< 1 Wafalme 13 >

1 Mtu wa Mungu alikuja tokea Yuda kwa neno la BWANA kule Betheli. Naye Yeroboamu alikuwa amesimama karibu na madhabahu ili kufukiza uvumba.
ထိုအခါ ယေရောဗောင်သည် နံ့သာပေါင်းကို မီးရှို့ခြင်းငှါ ယဇ်ပလ္လင်နားမှာရပ်နေစဉ်တွင်၊ ဘုရား သခင်၏ လူတယောက်သည် ထာဝရဘုရား၏ နှုတ်ကပတ်တော်အတိုင်း၊ ယုဒပြည်မှ ဗေသလမြို့သို့ ရောက် လာ၍၊
2 Akalia kinyume na zile madhabahu kwa neno la BWANA: “Ee madhabahu, madhabahu” hivi ndivyo asemavyo BWANA, 'Tazama, mwana aitwaye Yosia atazaliwa katika familia ya Daudi, na juu yenu atawachinja makuhani ambao sasa wanafukiza uvumba mahali hapa pa juu kwa ajili yako. Juu yako watachoma mifupa ya watu.'”
ထာဝရဘုရား၏ နှုတ်ကပတ်တော်အတိုင်း ယဇ်ပလ္လင်တဘက်၌ ကြွေးကြော်လျက်၊ အိုယဇ်ပလ္လင်၊ ယဇ်ပလ္လင်၊ ထာဝရဘုရားမိန့်တော်မူသည်ကား၊ ဒါဝိဒ်မင်း မျိုး၌ ယောရှိအမည်ရှိသော သူကို ဘွားမြင်လိမ့်မည်။ သင့်အပေါ်မှာ နံ့သာပေါင်းကို မီးရှို့၍၊ မြင့်သောအရပ်၌ ယဇ်ပုရောဟိတ်လုပ်သောသူတို့ကို ထိုသူသည် သင့် အပေါ်မှာပူဇော်၍၊ လူသေအရိုးတို့ကို မီးရှို့လိမ့်မည်ဟု မိန့်တော်မူကြောင်းကို ဆင့်ဆို၏။
3 Kisha mtu wa Mungu akatoa ishara siku hiyohiyo, akisema, “Hii ndiyo isharaya kwamba BWANA amesema: 'Tazama, madhabahu zitavuunjika, na majivu yaliyo juu yatamwagika.”
ထိုနေ့ခြင်းတွင် ပုပ္ပနိမိတ်ကိုလည်း ပေး၍ ထာဝရဘုရားမိန့်တော်မူသော ပုပ္ပနိမိတ်ဟူမူကား၊ ယဇ် ပလ္လင်သည် ကွဲ၍ပလ္လင်ပေါ်မှာရှိသော ပြာလည်း ယိုကျလိမ့်မည်ဟု ဟောလေ၏။
4 Naye mfalme aliposikia kile mtu wa Mungu alichosema, kwamba amelia kinyume cha zile madhabahu kule Betheli, Yeroboamu akanyosha mkono wake kutoka madhabahuni, akisema, “mkamateni.” Ndipo ule mkono aliokuwa ameunyosha dhidi ya mtu wa Mungu ukakauka, kiasi kwamba hakuweza kuurudisha mwenyewe.
ထိုသို့ ဘုရားသခင်၏ လူသည် ဗေသလမြို့ ယဇ်ပလ္လင်တဘက်၌ ကြွေးကြော်သော စကားကို ယေရောဗောင်မင်းကြီးသည် ကြားလျှင်၊ ယဇ်ပလ္လင်ပေါ်မှာရှိသော မိမိလက်ကိုဆန့်၍ ထိုသူကို ဘမ်းဆီးကြဟုဆို လျက်၊ ဆန့်သောလက်သည် သွေ့ခြောက်၍ နောက်တဖန် မရုပ်နိုင်။
5 Na ile madhabahu ikavunjika vipande vipande, na yale majivu yakamwagika kutoka madhabahuni, kama ilivyokuwa imefafanuliwa kuwa ndiyo ishara ya kwamba mtu wa Mungu alikuwa amepewa kwa neno la BWANA.
