< 1 Samweli 17 >

1 Basi Wafilisti walikusanya majeshi yao kwa ajili ya vita. Walikusanyika huko Soko, iliyoko Yuda. Nao wakapiga kambi kati ya Soko na Aseka katika Efesdamimu.
ဖိလိတ္တိ လူတို့သည် ဗိုလ်ခြေများကို နှိုးဆော်၍ ယုဒခရိုင် ရှောခေါမြို့၌ စုဝေးသဖြင့်၊ ရှောခေါမြို့နှင့် အဇေကာမြို့စပ်ကြား ဒမိမ်အရပ်မှာ တပ်ချကြ၏။
2 Sauli na watu wa Israeli alijikusanya na kuweka kambi katika bonde la Ela, na wakapanga vita kukutana na Wafilisti.
ရှောလုနှင့်ဣသရေလ လူတို့သည် စုဝေး၍ ဧလာချိုင့်နားမှာ တပ်ချ၍ ဖိလိတ္တိလူတို့ကို တိုက်မည်ဟု စစ်ခင်းကျင်းကြ၏။
3 Wafilisti walisimama juu ya mlima upande mmoja, na Iraeli nao walisimama juu ya mlima upande mwingine wakitenganishwa na bonde kati yao.
ဖိလိတ္တိလူအချို့တို့သည် ချိုင့်တဘက်၌ တောင်ပေါ်မှာရပ်လျက်၊ ဣသရေလလူအချို့တို့သည် ချိုင့်တဘက်၌ တောင်ပေါ်မှာ ရပ်လျက်ရှိကြ၏။
4 Mtu mmoja mwenye nguvu akatoka katika kambi ya Wafilisti, mtu huyo aliitwa Goliathi wa Gathi, kimo chake mikono sita na shubiri moja.
ခြောက်တောင်နှင့်တထွာ အရပ်မြင့်သော ဂါသမြို့သားဂေါလျတ် အမည်ရှိသော သူရဲသည် ဖိလိတ္တိ တပ်ထဲက ထွက်လာ၏။
5 Alikuwa na chepeo ya shaba kichwani mwake, na alivaa dirii ya chuma. Hiyo dirii ilikuwa na uzito wa shekeli elfu hamsini za shaba.
သူသည် ခေါင်းပေါ်မှာ ကြေးဝါခမောက်လုံးကို ဆောင်း၍ အခွက်ငါးဆယ် အချိန်ရှိသော ကြေးဝါ ချပ်အင်္ကျီကို ဝတ်၏။
6 Alikuwa na mabampa ya shaba kwenye miguu yake na mkuki wa shaba katikati ya mabega yake.
ကြေးဝါခြေစွပ်ကို စွပ်လျက် ပခုံးကြားမှာ ကြေးဝါကိဒုန် လက်နက်ကို ဆွဲလျက်ရှိ၏။
7 Ule mpini wa mkuki wake ulikuwa mkubwa, wenye kamba iliyo na kitanzi kwa ajili ya kuutupia kama kamba ya sindano ya mfumaji. Kichwa cha mkuki wake kilikuwa na uzito wa shekeli mia sita za chuma. Aliyembebea ngao alitembea mbele yake.
လှံရိုးကား ရက်ကန်းလက်လိပ်နှင့် အမျှကြီး၏။ လှံကိုယ်ကား သံခြောက်ပိဿာ အချိန်ရှိ၏။ သူ့ရှေ့ မှာ ဒိုင်းလွှားကို ဆောင်သောသူတယောက်သည် သွားရ၏။
8 Alisimama akayapigia kelele majeshi ya Israeli, “Kwa nini mmekuja na mmejipanga kwa ajili ya vita? Mimi si Mfilisti, na ninyi si watumishi wa Sauli? Chagueni mtu kutoka kwenu ateremke na kuja kwangu.
ထိုသူရဲသည် ရပ်လျက် သင်တို့သည် စစ်ပြိုင်ခြင်းငှါ အဘယ်ကြောင့် ထွက်လာကြသနည်း။ ငါသည် ဖိလိတ္တိလူ၊ သင်တို့သည် ရှောလု၏ ကျွန်ဖြစ်ကြသည် မဟုတ်လော။ လူတယောက်ကို ရွေးကောက် ၍ ငါနှင့်တိုက်ခြင်းငှါ လာပါစေ။
9 Kama anaweza kupigana nami na kuniua, hapo ndipo tutakuwa watumwa wenu. Lakini kama nitamshinda na kumuua, basi mtakuwa watumwa wetu na kututumikia.”
