< 1 Samweli 18 >

1 Daudi alipokuwa amemaliza kuongea na Sauli, roho ya Yonathani ilishikana na roho ya Daudi, na Yonathani akampenda kama roho yake mwenyewe.
ရှော​လု​နှင့်​ဒါ​ဝိဒ်​တို့​စ​ကား​ပြော​ပြီး​သည့် နောက်​ရှော​လု​၏​သား​ယော​န​သန်​သည် ဒါ​ဝိဒ် အ​ပေါ်​တွင်​လွန်​စွာ​ချစ်​ခင်​စွဲ​လန်း​လျက် သူ့​အား​မိ​မိ​ကိုယ်​နှင့်​အ​မျှ​ချစ်​လာ​၏။-
2 Sauli akamweka kazini Daudi siku hiyo, hakumwacha arudi nyumbani kwa baba yake.
ရှော​လု​သည်​ဒါ​ဝိဒ်​အား​ထို​နေ့​မှ​စ​၍​အ​ပါး တော်​တွင်​နေ​စေ​တော်​မူ​၏။ အိမ်​ပြန်​ခွင့်​ကို​ပေး တော်​မ​မူ။-
3 Kisha Yonathani na Daudi wakafanya makubaliano ya urafiki kwa sababu Yonathani alimenda kama roho yake mwenyewe.
ယော​န​သန်​သည်​ဒါ​ဝိဒ်​ကို​လွန်​စွာ​ချစ်​သ​ဖြင့် သူ​နှင့်​ရာ​သက်​ပန်​မိတ်​ဆွေ​ဖွဲ့​ရန်​ကျိန်​ဆို က​တိ​ပြု​လေ​သည်။-
4 Yonathani akavua kanzu aliyokuwa amevaa na kumpa Daudi, akampa na vazi lake la kivita, pamoja na upanga, upinde, na mshipi.
သူ​သည်​မိ​မိ​ဝတ်​ဆင်​ထား​သည့်​ဝတ်​လုံ​နှင့် တ​ကွ​သံ​ချပ်​အင်္ကျီ၊ ဋ္ဌား၊ လေး၊ ခါး​စည်း​တို့ ကို​ဒါ​ဝိဒ်​အား​ပေး​၏။-
5 Daudi alikwenda popote ambapo Sauli alimtuma, naye alifanikiwa. Sauli akamteua Daudi awe mkuu wa wapiganaji. Jambo hili lilipendeza machoni pa watu na katika macho ya watumishi wa Sauli.
ဒါ​ဝိဒ်​သည်​ရှောလု​စေ​ခိုင်း​လေ​သ​မျှ​သော အ​မှု​ကိစ္စ​တို့​၌​အောင်​မြင်​သည်​သာ​ဖြစ်​၏။ ထို့​ကြောင့်​ရှော​လု​သည်​သူ့​အား​တပ်​မ​တော် အ​ရာ​ရှိ​တစ်​ဦး​အ​ဖြစ်​ခန့်​ထား​တော်​မူ​၏။ ဤ​သို့​ပြု​တော်​မူ​သည်​ကို​ရှော​လု​၏​အ​ရာ ရှိ​များ​နှင့်​ပြည်​သူ​ပြည်​သား​များ​က နှစ်​သက်​သ​ဘော​ကျ​ကြ​၏။
6 Wakati wanarudi nyumbani kutoka kuwapiga Wafilisti, wanawake walitoka miji yote ya Israeli, wakiimba na kucheza, ili kukutana na mfalme Sauli, wakiwa na matowazi, wenye furaha, na wakiwa na ala za muziki.
