< 1 Wafalme 14 >

1 Wakati huo Abiya mwana wa Yeroboamu akawa mgonjwa sana.
ထို​အ​ချိန်​၌​ယေ​ရော​ဗောင်​၏​သား​အ​ဘိ​ယ သည်​ဖျား​နာ​လျက်​နေ​၏။-
2 Yeroboamu akamwambia mke wake, “amka ujibadilishe, ili wasikutambue kuwa wewe ndiye mke wangu, na uende Shilo, kwa sababu nabii Ahiya yuko huko, yeye ndiye aliyeninea mimi kuwa nitakuwa mfalme juu ya watu hawa.
ယေ​ရော​ဗောင်​သည်​မိ​မိ​၏​မိ​ဖု​ရား​အား``သင် သည်​မိ​ဖု​ရား​မှန်း​မ​သိ​စေ​ရန်​ရုပ်​ဖျက်​၍ ငါ့ အား​ဣ​သ​ရေ​လ​ဘု​ရင်​ဖြစ်​လိမ့်​မည်​ဟု ဟော​ခဲ့​သူ​ပ​ရော​ဖက်​အ​ဟိ​ယ​နေ​ထိုင် ရာ​ရှိ​လော​မြို့​သို့​သွား​လော့။-
3 Uchukue mikate kumi, na kaki na mtungi wa asali, na uende kwa Ahiya. Naye atakuambia kitakachotokea kwa mtoto.”
သူ့​အ​တွက်​မုန့်​ဆယ်​လုံး၊ မုန့်​ပြား​အ​ချို့​နှင့် ပျား​ရည်​တစ်​ဘူး​ကို​ယူ​ဆောင်​သွား​ပြီး​လျှင် ငါ​တို့​၏​သား​အ​ဘယ်​သို့​ဖြစ်​မည်​ကို​စုံ​စမ်း မေး​မြန်း​လော့။ သူ​သည်​သင့်​အား​ပြော​ပြ လိမ့်​မည်'' ဟု​ဆို​၏။
4 Mke wa Yeroboamu akafanya hivyo; akaenda Shilo mpaka kwenye nyumba ya Ahiya. Wakati huo Ahiya alikuwa hawezi kuona, kwa kuwa macho yake yalikuwa yameishiwa nguvu kwa sababu ya umri wake.
သို့​ဖြစ်​၍​မိ​ဖု​ရား​သည် ရှိ​လော​မြို့​ရှိ​အ​ဟိ​ယ ၏​အိမ်​သို့​သွား​လေ​သည်။ အ​ဟိ​ယ​သည် အ​သက်​ကြီး​သ​ဖြင့်​မျက်​စိ​ကွယ်​လျက်​နေ​၏။-
5 BWANA akamwambia Ahiya, “Tazama mke wa Ahiya anakuja kutafuta kutaka ushauri toka kwako kuhusiana na mwanae, kwa kuwa ni mgonjwa. Mwambie hivi na hivi, kwa sababu atakapofika atajifanya kuwa ni mwanamke mwingine.”
ထာ​ဝ​ရ​ဘု​ရား​က``ယေ​ရော​ဗောင်​၏​မိ​ဖု​ရား သည် ဖျား​နာ​နေ​သော​သား​အ​ကြောင်း​ကို​မေး မြန်း​စုံ​စမ်း​ရန်​လာ​လိမ့်​မည်။ ထို​အ​ခါ​သူ့ အား​ဤ​အ​တိုင်း​ပြော​လော့'' ဟု​မိန့်​တော်​မူ​၏။ ယေ​ရော​ဗောင်​၏​မိ​ဖု​ရား​သည်​အ​ဟိ​ယ​ထံ​သို့ ရောက်​ရှိ​လာ​သော​အ​ခါ မိ​မိ​ကိုယ်​ကို​အ​ခြား သူ​၏​အ​ယောင်​ကို​ဆောင်​၍​လာ​၏။-
6 Naye Ahiya aliposikia sauti za miguu yake alipokuwa akiukaribia mlango, akasema, “karibu, mke wa Yeroboamu. Kwa nini unajifanya kuwa mtu mwingine? Nimetumwa kwako nikiwa na habaari mbaya.
