< 1 Wafalme 15 >

1 Katika mwaka wa kumi na tano wa mfame Yeroboamu mwana wa Nebati, Abiya alianza kutawala juu yaYuda.
နေဗတ်၏သား ယေရောဗောင်မင်းကြီး နန်းစံ တဆယ်ရှစ်နှစ်တွင်၊ အဘိယသည် ယေရုရှလင်မြို့၌ မင်းပြု၍၊ ယုဒပြည်ကို သုံးနှစ်စိုးစံ၏။ မယ်တော်ကား၊ အဘရှလုံ၏ သမီးမာခါ အမည်ရှိ၏။
2 Alitawala kwa miaka mitata kule Yerusalemu. Jina la mama yake allikuwa Maaka. Alikuwa binti wa Absalomu.
3 Naye alitembea katika dhambi zote ambazo baba yake alizifanya kabla yake; moyo wake haukuwa mkalifu kwa BWANA, Mungu wake kama moyo wa Daudi, babu yake ulivyokuwa.
ခမည်းတော်ပြုသော ဒုစရိုက်ကို ပြုမြဲပြု၍၊ ဘေးတော်ဒါဝိဒ်ကဲ့သို့ မိမိဘုရားသခင် ထာဝရဘုရား ရှေ့တော်၌ စိတ်နှလုံးစုံလင်သည်မဟုတ်။
4 Hata hivyo, kwa ajili ya Daudi, BWANA, Mungu wake alimpa taa Yerusalemu kwa kumwinua mwanae baada yake ili kuiimarisha Yerusalemu.
သို့သော်လည်း ဒါဝိဒ်၏မျက်နှာကိုထောက်၍၊ သူ၏ဘုရားသခင် ထာဝရဘုရားသည် ဆွေတော်မျိုးတော် ကို ချီးမြှောက်၍၊ ယေရုရှလင်မြို့ကို တည်စေသဖြင့်၊ ထိုမြို့ ၌ ဒါဝိဒ်၏မီးခွက်ကို ထွန်းလင်းစေတော်မူ၏။
5 Mungu alifanya haya kwa sababu Daudi alifanya yaliyo mema machoni pake; wakati wote wa uhai wake, hakugeuka wala hakukosa katika yote aliyomwamuru, isipokuwa tu swala la Uria Mhiti.
အကြောင်းမူကား၊ ဒါဝိဒ်သည် ဟိတ္တိအမျိုး ဥရိယအမှုကိုထားလျှင်၊ တသက်လုံးထာဝရဘုရားမှာ ထားတော်မူသော အမှုတစုံတခုကိုမျှ မရှောင်၊ ရှေ့တော်၌ တရားသဖြင့် ကျင့်သောအကြောင်းတည်း။
6 Sasa kulikuwa na vita kati ya Rehoboamu na Jeroboamu katika siku zote za maisha ya Abiya.
ရောဗောင်သား အဘိယနှင့် ယေရောဗောင်တို့သည် အသက်ရှည်သမျှ ကာလပတ်လုံး ရန်ဘက်ပြုကြ၏။
7 Kwa mambo mengine ya Abiya, yote aliyofanya, je, hayajaandikwa katika kitabu cha matukio ya wafalme wa Yuda? Sasa kulikuwa na vita kati ya Abiya na Yeroboamu.
အဘိယပြုမူသောအမှုအရာ ကြွင်းသမျှတို့သည် ယုဒရာဇဝင် ၌ ရေးထားလျက်ရှိ၏။
8 Abiya akalala na mababu zake, nao wakamzika katika mji wa Daudi. Asa mwanae akawa mfalme mahali pake.
အဘိယသည်ဘိုးဘေးတို့နှင့် အိပ်ပျော်၍ ဒါဝိဒ် မြို့၌ သင်္ဂြိုဟ်ခြင်းကို ခံလေ၏။ သားတော်အာသသည် ခမည်းတော်အရာ၌ နန်းထိုင်၏။
9 Katika mwaka wa ishirini wa Yeroboamu mfalme wa Israeli, Asa akaanza kutawala Yuda.
ဣသရေလရှင်ဘုရင် ယေရောဗောင် နန်းစံ နှစ်ဆယ်တွင်၊ အာသသည် ယေရုရှလင်မြို့၌ လေးဆယ် တနှစ်မင်းပြု၍ ယုဒပြည်ကို စိုးစံလေ၏။
10 Alitawala kwa miaka arobaini na moja kule Yerusalemu. Bibi yake alikuwa Maaka, binti wa Absalomu.
၁၀အဘွားတော်ကား၊ အဘရှလုံ၏သမီး မာခါ ဖြစ်၏။
11 Asa akafanya yaliyo mema machono mwa BWANA, kama alivyofanya Daudi, babu yake.
၁၁အာသသည် အဘိတော်ဒါဝိဒ်ပြုသကဲ့သို့ ထာဝရဘုရားရှေ့တော်၌ တရားသဖြင့်ပြု၏။
12 Yeye aliwafukuza kutoka katika nchi wale makahaba wa kipagani na akaziondoa sanamu zote ambazo babu zake walikuwa wametengeneza.
