< Salmos 69 >
1 Al Músico principal: sobre Sosannim: Salmo de David. SÁLVAME, oh Dios, porque las aguas han entrado hasta el alma.
၁အို ဘုရားသခင်၊ ကျွန်တော်မျိုးအားကယ်တော်မူပါ။ ရေသည်ကျွန်တော်မျိုး၏လည်မျိုတိုင်အောင် ရောက်လျက်နေပါပြီ။
2 Estoy hundido en cieno profundo, donde no hay pie: he venido á abismos de aguas, y la corriente me ha anegado.
၂ကျွန်တော်မျိုးသည်နက်လှသောရွှံ့ထဲတွင်ကျွံနေပါပြီ။ ခြေနင်းစရာမြေမာမရှိပါ။ ကျွန်တော်မျိုးသည်ရေနက်ထဲသို့ရောက်လျက် ရှိပါ၏။ လှိုင်းလုံးများသည်ကျွန်တော်မျိုးအား လွှမ်းမိုးကြပါတော့မည်။
3 Cansado estoy de llamar; mi garganta se ha enronquecido; han desfallecido mis ojos esperando á mi Dios.
၃ကူမတော်မူရန်အော်ဟစ်ရသဖြင့်ကျွန်တော်မျိုးသည် မောပန်းနွမ်းနယ်လျက်ရှိပါ၏။ ကျွန်တော်မျိုး၏လည်ချောင်းသည်နာလျက်နေပါပြီ။ ကိုယ်တော်ရှင်ကူမတော်မူရန် မျှော်ကြည့်ရဖန်များသဖြင့်မျက်စိများသည် ညောင်းလျက်နေပါပြီ။
4 Hanse aumentado más que los cabellos de mi cabeza los que me aborrecen sin causa; hanse fortalecido mis enemigos, los que me destruyen sin por qué: he venido pues á pagar lo que no he tomado.
၄ကျွန်တော်မျိုးအားအကြောင်းမဲ့မုန်းသော သူတို့၏အရေအတွက်သည်ကျွန်တော်မျိုး ဦးခေါင်းမှဆံပင်ထက်ပို၍များပါ၏။ လိမ်လည်ပြောဆို၍ကျွန်တော်မျိုးအား ရန်ဘက်ပြုသူတို့သည်ခွန်အားကြီးကြပါ၏။ ကျွန်တော်မျိုးအားသတ်ဖြတ်လိုကြပါ၏။ သူတို့အားကျွန်တော်မျိုးမခိုးမယူသည့် ပစ္စည်းဥစ္စာများကိုပြန်၍ပေးရပါ၏။
5 Dios, tú sabes mi locura; y mis delitos no te son ocultos.
၅အို ဘုရားသခင်၊ ကျွန်တော်မျိုး၏အပြစ်များကိုကိုယ်တော် ထံတော်မှ ဖုံးကွယ်၍မရပါ။ ကျွန်တော်မျိုးအဘယ်မျှမိုက်မဲသည်ကို ကိုယ်တော်ရှင်သိတော်မူပါ၏။
6 No sean avergonzados por mi causa los que te esperan, oh Señor Jehová de los ejércitos; no sean confusos por mí los que te buscan, oh Dios de Israel.
၆အနန္တတန်ခိုးရှင် အို ထာဝရဘုရား၊ ကိုယ်တော်ရှင်အားယုံကြည်ကိုးစားသူတို့သည် ကျွန်တော်မျိုး၏အတွက်ကြောင့်အရှက်မကွဲ ကြရပါစေနှင့်။ အို ဣသရေလအမျိုးသားတို့၏ဘုရားသခင်၊ ကိုယ်တော်ရှင်အားဝတ်ပြုကိုးကွယ်သူတို့သည် ကျွန်တော်မျိုး၏အတွက်ကြောင့် ဂုဏ်အသရေမပျက်ရကြပါစေနှင့်။
7 Porque por amor de ti he sufrido afrenta; confusión ha cubierto mi rostro.
၇ကျွန်တော်မျိုးသည်ကိုယ်တော်ရှင်၏အတွက် စော်ကားခြင်းကိုခံရပါ၏။ အလွန်အရှက်ကွဲရပါ၏။
8 He sido extrañado de mis hermanos, y extraño á los hijos de mi madre.
၈ကျွန်တော်မျိုးသည်မိမိ၏ညီအစ်ကိုတို့တွင် သူစိမ်းတစ်ရံဆံကဲ့သို့လည်းကောင်း၊ မိသားစုတွင်လည်းတစ်ကျွန်းတစ်နိုင်ငံသား ကဲ့သို့လည်းကောင်းဖြစ်၍နေပါ၏။