သို့​ရာ​တွင်​အ​ဟိ​ယ​သည်​တံ​ခါး​ဝ​မှ​သူ​၏ ခြေ​သံ​ကို​ကြား​သည်​နှင့်``ဝင်​ခဲ့​လော့။ သင်​သည် ယေ​ရော​ဗောင်​၏​မိ​ဖု​ရား​ဖြစ်​ကြောင်း​ကို​ငါ သိ​၏။ အ​ဘယ်​ကြောင့်​သင်​သည် မိ​မိ​ကိုယ်​ကို အ​ခြား​သူ​၏​အ​ယောင်​ကို​ဆောင်​သ​နည်း။ သင်​၏​အ​တွက်​ငါ့​မှာ​သ​တင်း​ဆိုး​ရှိ​၏။-
7 Nenda ukamwambia Yeroboamu kwamba BWANA, Mungu wa Israeli, anasema, 'Nilikuinua kutoka kati ya watu na kukufanya uwe kiongozi wa watu wangu Israeli.
ယေ​ရော​ဗောင်​အား​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သည် ကား​ဤ​သို့​တည်း။ ကိုယ်​တော်​က`ငါ​သည်​သင့် အား​ပြည်​သူ​များ​အ​ထဲ​မှ​ရွေး​ချယ်​၍ ငါ ၏​လူ​မျိုး​တော်​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့ အား​အုပ်​စိုး​စေ​ခဲ့​၏။-
8 Niliugawa ufalme kutoka kwa Daudi na kukupa wewe, lakini bado hutaki kuwa kama mtumishi wangu Daudi, ambaye alizishika amri zangu na kunifuata kwa moyo wake wote, na kufanya kilichokuwa sawa mbele ya macho yangu.
ဒါ​ဝိဒ်​၏​သား​မြေး​များ​လက်​မှ​နိုင်​ငံ​တော်​ကို ယူ​၍ သင့်​အား​ပေး​အပ်​ခဲ့​၏။ သို့​ရာ​တွင်​သင်​သည် ငါ့​အား​အ​ကြွင်း​မဲ့​သစ္စာ​စောင့်​၍​ငါ​၏​ပ​ညတ် တို့​ကို​စောင့်​ထိန်း​ကာ ငါ​နှစ်​သက်​သည့်​အ​မှု များ​ကို​သာ​ပြု​သော​ငါ​၏​အစေ​ခံ​ဒါ​ဝိဒ်​နှင့် မ​တူ။-
9 Badala yake, umefanya maovu, zaidi ya wote waliokutangulia. Umetengeneza miungu mingine, na umetengeneza sanamu za kuyeyushwa ili kunikasirisha na kunitupa nyuma yako.
သင်​သည်​မိ​မိ​အ​လျင်​အုပ်​စိုး​ခဲ့​သော​မင်း​တို့ ၏​ကူး​လွန်​ခဲ့​သည့်​အ​ပြစ်​များ​ထက်​ပင် ပို​မို ကြီး​လေး​သော​အ​ပြစ်​များ​ကို​ကူး​လွန်​လေ ပြီ။ ငါ့​အား​ပစ်​ပယ်​ကာ​အ​ခြား​သော​ဘု​ရား များ​ကို​ဝတ်​ပြု​ကိုး​ကွယ်​၍ ရုပ်​တု​များ​ကို ပြု​လုပ်​ခြင်း​အား​ဖြင့် ငါ​၏​အ​မျက်​တော်​ကို လှုံ့​ဆော်​လေ​ပြီ။-
10 Kwa hiyo, tazama, Nitaleta majanga kwenye familia yako; Nitawatupilia mbali watoto wako wote wa kiume katika Israeli, kama ni mtumwa au ni huru, na nitaiondoa familia yako, kama mtu anayechoma mavi mpaka yaishe.
