< 1 Wafalme 4 >

1 Mfalme Sulemani alikuwa mfalme wa Israeli.
ရှော​လ​မုန်​မင်း​သည်​ဣသ​ရေ​လ​နိုင်​ငံ​တစ် ဝှမ်း​လုံး​ကို အုပ်​စိုး​လျက်​နေ​တော်​မူ​၏။-
2 Hawa ndio waliokuwa wakuu wake: Azaria mwana wa Sadoki alikuwa kuhani.
သူ​၏​မှူး​တော်​မတ်​တော်​များ​မှာ​အောက်​ပါ အ​တိုင်း​ဖြစ်​သည်။ ယဇ်​ပု​ရော​ဟိတ်​ဇာ​ဒုတ်​၏​သား​အာ​ဇ​ရိ၊
3 Elihorefu na Ahiya mwana wa Shisha, walikuwa makatibu. Yehoshafati mwana wa Ahilui alikuwa mwandishi.
နန်း​တော်​အ​တွင်း​ဝန်​များ၊ ရှိ​ရှ​၏​သား​များ​ဖြစ် ကြ​သော​ဧ​လိ​ဟော​ရပ်​နှင့်​အ​ဟိ​ယ​မှတ်​တမ်း တာ​ဝန်​ခံ၊ အ​ဟိ​လုပ်​၏​သား​ယေ​ဟော​ရှ​ဖတ်၊
4 Benaya mwana wa Yehoyada alikuwa mkuu wa jeshi. Sadoki na Abiatahari walikuwa makuhani.
တပ်​မ​တော်​ဗိုလ်​ချုပ်၊ ယော​ယ​ဒ​၏​သား​ဗေ​နာ​ယ၊ ယဇ်​ပု​ရော​ဟိတ်​များ၊ ဇာ​ဒုတ်​နှင့်​အ​ဗျာ​သာ၊
5 Azaria mwana wa Natahani ndiye aliyekuwa juu ya hawa maakida. Zabudi mwana wa Nathani alikuwa kuhani na rafiki wa mfalme.
နယ်​ဘု​ရင်​ခံ​ချုပ်၊ နာ​သန်​၏​သား​အာ​ဇ​ရိ၊ ဘု​ရင့် အ​တိုင်​ပင်​ခံ​အ​မတ်၊ နာ​သန်​၏​သား​ယဇ်​ပု​ရော ဟိတ်​ဇာ​ဗုဒ်၊
6 Ahishari alikuwa mkuu wa nyumba. Adoniramu mwana wa Abda alikuwa mkuu wa watenda kazi.
နန်း​တော်​အုပ်၊ အ​ဟိ​ရှာ၊ ချွေး​တပ်​ဝန်၊ အာ​ဗ​ဒ ၏​သား​အ​ဒေါ​နိ​ရံ၊
7 Sulemani alikuwa na maakida kumi na wawili juu ya Israeli yote, ambao walitoa chakula kwa mfalme na watu wake wote. Kila mtu alikuwa na zamu ya kuhudumia kwa mwezi mmoja katka mwaka.