ဘုရားသခင်၏ လူသည်ထာဝရဘုရား၏ နှုတ်ကပတ်တော်အတိုင်း ပေးသောပုပ္ပနိမိတ်နှင့်အညီ ယဇ် ပလ္လင်ကွဲ၍၊ ပြာသည်လည်း ပလ္လင်ပေါ်က ယိုကျလေ၏။
6 Mfalme Yeroboamu akajibu akimwambia mtu wa Mungu, “Msihi BWANA, Mungu wako akupe neema ili uniombee, ili kwamba mkono wangu urejee kwangu tena.” Kwa hiyo mtu wa Mungu akamwomba BWANA, na mkono wa mfalme ukarejea katika hali yake tena, na ukawa kama ulivyokuwa mwanzoni.
ရှင်ဘုရင်ကလည်း၊ ငါ့လက်၌ ရောက်သောရောဂါကို ပျောက်စေမည်အကြောင်း၊ ငါ့အတွက် ပဌနာ ပြု၍ သင်၏ဘုရားသခင် ထာဝရဘုရားရှေ့တော်၌ တောင်းပန်ပါလော့ဟုဘုရားသခင်၏ လူကိုပြောဆို၏။ ဘုရားသခင်၏လူသည် ထာဝရဘုရားကို တောင်းပန်သဖြင့်၊ ရှင်ဘုရင်လက်သည် ရောဂါပျောက်၍ ပကတိ အတိုင်း ဖြစ်လေ၏။
7 Yule mfalme akamwambia mtu wa Mungu, “twende nyumbani kwangu upate chakula, nami nitakupa zawadi.”
ရှင်ဘုရင်ကလည်း၊ ငါနှင့်အတူ လိုက်၍ အားဖြည့်လော့။ လက်ဆောင်ပေးမည်ဟု ဘုရားသခင်၏ လူအား ဆိုလျှင်၊
8 Yule mtu wa Mungu akamwambia mfalme, “Hata kama utanipa nusu ya miliki yako. staende na wewe, wala sitakula au kunywa maji mahali hapa,
ဘုရားသခင်၏လူက၊ နန်းတော်တဝက်ကို ပေးသော်လည်း သင်နှင့်အတူ ငါမလိုက်။ ဤအရပ်၌ မုန့်ကိုမစား၊ ရေကိုလည်းမသောက်ရ။
9 kwa sababu BWANA ameniamuru kwa neno lake, 'hutakula mkate wala kunywa maji, wala kurudi kwa njia ulioijia.'”
ထာဝရဘုရား၏ နှုတ်ကပတ်တော်က၊ မုန့်ကို မစားနှင့်။ ရေကို မသောက်နှင့်။ လာသောလမ်းဖြင့် မပြန်နှင့်ဟု ငါ့အား ပညတ်တော်မူပြီဟု ရှင်ဘုရင်အား ပြောဆို၏။
10 Kwa hiyo mtu wa Mungu akaondoka na hakurudi nyumbani kwa njia aliyokuja nayo huko Betheli.
၁၀ထိုနောက် ဗေသလမြို့သို့ လာသောလမ်းကို ရှောင်၍ အခြားသောလမ်းဖြင့် ပြန်သွား၏။
11 Sasa kulikuwa na nabii mwingine mzee aliyekuwa akiishi Betheli, na mmoja wa wana wake akaja kumwambia mambo yote ambayo mtu wa Mungu amefanya siku hiyo kule Betheli. Wana wake wakamwambia pia maneno ambayo Yule mtu wa Mungu alimwambia mfalme.
၁၁ထိုကာလ၌ ဗေသလမြို့တွင် အသက်ကြီးသော ပရောဖက် တယောက်ရှိ၏။ သူ၏သားတို့သည်လာ၍ ဘုရားသခင်၏လူသည် ထိုနေ့၌ ဗေသလမြို့မှာ ပြုသောအမှုရှိသမျှနှင့် ရှင်ဘုရင်အားပြောသော စကားများကို အဘအား ပြန်ကြားလျှင်၊
12 Baba yao akawaambia, “Alienda kwa njia gani?” Wale wanawe walikuwa wamemwona yule mtu wa Mungu kutoka Yuda njia aliyotumia kurudi.