၁၀ဤ​အ​ကြောင်း​ကြောင့်​ငါ​သည်​သင်​၏​မင်း​ဆက် ကို​ပျက်​သုဉ်း​စေ​မည်။ ကြီး​ငယ်​မ​ရွေး​သင်​၏ သား​မြေး​ထဲ​မှ​ယောကျာ်း​မှန်​သ​မျှ​ကို​သုတ် သင်​ပစ်​မည်။ သင်​၏​အိမ်​ထောင်​စု​သား​တို့​ကို ငါ​ပယ်​ရှင်း​မည်။ သူ​တို့​အား​နောက်​ချေး​သ​ဖွယ် ရှင်း​လင်း​ပစ်​မည်။-
11 Yeyote ambaye ni mwanafamilia yako atakayefia mjini ataliwa na mbwa, na yeyote atakayefia shamabani ataliwa na ndege wa angani, kwa kuwa Mimi BWANA, nimesema;
၁၁သင်​၏​အိမ်​ထောင်​စု​သား​များ​သည်​မြို့​တွင်း​၌ သေ​လျှင်​ခွေး​စာ၊ မြို့​ပြင်​၌​သေ​လျှင်​လင်း​တ​စာ ဖြစ်​ကြ​လိမ့်​မည်။ ဤ​ကား​ငါ​ထာ​ဝရ​ဘု​ရား​မိန့် တော်​မူ​သော​စ​ကား​ဖြစ်​၏' ဟု​မိန့်​တော်​မူ​၏'' ဟု​ဆင့်​ဆို​၏။
12 Kwa hiyo inuka wewe mke wa Yeroboamu, na uende nyumbani kwako; na mguu wako utakapokanyaga mjini, yule mtoto wa Abiya atakufa.
၁၂ထို့​နောက်​အ​ဟိ​ယ​သည်​ဆက်​လက်​၍​ယေ​ရော ဗောင်​၏​မိ​ဖု​ရား​အား``ယ​ခု​နန်း​တော်​သို့​ပြန် လော့။ မြို့​ကို​သင်​ဝင်​မိ​သည်​နှင့်​တစ်​ပြိုင်​နက် သင်​၏​သား​သည်​သေ​လိမ့်​မည်။-
13 Na Israeli yote itamwombolezea na kumzika. Ni yeye pekee katika familia ya Abiya atakayepelekwa makaburini, kwa sababu ni yeye pekee yake kutoka kwenye nyumba ya Abiya, ambaye BWANA, Mungu wa Israeli alimwona kuwa ni mwema.
၁၃ဣ​သ​ရေ​လ​ပြည်​သူ​အ​ပေါင်း​တို့​သည်​သူ​၏ အ​တွက် ဝမ်း​နည်း​ကြေ​ကွဲ​သည့်​အ​ထိမ်း​အ​မှတ် ကို​ပြု​၍​သူ​၏​အ​လောင်း​ကို​သင်္ဂြိုဟ်​ကြ​လိမ့် မည်။ ယေ​ရော​ဗောင်​၏​အိမ်​ထောင်​စု​များ​အ​နက် ထို​သား​တစ်​ဦး​တည်း​သာ​လျှင် လျောက်​ပတ် စွာ​သင်္ဂြိုဟ်​ခြင်း​ကို​ခံ​ရ​လိမ့်​မည်။ အ​ဘယ် ကြောင့်​ဆို​သော်​ဣ​သ​ရေ​လ​အ​မျိုး​သား တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​သည် ထို​သူ​တစ်​ဦး​တည်း​ကို​သာ​လျှင်​နှစ်​သက် တော်​မူ​သော​ကြောင့်​ဖြစ်​၏။-
14 Pia BWANA atainua mfalme katika Israeli ambaye ataifutilia mbali familia ya Yeroboamu katika siku hiyo. Leo ndiyo siku hiyo, sasa hivi.
