< Salmos 61 >

1 Al Músico principal: sobre Neginoth: Salmo de David. OYE, oh Dios, mi clamor; á mi oración atiende.
အို ဘု​ရား​သ​ခင်၊ ကျွန်​တော်​မျိုး​အော်​ဟစ်​သံ​ကို​နား​ထောင်​တော် မူ​ပါ။ ကျွန်​တော်​မျိုး​၏​ဆု​တောင်း​ပတ္ထ​နာ​ကို နား​ညောင်း​တော်​မူ​ပါ။
2 Desde el cabo de la tierra clamaré á ti, cuando mi corazón desmayare: á la peña más alta que yo me conduzcas.
ကျွန်​တော်​မျိုး​သည်​အိမ်​နှင့်​ဝေး​ကွာ​လျက် စိတ်​ပျက်​အား​လျော့​လျက်​နေ​သ​ဖြင့် ကိုယ်​တော်​ရှင်​အား​ဟစ်​ခေါ်​ပါ​၏။ ကျွန်​တော်​မျိုး​အား​ဘေး​မဲ့​လုံ​ခြုံ​ရာ​သို့ ပို့​ဆောင်​တော်​မူ​ပါ။
3 Porque tú has sido mi refugio, [y] torre de fortaleza delante del enemigo.
ကိုယ်​တော်​ရှင်​သည်​ရန်​သူ​တို့​၏​ဘေး​မှ ကျွန်​တော်​မျိုး​အား​ကွယ်​ကာ​စောင့်​ထိန်း တော်​မူ​သော​အ​ရှင်၊ ကျွန်​တော်​မျိုး​အ​တွက်​ခိုင်​ခံ့​သော​ရဲ​တိုက် ဖြစ်​တော်​မူ​ပါ​၏။
4 Yo habitaré en tu tabernáculo para siempre: estaré seguro bajo la cubierta de tus alas.
ကျွန်​တော်​မျိုး​အား​ကိုယ်​တော်​ရှင်​၏​တဲ​တော်​တွင် တစ်​သက်​လုံး​နေ​ခွင့်​ကို​ပေး​တော်​မူ​ပါ။ ကိုယ်​တော်​၏​အ​တောင်​တော်​အ​ရိပ်​အောက်​တွင် ဘေး​မဲ့​လုံ​ခြုံ​စွာ​ခို​လှုံ​ခွင့်​ကို​ပေး​တော်​မူ​ပါ။
5 Porque tú, oh Dios, has oído mis votos, has dado heredad á los que temen tu nombre.
အို ဘု​ရား​သ​ခင်၊ ကိုယ်​တော်​ရှင်​သည်​ကျွန်​တော်​မျိုး​ပြု​သည့် က​တိ​သစ္စာ​ကို​ကြား​တော်​မူ​ပါ​ပြီ။ ကိုယ်​တော်​၏​ဂုဏ်​တော်​ကို​ချီး​ကူး​ကြ​သူ တို့​အား ပေး​တော်​မူ​သည့်​ပြည်​တော်​နှင့် ကောင်း​ကျိုး​ချမ်း​သာ​ကို​ကျွန်​တော်​မျိုး အား ပေး​တော်​မူ​ပါ​ပြီ။
6 Días sobre días añadirás al rey: sus años serán como generación y generación.
မင်း​ကြီး​အား​သက်​တော်​ရာ​ကျော်​ရှည်​စေ တော်​မူ​ပါ။ ကာ​လ​အ​စဉ်​အ​ဆက်​သက်​တော်​ရှည်​စေ​တော် မူ​ပါ။
7 Estará para siempre delante de Dios: misericordia y verdad prepara que lo conserven.
အို ဘု​ရား​သ​ခင်၊ သူ​သည်​ကိုယ်​တော်​ရှင်​၏​ရှေ့​တော်​တွင်​ထာ​ဝ​စဉ် အုပ်​စိုး​စေ​တော်​မူ​ပါ။ ကိုယ်​တော်​ရှင်​၏​ခိုင်​မြဲ​သော​မေတ္တာ​တော်​နှင့် သစ္စာ​တော်​အား​ဖြင့် သူ့​အား​ကာ​ကွယ်​စောင့်​ထိန်း​တော်​မူ​ပါ။
8 Así cantaré tu nombre para siempre, pagando mis votos cada día.
သို့​ဖြစ်​၍​ကျွန်​တော်​မျိုး​သည်​မိ​မိ​၏ က​တိ​သစ္စာ​ဝတ်​ကို​နေ့​စဉ်​ဖြေ​လျက် ကိုယ်​တော်​ရှင်​အား​အ​စဉ်​အ​မြဲ ထော​မ​နာ​သီ​ချင်း​ဆို​ပါ​မည်။

< Salmos 61 >