၁၂ယုဒပြည်မှ လာသောဘုရားသခင်၏ လူသည် အဘယ်လမ်းဖြင့် ပြန်သွားသည်ကို မြင်ကြသောကြောင့်၊ အဘက ထိုသူသည် အဘယ်လမ်း ဖြင့်ပြန်သွားသနည်းဟု မေးပြီးလျှင်၊
13 Kwa hiyo akawaambia wanawe, “Nitandikeni punda.” Kwa hiyo wakamtandikia punda naye akampanda.
၁၃မြည်းကို ကုန်းနှီးတင်ကြလော့ဟု ဆိုသည် အတိုင်း၊ သားတို့သည် မြည်းကိုကုန်းနှီးတင်၍ အဘသည် စီးသွားလျက်၊
14 Yule nabii mzee akamfuata yule mtu wa Mungu na akamkuta amekaa chini ya mti wa mwaloni; akamwambia, “Je, wewe ndiye mtu wa Mungu aliyetoka Yuda?” Naye akamjibu, “Mimi ndiye.”
၁၄ဘုရားသခင်၏ လူကိုလိုက်လေ၏။ သပိတ်ပင် အောက်မှာထိုင်လျက် ရှိသည်ကိုတွေ့လျင်၊ သင်သည် ယုဒပြည်မှလာသော ဘုရားသခင်၏ လူမှန်သလောဟု မေးသော်၊ ငါမှန်သည်ဟု ပြန်ဆို၏။
15 Kisha yule nabii mzee akamwambia, “twende nyumbani kwangu ukale chakula.”
၁၅ပရောဖက်ကလည်း၊ ငါနှင့်အတူ ငါ့အိမ်သို့ လိုက်၍ မုန့်ကို စားပါလော့ဟု ခေါ်ပင့်လျှင်၊
16 Yule mtu wa Mungu akamjibu, “Siwezi kurudi na wewe wala kuingia ndani na wewe, tena sitakula chakula wala kunywa maji pamoja na wewe mahali hapa,
၁၆ငါသည် သင်နှင့်အတူ မလိုက်ရ၊ သင့်အိမ်သို့မဝင်ရ။ ဤအရပ်၌ မုန့်ကိုမစား၊ ရေကိုလည်း မသောက်ရ။
17 kwa sababu niliamuriwa hivyo kwa neno la BWANA, 'Hautakula chakula wala kunywa maji kule, wala kurudi kwa njia utakayokuja nayo.'”
၁၇ထာဝရဘုရားက၊ ထိုအရပ်၌ မုန့်ကိုမစားနှင့်။ ရေကိုမသောက်နှင့်။ လာသောလမ်းဖြင့်မပြန်နှင့်ဟု ငါ့အား မိန့်တော်မူကြောင်းကို ပြောဆို၏။
18 Kwa hiyo yule nabii mzee akamwambia, “Mimi pia ni nabii kama ulivyo, na malaika amesema na mimi neno la BWANA, akisema, 'Mrudishe aje na wewe katika nyumba yako, ili aweze kula chakula na kunywa maji.'” Lakini alikuwa anamdanganya mtu wa Mungu.
၁၈ပရောဖက်ကလည်း၊ ငါသည် သင်ကဲ့သို့ ပရောဖက်ဖြစ်၏။ သင်သည်မုန့်ကိုစား၍ ရေကိုသောက်စေ ခြင်းငှါ သင့်ကိုငါ့အိမ်သို့ ခေါ်ရမည်အကြောင်း၊ ကောင်းကင်တမန်သည် ထာဝရဘုရား၏ နှုတ်ကပတ်တော် အားဖြင့် မှာထားပြီဟု မုသာသုံး၍ ပြောဆို၏။
