< Salmos 106 >

1 ALELUYA. Alabad á Jehová, porque es bueno; porque para siempre [es] su misericordia.
ထာ​ဝ​ရ​ဘု​ရား​အား​ထော​မ​နာ​ပြု​ကြ​လော့။ ကိုယ်​တော်​သည်​ကောင်း​မြတ်​တော်​မူ​သည်​ဖြစ်​၍ ကျေး​ဇူး​တော်​ကို​ချီး​မွမ်း​ကြ​လော့။ ကိုယ်​တော်​၏​မေတ္တာ​တော်​သည်​ထာ​ဝ​ရ​တည် ၏။
2 ¿Quién expresará las valentías de Jehová? ¿[quién] contará sus alabanzas?
အ​ဘယ်​သူ​သည်​ကိုယ်​တော်​၏​အံ့​သြ​ဖွယ်​ကောင်း သော အ​မှု​တော်​အ​ပေါင်း​တို့​ကို​ဖော်​ပြ​နိုင်​ပါ​သ​နည်း။ အ​ဘယ်​သူ​သည်​ကိုယ်​တော်​၏​ဂုဏ်​တော်​ရှိ သ​မျှ​ကို ဖော်​ကူး​နိုင်​ပါ​သ​နည်း။
3 Dichosos los que guardan juicio, los que hacen justicia en todo tiempo.
တ​ရား​မျှ​တ​စွာ​ပြု​မူ​၍​အ​မှန်​တ​ရား​ကို အ​စဉ် ကျင့်​သုံး​သူ​တို့​သည်​မင်္ဂလာ​ရှိ​ကြ​၏။
4 Acuérdate de mí, oh Jehová, según [tu] benevolencia para con tu pueblo: visítame con tu salud;
အို ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​ရှင်​၏​လူ​စု​တော်​အား ကူ​မ​တော်​မူ​သော​အ​ခါ ကျွန်​တော်​မျိုး​ကို​လည်း​သ​တိ​ရ​တော်​မူ​ပါ။ သူ​တို့​အား​ကယ်​တော်​မူ​သော​အ​ခါ ကျွန်​တော်​မျိုး​ကို​လည်း​ကယ်​တော်​မူ​ပါ။
5 Para que yo vea el bien de tus escogidos, para que me goce en la alegría de tu gente, y me gloríe con tu heredad.
ကိုယ်​တော်​ရှင်​၏​လူ​စု​တော်​ကောင်း​စား​သည်​ကို ကျွန်​တော်​မျိုး​မြင်​ပါ​ရ​စေ။ ကိုယ်​တော်​ရှင်​၏​ပြည်​တော်​သား​များ ဝမ်း​မြောက်​ရာ​၌​လည်း​ကောင်း၊ ကိုယ်​တော်​ပိုင်​တော်​မူ​သော​သူ​တို့​ရွှင်​လန်း​အား ရ​စွာ ဂုဏ်​ယူ​ဝါ​ကြွား​ရာ​၌​လည်း​ကောင်း​ကျွန်​တော်​မျိုး ပါ​ဝင်​ပါ​ရ​စေ။
6 Pecamos con nuestros padres, hicimos iniquidad, hicimos impiedad.
ကျွန်​တော်​မျိုး​တို့​သည်​ဘိုး​ဘေး​များ​နည်း​တူ အ​ပြစ်​ကူး​ကြ​ပါ​ပြီ။ ယုတ်​မာ​ဆိုး​ညစ်​ကြ ပါ​ပြီ။
7 Nuestros padres en Egipto no entendieron tus maravillas; no se acordaron de la muchedumbre de tus misericordias; sino que se rebelaron junto á la mar, en el mar Bermejo.
ကျွန်​တော်​မျိုး​တို့​၏​ဘိုး​ဘေး​များ​သည်​အီ​ဂျစ် ပြည်​၌ ဘု​ရား​သ​ခင်​ပြု​တော်​မူ​သော​အံ့​သြ​ဖွယ်​ရာ အ​မှု​တော်​ကို​နား​မ​လည်​ကြ​ပါ။ သူ​တို့​အား​ကြိမ်​ဖန်​များ​စွာ​ပြ​တော်​မူ​သော မေတ္တာ​တော်​ကို​မေ့​လျော့​ကြ​ပါ​၏။ ထို​နောက်​ပင်​လယ်​နီ​အ​နီး​တွင်​အ​နန္တ တန်​ခိုး​ရှင်​ကို ပုန်​ကန်​ကြ​ပါ​၏။
8 Salvólos empero por amor de su nombre, para hacer notoria su fortaleza.
သို့​ရာ​တွင်​ကိုယ်​တော်​သည်​မိ​မိ​၏ မ​ဟာ​တန်​ခိုး​တော်​ကို​ပြ​ရန် က​တိ​တော်​ရှိ​သည်​အ​တိုင်း​သူ​တို့​အား ကယ်​တော်​မူ​ပါ​၏။
9 Y reprendió al mar Bermejo, y secólo; é hízoles ir por el abismo, como por un desierto.
ကိုယ်​တော်​သည်​ပင်​လယ်​နီ​ကို​အ​မိန့်​ပေး​တော် မူ​လျှင် ယင်း​သည်​ခန်း​ခြောက်​၍​သွား​၏။ ထို​နောက်​မိ​မိ​၏​လူ​စု​တော်​အား​ခန်း​ခြောက်​သော ပင်​လယ်​ကို​ဖြတ်​စေ​ရန်​ပို့​ဆောင်​တော်​မူ​၏။
