< 1 Wafalme 21 >

1 Basi ikawa baada ya hayo, Nabothi Myezreeli alikuwa na shamba la mizabibu kule Yezreeli, karibu na ikulu ya Ahabu, mfalme wa Samaria.
ထိုနောက်မှ ယေဇရေလမြို့သား နာဗုတ်ပိုင်သော စပျစ်ဥယျာဉ်သည် ယေဇရေလမြို့တွင်၊ ရှမာရိ မင်းကြီးအာဟပ်၏နန်းတော်နားမှာ ရှိသည်ဖြစ်၍၊
2 Ahabu akamwambia Nabothi, akisema, “Nipe shamba lako, ili nilifanye kuwa bustani ya mboga, kwa sababu iko karibu na nyumba yangu. Badala yake nitakupa shamba zuri la mizabibu, au, kama ukipenda nitakulipa thamani yake kwa fedha.”
အာဟပ်မင်းက၊ သင့်စပျစ်ဥယျာဉ်သည် နန်းတော်နားမှာရှိသောကြောင့် ယာလုပ်စရာဘို့ပေးပါ။ သာ၍ကောင်းသော ဥယျာဉ်ကို ငါပေးမည်။ သို့မဟုတ် သင်အလိုရှိလျှင် အဘိုးကိုပေးမည်ဟု နာဗုတ်အား ဆိုလျှင်၊
3 Nabothi akamjibu Ahabu, “BWANA na alizuie hilo nisije nikatoa urithi wa mababu zangu kwako.”
နာဗုတ်က၊ ဘိုးဘေးလက်မှ အမွေခံသောမြေကို ကိုယ်တော်အား ပေးရသောအမှုကို ထာဝရဘုရား ဆီးတားတော်မူပါစေသောဟု ပြန်လျှောက်၏။
4 Ahabu akaingia kwenye ikulu yake akiwa mchovu na mwenye hasira kwa sababu ya jibu ambalo Nabothi Myezreeli alimpa aliposema, “Sitakupa urithi wa mababu zangu.” Akalala kitandani kwake, akiwa amegeuza uso wake upande ule, na akagoma kula chakula chochote.
ဘိုးဘေးမှ အမွေခံသော မြေကို မပေးရဟု ယေဇရေလမြို့သား နာဗုတ်လျှောက်သော စကား ကြောင့် အာဟပ်မင်းသည် ညစ်ညူးသော စိတ်နှင့် ညှိုးငယ်လျက်၊ နန်းတော်သို့သွား၍ အစာကိုမစား၊ မျက်နှာကို လွှဲ၍သာလွန်ပေါ်မှာ အိပ်လျက်နေ၏။
5 Yezebeli mke wake akaiingia kwake, akamwambia “Kwa nini moyo wako una huzuni, kiasi kwamba hutaki kula?”
ခင်ပွန်းယေဇဗေလသည်လာ၍၊ အစာကို မစားနိုင်အောင် စိတ်တော်သည် အဘယ်ကြောင့် ညှိုးငယ် တော်မူသနည်းဟုမေးလျှင်၊
6 Naye akamjibu,” Niliongea na Nabothi Myezreeli nikamwambia, 'Nipe shamba lako nami nitakupa pesa, au kama inakupendeza, nitakupa shamba jingine ili liwe lako.' Naye akanijibu, 'Sitakupa shamba langu.'”
မင်းကြီးက၊ ယေဇရေလမြို့သားနာဗုတ်ကို ငါခေါ်၍ သင့်စပျစ်ဥယျာဉ်ကို ရောင်းပါ။ သို့မဟုတ် သင်အလို ရှိလျှင် အခြားသောဥယျာဉ်ကို ငါပေးမည်ဟုဆိုသော်၊ ထိုဥယျာဉ်ကို ကိုယ်တော်အားမပေးရဟု ပြန်ပြော သောကြောင့် စိတ်ညှိုးငယ်သည်ဟုဆို၏။
7 Naye Yezebeli mkewe akamjibu, “Je, wewe si mtawala wa ufalme wa Israeli? Inuka ule; na moyo wako uwe na amani. Nitalichukua hilo shamba la mizabibu la Nabothi Myezreeli kwa ajili yako.