သူသည် ငါ့ကို တိုက်၍ သတ်နိုင်လျှင် ငါတို့သည် သင်တို့၏ ကျွန်ခံမည်။ သို့မဟုတ် ထိုသူကို ငါနိုင် ၍ သတ်လျှင်၊ သင်တို့သည် ငါတို့၏ ကျွန်ခံ၍ ငါတို့အမှုကို ဆောင်ရွက်ရကြမည်ဟု ဣသရေလ ဗိုလ်ခြေတို့ကို ဟစ်၍ ပြောဆို၏။
10 Mfilisti huyo akasema tena, “Leo ninayapa changamoto majeshi ya Israeli. Mnipe mtu ili tuweze kupigana naye.”
၁၀တဖန် ထိုဖိလိတ္တိလူက၊ ဣသရေလဗိုလ်ခြေတို့ကို ယနေ့ ငါကြိမ်းပ၏။ လူချင်းတိုက်စေခြင်းငှါ လူတယောက်ကို ပေးကြလော့ဟု ဆို၏။
11 Sauli na Israeli wote waliposikia alichosema Mfilisti huyo, walikata tamaa na kuogopa sana.
၁၁ဖိလိတ္တိလူပြောသော ထိုစကားကို ရှောလုနှင့် ဣသရေလလူအပေါင်းတို့သည် ကြားလျှင် စိတ်ပျက်၍ အလွန်ကြောက်ရွံ့ကြ၏။
12 Basi Daudi alikuwa mwana wa Mwefraimu wa Bethtelehemu ya Yuda, aliyeitwa Yese. Naye alikuwa na watoto wanane wa kiume. Yese alikuwa mtu mzee katika siku za Sauli, mwenye umri mkubwa kati ya watu.
၁၂ယုဒပြည်၊ ဗက်လင်မြို့၊ ဧဖရတ်အရပ်သားဖြစ်သော ဒါဝိဒ်၏ အဘယေရှဲသည် သားရှစ်ယောက် ရှိ၏။ ရှောလုလက်ထက်၌ ထိုသူသည် အသက်ကြီးသော သူ၏ အရာရှိ၏။
13 Watoto watatu wakubwa wa Yese walimfuata Sauli vitani. Majina ya watoto wake watatu waliokwenda vitani yalikwa ni Eliabu mzaliwa wa kwanza, aliyemfuata Abinadabu, na watatu aliitwa Shama.
၁၃ယေရှဲ၏သားတို့တွင် အသက် အကြီးဆုံးသောသူ သုံးယောက်တို့သည် စစ်မှုကို ထမ်း၍ ရှောလုနောက် သို့ လိုက်ကြ၏။ သူတို့အမည်ကား သားဦးဧလျာဘ၊ ဒုတိယသားအဘိနဒပ်၊ တတိယသားရှိမာတည်း။
14 Daudi ndiye aliyekuwa mdogo kabisa. Hao wakubwa watatu walimfuata Sauli.
၁၄ဒါဝိဒ်သည် အငယ်ဆုံးသော သားဖြစ်၏။ သားကြီးသုံးယောက်တို့သည် ရှောလုနောက်တော်သို့ လိုက်ကြသော်လည်း၊ -
15 Basi Daudi alikwenda na kurudi akipita kati ya majeshi ya Sauli akiwa na kondoo za baba yake huko Bethtelehemu, ili kuwachunga.
၁၅ဒါဝိဒ်သည် မလိုက်၊ ဗက်လင်မြို့မှာ မိမိအဘ၏ သိုးတို့ကို ထိန်းကျောင်းခြင်းငှါ ပြန်သွားလေ၏။
16 Kwa muda wa siku arobaini yule Mfilisti mwenye nguvu alikuwa akijitokeza asubuhi na jioni kwa ajili ya vita.
၁၆ဖိလိတ္တိလူသည် အရက်လေးဆယ်ပတ်လုံး၊ နံနက်တခါ၊ ညဦးတခါ ချဉ်းကပ်၍ ကိုယ်ကို ပြ၏။
17 Kisha Yese akamwambia mwanawe Daudi, “Wapelekee kaka zako efa ya bisi na hii mikate kumi, na uzipeleke upesi kule kambini kwa ajili ya kaka zako.
