှေ့မှာ အလှည့်လှည့်ကလျက် သီချင်းဆိုကြသည် မဟုတ်လောဟု လျှောက်ကြ၏။
12 Daudi akayaweka maneno hayo moyoni mwake na akamwogopa sana Akishi, mfalme wa Gathi.
၁၂ထိုစကားကို ဒါဝိဒ်သည် မှတ်မိ၍၊ ဂါသမင်းကြီး အာခိတ်ကို အလွန်ကြောက်သောကြောင့်၊-
13 Daudi akabadili mwenendo wake mbele yao na akajifanya kuwa mwendawazimu machoni pao; akachora-chora alama kwenye vizingiti vya milango huku akitiririsha mate yake chini ya ndevu zake.
၁၃ရူးသွပ်ဟန်ဆောင်၍ သူတို့ရှေ့မှာ အရူးကဲ့သို့ ပြုလျက်၊ တံခါးရွက်ပေါ်၌ ရေးသား၍ မိမိ တံထွေးကို မုတ်ဆိတ်တွင် ယိုစေ၏။
14 Ndipo Akishi akawaambia watumishi wake, “Tazameni, mnaona mtu huyu ni mwehu.
၁၄အာခိတ်မင်းကလည်း ကြည့်ကြလော့။ ဤသူသည် အရူးဖြစ်၏။ အဘယ်ကြောင့် ငါ့ထံသို့ သွင်းကြ သနည်း။
15 Kwa nini mmemleta kwangu? Je, mimi nina haja na wehu, kumbe mmemleta mtu huyu ili anifanyie hayo mbele yangu? Hivi kweli huyu ataingia nyumbani mwangu?
၁၅အရူးကို ငါအသုံးလိုသည်ဟု သင်တို့သည် ထင်လျက် ငါ့ရှေ့မှာ အရူးလုပ်စေခြင်းငှါ ဤသူကို သွင်းကြသလော။ ဤသူသည် နန်းတော်ထဲသို့ ဝင်ရမည်လောဟု ကျွန်တို့အား ဆို၏။

< 1 Samweli 21 >