၁၄ထာ​ဝရ​ဘု​ရား​သည်​ယေ​ရော​ဗောင်​၏​မင်း ဆက်​ကို​ပျက်​သုဉ်း​စေ​မည့်​မင်း​တစ်​ပါး​အား ဣသ​ရေ​လ​ပြည်​တွင်​အုပ်​စိုး​စေ​တော်​မူ​လိမ့် မည်။-
15 Kwa kuwa BWANA ataishambulia Israeli kama vile majani yanavyotikiswa majini, na ataing'oa Israeli katika nchi hii njema ambayo aliwpa mababu. Atawatawanya hata ng'ambo ya Mto Frati, kwa sababu wamefanya nguzo za Ashera kumkasirisha BWANA.
၁၅ထာ​ဝ​ရ​ဘု​ရား​ဒဏ်​ခတ်​တော်​မူ​သ​ဖြင့် ဣသ​ရေ​လ ပြည်​သည်​ချောင်း​ငယ်​တွင်​တုန်​လှုပ်​လျက်​နေ​သော ကူ​ပင်​သ​ဖွယ်​တုန်​လှုပ်​သွား​လိမ့်​မည်။ ဣ​သ​ရေ​လ အ​မျိုး​သား​တို့​သည်​ဘိုး​ဘေး​များ​အား​ကိုယ်​တော် ပေး​အပ်​တော်​မူ​ခဲ့​သည့် ဤ​သာ​ယာ​သော​ပြည်​တော် မှ​နုတ်​ပယ်​ခြင်း​ကို​ခံ​ရ​ကာ​ဥ​ဖ​ရတ်​မြစ်​တစ် ဖက်​ကမ်း​သို့​ကွဲ​လွင့်​သွား​ကြ​လိမ့်​မည်။ အ​ဘယ် ကြောင့်​ဆို​သော်​သူ​တို့​သည်​အာ​ရှ​ရ​ဘု​ရား​မ ရုပ်​များ​ကို​ပြု​လုပ်​လျက်​ကိုယ်​တော်​၏​အ​မျက် တော်​ကို​လှုံ့​ဆော်​ကြ​သော​ကြောင့်​ဖြစ်​၏။-
16 Ataiacha Israeli kwa sababu ya dhambi ya Yeroboamu, dhambi ambazo ametenda, na kwa hizo ameifanya Israeli kufanya dhambi.
၁၆ယေ​ရော​ဗောင်​သည်​အ​ပြစ်​ကူး​၍​ဣ​သ​ရေ​လ ပြည်​သူ​တို့​အား​လည်း အ​ပြစ်​ကူး​ရန်​ရှေ့​ဆောင် လမ်း​ပြ​သူ​ဖြစ်​သော​ကြောင့် ထာ​ဝ​ရ​ဘု​ရား​သည် ဣသ​ရေ​လ​ပြည်​ကို​ဒဏ်​ခတ်​တော်​မူ​လိမ့်​မည်'' ဟု ဆို​၏။
17 Kwa hiyo mke wa Yeroboamu akainuka na akaondoka na akaenda mpaka Tirza. Naye alipofika kizingitini kwa nyumba yake, yule mtoto akafa.
၁၇ယေ​ရော​ဗောင်​၏​မိ​ဖု​ရား​သည် တိ​ရ​ဇ​မြို့​သို့​ပြန် လည်​ထွက်​ခွာ​သွား​၏။ သူ​သည်​မိ​မိ​နန်း​တော်​သို့ ဝင်​မိ​သည်​နှင့်​တစ်​ပြိုင်​နက်​သူ​၏​သား​သည်​သေ လေ​၏။-
18 Isareli wote wakamzika na kumwombolezea, kama vile alivyokuwa ameambiwa kwa neno la BWANA ambalo amelisema kupitia mtumishi wake nabii Ahiya.