၁၇ထိုအခါ ယေရှဲသည် မိမိသား ဒါဝိဒ်ကို ခေါ်၍၊ သင့်အစ်ကိုတို့အဘို့ ဤပေါက်ပေါက် တဧဖာနှင့် ဤမုန့်ဆယ်လုံးတို့ကို ယူ၍ အစ်ကိုတို့ရှိရာ တပ်တော်သို့ ပြေးသွားလော့။
18 Pia peleka hizi jibini kumi kwa jemedari wa kikosi chao cha elfu. Ukawaangalie wako na hali gani kisha uniletee habari kuhusu wanavyoendelea vizuri.
၁၈ဤဒိန်ခဲဆယ်လုံးကိုလည်း ယူ၍ သူတို့တပ်မှူးအား ဆက်လော့။ သင့်အစ်ကိုတို့သည် ကျန်းမာခြင်း ရှိသည် မရှိသည်ကို ကြည့်ရှုပြီးမှ၊ သူတို့ထံမှာ သက်သေတစုံတခုကို ခံယူလော့ဟုမှာလိုက်လေ၏။
19 Kaka zako wako pamoja na Sauli na watu wote wa Israeli katika bonde la Ela, wanapigana na Wafilisti.”
၁၉ထိုကာလ၌ ရှောလုမှစ၍ ဒါဝိဒ်အစ်ကိုတို့နှင့် ဣသရေလလူအပေါင်းတို့သည် ဧလာချိုင့်မှာ ဖိလိတ္တိ လူတို့ကို စစ်တိုက်လျက် ရှိကြ၏။
20 Daudi aliamka asubuhi na mapema na kuliacha kundi chini ya uangalizi wa mchungaji. Akachukua vile vitu na kuondoka, kama Yese alivyomwamuru. Akafika kambini wakati jeshi linaondoka kwenda uwanja wa vita wakipiga kelele za vita.
၂၀ဒါဝိဒ်သည် နံနက်စောစောထ၍ သိုးတို့ကို သိုးထိန်း၌ အပ်ပြီးလျှင်၊ အဘမှာလိုက်သည် အတိုင်း စားစရာကို ယူသွား၍၊ ရိက္ခာလှည်းထားရာသို့ ရောက်သောအခါ၊ -
21 Nao Israeli na Wafilisti walijipanga kivita, jeshi dhidi ya jeshi.
၂၁ဣသရေလ တပ်သားတို့နှင့် ဖိလိတ္တိတပ်သားတို့သည် စစ်ခင်းကျင်း၍ စစ်တလင်းသို့ ချီလျက်၊ စစ် တိုက်မည်အသံနှင့် ကြွေးကြော်ကြ၏။
22 Daudi aliviacha vitu vyake kwa mtunza mahitaji, akalikimbilia jeshi, na kuwasalimia kaka zake.
၂၂ဒါဝိဒ်သည် မိမိ၌ပါသောအရာတို့ကို ရိက္ခာစောင့်လက်၌ အပ်ထားပြီးလျှင်၊ တပ်သားစုထဲသို့ ပြေး၍ မိမိအစ်ကိုတို့ကို နှုတ်ဆက်၏။
23 Alipoongea nao, yule mtu mwenye nguvu, Mfilisti wa Gathi, jina lake Goliathi, akajitokeza kutoka majeshi ya Wafilisti, naye akasema maneno yaleyale kama hapo mwanzo. Naye Daudi akayasikia.
၂၃သူတို့နှင့် ပြောစဉ်တွင်၊ ဖိလိတ္တိလူ၊ ဂါသမြို့သား ဂေါလျတ်အမည်ရှိသော သူရဲသည် ဖိလိတ္တိတပ်ထဲ က ထွက်လာ၍ ယမန်ကဲ့သို့ ပြောဆိုသည်ကို ဒါဝိဒ်သည် ကြားလေ၏။
24 Watu wote wa Israeli walipomwona Goliathi, walimkimbia na waliogopa sana.
၂၄ဣသရေလလူအပေါင်းတို့သည် ထိုသူကို မြင်သောအခါ အလွန်ကြောက်ရွံ့၍ ပြေးကြ၏။
25 Watu wa Israeli walisema, “Umemuona mtu huyu aliyejitokeza? Amekuja kuipa changamoto Israeli. Basi mfalme atampa mali nyingi mtu atakayemua, atamuozesha binti yake, na familia ya baba yake haitalipa kodi katika Israeli.”