၁၂ယောက်ျားအလိုသို့ လိုက်တတ်သောမိန်းမလျှာ တို့ကို၎င်း၊ ဘိုးတော်ဘေးတော်လုပ်သော ရုပ်တုရှိသမျှ တို့ကို၎င်း၊ ပြည်တော်ထဲက ပယ်ရှားတော်မူ၏။
13 Pia alimwondoa bibi yake asiwe Malkia, kwa sababu alikuwa amefanya sanamu ya kuchukiza kwa Ashera. Asa aliikata sanamu ya kuchukiza na kuiteketeza katika Bonde la Kidroni.
၁၃အဘွားတော်မာခါသည် အာရှရပင်အဘို့ ရုပ်တုကိုလုပ်သောကြောင့်၊ မိဖုရားအရာကိုနှုတ်၍၊ ရုပ်တုကို ဖျက်ဆီးပြီးလျှင်၊ ကေဒြုန်ချောင်းနားမှာ မီးရှို့တော်မူ၏။
14 Lakini pale mahali pa juu hapakuchukuliwa. Hata hivyo. Moyo wa Asa ulikuwa mkamilifu mbele ya BWANA katika siku zake zote.
၁၄မြင့်သောအရပ်တို့ကို မပယ်ရှားသော်လည်း၊ လက်ထက်တော် ကာလပတ်လုံး၊ အာသစိတ်နှလုံးသည် ထာဝရဘုရားရှေ့တော်၌ စုံလင်ခြင်းရှိ၏။
15 Alivirerjesha katika nyumba ya BWANA vitu vile vilivyokuwa vimetengwa kwa ajili ya BWANA, na vile vitu vyake vilivyokuwa vimetengezwa kwa fedha, na dhahabu na vyombo.
၁၅ခမည်းတော်လှူသောဥစ္စာ၊ ကိုယ်တိုင်လှူသော ဥစ္စာ၊ ရွှေ၊ ငွေတန်ဆာများကို ဗိမာန်တော်ထဲသို့ သွင်းတော်မူ၏။
16 Basi kulikuwa na vita kati ya Asa na Baasha mfalme wa Israeli, kwa miaka yao yote.
၁၆အာသနှင့် ဣသရေလရှင်ဘုရင် ဗာရှာတို့သည် အသက်ရှည်သမျှ ကာလပတ်လုံး ရန်ဘက်ပြုကြ၏။
17 Baasha mfalme wa Israeli, akaivamia na kuijenga Rama, kiasi kwamba hakumruhusu yeyote kuondoka au kuingia katika nchi ya Asa mfalme wa Yuda.
၁၇ဣသရေလရှင်ဘုရင် ဗာရှာသည် ယုဒပြည်သို့ စစ်ချီ၍၊ ယုဒရှင်ဘုရင်အာသထံသို့ အဘယ်သူမျှ မထွက် မဝင်စေခြင်းငှါ ရာမမြို့ကို တည်၏။
18 Kisha Asa akazichukua zile fedha na dhahabu zilizokuwa zimebaki kwenye hazina kwenye nyumba ya BWANA, na katika hazina ya ikulu ya mfalme. Akaziweka katika mikono ya watumishi wake na kuzituma kwa Beni Hadadi mwana wa Tabrimoni mwana wa Hezioni, mfalme wa Shamu ambaye alikuwa akishi Dameski. Akamwambia,
၁၈ထိုအခါ ကျန်ကြွင်းသော ဗိမာန်တော်ဘဏ္ဍာနှင့် နန်းတော်ဘဏ္ဍာတည်းဟူသော ရွှေငွေရှိသမျှကို အာသ သည်ယူ၍ မိမိကျွန်တို့၌ အပ်သဖြင့်၊ ဒမာသက်မြို့မှာ နေသောရှုရိရှင်ဘုရင် ရေဇုန်သား တာဗရိမုန်၏သား ဗင်္ဟာဒဒ်ထံသို့ပေးလိုက်၍၊
19 “Naomba tufanye patano kati yangu na wewe, kama ilivyokuwa kati ya baba yangu na baba yako. Tazama, Nimekutumia zawadi ya fedha na dhahabu. Ili uvunje agano lako na Baasha mfalme wa Israeli, ili kwamba aniache.”
