< Salmos 96 >

1 CANTAD á Jehová canción nueva; cantad á Jehová, toda la tierra.
ထာဝရဘုရားအား အသစ်သောသီချင်းကို ဆိုကြလော့။ မြေကြီးသားအပေါင်းတို့၊ ထာဝရဘုရားအား သီချင်းဆိုကြလော့။
2 Cantad á Jehová, bendecid su nombre: anunciad de día en día su salud.
ထာဝရဘုရားအား သီချင်းဆို၍၊ နာမတော်ကို ကောင်းကြီးပေးကြလော့။ ကယ်တင်တော်မူခြင်း တရား ကို တနေ့ထက်တနေ့ ညွှန်ကြားကြလော့။
3 Contad entre las gentes su gloria, en todos los pueblos sus maravillas.
ဘုန်းတော်ကို တပါးအမျိုးသားတို့၌၎င်း၊ အံ့ဘွယ်သော အမှုတော်တို့ကို ခပ်သိမ်းသော လူမျိုးတို့၌၎င်း ဘော်ပြကြလော့။
4 Porque grande es Jehová, y digno de suprema alabanza; terrible sobre todos los dioses.
ထာဝရဘုရားသည် ကြီးမြတ်၍ အလွန်ချီးမွမ်း ဘွယ် ဖြစ်တော်မူ၏။ ဘုရားတကာတို့ထက် ကြောက်ရွံ့ ဘွယ်ဖြစ်တော်မူ၏။
5 Porque todos los dioses de los pueblos son ídolos: mas Jehová hizo los cielos.
တပါးအမျိုးသားတို့၏ ဘုရားရှိသမျှတို့သည် အချည်းနှီးသက်သက် ဖြစ်ကြ၏။ ထာဝရဘုရားမူကား၊ မိုဃ်းကောင်းကင်ကို ဖန်ဆင်းတော်မူ၏။
6 Alabanza y magnificencia delante de él: fortaleza y gloria en su santuario.
ဘုန်းတန်ခိုးအာနုဘော်သည် ရှေ့တော်၌ရှိ၏။ အစွမ်းသတ္တိနှင့် ဂုဏ်အသရေလည်း သန့်ရှင်းရာ ဌာန တော်၌ရှိ၏။
7 Dad á Jehová, oh familias de los pueblos, dad á Jehová la gloria y la fortaleza.
လူအမျိုးမျိုးတို့၊ ထာဝရဘုရားသည် ဘုန်း တန်ခိုးအစွမ်းသတ္တိရှိတော်မူသည်ဟု ဝန်ခံကြလော့။ ရှိတော်မူသည်ဟု ဝန်ခံကြလော့။
8 Dad á Jehová la honra debida á su nombre: tomad presentes, y venid á sus atrios.
ထာဝရဘုရား၏ နာမတော်သည် ဘုန်းကြီး တော်မူသည်ဟု ဝန်ခံကြလော့။ ပူဇော်သက္ကာကိုဆောင်ခဲ့ လျက် တန်တိုင်းတော်သို့ ဝင်ကြလော့။
9 Encorvaos á Jehová en la hermosura de [su] santuario: temed delante de él, toda la tierra.
သန့်ရှင်းသော တန်ဆာကို ဆင်၍၊ ထာဝရ ဘုရားကို ကိုးကွယ်ကြလော့။ မြေကြီးသား အပေါင်းတို့၊ ရှေ့တော်၌ ကြောက်ရွံခြင်းရှိကြလော့။
10 Decid en las gentes: Jehová reinó, también afirmó el mundo, no será conmovido: juzgará á los pueblos en justicia.
၁၀ထာဝရဘုရား စိုးစံတော်မူသည်ဟု တပါး အမျိုးသားတို့တွင် ဟောပြောကြလော့။ လောကဓါတ် သည် မလှုပ်ရှားနိုင်အောင် မြဲမြံစွာ တည်လိမ့်မည်။ လူများကို ဖြောင့်မတ်စွာ တရားစီရင်တော် မူလိမ့်မည်။
11 Alégrense los cielos, y gócese la tierra: brame la mar y su plenitud.
၁၁ကောင်းကင်သည် ဝမ်းမြောက်ခြင်းရှိစေ။ မြေကြီးသည်လည်း ရွှင်လန်းခြင်းရှိစေ။ ပင်လယ်နှင့် ပင်လယ်တန်ဆာသည် အသံဗလံကိုပြုစေ။
12 Regocíjese el campo, y todo lo que en él está: entonces todos los árboles del bosque rebosarán de contento,
၁၂လယ်ပြင်နှင့် လယ်ပြင်၌ရှိသမျှသည်လည်း ဝမ်းမြောက်စေ။ ထိုအခါ တော၌ရှိသမျှသော အပင်တို့ သည် ထာဝရဘုရားရှေ့တော်တွင် ရွှင်လန်းစွာ သီချင်း ဆိုကြလိမ့်မည်။
13 Delante de Jehová que vino: porque vino á juzgar la tierra. Juzgará al mundo con justicia, y á los pueblos con su verdad.
၁၃အကြောင်းမူကား၊ ကိုယ်တော်သည် ကြွလာ တော်မူ၏။ မြေကြီးသားတို့ကို တရားစီရင်ခြင်းငှါ ကြွလာ တော်မူ၏။ လောကသားတို့ကို ဖြောင့်မတ်ခြင်းတရားနှင့်၎င်း၊ လူများကို သစ္စာတော်နှင့်၎င်း စီရင်ဆုံးဖြတ်တော် မူလတံ့။

< Salmos 96 >