၂၅အချို့တို့ကလည်း၊ ထိုလူထွက်လာသည်ကို မြင်သလော။ ဣသရေလအမျိုးကို ကြိမ်းပလျက်ထွက်လာ ပါသည်တကား။ သူ့ကို သတ်သောသူအား ရှင်ဘုရင်သည် ကြီးသော စည်းစိမ်နှင့် ချီးမြှောက်၍ သမီးတော်ကိုလည်း ပေးစားတော်မူမည်။ ထိုသူ၏ အဆွေအမျိုးကိုလည်း ဣသရေလနိုင်ငံတွင် မင်းမှု လွှတ်တော်မူမည်ဟု ပြောဆိုကြ၏။
26 Daudi akawauliza watu waliosimama karibu naye, “Atafanyiwa nini mtu ambaye atamuua Mfilisti huyu na kuiondolea Israeli fedheha? Ni nani Mfilisti huyu asiyetahiriwa ayatukanaye majeshi ya Mungu aliye hai?”
၂၆ဒါဝိဒ်ကလည်း၊ ထိုဖိလိတ္တိလူကို သတ်၍ ဣသရေလအမျိုးခံသော အရှက်ကွဲခြင်းကို ပယ်ရှင်းသော သူသည် အဘယ်အကျိုးကို ရလိမ့်မည်နည်း။ အသက်ရှင်တော်မူသော ဘုရားသခင်၏ ဗိုလ်ခြေ တို့ကို ကြိမ်းပရမည်အကြောင်း၊ အရေဖျားလှီးခြင်းကို မခံသော ထိုဖိလိတ္တိလူသည် အဘယ်သို့သော သူဖြစ်သနည်းဟု မိမိအနားမှာရှိသော သူတို့အား မေးမြန်းလျှင်၊-
27 Ndipo watu wakarudia kile walichokuwa wamesema na kumwambia, “Ndivyo iitakavyofanyika kwa mtu atakayemuua.”
၂၇သူတို့က၊ ထိုလူကို သတ်သောသူသည် ဤမည်သော အကျိုးကို ရလိမ့်မည်ဟု ယမန်ကဲ့သို့ ပြန်ပြောကြ၏။
28 Kaka yake mkubwa Eliabu, alisikia wakati akisema na watu. Hasira ya Eliabu ikawaka moto dhidi ya Daudi, naye akamuuliza, “Kwa nini umekuja hapa? Wale kondoo wachache umewaacha na nani huko nyikani? Nakijua kiburi chako, na utundu wa moyo wako; maana umekuja hapa ili uweze kuona mapigano.”
၂၈ထိုသူတို့နှင့် ဒါဝိဒ်ပြောသည်ကို အစ်ကိုအကြီး ဧလျာဘကြားလျှင် ဒါဝိဒ်ကို အမျက်ထွက်၍၊ သင်သည် အဘယ်ကြောင့် ဤအရပ်သို့ လာသနည်း။ ထိုနည်းသော သိုးတို့ကို တောတွင် အဘယ်သူလက်၌ အပ်ခဲ့သနည်း။ သင့်မာနကြီးခြင်း၊ သင့်စိတ်နှလုံးဆိုးညစ်ခြင်းကို ငါသိ၏။ စစ်ပွဲကို ကြည့်ရှုခြင်းငှါ သာလာပြီဟု ဆို၏။
29 Naye Daudi akamjibu, “Nimefanya nini sasa? Mimi si nuliuliza swali tu?
၂၉ဒါဝိဒ်ကလည်း၊ အကျွန်ုပ်သည် အဘယ်အမှုကို ပြုမိသနည်း။ ယခုပြောစရာ အကြောင်းမရှိလောဟု ဆိုသောနောက်၊
30 Akamgeukia mtu mwingine na kumwacha huyo, na kusema vivyo hivyo. Nao watu wakajibu vilevile kama mwanzo.
၃၀အခြားသောသူတို့ထံသို့ လှည့်၍ ယမန်ကဲ့သို့ မေးမြန်းလျှင်၊ သူတို့သည် ရှေ့အတူ ပြန်ပြောကြ၏။
31 Maneno aliyosema Daudi yaliposikika, askari waliyasema tena kwa Sauli, naye akawatuma kwa Daudi.
၃၁ထိုသို့ ဒါဝိဒ်ပြောသော စကားကို ကြားသော သူတို့သည် ရှောလုထံတော်၌ ကြားလျှောက်သော်၊ ဒါဝိဒ်ကို ခေါ်တော်မူ၏။
32 Kisha Daudi akamwambia Sauli, “Pasiwepo moyo wa mtu atakayezimia kwa sababu ya Mfilisti huyo; Mtumishi wako atakwenda kupigana na Mfilisti huyu.”