၁၉ငါသည်သင်နှင့်၎င်း၊ ငါ့ခမည်းတော်သည် သင့် ခမည်းတော်နှင့်၎င်း၊ မိဿဟာယဖွဲ့ခြင်းရှိသည်ဖြစ်၍၊ ရွှေငွေကို ငါလက်ဆောင်ပေးလိုက်၏။ ဣသရေလ ရှင်ဘုရင် ဗာရှာသည် ငါ့ထံမှ ထွက်သွားစေခြင်းငှါ၊ သူနှင့် ဖွဲ့သော မိဿဟာယကို ဖျက်၍လာပါဟု မှာလိုက်လေ၏။
20 Beni Hadadi akamsikiliza mfalme Asa na kutuma wakuu wa majeshi yake, nao wakaishambulia miji ya Israeli. Wakaishambulia Ijoni, Dani, Abeliya Bethi Maaka, na Kinerothi yote, pamoja na nchi yote ya Naftali.
၂၀အာသမင်းကြီး၏ စကားကို ဗင်္ဟာဒဒ်သည် နားထောင်၍၊ ဣသရေလမြို့ရွာတို့ကို စစ်ချီစေခြင်းငှါ မိမိဗိုလ်များကို စေလွှတ်သဖြင့်၊ သူတို့သည် ဣယုန်မြို့၊ ဒန်မြို့၊ အာဗေလဗက်မာခါမြို့မှစ၍ဂင်္နေသရက်ပြည်လုံး၊ နဿလိပြည်လုံးကို လုပ်ကြံကြ၏။
21 Ikawa Baasha aliposikia haya, akaacha kuijenga Rama akarudi Tirza.
၂၁ထိုသိတင်းကို ဗာရှာသည် ကြားသောအခါ၊ ရာမမြို့ကို လက်စမသတ်ဘဲ တိရဇမြို့၌ နေရ၏။
22 Kisha mfalme Asa akaitangazia Yuda yote. Hakuna aliyeachwa. Wakayabeba mawe na miti ya Rama ambayo Baasha alikuwa akijengea mji. Kisha mfalme Asa akavitumia hivyo vitu kuijenga Geba ya Benjamini na Mispa.
၂၂ထိုအခါ အာသမင်းကြီးသည် ယုဒပြည် တရှောက်လုံးတွင် အမိန့်တော်ကို ကြော်ငြာစေသဖြင့်၊ ပြည်သားတယောက်မျှ မလွတ်၊ ရှိသမျှတို့သည် ရာမမြို့၌ ဗာရှာမင်းသွင်းသော ကျောက်နှင့် သစ်သားကိုယူသွား ကြ၍၊ အာသမင်းကြီးသည် ဗင်္ယာမိန်ခရိုင်၌ ဂေဘမြို့နှင့် မိဇပါမြို့ကို တည်၏။
23 Mambo mengine yanyohusu utawala wa Asa, uwezo wake wote, yote aliyofanya, na miji aliyoijenga, je, hayakuandikwa katika kitabu cha matukio ya wafalme wa Yuda? Lakini wakati wa uzee wake alipata ugonjwa wa miguu.
၂၃အာသမင်းပြုမူသောအမှုအရာကြွင်းသမျှနှင့် တန်ခိုးကြီးခြင်း၊ မြို့များကိုတည်ခြင်းအရာတို့သည် ယုဒ ရာဇဝင်၌ ရေးထားလျက်ရှိ၏။ သို့ရာတွင် အသက်ကြီး သောအခါ ခြေတော်၌ အနာရောဂါစွဲသဖြင့်၊
24 Kisha Asa akalala na mababu zake na akazikwa pamoja nao katika mji wa Daudi baba yake. Yehoshafati mwanae akawa mfalme mahali pake.
၂၄ဘိုးဘေးတို့နှင့်အိပ်ပျော်၍ အဘိတော်ဒါဝိဒ်မြို့၌ သင်္ဂြိုဟ်ခြင်းကိုခံလေ၏။ သားတော်ယောရှဖတ်သည် ခမည်းတော်အရာ၌ နန်းထိုင်၏။
25 Nadabu mwana wa Yerobiamu alianza kutawala huko Israeli wakati wa mwaka wa pili wa Asa mfalme wa Yuda; Aliitawala Israeli kwa miaka miwili.
၂၅ယုဒရှင်ဘုရင် အာသနန်းစံနှစ်နှစ်တွင်၊ ယေရောဗောင်သား နာဒဒ်သည် ဣသရေလနိုင်ငံ၌ မင်းပြု၍ နှစ်နှစ်စိုးစံ၏။
26 Akafanya yaliyo maovu mbele y a macho ya BWANA naye akatembea katika njia ya baba yake, na katika dhambi yake, aliisababisha Israeli kufanya dhambi.