ဒါ​ဝိဒ်​သည်​ဂေါ​လျတ်​ကို​သတ်​ပြီး​နောက် စစ် သည်​တပ်​သား​များ​နှင့်​အ​တူ​အိမ်​ပြန်​လာ ရာ ရောက်​ရှိ​လေ​ရာ​မြို့​များ​မှ​အ​မျိုး​သ​မီး တို့​သည်​ရှော​လု​အား​ခ​ရီး​ဦး​ကြို​ပြု​ကြ​၏။ လူ​တို့​သည်​ဝမ်း​မြောက်​စွာ​သီ​ချင်း​များ​ဆို ၍​က​ခုန်​လျက်​ပတ်​သာ​များ​နှင့်​စောင်း​ငယ် များ​ကို​တီး​ကြ​၏။-
7 Hao wanawake waliimba kwa kupokezana huku wakicheza; Wakiimba: “Sauli ameua maelfu yake, Na Daudi ameua makumi elfu yake.”
ယင်း​သို့​အောင်​ပွဲ​ကျင်း​ပ​ရာ​၌​အ​မျိုး​သ​မီး တို့​က``ရှော​လု​သတ်​သူ​အ​ထောင်​ထောင်၊ ဒါ​ဝိဒ် သတ်​သူ​အ​သောင်း​သောင်း'' ဟု​သီ​ဆို​ကြ လေ​သည်။-
8 Sauli alikasirika sana, na wimbo huu haukumpendeza. Naye akasema, “Wamemsifia Daudi juu ya makumi elfu, lakini wamenisifia melfu tu mimi! Atapata kitu gani zaidi isipokuwa ufalme?
ရှော​လု​သည်​ဤ​သို့​သီ​ဆို​ကြ​သည်​ကို​မ​နှစ် သက်​သ​ဖြင့် အ​မျက်​ထွက်​၍``သူ​တို့​က​ဒါ​ဝိဒ် သည်​သောင်း​ပေါင်း​များ​စွာ​သတ်​၍ ငါ​မူ​ကား ထောင်​ပေါင်း​များ​စွာ​သာ​သတ်​ခဲ့​ကြောင်း​သီ ဆို​ချေ​သည်။ သူ့​အား​ထီး​နန်း​အပ်​နှင်း​ရန် သာ​ကျန်​ပါ​တော့​သည်​တ​ကား'' ဟု​ဆို ပြီး​လျှင်၊-
9 Kuanzia siku hiyo na kuendelea, Sauli alimuangalia Daudi kwa mashaka.
ထို​နေ့​မှ​စ​၍​ဒါ​ဝိဒ်​အား​မ​နာ​လို​စိတ်​ပွား များ​ကာ​မ​ယုံ​သင်္ကာ​ဖြစ်​၍​နေ​တော့​၏။
10 Kesho yake yule roho ya ubaya kutoka kwa Mungu ikamwingia Sauli kwa nguvu. Naye akawa anafanya kama mwendawazimu nyumbani mwake. Hivyo Daudi akapiga kifaa chake, kama alivyofanya kila siku. Sauli alikuwa na mkuki wake mkononi.
၁၀နောက်​တစ်​နေ့​၌​ဘု​ရား​သ​ခင်​၏​ထံ​တော်​မှ နတ်​မိစ္ဆာ​သည်​ရှော​လု​ကို​ပူး​ဝင်​သ​ဖြင့် သူ​သည် သူ​ရူး​သ​ဖွယ်​နန်း​တော်​တွင်း​ဝယ်​ဟစ်​အော် လျက်​နေ​၏။ ရှော​လု​သည်​လှံ​တန်​ကို​ကိုင် ထား​ပြီး​လျှင်၊-
11 Sauli akatupa mkuki wake, kwani alifikiri, “Nitampigilia ukutani.” Lakini Daudi mara mbili aliepa uwepo wa Sauli.
၁၁``ငါ​သည်​သူ့​အား​နံ​ရံ​နှင့်​ကပ်​နေ​အောင်​ထိုး သတ်​အံ့'' ဟု​ကြံ​စည်​ကာ​နှစ်​ကြိမ်​တိုင်​တိုင် လှံ​နှင့်​ပစ်​သော်​လည်း နှစ်​ကြိမ်​စ​လုံး​ပင်​ဒါ​ဝိဒ် ရှောင်​တိမ်း​လိုက်​နိုင်​၏။