၃၂ဒါဝိဒ်ကလည်း ထိုလူကြောင့် အဘယ်သူမျှ စိတ်မပျက်ပါစေနှင့်။ ကိုယ်တော်ကျွန်သွား၍ ထိုဖိလိတ္တိ လူကို တိုက်ပါမည်ဟု ရှောလုအား လျှောက်လျှင်၊-
33 Sauli akamwambia Daudi, “Huwezi kumpinga Mfilisti ama kupigana naye; wewe ni kijana tu, na yeye amekuwa mtu wa vita tangu ujana wake.”
၃၃ရှောလုက၊ သင်သည် ထိုဖိလိတ္တိလူကို သွား၍ မတိုက်နိုင်။ သင်သည် နုပျိုသောသူဖြစ်၏။ ထိုသူသည် ပျိုသောအရွယ်မှစ၍ စစ်သူရဲဖြစ်ခဲ့ပြီဟု ဒါဝိဒ်အား ဆိုသော်၊-
34 Lakini Daudi akamwambia Sauli, “Mtumishi wako alikuwa akichunga kondoo za baba yake. Mara simba au dubu alikuja akamchukua mwana kondoo kutoka kundini,
၃၄ဒါဝိဒ်က၊ ကိုယ်တော်ကျွန်သည် အဘ၏ သိုးတို့ကို ထိန်းကျောင်းစဉ်အခါ၊ ခြင်္သေ့နှင့်ဝံသည်လာ၍ သိုးသငယ်ကို သိုးစုထဲက ကိုက်ချီပါ၏။
35 Nilimfukuza na kumshambulia na kumpokonya kutoka kinywani mwake. Na aliponirukia, nilimshika ndevu zake, nilimpiga, na kumuua.
၃၅ကျွန်တော်လိုက်၍ သတ်သဖြင့် သိုးသငယ်ကို သူ့ပစပ်ထဲက နှုတ်ပါ၏။ ဝံသည် ကျွန်တော်ကို ပြန်၍ ကိုက်သောအခါ၊ ဝံ၏မုတ်ဆိတ်ကို ကိုင်၍ ရိုက်သတ်ပါ၏။
36 Mtumishi wako amekwisha kmuua simba na dubu. N huyu Mfilisti asiyetahiriwa atakuwa kama mmoja wa wanyama hao, kwa kuwa ameyadharau majeshi ya Mungu aliye hai.”
၃၆ကိုယ်တော် ကျွန်သည် ခြင်္သေ့နှင့်ဝံနှစ်ကောင်လုံးကို သတ်ပါ၏။ အရေဖျားလှီးခြင်းကို မခံသော ထိုဖိလိတ္တိလူသည် အသက်ရှင်တော်မူသော ဘုရားသခင်၏ ဗိုလ်ခြေတို့ကို ကြိမ်းပသောကြောင့်၊ ထိုအကောင် တကောင်ကဲ့သို့ ဖြစ်ပါလိမ့်မည်။
37 Daudi akasema, “BWANA aliyeniokoa kutoka makucha ya simba na makucha ya dubu. Ataniokoa kutoka mkono wa Mfilisti huyu.” Kisha Sauli akamwambia Daudi, “Nenda, BWANA awe pamoja nawe.”
၃၇ခြင်္သေ့လက်၊ ဝံလက်မှ ကျွန်တော်ကို ကယ်နှုတ်တော်မူသော ထာဝရဘုရားသည်၊ ထိုဖိလိတ္တိလူလက်မှ ကယ်နှုတ်တော်မူလိမ့်မည်ဟု ရှောလုအား လျှောက်လေသော်၊ ရှောလုကသွားလော့။ ထာဝရဘုရား သည် သင်နှင့်အတူ ရှိတော်မူပါစေသောဟု ဒါဝိဒ်အား ဆိုလေ၏။