9 Porque me consumió el celo de tu casa; y los denuestos de los que te vituperaban, cayeron sobre mí.
၉ကိုယ်တော်ရှင်၏ဗိမာန်တော်ကိုစွဲလမ်းမှုသည် ကျွန်တော်မျိုး၏စိတ်အတွင်း၌မီးကဲ့သို့ ဟုန်းဟုန်းတောက်လောင်လျက်ရှိပါ၏။ ကိုယ်တော်ရှင်အားစော်ကားပြောဆိုသော စကားများသည်ကျွန်တော်မျိုးအားစော်ကား ပြောဆိုသောစကားများဖြစ်ပါ၏။
10 Y lloré [afligiendo] con ayuno mi alma; y esto me ha sido por afrenta.
၁၀ကျွန်တော်မျိုးသည်အစာရှောင်ခြင်းအားဖြင့် မိမိကိုယ်ကိုနှိမ့်ချသောအခါလူတို့သည် ကျွန်တော်မျိုးအားစော်ကားကြပါ၏။
11 Puse además saco por mi vestido; y vine á serles por proverbio.
၁၁ကျွန်တော်မျိုးသည်လျှော်တေကိုဝတ်သော အခါ သူတို့သည်ပြောင်လှောင်ကြပါ၏။
12 Hablaban contra mí los que se sentaban á la puerta, y [me zaherían] en las canciones de los bebedores de sidra.
၁၂သူတို့သည်လမ်းများတွင်ကျွန်တော်မျိုးအကြောင်းကို ပြောဆိုကြပါ၏။ သေသောက်ကြူးသူတို့သည်ကျွန်တော်မျိုး အကြောင်းကိုတေးဖွဲ့၍ဆိုကြပါ၏။
13 Empero yo [enderezaba] mi oración á ti, oh Jehová, al tiempo de [tu] buena voluntad: oh Dios, por la multitud de tu misericordia, por la verdad de tu salud, óyeme.
၁၃သို့ရာတွင်ကျွန်တော်မျိုးအဖို့မှာမူ အို ထာဝရဘုရား၊ ကိုယ်တော်ရှင်ထံတော်သို့ဆုတောင်းပတ္ထနာပြုပါမည်။ ကိုယ်တော်ရှင်၏မဟာမေတ္တာတော်ကို ထောက်၍လည်းကောင်း၊ ကယ်တော်မူမည်ဟုကိုယ်တော်ရှင်ထားတော်မူသည့် ကတိတော်ကိုထောက်၍လည်းကောင်း တောင်းလျှောက်ထားချက်ကိုနားညောင်းတော်မူပါ။ အို ဘုရားသခင်၊ အလိုတော်ရှိချိန်၌ကျွန်တော်မျိုး၏ ဆုတောင်းပတ္ထနာကိုဖြေကြားတော်မူပါ။
14 Sácame del lodo, y no sea yo sumergido: sea yo libertado de los que me aborrecen, y del profundo de las aguas.
၁၄ရွှံ့နွံတွင်မကျွံမနစ်စေရန်ကျွန်တော်မျိုးအား ကယ်တော်မူပါ။ ရန်သူများ၏ဘေးမှလည်းကောင်း၊ ရေနက်ရာမှလည်းကောင်းကယ်ဆယ်တော်မူပါ။
15 No me anegue el ímpetu de las aguas, ni me suerba la hondura, ni el pozo cierre sobre mí su boca.
၁၅ကျွန်တော်မျိုးအားရေလွှမ်းမိုးစေတော်မမူပါနှင့်။ ရေနက်ရာတွင်နစ်မြုပ်စေတော်မမူပါနှင့်။ သင်္ချိုင်းတွင်းသို့သက်ဆင်းစေတော်မမူ ပါနှင့်။
16 Oyeme, Jehová, porque apacible es tu misericordia; mírame conforme á la multitud de tus miseraciones.
၁၆အို ထာဝရဘုရား၊ ကိုယ်တော်ရှင်၏ခိုင်မြဲသောမေတ္တာတော်သည် ကောင်းမြတ်သည်ဖြစ်၍ကျွန်တော်မျိုး၏ ပန်ကြားခြင်းကိုနားညောင်းတော်မူပါ။ ကိုယ်တော်ရှင်သည်လွန်စွာသနားကြင်နာ တော်မူတတ်သည်ဖြစ်၍ ကျွန်တော်မျိုးအားလှည့်၍ကြည့်တော်မူပါ။