12 Sauli alimwogopa Daudi, kwa sababu BWANA alikuwa pamoja naye, lakini hakuwa na Sauli tena.
၁၂ရှော​လု​သည်​ဒါ​ဝိဒ်​ကို​ကြောက်​၏။ အ​ဘယ်​ကြောင့် ဆို​သော် ထာ​ဝ​ရ​ဘု​ရား​သည်​ဒါ​ဝိဒ်​နှင့်​အ​တူ ရှိ​တော်​မူ​၍ မိ​မိ​ကို​မူ​စွန့်​ပယ်​တော်​မူ​ပြီး​ဖြစ် သော​ကြောင့်​တည်း။-
13 Hivyo Sauli alimuondoa Daudi mbele yake na akamteua kuwa kamanda wa kikosi cha askari elfu moja. Kwa namna hii David alitoka na kuingia mbele ya watu.
၁၃သို့​ဖြစ်​၍​ရှော​လု​သည်​ဒါ​ဝိဒ်​အား​လူ​တစ် ထောင်​တပ်​မှူး​အ​ဖြစ်​ဖြင့်​ခန့်​ထား​၍ အ​ပါး တော်​မှ​အ​ဝေး​သို့​စေ​လွှတ်​တော်​မူ​၏။ ဒါ​ဝိဒ် သည်​မိ​မိ​၏​တပ်​သား​တို့​နှင့်​အ​တူ​တိုက်​ပွဲ ဝင်​ရာ၊-
14 Daudi alikuwa akistawi kwa mambo yake yote, maana BWANA alikuwa pamoja naye.
၁၄ထာ​ဝ​ရ​ဘု​ရား​သည်​သူ​နှင့်​အ​တူ​ရှိ​တော် မူ​သ​ဖြင့် သူ​ပြု​လေ​သ​မျှ​သော​အ​မှု​တို့ သည်​အောင်​မြင်​လေ​၏။-
15 Sauli alipoona kwamba Daudi anastawi, alimwogopa.
၁၅ယင်း​သို့​အောင်​မြင်​သည်​ကို​မြင်​သော​အ​ခါ ရှော​လု​သည်​ဒါ​ဝိဒ်​အား​ပို​၍​ကြောက်​လန့် လာ​၏။-
16 Lakini Israeli yote na Yuda walimpenda Daudi, maana alitoka na kuingia mbele yao.
၁၆သို့​ရာ​တွင်​ဣ​သ​ရေ​လ​နှင့်​ယု​ဒ​နယ်​များ​မှ လူ​အ​ပေါင်း​တို့​က​မူ​ဒါ​ဝိဒ်​အား​ချစ်​ကြ​၏။ အ​ဘယ်​ကြောင့်​ဆို​သော်​သူ​သည်​လူ​တို့​အား အောင်​မြင်​စွာ​ခေါင်း​ဆောင်​၍​တိုက်​ပွဲ​ဝင်​နိုင်​သူ ဖြစ်​သော​ကြောင့်​တည်း။
17 Kisha Sauli akamwambia Daudi, “Huyu hapa ni binti yangu mkubwa Merabu. Nitakupatia awe mke wako. Ila tu uwe jasiri kwa ajili yangu na upigane vita vya BWANA.” Maana Sauli alifikiri, “Usije mkono wangu ukawa juu yake, ila acha mkono wa Wafilisti uwe juu yake.”