၁၈ထာ​ဝ​ရ​ဘု​ရား​သည်​မိ​မိ​၏​အ​စေ​ခံ​ပ​ရော ဖက်​အ​ဟိ​ယ​အား​ဖြင့်​မိန့်​တော်​မူ​ခဲ့​သည့်​အ​တိုင်း ဣ​သ​ရေ​လ​ပြည်​သူ​တို့​သည်​ထို​သူ​ငယ်​၏​အ​တွက် ဝမ်း​နည်း​ကြေ​ကွဲ​သည့်​အ​ထိမ်း​အ​မှတ်​ကို​ပြု​၍ သူ​၏​အ​လောင်း​ကို​သင်္ဂြိုဟ်​ကြ​၏။
19 Na kwa mambo mengine yanayOmhusu Yeroboamu, jinsi alivyopigana vita na jinsi alivyotawala, tazama yameandikwa katika kitabu cha matukio ya wafalme wa Israeli.
၁၉ယေ​ရော​ဗောင်​မင်း​ဆောင်​ရွက်​ခဲ့​သည့် အ​ခြား​အ​မှု အ​ရာ​အ​လုံး​စုံ​ကို​လည်း​ကောင်း၊ သူ​တိုက်​ခဲ့​သည့် စစ်​ပွဲ​များ​နှင့်​တိုင်း​ပြည်​အုပ်​ချုပ်​ပုံ​တို့​ကို​လည်း ကောင်း ဣ​သ​ရေ​လ​ရာ​ဇ​ဝင်​တွင်​ရေး​ထား​သ​တည်း။-
20 Yeroboamu alitawala kwa miaka ishirini na mbili naye akalala na babu zake, na Nadabu mwanawe akawa mfalme mahali pake.
၂၀ယေ​ရော​ဗောင်​သည်​နှစ်​ဆယ့်​နှစ်​နှစ်​တိုင်​တိုင်​နန်း​စံ တော်​မူ​ခဲ့​၏။ သူ​ကွယ်​လွန်​သော​အ​ခါ​သား​တော် နာ​ဒဒ်​သည် ခ​မည်း​တော်​၏​အ​ရိုက်​အ​ရာ​ကို ဆက်​ခံ​၍​နန်း​တက်​လေ​၏။
21 Sasa Rehoboamu mwana wa Sulemani alikuwa mtawala wa Yuda. Rehoboamu alikuwa na umri wa miaka arobaini na moja alipokuwa mfalme, na akatawala kwa miaka kumi na saba kule Yerusalemu, mji ambao BWANA alikuwa ameuchagua kati ya makabila yote ya Israeli ili aweke jina lake kule. Jina la mama yake alikuwa Naama Mwamori.