ရှော​လ​မုန်​သည်​ဣ​သ​ရေ​လ​နိုင်​ငံ​တွင် နယ်​ဘု​ရင် ခံ​တစ်​ဆယ့်​နှစ်​ယောက်​ခန့်​ထား​လေ​သည်။ ထို​သူ တို့​သည်​တစ်​ယောက်​လျှင်​တစ်​လ​စီ၊ မင်း​ကြီး နှင့်​နန်း​တော်​အ​တွက်​မိ​မိ​၏​နယ်​မှ​ရိက္ခာ​များ ကို​ပေး​ဆက်​ရ​ကြ​၏။-
8 Majina yao yalikuwa ndiyo haya: Beni Huri, Kutoka milima ya Efraimu;
ထို​ဘု​ရင်​ခံ​များ​နှင့်​သူ​တို့​ပိုင်​သည့်​နယ်​များ မှာ​အောက်​ပါ​အ​တိုင်း​ဖြစ်​၏။ ဗင်​ဟု​ရ၊ဧ​ဖ​ရိမ်​တောင်​ကုန်း
9 Beni Dekeri wa Makazi, Shaalibimu, Bethi Shemeshi, na Elonbethi Hanaan;
ဗင်​ဒေ​ကာ၊မာ​ကတ်​မြို့၊ရှာ​လ​ဗိမ်​မြို့၊ဗက်​ရှေ​မက်​မြို့၊ ဧ​လုဒ်​မြို့​နှင့်​ဗက်​ဟ​နန်​မြို့၊
10 Beni Hesed, wa Arubothi (kutoka kwake alipatikana Sokohi na nchi yote ya Hefa);
၁၀ဗင်​ဟေ​သက်၊အ​ရု​ဗုတ်​မြို့၊စော​ခေါ​မြို့​နှင့်​ဟေ​ဖာ နယ်​မြေ​တစ်​ခု​လုံး၊
11 Ben Abinadabu, wa wilaya yote ya Dori (alikuwa na Tafathi binti wa mfalme ambaye alikuwa mke wake);
၁၁ရှော​လ​မုန်​၏​သ​မီး​တော်​တာ​ဖတ်​နှင့်​စုံ​ဖက်​သည့် ဗင်​အ​ဘိ​န​ဒပ်၊ဒေါ​ရ​နယ်​မြေ​တစ်​ခု​လုံး၊
12 Baana mwana wa Ahiludi, wa Taanaki na Megido, na Beth Shani iliyo upande mwingine wa Zarethani chini ya Yezreel, Kutoak Bethi Shani mpaka Abeli Mehola iliyo upande mwingine wa Jokimeamu;
၁၂အ​ဟိ​လုပ်​၏​သား​ဗာ​န၊တာ​နက်​မြို့၊မေ​ဂိဒ္ဒေါ​မြို့​နှင့် တ​ကွ အာ​ဗေ​လ​မ​ဟော​လ​မြို့​များ​နှင့်​ယုတ်​နန် မြို့​တိုင်​အောင်​ရှိ​သည့်​နယ်​မြေ​တစ်​ခု​လုံး။ ထို​နယ် မြေ​သည်​ဗက်​ရှန်​မြို့​နှင့်​ဇာ​တ​န​မြို့​များ​အ​နီး၊ ယေ​ဇ​ရေ​လ​မြို့​၏​တောင်​ဘက်​တွင်​ရှိ​သ​တည်း။
13 Ben Geberi, ya Ramothi Gileadi (kutoka kwake tunapata miji ya Yairi mwana wa Manase, ambayo iko Gileadi, na mkoa wa Arigobu ulikuwa wake, ambao uko Bashani, miji sitini yenye maboma na yenye nguzo za malango ya shaba);
၁၃ဗင်​ဂေ​ဗာ မ​နာ​ရှေ​၏​သား၊ယာ​ဣ​ရ​၏​သား​ချင်း​စု ပိုင်​သည့်​မြို့​များ​ဖြစ်​သော​ဂိ​လဒ်​ပြည်​ရှိ​ရာ​မုတ်​မြို့ နှင့်​ရွာ​များ၊ဗာ​ရှန်​ပြည်၊အာ​ဂေါ​ဘ​ဒေ​သ၊မြို့​ရိုး​နှင့် ကြေး​ဝါ​တံ​ခါး​ကျင်​များ​ဆောက်​လုပ်​တပ်​ဆင် ထား​သည့်​မြို့​ကြီး​ပေါင်း​ခြောက်​ဆယ်၊
14 Ahinadabu mwana wa Ido, wa Mahanaimu;
၁၄ဣ​ဒေါ​၏​သား​အ​ဟိ​န​ဒပ်၊မ​ဟာ​နိမ်​မြို့​နယ်၊
15 Ahimaazi, wa Naftali (ambaye pia alimwoa Basimathi binti wa Sulemani kuwa mke wake);
၁၅ရှော​လ​မုန်​၏​သ​မီး​တော်​ဗာ​သ​မတ်​နှင့်​စုံ​ဖက် သည့် အ​ဟိ​မတ်၊န​ဿ​လိ​နယ်​မြေ
16 Baana mwana wa Hushai, ya Asherina Bealothi;
၁၆ဟု​ရှဲ​၏​သား​ဗာ​နာ၊အာ​ရှာ​ဒေ​သ​နှင့်​အာ​လုပ်​မြို့
17 Yehoshafati mwana wa Paruha, kwa Isakari;
၁၇ပါ​ရွာ​၏​သား​ယော​ရှ​ဖတ်၊ဣ​ဿ​ခါ​နယ်​မြေ
18 Shimei mwana wa Ela, wa Benjamini;
၁၈ဧ​လာ​၏​သား​ရှိ​မိ၊ဗင်္ယာ​မိန်​နယ်​မြေ
19 na Geberi mwana wa Uri, katika nchi ya Gileadi, ambayo ni nchi ya Sihoni mfalme wa Waamori na Ogi mfalme wa Bashani, na yeye ndiye akida pekee aliyekuwa katika nchi hiyo.