38 Sauli akamvika Daudi vazi lake la vita. Akamvika chepeo ya shaba kichwani pake, na akamvika koti la chuma.
၃၈ရှောလုသည်လည်း ဒါဝိဒ်ကို မိမိအဝတ်နှင့်ဝတ်စေသဖြင့်၊ သူ၏ခေါင်းပေါ်မှာ ကြေးဝါခလောက်လုံး ကိုတင်၍၊ သံချပ်အင်္ကျီကိုလည်း ဝတ်စေ၏။
39 Daudi akaufunga upanga wake juu ya vazi la Sauli. Lakini hakuweza kutembea, kwa sababu hakupata mafunzo kwa mavazi hayo. Ndipo Daudi akamwambia Sauli, “Siwezi kwenda kupigana nikiwa na haya, maana sikupata mafunzo kwa haya.” Kwa hiyo Daudi akayavua.
၃၉ဒါဝိဒ်သည် ထားတော်ကို အဝတ်ပေါ်မှာ စည်း၍ သွားမည်ဟု အားထုတ်သော်လည်း၊ ထိုလက်နက် များကို မစုံစမ်းသေး။ သို့ဖြစ်၍ ဒါဝိဒ်က ဤလက်နက်တို့နှင့် ကျွန်တော် မသွားနိုင်ပါ၊ မစုံစမ်းပါသေး ဟု ရှောလုအား လျှောက်၍ ချွတ်ပြန်လေ၏။
40 Akachukua fimbo mkononi mwake na akachagua mawe matano laini kutoka katika kijito; akayaweka kwenye mfuko wake wa kichungaji. Kombeo lake lilikuwa mkononi akawa anamsogelea yule Mfilisti.
၄၀တဖန် မိမိတောင်ဝေးကို ကိုင်လျက်၊ ချောသောကျောက်ငါးလုံးကို ချောင်းထဲက ရွေး၍၊ သိုးထိန်း တန်ဆာတည်းဟူသော လွယ်အိတ်၌ ထည့်ပြီးမှ၊ လောက်လွှဲကိုလည်းကိုင်၍ ဖိလိတ္တိလူရှိရာသို့ ချဉ်းလေ၏။
41 Yule Mfilisti akaja na kumsogelea Daudi, mbeba ngao yake akiwa mbele yake.
၄၁ဖိလိတ္တိလူသည်လည်း ဒါဝိဒ်ရှိရာသို့ ချဉ်း၍ သူ့ရှေ့မှာ ဒိုင်းလွှားကို ဆောင်သောသူလည်း သွား၏။
42 Mfilisti alipotazama kila upande na kumuona Daudi, akamdharau, maana alikuwa kijana tu, mwekundu, na umbo la kupendeza.
၄၂ဖိလိတ္တိလူသည် ကြည့်၍ ဒါဝိဒ်ကို မြင်သောအခါ မထီမဲ့မြင်ပြု၏။ အကြောင်းမူကား၊ သူသည် နုပျိုသောသူ၊ ဆံပင်နီ၍ မျက်နှာလှသောသူ ဖြစ်၏။
43 Ndipo Mfilisti akamuuliza Daudi, “Je, mimi ni mbwa, hata ukanijia na fimbo? Naye Mfilisti kwa miungu yake akamlaani Daudi.
၄၃ဖိလိတ္တိလူက၊ သင်သည် တောင်ဝေးနှင့် ငါ့ထံသို့ လာရမည်အကြောင်း၊ ငါသည် ခွေးဖြစ်သလောဟု မေးလျက်၊ မိမိဘုရားတို့ကို တိုင်တည်၍ ဒါဝိဒ်ကို ကျိန်ဆဲလေ၏။
44 Huyo Mfilisti akamwambia Daudi, “Njoo kwangu, na nyama yako nitawatupia ndege wa angani na wanyama wa mwituni.”
၄၄တဖန် ဖိလိတ္တိလူက လာခဲ့။ သင့်အသားကို မိုဃ်းကောင်းကင် ငှက်နှင့်တောသားရဲတို့အား ငါပေးမည်ဟု ဒါဝိဒ်ကိုဆို၏။
45 Daudi akamjibu Mfilisti, “Unaniijia kwa upanga, kwa mkuki na mkuki mdogo. Bali mimi nakuijia kwa jina la BWANA wa majeshi, Mungu wa Majeshi ya Israeli, uliyemdharau.