၂၁ရှော​လ​မုန်​၏​သား​ရော​ဗောင်​သည် ယု​ဒ​ဘု​ရင်​ဖြစ် လာ​ချိန်​၌ အ​သက်​လေး​ဆယ့်​တစ်​နှစ်​ရှိ​၏။ သူ​သည် ထာ​ဝ​ရ​ဘု​ရား​အား​ဝတ်​ပြု​ကိုး​ကွယ်​ရာ​ဌာ​န တော်​အ​ဖြစ် ဣ​သ​ရေ​လ​အ​နွယ်​အ​ပေါင်း​တို့​နေ ထိုင်​ရာ​မြို့​ရွာ​များ​အ​နက် ကိုယ်​တော်​ရွေး​ချယ် တော်​မူ​သော​ယေ​ရု​ရှ​လင်​မြို့​၌​တစ်​ဆယ့်​ခု​နစ် နှစ်​နန်း​စံ​တော်​မူ​၏။ ရော​ဗောင်​၏​မယ်​တော်​မှာ အမ္မုန်​ပြည်​သူ​နေမ​ဖြစ်​၏။-
22 Yuda ikafanya yaliyo maovu mbele ya macho ya BWANA; wakamtia wivu kwa makosa yao, zaidi ya yote ambayo baba zao walikuwa wamefanya
၂၂ယု​ဒ​ပြည်​သူ​တို့​သည်​ထာ​ဝရ​ဘု​ရား​အား ပြစ်​မှား​ကြ​၏။ သူ​တို့​သည်​မိ​မိ​တို့​ဘိုး​ဘေး အ​ပေါင်း​တို့​ထက်​ပင် ပို​၍​ဆိုး​ရွား​စွာ​ပြစ်​မှား လျက်​ကိုယ်​တော်​၏​အ​မျက်​တော်​ကို​လှုံ့​ဆော် ကြ​လေ​သည်။-
23 Kwa kuwa walijijengea wenyewe mahali pa juu, nguzo za mawe, na nguzo za Ashera katika kila mahali pa juu na katika kila mti wenye majani mabichi.
၂၃သူ​တို့​သည်​ဘု​ရား​အ​တု​အ​ယောင်​များ​အား ကိုး​ကွယ်​ဝတ်​ပြု​ရန်​ဌာ​န​များ​ကို​တည်​ဆောက် ကြ​၏။ တောင်​ထိပ်​များ​နှင့်​အ​ရိပ်​ကောင်း​သည့် သစ်​ပင်​အောက်​တို့​တွင်​ကိုး​ကွယ်​ဝတ်​ပြု​ရန် ကျောက်​တိုင်​များ​နှင့်​အာ​ရှ​ရ​တံ​ခွန်​တိုင် များ​ကို​စိုက်​ထူ​ကြ​၏။-
24 Pia kulikuwepo na ukahaba wa kipagani katika nchi. Walifanya machukizo yaleyale kama wa mataifa yale ambayo BWANA alikuwa amewafukuza kutoka kwa watu wa Israeli.
၂၄အ​ဆိုး​ရွား​ဆုံး​အ​ပြု​အ​မူ​မှာ ရုပ်​တု​ကိုး​ကွယ် ဝတ်​ပြု​ရာ​ဌာ​န​များ​တွင်​ပြည့်​တန်​ဆာ​အ​လုပ် ကို​အ​မျိုး​သား၊ အ​မျိုး​သ​မီး​များ​လုပ်​ကိုင် ကြ​ခြင်း​ပင်​ဖြစ်​၏။ ပြည်​တော်​သို့​ဣသ​ရေ​လ အ​မျိုး​သား​တို့​ချီ​တက်​ဝင်​ရောက်​လာ​ချိန်​၌ ထာ​ဝ​ရ​ဘု​ရား​နှင်​ထုတ်​တော်​မူ​လိုက်​သော ပြည်​သူ​ပြည်​သား​တို့​ပြု​ကျင့်​ခဲ့​သည့်​စက် ဆုပ်​ရွံ​ရှာ​ဖွယ်​ရာ​အ​လေ့​ဟူ​သ​မျှ​ကို ယု​ဒ ပြည်​သူ​တို့​သည်​ပြု​ကျင့်​ကြ​ကုန်​၏။
25 Ilitokea wakati wa mwaka wa tano wa mfalme Rehoboamu wakati Shishaki akiwa mfalme wa Misri, akaja kinyume na Yerusalemu.
၂၅ရော​ဗောင်​နန်း​စံ​ငါး​နှစ်​မြောက်​၌ အီ​ဂျစ်​ဘု​ရင် ရှိ​ရှက်​သည်​ယေ​ရု​ရှ​လင်​မြို့​ကို​တိုက်​ခိုက်​ပြီး လျှင်၊-
26 Akaichukua hazina iliyokuwa kwenye nyumba ya BWANA, na ile hazina iliyokuwa kwenye nyumba ya Mfalme. Akachukua kila kitu; Pia alizichukua zile ngao za dhahabu ambazo Sulemani alikuwa ametengeneza.