19 Kwa hiyo yule mtu wa Mungu akarudi pamoja na yule nabii mzee na akala chakula nyumbani kwake na akanywa maji.
၁၉ထိုကြောင့် ဘုရားသခင်၏လူသည် ပရောဖက် နှင့်အတူ ပြန်လာ၍၊ သူ၏အိမ်မှာ မုန့်ကိုစား၏။ ရေကို လည်း သောက်၏။
20 Walipokuwa wamekaa mezani, neno la BWANA likamjia yule nabii aliyemrudisha,
၂၀ထိုသူနှစ်ပါးတို့သည် စားပွဲနားမှာ ထိုင်စဉ်တွင်၊ ခေါ်ခဲ့သော ပရောဖက်သို့ ထာဝရဘုရား၏ နှုတ်ကပတ် တော်သည် ရောက်၍၊
21 naye akalia kwa mtu wa Mungu aliyetoka Yuda, akisema “BWANA anasema, 'Kwa kuwa umeshindwa kutii nenola BWANA na umeshindwa kuishika amri ya BWANA ambayo Mungu wako alikupa,
၂၁ယုဒပြည်မှ လာသောဘုရားသခင်၏လူအား၊ သင်သည် ထာဝရဘုရား၏နှုတ်တော်ထွက်ကို နား မထောင်၊ သင်၏ဘုရားသခင် ထာဝရဘုရားထားတော်မူ သော ပညတ်တော်ကို မစောင့်၊
22 bali umerudi na umekula chakula na kunywa maji mahali ambapo BWANA alikwambia usile chakula wala kunywa maji, basi mwili wako hautazikwa kwenye makaburi ya baba zako.'”
၂၂ဤမည်သော အရပ်၌ မုန့်ကိုမစားနှင့်။ ရေကို မသောက်နှင့်ဟု ပညတ်တော်မူသော အရပ်သို့ပြန်လာ၍ မုန့်နှင့်ရေကိုစားသောက်သောကြောင့်၊ သင်၏အလောင်းသည် ဘိုးဘေးတို့၏ သင်္ချိုင်းသို့မရောက်ရဟု ထာဝရ ဘုရားမိန့်တော်မူကြောင်းကို အော်ဟစ်၍ ဆင့်ဆို၏။
23 Baada ya kula chakula na kunywa maji, Yule nabii akatandika punda wa mtu wa Mungu, yule mtu aliyerudi naye.
၂၃မုန့်နှင့်ရေကို စားသောက်ပြီးမှ၊ ထိုပရောဖက်သည် ပြန်လာသော ပရောဖက်အဘို့ မိမိမြည်းကို ကုန်းနှီး တင်၍ လွှတ်လိုက်လေ၏။
24 Baada ya mtu wa Mungu kuondoka, akakutana na simba njiani na kumwua barabarani, na mwili wake uliachwa barabarani. Na yule punda akasimama pembeni yake, na yule simba naye akasimama pembeni ya ule mwili.
၂၄လမ်းမှာခြင်္သေ့တွေ့၍ သတ်၏။ အသေကောင်သည် လမ်း၌ လဲ၍၊ မြည်းနှင့်ခြင်္သေ့သည် အနားမှာ ရပ်နေ၏။
25 Watu walipopita na kuuona ule mwili umeachwa barabarani, na yule simba akisimama karibu na ule mwili, walikuja wakaeleza habari hiyo mjini kule ambako yule nabii mzee aliishi.
၂၅အသေကောင်သည် လမ်း၌လဲ၍ မည်းနှင့်ခြင်္သေ့သည် အနားမှာ ရပ်နေသည်ကို ခရီးသွားသော သူတို့သည် မြင်လျှင်၊ အသက်ကြီးသော ပရောဖက်နေသော မြို့သို့လာ၍ သိတင်းပြောကြ၏။
26 Yule nabii aliyemrudisha toka njiani aliposikia, akasema, “Yeye mtu wa Muugu ndiye aliyeshindwa kutii neno la BWANA. Kwa hiyo BWANA alimtoa kwa simba, ambaye amemrarua katika vipande vipande na kumwua, kama vile neno la BWANA lilivyokuwa limemwonya.”
၂၆ခေါ်ခဲ့သောပရောဖက်သည် ထိုသိတင်းကိုကြားလျှင်၊ ထာဝရဘုရား၏ အမိန့်တော်ကို နားမထောင်သော ဘုရားသခင်၏ လူဖြစ်လိမ့်မည်။ ထာဝရဘုရားသည် ထိုသူအား မိန့်တော်မူသော စကားအတိုင်း၊ သူ့ကိုခြင်္သေ့၌ အပ်တော်မူသဖြင့်၊ ခြင်္သေ့သည် ကိုက်သတ်လေပြီတကား ဟု ဆိုလျက်၊
27 Kwa hiyo yule nabii mzee akawaamnbia wanawe, akisema, “Tandikeni punda wangu,” nao wakamtandikia.
၂၇မြည်းပေါ်မှာ ကုန်းနှီးကို တင်ကြလော့ဟု သားတို့အား ဆိုသည်အတိုင်း သူတို့သည် ကုန်းနှီးတင်ကြ၏။
28 Akaenda akaukuta mwili umeachwa barabarani, punda na simba wamesimama pembeni ya ule mwili. Yule simba hakuula ule mwili, wala hakumshambulia yule punda.