၁၇ထို​နောက်​ရှော​လု​သည်​ဒါ​ဝိဒ်​ကို​ခေါ်​ပြီး​လျှင်``ငါ့ မှာ​ငါ့​သ​မီး​ကြီး​မေ​ရပ်​ရှိ​၏။ သင်​သည်​ထာ​ဝ​ရ ဘု​ရား​၏​စစ်​ပွဲ​များ​တွင်​ရဲ​ရင့်​စွာ​ပါ​ဝင်​ဆင်​နွှဲ လျက် ငါ​၏​အ​မှု​တော်​ကို​ထမ်း​ဆောင်​မည်​ဆို ပါ​က ငါ​သည်​သင့်​အား​ဤ​သ​မီး​တော်​နှင့်​ထိမ်း မြား​ပေး​စား​မည်'' ဟု​ဆို​၏။ (ဤ​နည်း​အား​ဖြင့် ဒါ​ဝိဒ်​အား​မိ​မိ​ကိုယ်​တိုင်​သတ်​ရန်​မ​လို​တော့ ဘဲ ဖိ​လိတ္တိ​အ​မျိုး​သား​တို့​၏​လက်​ချက်​ဖြင့် ကျ​ဆုံး​စေ​ရန်​ရှော​လု​အ​ကောက်​ကြံ​သ​တည်း။)
18 Daudi akamwambia Sauli, “Mimi ni nani, na maisha yangu yana nini, au hata maisha ya familia ya baba yangu katika Israeli, kiasi cha kuwa mkwe wa mfalme?” 1 Samweli 18-19-19
၁၈ဒါ​ဝိဒ်​က``အ​ကျွန်ုပ်​၏​အ​မျိုး​အ​နွယ်​သည် အ​ဘယ်​သို့​သော​အ​မျိုး​အ​နွယ်၊ အ​ကျွန်ုပ် သည်​လည်း​အ​ဘယ်​သို့​သော​သူ​ဖြစ်​သ​ဖြင့် ဘု​ရင်​၏​သ​မက်​တော်​ဖြစ်​ထိုက်​ပါ​သ​နည်း'' ဟု​လျှောက်​၏။-
19 Lakini wakati ambao Merabu, binti Sauli, ilipasa kuwa ameolewa na Daudi, aliozwa kwa Adrieli Mmeholathi.
၁၉သို့​သော်​အ​ချိန်​ရောက်​သော​အ​ခါ​ရှော​လု​သည် သ​မီး​တော်​မေ​ရပ်​အား​ဒါ​ဝိဒ်​နှင့်​ထိမ်း​မြား စုံ​ဖက်​ခြင်း​မ​ပြု​ဘဲ မေ​ဟော​လ​သိ​မြို့​သား အ​ဒြေ​လ​နှင့်​စုံ​ဖက်​လိုက်​လေ​သည်။
20 Lakini Mikali, binti Sauli, alimpenda Daudi. Na watu walimwambia Sauli, na jambo hilo likampendeza.
၂၀သို့​ရာ​တွင်​ရှော​လု​၏​သ​မီး​တော်​မိ​ခါ​လ​သည် ဒါ​ဝိဒ်​အား​ချစ်​ကြိုက်​၏။ ဤ​အ​ကြောင်း​ကို​ရှော​လု သိ​သော​အ​ခါ​နှစ်​သက်​အား​ရ​တော်​မူ​သ​ဖြင့်၊-
21 Ndipo Sauli akafikiri, “Nitampatia huyu awe mke wake, ili uwe mtego kwake, na hivyo mkono wa Wafilisti pengine uwe juu yake.” Kwa hiyo Sauli akamwambia Daudi mara ya pili, “Wewe utakuwa mkwe wangu.”
၂၁``ငါ​သည်​မိ​ခါ​လ​ကို​ဒါ​ဝိဒ်​နှင့်​စုံ​ဖက်​စေ​မည်။ သူ့​အား​ကျော့​ကွင်း​သ​ဖွယ်​ပြု​၍​ဒါ​ဝိဒ်​ကို ဖိ​လိတ္တိ​အ​မျိုး​သား​တို့​၏​လက်​ဖြင့်​အ​သတ် ခံ​ရ​စေ​မည်'' ဟု​ဆို​၏။-
22 Sauli akawaamuru watumishi wake, “Ongeeni na Daudi kwa njia ya siri, na mseme, 'Tazama, mfalme anakufurahia, na watumishi wake wote wanakupenda. Sasa basi, uwe mkwe wa mfalme.'”
