< Salmos 99 >
1 JEHOVÁ reinó, temblarán los pueblos: él está sentado sobre los querubines, conmoveráse la tierra.
၁ထာဝရဘုရားသည်ဘုရင်ဖြစ်တော်မူ၏။ လူတို့သည်ကြောက်လန့်တုန်လှုပ်ကြကုန်၏။ ကိုယ်တော်သည်ခေရုဗိမ်တို့အထက်စံတော် မူ၏။ ကမ္ဘာမြေကြီးသည်တုန်လှုပ်လေ၏။
2 Jehová en Sión es grande, y ensalzado sobre todos los pueblos.
၂ဇိအုန်တောင်ပေါ်မှာထာဝရဘုရားသည် တန်ခိုးကြီးတော်မူ၏။ ကိုယ်တော်သည်လူမျိုးတကာတို့ကို အစိုးရတော်မူ၏။
3 Alaben tu nombre grande y tremendo: él es santo.
၃လူအပေါင်းတို့သည်ကိုယ်တော်၏ ကြီးမြတ်ကြောက်ရွံ့ဖွယ်ကောင်းသောနာမ တော်ကို ထောမနာပြုကြလိမ့်မည်။ ကိုယ်တော်သည်သန့်ရှင်းမြင့်မြတ်တော်မူ၏။
4 Y la gloria del rey ama el juicio: tú confirmas la rectitud; tú has hecho en Jacob juicio y justicia.
၄တန်ခိုးကြီးတော်မူသောဘုရင်မင်းမြတ်၊ ကိုယ်တော်သည်အမှန်တရားကို မြတ်နိုးနှစ်သက်တော်မူပါ၏။ ကိုယ်တော်သည်ဣသရေလနိုင်ငံတွင် တရားမျှတမှုစိုးမိုးစေတော်မူပါပြီ။ အမှန်တရားနှင့်တရားမျှတမှုကို တည်မြဲစေတော်မူပါပြီ။
5 Ensalzad á Jehová nuestro Dios, y encorvaos al estrado de sus pies: él es santo.
၅ငါတို့၏ဘုရားသခင်ထာဝရဘုရားအား ထောမနာပြုကြလော့။ ကိုယ်တော်၏ရာဇပလ္လင်တော်ရှေ့၌ ပျပ်ဝပ်ကိုးကွယ်ကြလော့။ ကိုယ်တော်သည်သန့်ရှင်းမြင့်မြတ်တော် မူ၏။
6 Moisés y Aarón entre sus sacerdotes, y Samuel entre los que invocaron su nombre; invocaban á Jehová, y él les respondía.
၆မောရှေနှင့်အာရုန်တို့သည်ကိုယ်တော်၏ ယဇ်ပုရောဟိတ်များဖြစ်ကြ၏။ ရှမွေလသည်လည်းကိုယ်တော်အားဆုတောင်း ပတ္ထနာပြုသူတစ်ဦးဖြစ်ပေသည်။ သူတို့သည်ထာဝရဘုရားအား ဆုတောင်းပတ္ထနာပြုသောအခါကိုယ်တော် သည် နားညောင်းတော်မူ၏။
7 En columna de nube hablaba con ellos: guardaban sus testimonios, y el estatuto que les había dado.
၇သူတို့အားကိုယ်တော်သည်မိုးတိမ်တိုက်ထဲက မိန့်မှာတော်မူ၏။ သူတို့သည်လည်းကိုယ်တော်ပေးတော်မူသော တရားတော်နှင့်ပညတ်တော်တို့ကို လိုက်နာစောင့်ထိန်းကြ၏။
8 Jehová Dios nuestro, tú les respondías: tú les fuiste un Dios perdonador, y vengador de sus obras.
၈အို ကျွန်တော်မျိုးတို့၏ဘုရားသခင်ထာဝရ ဘုရား၊ ကိုယ်တော်ရှင်သည်မိမိ၏လူစုတော်ခေါ်သော အခါ ထူးတော်မူပါ၏။ ထိုသူတို့ပြုသည့်အပြစ်များအတွက် ဒဏ်ခတ်တော်မူသော်လည်း သူတို့၏အပြစ်များကိုဖြေလွှတ်တော်မူသော ဘုရားဖြစ်တော်မူပါ၏။
9 Ensalzad á Jehová nuestro Dios, y encorvaos al monte de su santidad; porque Jehová nuestro Dios es santo.
၉ငါတို့၏ဘုရားသခင်ထာဝရဘုရားအား ထောမနာပြုကြလော့။ သန့်ရှင်းမြင့်မြတ်သည့်တောင်တော်ပေါ်တွင် ကိုးကွယ်ဝတ်ပြုကြလော့။ ငါတို့၏ဘုရားသခင်ထာဝရဘုရားသည် သန့်ရှင်းမြင့်မြတ်တော်မူ၏။