၂၆ရှော​လ​မုန်​ပြု​လုပ်​ခဲ့​သည့်​ရွှေ​ဒိုင်း​လွှား​များ အ​ပါ​အ​ဝင် ဗိ​မာန်​တော်​နှင့်​နန်း​တော်​မှ​ဘဏ္ဍာ တော်​ရှိ​သ​မျှ​တို့​ကို​သိမ်း​ယူ​သွား​လေ သည်။-
27 Mfalme Rehoboamu akatengeneza ngao za shaba mahali pake na akazikabidhi kwa wakuu wa walinzi, ambao walilinda malango ya kuingia kwa mfalme.
၂၇ရော​ဗောင်​သည်​ထို​ဒိုင်း​လွှား​များ​ကို​အ​စား​ထိုး ရန် ကြေး​ဝါ​ဒိုင်း​လွှား​များ​ပြု​လုပ်​၍​နန်း​တော် တံ​ခါး​စောင့်​မှူး​တို့​အား​ပေး​အပ်​တော်​မူ​၏။-
28 Na ikawa kila mfalme alipoingia kwenye nyumba ya BWANA, wale walinzi walizibeba na baadaye walizirudisha katika chumba cha walinzi.
၂၈ဗိ​မာန်​တော်​သို့​မင်း​ကြီး​သွား​ရောက်​သည့်​အ​ခါ တိုင်း အ​စောင့်​တပ်​သား​တို့​သည်​ထို​ဒိုင်း​လွှား များ​ကို​ကိုင်​ဆောင်​ရ​ကြ​၏။ ထို​နောက်​ကင်း ခန်း​ထဲ​တွင်​ပြန်​၍​ထား​ရ​ကြ​၏။
29 Lakini katika mambo mengine kuhusiana na Rehoboamu, na yote yale aliyofanya, je, hayakuandikwa kwenye kitabu cha matukio ya wafalme wa Yuda?
၂၉ရော​ဗောင်​မင်း​ဆောင်​ရွက်​ခဲ့​သည့် အ​ခြား​အ​မှု အ​ရာ​ရှိ​သ​မျှ​ကို ယု​ဒ​ရာ​ဇ​ဝင်​တွင်​ရေး ထား​လျက်​ရှိ​သ​တည်း။-
30 Kulikuwa na mapigano yasiyokoma kati ya nyumba ya Rehoboamu na nyumba ya Yeroboamu.
၃၀ရော​ဗောင်​နှင့်​ယေ​ရော​ဗောင်​တို့​သည်​အ​ဆက် မ​ပြတ်​စစ်​ဖြစ်​လျက်​နေ​ခဲ့​ကြ​၏။-
31 Kwa hiyo Rehoboamu akalala na mababu zake naye akazikwa pamoja nao katika mji wa Daudi Jina la mama yake alikuwa Naama Mwamori. Abiya mwanawe akawa mfalme mahali pake
၃၁ရော​ဗောင်​ကွယ်​လွန်​သော​အ​ခါ​သူ့​ကို​ဒါ​ဝိဒ်​မြို့ တော်​ရှိ​သင်္ချိုင်း​တော်​တွင်​သင်္ဂြိုဟ်​ကြ​၏။ (သူ​၏​မိ​ခင် မှာ​အမ္မုန်​ပြည်​သူ​နေ​မ​ဖြစ်​၏။) သူ​၏​သား​တော် အ​ဘိ​ယ​သည်​ခ​မည်း​တော်​၏​အ​ရိုက်​အ​ရာ​ကို ဆက်​ခံ​၍​နန်း​တက်​လေ​သည်။

< 1 Wafalme 14 >