၂၂သူ​သည်​နန်း​တွင်း​အ​ရာ​ရှိ​အ​ချို့​တို့​ကို​လည်း ခေါ်​ပြီး​လျှင်``သင်​တို့​သည်​ဒါ​ဝိဒ်​အား မင်း​ကြီး သည်​သင့်​ကို​မြတ်​နိုး​တော်​မူ​သည်။ အ​ရာ​ရှိ အ​ပေါင်း​တို့​က​လည်း​ချစ်​ခင်​ကြ​သည်။ သို့​ဖြစ် ၍​ယ​ခု​အ​ချိန်​သည်​ဘု​ရင့်​သ​မီး​တော်​နှင့် သင် ထိမ်း​မြား​ရန်​အ​ချိန်​ကောင်း​ပင်​ဖြစ်​သည်​ဟု တိတ်​တ​ဆိတ်​တိုက်​တွန်း​ကြ​လော့'' ဟု​မှာ ထား​တော်​မူ​၏။
23 Hivyo watumishi wa Sauli wakayasema maneno haya kwa Daudi. Na Daudi akasema, “Kwenu ninyi mnaona ni jambo dogo kuwa mkwe wa mfalme, mimi ni maskini, na heshima yangu ni ndogo.”
၂၃ထို့​ကြောင့်​သူ​တို့​သည်​မင်း​ကြီး​မှာ​ကြား​သည့် အ​တိုင်း​ဒါ​ဝိဒ်​အား​တိုက်​တွန်း​ကြ​၏။ ဒါ​ဝိဒ် က``ဘု​ရင့်​သ​မက်​တော်​ဖြစ်​ရ​သည်​မှာ​အ​ထူး ဂုဏ်​ယူ​ဖွယ်​ရာ​ဖြစ်​ပါ​၏။ အ​ကျွန်ုပ်​ကဲ့​သို့ မ​ရေ​ရာ​သူ​ဆင်း​ရဲ​သား​တစ်​ယောက်​အ​တွက် မ​ထိုက်​တန်​သော​အ​ခွင့်​အ​ရေး​ဖြစ်​ပါ​၏'' ဟု​ဆို​၏။
24 Watumishi wa Sauli wakarudisha kwake taarifa ya maneno ambayo Daudi aliyasema.
၂၄အ​ရာ​ရှိ​တို့​သည်​လည်း​ဒါ​ဝိဒ်​၏​စ​ကား​ကို ရှော​လု​အား​ပြန်​၍​လျှောက်​ထား​ကြ​၏။-
25 Na Sauli akasema, “Hivi ndivyo mtakavyo mwambia Daudi, 'Mfalme haitaji mahari yoyote, isipokuwa govi mia moja za Wafilisti, ili ajilipize kisasi kwa adui wa mfalme.”' Basi Sauli alifikiri atamwangusha Daudi kwa mkono wa Wafilisti.
၂၅ထို​အ​ခါ​ရှော​လု​က``သင်​တို့​သည်​ဒါ​ဝိဒ်​အား မင်း​ကြီး​သည်​သင့်​အား​သ​မီး​တော်​ကို​ပေး​ရ သည့်​အ​တွက်​လက်​ဆောင်​အ​ဖြစ် သင့်​ထံ​မှ ဖိ​လိတ္တိ​အ​မျိုး​သား​လူ​သေ​အလောင်း​တစ်​ရာ တို့​၏​အ​ရေ​ဖျား​များ​ကို​သာ​လျှင် ရန်​သူ တို့​အား​လက်​စား​ချေ​သည့်​အ​နေ​ဖြင့်​အ​လို ရှိ​တော်​မူ​သည်​ဟု​ပြော​ကြား​လော့'' ဟု အ​မိန့်​ပေး​တော်​မူ​၏။ (ရှော​လု​ဤ​သို့​ပြု ခြင်း​မှာ​ဖိ​လိတ္တိ​အ​မျိုး​သား​တို့​၏​လက် ဖြင့်​ဒါ​ဝိဒ်​အ​သတ်​ခံ​ရ​ရန်​ဖြစ်​၏။-)