၂၆ထိုမင်းသည် ထာဝရဘုရားရှေ့တော်၌ ဒုစရိုက်ကိုပြု၍၊ ခမည်းတော်လိုက်သောလမ်း၊ ဣသရေလ အမျိုးကို ပြစ်မှားစေသော လမ်းသို့ လိုက်လေ၏။
27 Baasha mwana wa Ahiya, wa familia ya Isakari, akafanya hila dhidi ya Nadabu; Baasha akamwua huko Gibethoni, ambao ulikuwa mji wa Wafilisti, kwa kuwa Nadabu na Israeli walikuwa wakiuhusuru Gibethoni.
၂၇ဣသခါအမျိုး၊ အဟိယသားဗာရှာသည် သင်းဖွဲ့၍၊ နာဒဒ်မင်းနှင့် ဣသရေလအမျိုးသားအပေါင်း တို့သည် ဖိလိတ္တိပြည် ဂိဗေသုန်မြို့ကို ဝိုင်းထားကြစဉ်၊
28 Katika mwaka wa tatu wa Asa mfalme wa Yuda, Baasha alimwua Nadabu naye akawa mfalme mahali pake.
၂၈ယုဒရှင်ဘုရင်အာသ နန်းစံသုံးနှစ်တွင်၊ ဗာရှာသည် နာဒဒ်မင်းကို လုပ်ကြံ၍ နန်းထိုင်လေ၏။
29 Mara tu baad ya kuwa mfalme, Baasha aliwaua watu wote wa familia ya Yeroboamu. Hakumwacha hata mmoja wa uzao wa Yeroboamu awe hai; Kwa njia hii akawa ameuharibu ukoo wote wa kifalme, kama vile BWANA alivyokuwa amesema kupitia mtumishi wake Ahiya Mshilo,
၂၉နန်းထိုင်သောအခါ ယေရောဗောင်အမျိုးရှိသမျှကိုလည်း လုပ်ကြံ၏။ ထာဝရဘုရားသည် မိမိကျွန်၊ ရှိလောမြို့သား အဟိယအားဖြင့် မိန့်တော်မူသည် အတိုင်း၊ ယေရောဗောင်အမျိုးကို မဖျက်မှီတိုင်အောင်၊ အသက်ရှူသောသူတယောက်ကိုမျှ မချန်မထား။
30 kwa sababu ya dhambi za Yeroboamu ambazo alifanya na akaisababishia Israeli kufanya dhambi, kwa kuwa alimkasirisha BWANA, Mungu wa Israeli.
၃၀အကြောင်းမူကား၊ ယေရောဗောင်သည် ကိုယ်တိုင်ပြစ်မှားသော အပြစ်နှင့်ဣသရေလအမျိုးကို လည်းပြစ်မှား စေသော အပြစ်အားဖြင့်၊ ဣသရေလအမျိုး ၏ ဘုရားသခင်ထာဝရဘုရား၏အမျက်တော်ကို နှိုးဆော် သောအကြောင်းတည်း။
31 Mambo mengine yanayomhusu Nadabu, na yote aliyofanya, je, hayakuandikwa katika kitabu cha matukio ya wafalme wa Israeli?
၃၁နာဒဒ်မင်းပြုမူသော အမှုအရာကြွင်းသမျှတို့ သည် ဣသရေလရာဇဝင်၌ရေးထားလျက် ရှိ၏။
32 Kisha kulikuwa na vita kati ya Asa na Baasha mfalme wa Israeli katika siku zao zote.
၃၂အာသနှင့်ဣသရေလရှင်ဘုရင်ဗာရှာတို့သည် အသက်ရှည်သမျှ ကာလပတ်လုံး ရန်ဘက်ပြုကြ၏။
33 Katika mwaka wa tatu wa Asa mfalme wa Yuda, Baasha mwana wa Ahiya alianza kuitawala Israeli yote huko Tirza naye alitawala kwa miaka ishirini na nne.
၃၃ယုဒရှင်ဘုရင် အာသနန်းစံသုံးနှစ်တွင်၊ အဟိယသားဗာရှာသည် တိရဇမြို့မှာမင်းပြု၍၊ ဣသရေလနိုင်ငံ ကို နှစ်ဆယ်လေးနှစ်စိုးစံ၏။
34 Naye akafanya yaliyo mabaya katika macho ya BWANA na akatembea katika njia ya Yeroboamu na katika dhambi yake ambayo kwa hiyo aliifanya Israeli kufanya dhambi.
၃၄ထိုမင်းသည် ထာဝရဘုရားရှေ့တော်၌ ဒုစရိုက်ကိုပြု၍၊ ယေရောဗောင်လိုက်သောလမ်း၊ ဣသရေလ အမျိုးကိုပြစ်မှားစေသောလမ်းသို့ လိုက်လေ၏။

< 1 Wafalme 15 >