၁၉ဥ​ရိ​၏​သား​ဂေ​ဗ​အာ​မော​ရိ​ဘု​ရင်​ရှိ​ဟုန် နှင့်၊ဗာ​ရှန်​ဘု​ရင်​သြ​ဃ​အုပ်​စိုး​ခဲ့​သော​ဂိ​လဒ် နယ်​မြေ၊ ဤ​ဘု​ရင်​ခံ​တစ်​ဆယ်​နှစ်​ယောက် အ​ပြင် တစ်​ပြည်​လုံး​အုပ်​စိုး​ရ​သည့်​ဘု​ရင်​ခံ တစ်​ယောက်​ရှိ​သေး​သ​တည်း။
20 Yuda na Israeli walikuwa wengi kama mchanga wa baharini. Nao walikuwa wakila na kunywa na kufurahi.
၂၀ယု​ဒ​နှင့်​ဣသ​ရေ​လ​ပြည်​သူ​ပြည်​သား​တို့​သည် သ​မုဒ္ဒ​ရာ​ကမ်း​ခြေ​သဲ​လုံး​နှင့်​အ​မျှ​များ​ပြား ကြ​၏။ သူ​တို့​သည်​ရွှင်​လန်း​စွာ​စား​သောက် နေ​ထိုင်​ကြ​၏။-
21 Suleimani alitawala utawala wote kutoka mtoni hadi kwenye nchi ya Wafilisti na hadi kwenye mpaka wa Misri. Wote walileta kodi na walimtumikia Sulemani katika siku za maisha yake yote.
၂၁ရှော​လ​မုန်​သည်​ဥ​ဖ​ရတ်​မြစ်​မှ​ဖိ​လိတ္တိ​ပြည် နှင့်​အီ​ဂျစ်​ပြည်​နယ်​စပ်​တိုင်​အောင် ရှိ​သ​မျှ သော​တိုင်း​နိုင်​ငံ​တို့​ကို​အ​စိုး​ရ​တော်​မူ​၏။ ထို​နိုင်​ငံ​တို့​သည်​မင်း​ကြီး​အား​အ​ခွန် ပဏ္ဏာ​ဆက်​သ​ကြ​၍ မင်း​ကြီး​အ​သက်​ရှင် သ​မျှ​ကာ​လ​ပတ်​လုံး​သူ​၏​လက်​အောက် ခံ​နိုင်​ငံ​များ​ဖြစ်​ကြ​၏။
22 Mahitaji ya Sulemani kwa siku moja yalikuwa ni Kori thelathini za unga mzuri na kori unga wa ngano,
၂၂တစ်​နေ့​အ​တွက် ရှော​လ​မုန်​လို​အပ်​သည့်​ရိက္ခာ မှာ ဂျုံ​မှုန့်​အ​နု​တင်း​တစ်​ရာ့​ငါး​ဆယ်​နှင့်​ဂျုံ မှုန့်​အ​ကြမ်း​တင်း​သုံး​ရာ။-
23 makisai kumi walionona, na fahari ishirini wa malisho, na kondoo mia moja, nje ya ayala, paa, na kulungu na kuku walionona.
၂၃ဆတ်၊ သ​မင်၊ ဒ​ရယ်​နှင့်​ကြက်​များ​အ​ပြင်​ခြံ လှောင်​မွေး​သည့်​နွား​ဆယ်​ကောင်၊ စား​ကျက် နွား​အ​ကောင်​နှစ်​ဆယ်​နှင့်​သိုး​အ​ကောင် တစ်​ရာ​ဖြစ်​၏။
24 Kwa kuwa utawala wake ulikuwa zaidi ya nchi yote upande huu wa mto, kutoka Tifsa mpaka Gaza, juu ya wafalme wote wa upande huu wa mto, naye alikuwa na amani pande zote.