ခင်ပွန်းယေဇဗေလက၊ ကိုယ်တော်သည် ဣသ ရေလနိုင်ငံကို အစိုးရတော်မူသည် မဟုတ်လော။ ထ၍ ရွှင်လန်းသော စိတ်နှင့် စားတော်ခေါ်ပါ။ ကျွန်မသည် ယေဇရေလမြို့သားနာဗုတ်၏ စပျစ်ဥယျာဉ်ကို ဆက်ပါ မည်ဟုဆိုသည်အတိုင်း၊
8 Kwa hiyo Yezebeli akaandika barua kwa jina la Ahabu, akaitia muhuri wake, akazituma kwa wazee na kwa watu tajiri alioketi nao kwenye vikao, na ambao pia waliishi karibu na Nabothi.
အာဟပ်မင်း၏ အခွင့်နှင့်စာရေး၍ တံဆိပ် တော်နှင့် ခတ်ပြီးမှ၊ နာဗုတ်နေရာမြို့၌ သူနှင့်အတူ နေသော အသက်ကြီးသူနှင့်မှူးမတ်များထံသို့ ပေးလိုက် လေ၏။
9 Katika ile barua aliyoandika, ilisema hivi, “Pigeni mbiu ya kufunga mkamkalishe Nabothi juu mbele ya watu.
စာချက်ဟူမူကား၊ အစာရှောင်ရာအချိန်ကို ကြွေးကြော်၍၊ နာဗုတ်ကို လူများရှေ့မှာ မြှောက်ထား ကြလော့။
10 Pia mwaweke watu wawili wasiokuwa waaminifu pamoja naye na wale watu watoe ushahidi kinyume naye, waseme, 'Ulimlaani Mungu na mfalme.”Halafu mchukueni nje mkampige kwa mawe mpaka afe.
၁၀သူ့ရှေ့မှာ အဓမ္မလူနှစ်ယောက်ကိုထား၍၊ သင်သည် ဘုရားသခင်နှင့် ရှင်ဘုရင်ကိုစွန့်ပယ်ပြီဟု သက်သေခံပါလေစေ။ သို့ပြီးမှ သူ့ကို ထုတ်၍ သေစေခြင်း ငှါ ကျောက်ခဲနှင့်ပစ်ကြလော့ဟု ပါသတည်း။
11 Kwa hiyo watu wa mji wake, wazee na watu tajiri waishio kwenye huo mji, wakafanya kama Yezebeli alivyowaeleza, kama ilivyoandikwa kwenye zile baraua ambazo alikuwa amewatumia.
၁၁ယေဇဗေလပေးလိုက်သော စာ၌ ပါသည် အတိုင်း၊ နာဗုတ်နေသောမြို့သား အသက်ကြီးသူနှင့် မှူးမတ်တို့သည် ပြုလျက်၊
12 Wakapiga mbiu ya kufunga wakamkalisha Nabothi juu mbele ya watu.
၁၂အစာရှောင်ရာအချိန်ကို ကြွေးကြော်၍ နာဗုတ် ကို လူများရှေ့မှာ မြှောက်ထားကြ၏။
13 Na wale watu wawili wasiokuwa waaminifu wakaja wakakaa mbele ya Nabothi; nao wakatoa ushuhuda wao dhidi ya Nabothi kuwa amemlaani Mungu na mfalme.” Kisha wakamchukua nje ya mji wakampiga kwa mawe mpaka akafa.
၁၃အဓမ္မလူနှစ်ယောက်သည် လာ၍သူ့ရှေ့မှာ ထိုင်လျက်၊ နာဗုတ်သည် ဘုရားသခင်နှင့်ရှင်ဘုရင်ကို စွန့်ပယ်ပြီဟု လူများရှေ့တွင် နာဗုတ်တဘက်၌ သက်သေ ခံကြလျှင်၊ နာဗုတ်ကို မြို့ပြင်သို့ ထုတ်၍ သေအောင် ကျောက်ခဲနှင့်ပစ်ကြ၏။
14 Kisha wazee wakatuma neno kwa Yezebeli, wakisema, “Nabothi ameshapigwa mawe na amekufa.”
၁၄ထိုအခါ နာဗုတ်သည် ကျောက်ခဲနှင့် ပစ်ခြင်း ကိုခံရ၍ သေပါပြီဟု ယေဇဗေလထံသို့ စေလွှတ်၍ ကြားလျှောက်ကြ၏။
15 Naye Yezebeli aliposikia kuwa Nabothi ameshapigwa mawe na alikuwa amekufa, akamwabia Ahabu, “Inuka na ukamiliki shamba la mizabibu la Nabothi Myezreeli, ambalo alikataa kukuuzia, kwa sababu Nabothi hayuko hai, bali amekufa.”