၄၅ဒါဝိဒ်ကသင်သည် ထား၊ လှံ၊ ကိဒုန်ပါလျက် ငါ့ထံသို့ လာ၏။ ငါသည် သင် ကြိမ်းပသော ဣသရေလ ဗိုလ်ခြေတို့၏ ဘုရားသခင်၊ ကောင်းကင်ဗိုလ်ခြေ အရှင်ထာဝရဘုရား၏ နာမတော်ပါလျက် သင်ရှိ ရာသို့လာ၏။
46 Leo BWANA atanipa ushindi dhidi yako, na nitakuua na kukiondoa kichwa chako kwenye kiwiliwili. Leo nitawapa ndege wa angani na wanyama wa mwituni walioko duniani mizoga ya jeshi la Wafilisti, ili dunia yote ijue kwamba yupo Mungu katika Israeli,
၄၆ထာဝရဘုရားသည် သင့်ကို ငါ့လက်၌ ယနေ့ အပ်တော်မူသဖြင့်၊ သင့်ကို ငါသတ်၍ လည်ပင်းကို ဖြတ်မည်။ ဖိလိတ္တိဗိုလ်ခြေ အသေကောင်များကို မိုဃ်းကောင်းကင်ငှက်နှင့် တောသားရဲတို့အား ယနေ့ ငါပေးမည်။ ဣသရေလအမျိုး၌ ဘုရားသခင် ရှိတော်မူသည်ကို မြေကြီးသားအပေါင်းတို့ သည်သိရကြလိမ့်မည်။
47 na kusanyiko hili lote lijue kwamba BWANA hatoi ushindi kwa upanga wala kwa mkuki. Kwa kuwa vita ni ya BWANA, na atawaweka katika mkono wetu.”
၄၇ထာဝရဘုရားသည် ထားလှံအားဖြင့် ကယ်တင်တော်မမူကြောင်းကို၊ ဤပရိသတ်အပေါင်းတို့သည် သိရကြလိမ့်မည်။ အကြောင်းမူကား၊ ထာဝရဘုရားသည် စစ်မှုကို ပိုင်၍၊ ငါတို့လက်သို့ အပ်နှံတော် မူမည်ဟု ဖိလိတ္တိလူအား ဆို၏။
48 Mfilisti aliponyanyuka na kukaribia akutane na Daudi, ndipo Daudi akakimbia kwa haraka kuelekea jeshi la adui ili akutane naye.
၄၈ဖိလိတ္တိလူသည် ထ၍ ဒါဝိဒ်နှင့်တွေ့ခြင်းငှါ ချဉ်းလာသောအခါ၊ ဒါဝိဒ်သည်လည်း ဖိလိတ္တိလူနှင့် တွေ့ခြင်းငှါ ဗိုလ်ခြေရှိရာသို့ အလျင်အမြန် ပြေးပြီးမှ၊-
49 Daudi aliweka mkono wake mfukoni, akachukua jiwe kutoka humo, akalitupa kwa kombeo, na likampiga Mfilisti kwenye paji la uso, akaanguka chini kifudifudi.
၄၉လွယ်အိတ်ထဲက ကျောက်တလုံးကို နှိုက်ယူ၍ လွှဲပစ်၏။ ဖိလိတ္တိလူ၏ နဖူးကို မှန်၍ နဖူးပေါက် သဖြင့် သူသည် မြေပေါ်မှာ ငိုက်စိုက်လဲလေ၏။
50 Daudi alimshinda Mfilisti kwa kombeo na kwa jiwe moja. Alimpiga huyo Mfilisti na kumuua. Mkononi mwa Daudi hakukuwa na upanga.
၅၀ထိုသို့ ဒါဝိဒ်သည် လောက်လွှဲနှင့် ကျောက်တလုံးအားဖြင့် နိုင်လျက် ထိခိုက်၍ သတ်လေ၏။
51 Ndipo Daudi akakimbia akasimama juu ya Mfilisti na kutwaa upanga wake, akauchomoa kutoka alani, akamuua, na kukata kichwa chake kwa upanga huo.