၂၄ရှော​လ​မုန်​သည်​ဥ​ဖ​ရတ်​မြစ်​ပေါ်​ရှိ​တိ​ဖ​သ မြို့​မှ အ​နောက်​ဘက်​ဂါ​ဇ​မြို့​တိုင်​အောင်​ဥ​ဖ​ရတ် မြစ်​အ​နောက်​ဘက်​ခြမ်း​နယ်​မြေ​အ​ပေါင်း​ကို အ​စိုး​ရ​တော်​မူ​၏။ ဥ​ဖ​ရတ်​မြစ်​၏​အ​နောက် ဘက်​ရှိ​ဘု​ရင်​အ​ပေါင်း​တို့​သည်​သူ​၏​လက် အောက်​ခံ​များ​ဖြစ်​ကြ​၏။ သူ​သည်​လည်း​မိ​မိ အိမ်​နီး​ချင်း​တိုင်း​ပြည်​ရှိ​သ​မျှ​နှင့်​ငြိမ်း​ချမ်း စွာ​နေ​ထိုင်​တော်​မူ​၏။-
25 Yuda na Israeli waliishi kwa usalama, kila mtu chini y a mzabibu wake na chini ya mtini wake, kutoka Dani mpaka Beerisheba, siku zote za Sulemani.
၂၅သူ​အ​သက်​ရှင်​သ​မျှ​ကာ​လ​ပတ်​လုံး​ယု​ဒ ပြည်​နှင့် ဣ​သ​ရေ​လ​ပြည်​တစ်​ဝန်း​လုံး​ရှိ​လူ တို့​သည် မိ​မိ​တို့​အိမ်​ထောင်​စု​အ​သီး​သီး​ပိုင် စ​ပျစ်​ခြံ၊ သင်္ဘော​သ​ဖန်း​ခြံ​တွင်​ဘေး​မဲ့ လုံ​ခြုံ​စွာ​နေ​ထိုင်​ကြ​လေ​သည်။
26 Sulemani alikuwa na mabanda ya farasi arobaini elfu kwa ajili ya magari yake, na wapanda farasi elfu kumi na mbili.
၂၆ရှော​လ​မုန်​မင်း​တွင်​ရ​ထား​မြင်း​များ​အ​တွက် မြင်း​ဇောင်း​လေး​သောင်း​နှင့်​တိုက်​မြင်း​များ အ​တွက်​မြင်း​ဇောင်း​တစ်​သောင်း​နှစ်​ထောင် ရှိ​လေ​သည်။-
27 Na maakida walileta chakula kwa Sulemani na kwa wale walioketi kwenye meza ya mfalme Sulemani, kila mtu katika mwezi wake. Walihakikisha hakuna kinachopungua.
၂၇တစ်​လ​လျှင်​တစ်​ယောက်​ကျ​ရိက္ခာ​ပေး​ဆက် ရန် တာ​ဝန်​ပေး​ခြင်း​ခံ​ရ​သည့်​ဘု​ရင်​ခံ​တစ် ဆယ့်​နှစ်​ယောက်​တို့​သည် ရှော​လ​မုန်​မင်း​ကိုယ် တိုင်​စား​သုံး​ရန်​အ​တွက်​နှင့် နန်း​တွင်း​သား အ​ပေါင်း​တို့​အ​တွက်​လို​အပ်​သော​ရိက္ခာ​များ ကို​ပေး​ဆက်​ရ​ကြ​၏။ သူ​တို့​သည်​နန်း​တော် တွင်​လို​အပ်​သော​အ​ရာ​မှန်​သ​မျှ​ကို​အ​စဉ် အ​မြဲ​ပေး​ဆက်​ရ​ကြ​လေ​သည်။-
28 Na pia walileta kwenye eneo husika shayiri na majani kwa ajili ya wale farasi wa magari na kwa wale farasi wa mbio kila mmoja alileta kadri alivyoweza.