၂၈ပရောဖက်သွား၍ အသေကောင်သည် လမ်း၌ လဲလျက်၊ မြည်းနှင့် ခြင်္သေ့သည် အနားမှာ ရပ်နေလျက် ရှိသည်ကိုတွေ့၏။ ခြင်္သေ့သည် အသေကောင်ကိုမစား၊ မြည်းကိုလည်း မကိုက်။
29 Yule nabii akauchukua ule mwili wa mtu wa Mungu, akaulaza juu ya punda, na akaurudisha. Akaja kwenye mji wake kuomboleza na kuuzika.
၂၉အသက်ကြီးသော ပရောဖက်သည် ဘုရားသခင်၏လူအလောင်းကောင်ကို မြည်းပေါ်သို့ ချီ၍ တင်ပြီးလျှင် ငိုကြွေးမြည်တမ်းခြင်းကို ပြု၍၊ သင်္ဂြိုဟ်ခြင်း ငှါ မိမိမြို့သို့ ဆောင်သွား၏။
30 Akaulaza mwili kwenye kaburi lake, nao wakamwombolezea, wakisema, “Aa! ndugu yangu!”
၃၀အလောင်းကောင်ကို မိမိသင်္ချိုင်းတွင်း၌ ထားလျက်၊ အိုငါ့ညီဟူ၍ ငိုကြွေးမြည်တမ်းခြင်းကို ပြု၏။
31 Kisha baada ya kumzika, yule nabii mzee akawaambia wanawe, akasema, “Nitakapokufa, mtanizika kwenye kaburi ambalo tumemzika mtu wa Mungu. Mtalaza mifupa yangu pembeni mwa mifupa yake.
၃၁သင်္ဂြိုဟ်ပြီးမှ သားတို့ကိုခေါ်၍၊ ငါသေသောအခါ ဘုရားသခင်၏ လူသင်္ချိုင်းတွင်း၌ သင်္ဂြိုဟ်ကြလော့။ ငါ့အရိုးတို့ကို သူ့အရိုးတို့အနားမှာ ထားကြလော့။
32 Kwa kuwa ule ujumbe uliosemwa na BWANA, dhidi ya madhabahu kule Betheli na dhidi ya nyumba zote za mahali pa juu katika mji wa Samaria, hakika yatatokea.
၃၂ဗေသလမြို့ယဇ်ပလ္လင်တဘက်ရှမာရိမြို့ရွာတွင်၊ မြင့်သောအရပ်ပေါ်မှာ ဆောက်သောအိမ်များ တဘက်၊ ထာဝရဘုရား၏နှုတ်ကပတ်တော်အတိုင်း ကြွေးကြော်သောစကားသည် စင်စစ်ပြည့်စုံလိမ့်မည်ဟု မှာထားလေ၏။
33 Baada ya haya Yeroboamu hakuuacha uovu wake, aliendelea kuchagua makuhani wa kawaida kwa ajili ya mahali pa juu kutoka kwa watu wa kila aina. Yeyote ambaye angeweza kutumika alimtakasa kuwa kuhani.
၃၃ထိုနောက်မှ ယေရောဗောင်သည် မိမိအဓမ္မလမ်းကို မရှောင်။ သာမညလူတို့ကို မြင့်သောအရပ်တွင် ယဇ်ပုရောဟိတ်အရာ၌ ထပ်၍ ခန့်ထား၏။ ယဇ်ပုရောဟိတ်လုပ်ချင်သောသူ ရှိသမျှကို ချီးမြှောက်သဖြင့်၊ သူတို့သည် မြင့်သောအရပ်တွင် ယဇ်ပုရောဟိတ် ဖြစ်ကြ၏။
34 Jambo hili likawa dhambi kwenye familia ya Yeroboamu na kusababisha familia yake kuangamizwa na kuondolewa kabisa katika uso wa dunia.
၃၄ထိုသို့ပြုသောကြောင့် ယေရောဗောင်အမျိုးကို မြေကြီးပြင်မှ သုတ်သင်ပယ်ရှင်းစေသော အပြစ်ရောက် သတည်း။

< 1 Wafalme 13 >