17 Y no escondas tu rostro de tu siervo; porque estoy angustiado; apresúrate, óyeme.
၁၇ကိုယ်တော်ရှင်၏အစေခံအားမျက်နှာတော်ကို လွှဲတော်မမူပါနှင့်။ ကျွန်တော်မျိုးသည်အတိဒုက္ခရောက်လျက် ရှိပါ၏။ ကျွန်တော်မျိုး၏ပန်ကြားချက်ကိုယခုပင် နားညောင်းတော်မူပါ။
18 Acércate á mi alma, redímela: líbrame á causa de mis enemigos.
၁၈ကြွလာတော်မူ၍ကျွန်တော်မျိုးကိုကယ်တော် မူပါ။ ရန်သူများ၏လက်မှကယ်ဆယ်တော်မူပါ။
19 Tú sabes mi afrenta, y mi confusión, y mi oprobio: delante de ti están todos mis enemigos.
၁၉ကျွန်တော်မျိုးသည်အဘယ်မျှအစော်ကား ခံရ၍ အဘယ်မျှအရှက်ကွဲအသရေပျက်ရသည်ကို ကိုယ်တော်ရှင်သိတော်မူပါ၏။ ကိုယ်တော်ရှင်သည်ကျွန်တော်မျိုး၏ရန်သူ အပေါင်းကို မြင်တော်မူပါ၏။
20 La afrenta ha quebrantado mi corazón, y estoy acongojado: y esperé quien se compadeciese de [mí], y no lo hubo: y consoladores, y ninguno hallé.
၂၀အစော်ကားခံရသဖြင့်ကျွန်တော်မျိုးသည် စိတ်နှလုံး ကြေကွဲ၍စိတ်ပျက်အားလျော့လျက်နေပါ၏။ ကျွန်တော်မျိုးသည်ကြင်နာမှုကိုတောင့်တသော အခါ သနားမည့်သူကိုမတွေ့ရပါ။ စိတ်သက်သာမှုကိုတောင့်တသောအခါ စိတ်သက်သာစေမည့်သူမရှိပါ။
21 Pusiéronme además hiel por comida, y en mi sed me dieron á beber vinagre.
၂၁ကျွန်တော်မျိုးဆာလောင်မွတ်သိပ်သောအခါ ရန်သူတို့သည်အဆိပ်ကိုကျွေးကြပါ၏။ ရေငတ်သောအခါပုန်းရည်ကိုတိုက်ကြ ပါ၏။
22 Sea su mesa delante de ellos por lazo, y [lo que es] para bien por tropiezo.
၂၂သူတို့၏စားသောက်ပွဲများသည်သူတို့ ပျက်စီးရာပျက်စီးကြောင်းဖြစ်ပါစေသော။ သူတို့ကျင်းပသည့်ဋ္ဌမ္မပွဲများသည်လည်း သူတို့ပြိုလဲကြောင်းဖြစ်ပါစေသော။
23 Sean oscurecidos sus ojos para ver, y haz siempre titubear sus lomos.
၂၃သူတို့သည်မမြင်နိုင်ကြစေရန်သူတို့၏ မျက်စိကို ကွယ်စေတော်မူပါ။ သူတို့၏ခါးများကိုလည်းအစဉ်အမြဲ ချိနဲ့စေတော်မူပါ။
24 Derrama sobre ellos tu ira, y el furor de tu enojo los alcance.
၂၄ကိုယ်တော်ရှင်၏အမျက်တော်ကိုသူတို့ အပေါ်သို့ သွန်းလောင်းတော်မူ၍အမျက်တော်အဟုန်သည် သူတို့အားမီစေတော်မူပါ။
25 Sea su palacio asolado: en sus tiendas no haya morador.
၂၅သူတို့၏တဲစခန်းများသည်လူသူဆိတ်ညံရာ အရပ်များအဖြစ်ဖြင့်ကျန်ရစ်ပါစေသော။ သူတို့၏တဲများအတွင်း၌လူတစ်ဦးတစ်ယောက် မျှ အသက်ရှင်လျက်ကျန်ရစ်စေတော်မမူပါ နှင့်။
26 Porque persiguieron al que tú heriste; y cuentan del dolor de los que tú llagaste.
၂၆ထိုသူတို့သည်ကိုယ်တော်ရှင်ဒဏ်ခတ်ခဲ့သောသူ တို့ကို နှိပ်စက်ညှဉ်းဆဲကြပါ၏။ ကိုယ်တော်ရှင်ထိခိုက်ဒဏ်ရာရစေခဲ့သော သူတို့ ခံရသည့်ဝေဒနာအကြောင်းကိုပြောဆို ကြပါ၏။