၅၁ထိုအခါ ဒါဝိဒ်သည် ထားမပါသောကြောင့် ပြေး၍ ဖိလိတ္တိလူကို နင်းလျက်၊ သူ၏ ထားကို ထားအိမ်မှ နှုတ်ဆွဲပြီးလျှင် လည်ပင်းကို ဖြတ်၍ အပြီးသတ်လေ၏။ ဖိလိတ္တိလူတို့သည် သူတို့၏ သူရဲသေကြောင်းကို မြင်သောအခါ ပြေးကြ၏။
52 Ndipo watu wa Israeli na wale wa Yuda wakaamka kwa kelele, na kuwafukuza Wafilisti kuvuka bonde na malango ya Ekroni. Na maiti za Wafilisti walilala katika njia iendayo Shaaraimu, na njia yote kuelekea Gathi na Ekroni.
၅၂ထိုအခါ ဣသရေလအမျိုး၊ ယုဒအမျိုးသားတို့သည် ထ၍ ကြွေးကြော်လျက် ချိုင့်တိုင်အောင်၎င်း၊ ဧကြုန်မြို့ တံခါးတိုင်အောင်၎င်း၊ ဖိလိတ္တိလူတို့ကို လိုက်ကြ၏။ ထိခိုက်သော ဖိလိတ္တိလူတို့သည် ရှာရိမ်မြို့ လမ်းနားမှစ၍ ဂါသမြို့၊ ဧကြုန်မြို့တိုင်အောင် လဲကြ၏။
53 Watu wa Israeli wakarejea kutoka kuwafukuza Wafilisti, na wakateka nyara kambi yao.
၅၃ဣသရေလ အမျိုးသားတို့သည် ဖိလိတ္တိလူတို့ကို လိုက်ရာမှ ပြန်လာ၍ သူတို့တဲများကို လုယူကြ၏။
54 Daudi akachukua kichwa cha Mfilisti na kukipeleka Yerusalemu, lakini akaliweka vazi la vita katika hema lake.
၅၄ဒါဝိဒ်သည် ဖိလိတ္တိလူ၏ ဦးခေါင်းကို ယူ၍ ယေရုရှလင်မြို့သို့ ဆောင်သွား၏။ သူ၏လက်နက်များ ကို မိမိတဲ၌ ထား၏။
55 Sauli alipomuona Daudi akienda kukabiliana na yule Mfilisti, akamwambia Abneri, jemedari wa jeshi, “Abneri, kijana huyu ni mtoto wa nani? Abneri akasema, “Kama uishivyo, mfalme, mimi sijui.”
၅၅ဒါဝိဒ်သည် ဖိလိတ္တိလူကို တိုက်ခြင်းငှါ ထွက်သွားသည်ကို ရှောလုသည်မြင်လျှင်၊ ထိုလုလင်ကား အဘယ်သူ၏ သာဖြစ်သနည်းဟု ဗိုလ်ချုပ်မင်းအာဗနာကို မေး၏။ အာဗနာကလည်း၊ အရှင်မင်းကြီး အသက်တော် ရှင်သည်အတိုင်း ကျွန်တော် မသိပါဟု လျှောက်လျှင်၊-
56 Naye mfalme akasema, “Waulize wanaoweza kufahamu, mvulana huyu ni kijana wa nani.”
၅၆ရှင်ဘုရင်က၊ ထိုလုလင်သည် အဘယ်သူ၏ သားဖြစ်လိမ့်မည်ကို မေးစစ်လော့ဟု မိန့်တော်မူ၏။
57 Daudi aliporudi kutoka kumuua yule Mfilisti, Abneri alimchukuwa, na kumleta mbele ya Sauli akiwa na kichwa cha Mfilisti mkononi mwake.
၅၇ဒါဝိဒ်သည် ဖိလိတ္တိလူကို သတ်ပြီးမှ၊ သူ၏ ဦးခေါင်းကို ကိုင်လျက် ပြန်လာသောအခါ၊ အာဗနာသည် ခေါ်၍ ရှောလုထံသို့ ဆောင်သွားပြီးလျှင်၊-
58 Sauli akamuuliza, “Kijana, wewe ni mtoto wa nani? Na Daudi akamjibu, “Mimi ni mtoto wa mtumishi wako Yese Mbethlehemu.”
၅၈ရှောလုက၊ အချင်း လုလင်၊ သင်သည် အဘယ်သူ၏ သားဖြစ်သနည်းဟု မေးတော်မူ၏။ ဒါဝိဒ်ကလည်း ကျွန်တော်သည် ကိုယ်တော်ကျွန်၊ ဗက်လင်မြို့သား ယေရှဲ၏သား ဖြစ်ပါသည်ဟု လျှောက်လေ၏။

< 1 Samweli 17 >