26 Watumishi wake walipomwambia maneno haya, yakamvutia Daudi awe mkwe wa mfalme.
၂၆ရှော​လု​၏​နန်း​တွင်း​အ​ရာ​ရှိ​တို့​သည်​မင်း ကြီး​မိန့်​တော်​မူ​သည့်​အ​တိုင်း ဒါ​ဝိဒ်​အား ပြော​ကြား​ကြ​သော​အ​ခါ​ဒါ​ဝိဒ်​သည် ဘု​ရင့် သ​မက်​တော်​ဖြစ်​ရ​မည့်​အ​ရေး​ကို​တွေး​တော ကာ​ဝမ်း​မြောက်​လေ​သည်။ ထိမ်း​မြား​မင်္ဂ​လာ ပွဲ​နေ့​မ​တိုင်​မီ​တစ်​ရက်​၌၊-
27 Kabla siku hizo hazijapita, Daudi aliondoka na watu wake na kuwaua Wafilisti mia mbili. Daudi akazileta govi zao, na kumkadhi mfalme kulingana na idadi yake, ili aweze kufanyika mkwe wa mfalme. Kwa hiyo Sauli akamwoza Mikali, binti yake, awe mkewe.
၂၇ဒါ​ဝိဒ်​သည်​မိ​မိ​၏​တပ်​သား​များ​နှင့်​ထွက်​သွား ပြီး​လျှင်​ဖိ​လိတ္တိ​အ​မျိုး​သား​နှစ်​ရာ​ကို​သတ် ဖြတ်​၍ သ​မက်​တော်​ဖြစ်​ရန်​ထို​သူ​တို့​၏​အ​ရေ ဖျား​များ​ကို​မင်း​ကြီး​ထံ​သို့​ယူ​ခဲ့​ကာ​ရေ တွက်​၍​ဆက်​၏။ ထို့​ကြောင့်​ရှော​လု​သည်​သမီး တော်​မိ​ခါ​လ​အား​ဒါ​ဝိဒ်​နှင့်​ထိမ်း​မြား​စုံ​ဖက် ပေး​ရ​လေ​တော့​၏။
28 Basi Sauli aliona na kufahamu kwamba BWANA alikuwa pamoja na Daudi. Mikali, binti Sauli, akampenda Daudi.
၂၈ထာ​ဝ​ရ​ဘု​ရား​သည်​ဒါ​ဝိဒ်​နှင့်​အ​တူ​ရှိ​တော် မူ​ကြောင်း​ကို​လည်း​ကောင်း၊ မိ​ခါ​လ​သည်​ဒါ​ဝိဒ် အား​ချစ်​ကြောင်း​ကို​လည်း​ကောင်း ကောင်း​စွာ​သိ သ​ဖြင့်၊-
29 Sauli akazidi kumwogopa Daudi. Sauli akawa adui wa Daudi daima.
၂၉ရှော​လု​သည်​ဒါ​ဝိဒ်​ကို​ပို​၍​ပင်​ကြောက်​ရွံ့​လာ လျက် အ​သက်​ထက်​ဆုံး​ရန်​ငြိုး​ဖွဲ့​တော်​မူ​၏။
30 Ndipo wakuu wa Wafilisti wakajitokeza kwa ajili ya vita, na mara zote walipojitokeza Daudi alifanikiwa zaidi kuliko watumishi wote wa Sauli, hivyo jina lake likapata heshima kubwa.
၃၀ဖိ​လိတ္တိ​စစ်​တပ်​များ​သည်​လာ​ရောက်​တိုက်​ခိုက် လေ့​ရှိ​ကြ​၏။ ဒါ​ဝိဒ်​သည်​တိုက်​ပွဲ​တိုင်း​၌​ပင် ရှော​လု​၏​အ​ခြား​တပ်​မ​တော်​အ​ရာ​ရှိ​များ ထက်​ပို​၍​အောင်​မြင်​သ​ဖြင့်​အ​လွန်​ထင်​ပေါ် ကျော်​စော​လာ​၏။

< 1 Samweli 18 >