27 Pon maldad sobre su maldad, y no entren en tu justicia.
၂၇သူတို့၏အပြစ်ရှိသမျှကိုစာရင်းပြု၍ မှတ်သားထားတော်မူပါ။ ကိုယ်တော်ရှင်၏ကယ်တင်ခြင်းကျေးဇူးတော် ကို သူတို့အားခံစားခွင့်ပေးတော်မမူပါနှင့်။
28 Sean raídos del libro de los vivientes, y no sean escritos con los justos.
၂၈သူတို့၏နာမည်များသည်အသက်ရှင်သူများ စာရင်းစာစောင်မှပယ်ဖျက်ခြင်းခံရပါစေသော။ သူတို့သည်ကိုယ်တော်ရှင်၏လူစုတော်တွင် စာရင်းမဝင်သူများဖြစ်ကြပါစေ သော။
29 Y yo afligido y dolorido, tu salud, oh Dios, me defenderá.
၂၉သို့ရာတွင်ကျွန်တော်မျိုးသည်နာကျင်၍ စိတ်ပျက်အားလျော့လျက်ရှိပါ၏။ အို ဘုရားသခင်၊ ကျွန်တော်မျိုးအားချီပင့်၍ကယ်တော်မူပါ။
30 Alabaré yo el nombre de Dios con cántico, ensalzarélo con alabanza.
၃၀ကျွန်တော်မျိုးသည်သီချင်းအားဖြင့်ဘုရားသခင်အား ထောမနာပြုပါမည်။ ကျေးဇူးတော်ကိုချီးမွမ်းခြင်းအားဖြင့် ကိုယ်တော်၏ကြီးမြတ်တော်မူပုံကိုထုတ် ဖော် ကြေညာပါမည်။
31 Y agradará á Jehová más que [sacrificio] de buey, ó becerro que echa cuernos y uñas.
၃၁ယင်းသို့ပြုသည်ကိုထာဝရဘုရားသည် နွားပူဇော်သကာထက်ပို၍နှစ်သက်တော် မူလိမ့်မည်။ ထွားကြိုင်းသန်မာသောနွားလားကိုပူဇော် သည်ထက် ပို၍နှစ်သက်တော်မူလိမ့်မည်။
32 Veránlo los humildes, y se gozarán; buscad á Dios, y vivirá vuestro corazón.
၃၂ဤအချင်းအရာကိုမြင်သောအခါညှဉ်းဆဲ ခံရသူတို့သည်ဝမ်းမြောက်ကြလိမ့်မည်။ ဘုရားသခင်ကိုဝတ်ပြုကိုးကွယ်သူတို့သည် အားတက်ကြလိမ့်မည်။
33 Porque Jehová oye á los menesterosos, y no menosprecia á sus prisioneros.
၃၃ထာဝရဘုရားသည်ချို့တဲ့နွမ်းပါးသူတို့၏ ဆုတောင်းပတ္ထနာကိုနားညောင်းတော်မူ၏။ အကျဉ်းခံနေရသောမိမိ၏လူစုတော် အား မေ့လျော့တော်မမူပါ။
34 Alábenlo los cielos y la tierra, los mares, y todo lo que se mueve en ellos.
၃၄ကောင်းကင်နှင့်မြေကြီး၊ပင်လယ်နှင့်ပင်လယ်ရှိ သတ္တဝါအပေါင်းတို့၊ ဘုရားသခင်အားထောမနာပြုကြလော့။
35 Porque Dios guardará á Sión, y reedificará las ciudades de Judá; y habitarán allí, y la poseerán.
၃၅ကိုယ်တော်သည်ဇိအုန်တောင်ကိုကယ်ဆယ်တော် မူ၍ ယုဒမြို့တို့ကိုပြန်၍တည်တော်မူလိမ့်မည်။ ကိုယ်တော်၏လူစုတော်သည်ထိုမြို့များတွင် နေထိုင်ကြလျက်တိုင်းပြည်ကိုပိုင်ဆိုင်ကြ လိမ့်မည်။
36 Y la simiente de sus siervos la heredará, y los que aman su nombre habitarán en ella.
၃၆ကိုယ်တော့်အစေခံများ၏သားမြေးတို့သည် တိုင်းပြည်ကိုအမွေခံရလိမ့်မည်။ ကိုယ်တော်အားချစ်သောသူတို့သည်ထိုပြည်တွင် နေထိုင်ကြရလိမ့်မည်။