၁၅ထိုအကြောင်းကို ယေဇဗေလသည် ကြားလျှင်၊ ယေဇရေလမြို့ သားနာဗုတ် မရောင်းလိုသော စပျစ် ဥယျာဉ်ကို ထ၍ သိမ်းယူတော်မူပါ။ နာဗုတ်အသက်မရှိ၊ သေပါပြီဟု ဆို၏။
16 Ahabu aliposikia kuwa Nabothi amekufa, akainuka ili aende kwenye lile shamba la mizabibu la Nabothi Myezreeli na kulimiliki.
၁၆နာဗုတ်သေကြောင်းကို အာဟပ်သည် ကြားလျှင်၊ ယေဇရေလမြို့ သားနာဗုတ်၏ စပျစ်ဥယျာဉ်ကို သိမ်းယူခြင်းငှါ ထသွား၏။
17 Ndipo neno la BWANA likamjia Eliya Mtishibi, likisema,
၁၇ထိုအခါတိရှဘိမြို့သား ဧလိယသို့ ရောက်လာသော ထာဝရဘုရား၏နှုတ်ကပတ်တော်က၊
18 “Inuka uende ukakutane na Ahabu mfalme wa Israeli, ambaye anaishi Samaria. Yumo kwenye shamba la Nabothi, ambako ameenda kuchukua umiliki wa shamba hilo.
၁၈သင်သည်ရှမာရိမြို့၌နေသော ဣသရေလ ရှင်ဘုရင်အာဟပ်ကို ကြိုဆိုအံ့သောငှါ ထသွားလော့။ သူသည်နာဗုတ်၏ စပျစ်ဥယျာဉ်ကို သိမ်းယူခြင်းငှါ သွား၍ ယခုဥယျာဉ်၌ရှိ၏။
19 Ukaongee naye umwambie kwamba BWANA anasema, 'Je, umeua na kujimilikisha?' na utamwambia kwamba BWANA anasema, 'Mahali pale ambapo mbwa wameramba damu ya Nabothi, ndipo mbwa watakaporamba damu yako, ndiyo, damu yako.'”
၁၉ထာဝရဘုရားမိန့်တော်မူသည်ကား၊ သင်သည် လူအသက်ကို သတ်၍သူ့ဥစ္စာကို သိမ်းယူပြီလော။ တဖန် မိန့်တော်မူသည်ကား၊ ခွေးတို့သည် နာဗုတ်အသွေးကို လျက်သောအရပ်၌ သင့်အသွေးကိုပင် လျက်ကြလိမ့် မည်ဟု မိန့်တော်မူကြောင်းကို ဆင့်ဆိုလော့ဟု မှာထား တော်မူ၏။
20 Ahabu akamwambia Eliya, “Je, umenipatia, adui yangu?” Eliya akamjibu, “Nimekupata wewe kwa sababu, umejiuza mwenyewe kufanya yaliyo maovu mbele ya macho ya BWANA.
၂၀အာဟပ်ကလည်း၊ အချင်းရန်သူ၊ ငါနှင့်တွေ့ပြီ လောဟု ဧလိယအားဆိုလျှင်၊ ဧလိယကသင်သည် ထာဝရဘုရားရှေ့တော်၌ ဒုစရိုက်ကို ပြုလို၍ ကိုယ်ကို ရောင်းသောကြောင့် သင်နှင့်ငါတွေ့ပြီ။
21 BWANA anakwambia hivi: 'Tazama, Nitaleta janga kwako na litakuangamiza kabisa na kufutilia mbali kila mtoto mume na mtumwa na mtu huru katika Israeli.
၂၁ထာဝရဘုရားမိန့်တော်မူသည်ကား၊ သင့်အပေါ် သို့ ဘေးဥပဒ်ရောက်စေမည်။ ဣသရေလမြို့ရွာ၌ ချုပ်ထားသောသူဖြစ်စေ၊ အလွတ်ပြေးသောသူဖြစ်စေ၊ အာဟပ်အမျိုး ယောက်ျားများကိုပယ်ဖြတ်မည်။
22 Nitaifanya familia yako kama familia ya Yeroboamu mwana wa Nebati, na kama familia ya Baasha mwana wa Ahiya, kwa sababu umenighadhabisha na umewasababisha Israeli kufanya dhambi.