၂၈ဘု​ရင်​ခံ​တိုင်း​သည်​မိ​မိ​တို့​၏​ဝေ​ပုံ​ကျ မု​ယော​စ​ပါး​နှင့်​ကောက်​ရိုး​ကို​လည်း​စစ် ရ​ထား​မြင်း​များ၊ လား​များ​အ​တွက်​လို အပ်​သည့်​နေ​ရာ​အ​ရပ်​သို့​အ​ရောက်​ပေး ဆက်​ကြ​၏။
29 Mungu alimpa Sulemani hekima kubwa, ufahamu, na upana wa uelewa kama mchanga wa baharini.
၂၉ဘု​ရား​သ​ခင်​သည်​ရှော​လ​မုန်​အား ထူး​ကဲ သော​ဉာဏ်​ပ​ညာ​နှင့်​ထိုး​ထွင်း​ဉာဏ်​ကို​လည်း ကောင်း၊ အ​တိုင်း​မ​သိ​သော​အ​သိ​တ​ရား ကို​လည်း​ကောင်း​ပေး​တော်​မူ​၏။-
30 Hekima ya Sulemani ilizidi hekima ya watu wote wa mashariki na hekima yote ya Misri.
၃၀ရှော​လ​မုန်​သည်​အ​ရှေ့​တိုင်း​သား​ပညာ​ရှင် များ​နှင့် အီ​ဂျစ်​ပြည်​သား​ပ​ညာ​ရှင်​များ ထက်​ပင်​ပို​၍​ပ​ညာ​ရှိ​လေ​သည်။-
31 Alikuwa na hekima kuliko wanaume wote - kuliko Ethani Muezrahi, Hemani, Kaliko, na Darda, wana wa Maholi - na habari zake zikaenea hadi kwenye mataifa yote yaliyomzunguka.
၃၁သူ​သည်​ဧ​ဇ​ရ​ဟိတ်​အမျိုး​သား​ဧ​သန်​ထက် လည်း​ကောင်း၊ မ​ဟော​လ​၏​သား​များ​ဖြစ် သော​ဟေ​မန်၊ ခါ​လ​ကော​လ​နှင့်​ဒါ​ရ​ဒ​တို့ ထက်​လည်း​ကောင်း​ပ​ညာ​ရှိ​၏။ သူ​သည်​လူ အ​ပေါင်း​တို့​တွင်​ပ​ညာ​အ​ရှိ​ဆုံး​ဖြစ် သ​တည်း။ ပတ်​ဝန်း​ကျင်​တိုင်း​နိုင်​ငံ​အ​ပေါင်း သို့​သူ​၏​ပ​ညာ​သ​တင်း​ပျံ့​နှံ့​၍​သွား ၏။-
32 Aliongea mithali elfu tatu na idadi ya nyimbo zake zilikuwa elfu moja na tano.
၃၂သူ​စီ​ကုံး​ပြု​စု​သည့်​စ​ကား​ပုံ​သုံး​ထောင် နှင့်​သီ​ချင်း​တစ်​ထောင်​ကျော်​ရှိ​၏။-
33 Aliifafanua mimea, kuanzia mierezi iliyoko Lebanoni hadi Hisopo imeao ukutani. Aliwafafanua wanyama, ndege, vitu vitambaavyo na samaki. Watu walikuja kutoka mataifa yote kuisikia hekima ya Sulemani.
၃၃သူ​သည်​လေ​ဗ​နုန်​သစ်​က​တိုး​ပင်​မှ​သည် အုတ် ရိုး​ကပ်​ဟု​ဿုတ်​ပင်​အ​ထိ​သစ်​ပင်​ကြီး​ငယ် များ​အ​ကြောင်း​ကို​ဆွေး​နွေး​တင်​ပြ​ခဲ့​၏။ တိ​ရစ္ဆာန်​များ၊ ငှက်​များ၊ တွား​တတ်​သော​သတ္တ​ဝါ များ​နှင့်​ငါး​များ​၏​အ​ကြောင်း​ကို​လည်း ဖော်​ပြ​ခဲ့​ပေ​သည်။-
34 Watu walikuja kutoka falme zote za duniani waliosikia juu ya hekima yake.
၃၄ကမ္ဘာ​တစ်​ဝန်း​လုံး​ရှိ​မင်း​တို့​သည်​ရှော​လ​မုန်​၏ ပ​ညာ​သ​တင်း​ကို​ကြား​သိ​ကြ​သော​အ​ခါ စေ​တ​မန်​များ​ကို​လွှတ်​၍​သူ​၏​သြ​ဝါ​ဒ များ​ကို​ကြား​နာ​စေ​ကြ​၏။

< 1 Wafalme 4 >