၂၂ငါ့အမျက်ကို နှိုးဆော်သောအပြစ်နှင့် ဣသ ရေလအမျိုးကို ပြစ်မှားစေသောအပြစ်ကြောင့်၊ သင့်အမျိုး ကို နေဗတ်၏သား ယေရောဗောင်အမျိုးနှင့် အဟိယ၏ သားဗာရှာအမျိုးကဲ့သို့ ငါဖြစ်စေမည်။
23 Pia BWANA ameongea kuhusu Yezebeli, amesema, “mbwa watamla Yezebeli pembeni mwa ukuta wa Yezreeli.'
၂၃ယေဇဗေလအမှုမှာ ထာဝရဘုရားမိန့်တော်မူ သည်ကား၊ ယေဇရေလမြို့ရိုးနားမှာ ခွေးတို့သည် ယေဇ ဗေလကို စားကြလိမ့်မည်။
24 Yeyote ambaye ni mtu wa familia ya Ahabu ambaye atafia mjini - mbwa watamla. Na yeyote ambaye atafia shambani - ataliwa na ndege wa angani.”
၂၄အာဟပ်အမျိုးသည် မြို့ထဲမှာ သေလျှင်ခွေးစား လိမ့်မည်။ မြို့ပြင်မှာသေလျှင် မိုဃ်းကောင်းကင်ငှက် စားလိမ့်မည်ဟု မိန့်တော်မူကြောင်းကို အာဟပ်အား ဆင့်ဆို၏။
25 Hapakuwepo na mtu kama Ahabu, ambaye alijiuza mwenyewe kufanya maovu mbele ya macho ya BWANA, ambaye mke wake Yezebeli alimchochea kufanya dhambi.
၂၅အာဟပ်နှင့်တူသော သူတယောက်မျှမရှိ။ ခင်ပွန်းယေဇဗေလသည် တိုက်တွန်းသဖြင့်၊ ထာဝရ ဘုရားရှေ့တော်၌ ဒုစရိုက်ကို ပြုလို၍ ကိုယ်ကို ရောင်း သောသူဖြစ်၏။
26 Ahabu alifanya matendo yachukizayo kwa ajili ya sanamu alizofanya, kama vile yale yote ambayo Waamori walifanya, BWANA akawafukuza mbele ya watu wa Israeli.
၂၆ထာဝရဘုရားသည် ဣသရေလအမျိုးရှေ့မှ နှင်ထုတ်တော်မူသောအာမောရိ အမျိုးသားပြုသမျှ အတိုင်း၊ ရုပ်တုဆင်းတုကို ဆည်းကပ်၍ စက်ဆုပ်ရွံရှာ ဘွယ် အမှုကိုပြု၏။
27 Ahabu aliposikis maneno haya, Akachana mavazi yake na akavaa magunia kwenye mwili wake na akfaunga, na akalala kwenye magunia na akahuzunika sana.
၂၇သို့ရာတွင် ဧလိယဆင့်ဆိုသော စကားတော်ကို ကြားလျှင်၊ မိမိအဝတ်ကို ဆုတ်၍လျှော်တေအဝတ်ကို ဝတ်၏။ အစာရှောင်ခြင်း၊ လျှော်တေအဝတ်၌ အိပ်ခြင်း ကို ပြု၍ ဖြည်းဖြည်းသွားလာ၏။
28 Kisha neno la BWANA likamjia Eliya Mtishibi likisema,
၂၈ထာဝရဘုရား၏ နှုတ်ကပတ်တော်သည် တိရှဘိမြို့သား ဧလိယသို့ ရောက်လာသည်ကား၊
29 “Je, unamwona jinsi Ahabu anavyojinyenyekeza mbele yangu? Kwa sababu anajinyeyenyekeza mwenyewe mbele yangu, Sitaleta lile janga katika siku zake; Ni katika siku za mwanae, nitakpolileta hilo janga katika familia yake.”
၂၉အာဟပ်သည် ငါ့ရှေ့မှာနှိမ့်ချသည်ကို မြင်ပြီ လော။ ထိုသို့ငါ့ရှေ့ မှာနှိမ့်ချသောကြောင့်၊ သူ့လက်ထက်၌ ထိုဘေးဥပဒ်ကို ငါမရောက်စေ။ သူ့သားလက်ထက်၌ အမျိုးအပေါ်သို့ရောက်စေမည်ဟု မိန့်တော်မူ၏။

< 1 Wafalme 21 >