10 Y salvólos de mano del enemigo, y rescatólos de mano del adversario.
၁၀ကိုယ်​တော်​သည်​သူ​တို့​ကို​မုန်း​သော​သူ​တို့​၏​လက်​မှ ကယ်​တော်​မူ​၏။ သူ​တို့​၏​ရန်​သူ​များ​လက်​မှ​ကယ်​ဆယ်​တော်​မူ​၏။
11 Y cubrieron las aguas á sus enemigos: no quedó uno de ellos.
၁၁သူ​တို့​၏​ရန်​သူ​များ​သည်​ရေ​နစ်​၍​သေ​ကြ​ကုန်​၏။ တစ်​စုံ​တစ်​ယောက်​မျှ​အ​သက်​ရှင်​၍​မ​ကျန်​ခဲ့။
12 Entonces creyeron á sus palabras, y cantaron su alabanza.
၁၂ထို​အ​ခါ​ကိုယ်​တော်​၏​လူ​စု​တော်​သည်​က​တိ​တော်​ကို ယုံ​ကြည်​ကြ​လျက် ကိုယ်​တော်​အား​ထော​မ​နာ​သီ​ချင်း​ဆို ကြ​၏။
13 Apresuráronse, olvidáronse de sus obras; no esperaron en su consejo.
၁၃သို့​ရာ​တွင်​သူ​တို့​သည်​ကိုယ်​တော်​ပြု​တော်​မူ​သည့် အ​မှု​တော်​ကို​လျင်​မြန်​စွာ​မေ့​ပျောက်​လိုက်​ပြီး​လျှင် ကိုယ်​တော်​၏​လမ်း​ညွှန်​တော်​မူ​ချက်​ကို​မ​ခံ​ယူ​ဘဲ ပြု​မူ​ကျင့်​ကြံ​ကြ​၏။
14 Y desearon con ansia en el desierto; y tentaron á Dios en la soledad.
၁၄သူ​တို့​သည်​တော​ကန္တာ​ရ​၌​အာ​သာ​ရမ္မက် ဖြစ်​ပေါ်​လာ​သည့်​အ​လျောက် ဘု​ရား​သ​ခင်​အား​သွေး​စမ်း​ကြ​၏။
15 Y él les dió lo que pidieron; mas envió flaqueza en sus almas.
၁၅သို့​ဖြစ်​၍​ကိုယ်​တော်​သည်​သူ​တို့​တောင်း​ခံ​သည့် အ​ရာ​ကို​ချ​ပေး​တော်​မူ​သော်​လည်း သူ​တို့​အား​ရော​ဂါ​ဆိုး​စွဲ​ကပ်​စေ​တော် မူ​၏။
16 Tomaron después celo contra Moisés en el campo, [y] contra Aarón el santo de Jehová.
၁၆သဲ​ကန္တာ​ရ​တွင်​သူ​တို့​သည်​မော​ရှေ​အား​လည်း​ကောင်း၊ ဘု​ရား​သ​ခင်​၏​သန့်​ရှင်း​မြင့်​မြတ်​သည့်​အ​စေ​ခံ အာ​ရုန်​အား​လည်း​ကောင်း​ငြူ​စူ​ကြ​၏။
17 Abrióse la tierra, y tragó á Dathán, y cubrió la compañía de Abiram.
၁၇ထို​အ​ခါ​မြေ​ကြီး​သည်​အက်​ကွဲ​၍ ဒါ​သန်​ကို​လည်း​ကောင်း၊ အ​ဘိ​ရံ​နှင့်​အိမ်​ထောင်​စု​သား​တို့​ကို​လည်း​ကောင်း မျို​လေ​၏။
18 Y encendióse el fuego en su junta; la llama quemó los impíos.
၁၈မီး​လျှံ​သည်​သူ​တို့​၏​နောက်​လိုက်​သူ​ယုတ်​မာ​တို့ အ​ပေါ်​သို့​ကျ​၍​ကျွမ်း​လောင်​စေ​၏။
19 Hicieron becerro en Horeb, y encorváronse á un vaciadizo.
၁၉သူ​တို့​သည်​သိ​နာ​တောင်​အ​နီး​တွင် ရွှေ​ဖြင့်​နွား​သ​ငယ်​ရုပ်​ကို​သွန်း​လုပ်​ကြ​ပြီး နောက် ရှိ​ခိုး​ကြ​၏။
20 Así trocaron su gloria por la imagen de un buey que come hierba.
၂၀သူ​တို့​သည်​ဘု​ရား​သ​ခင်​၏​ဘုန်း​အ​သ​ရေ တော်​ကို မြက်​စား​တိ​ရစ္ဆာန်​ရုပ်​နှင့်​အ​စား​ထိုး​ကြ​ကုန်​၏။
21 Olvidaron al Dios de su salud, que había hecho grandezas en Egipto;
၂၁အီ​ဂျစ်​ပြည်​တွင်​အံ့​သြ​ဖွယ်​ကောင်း​သော အ​မှု​တော်​များ​ဖြင့် မိ​မိ​တို့​အား​ကယ်​တော်​မူ​ခဲ့​သော​ဘု​ရား​သ​ခင်​ကို မေ့​လျော့​ကြ​၏။
22 Maravillas en la tierra de Châm, cosas formidables sobre el mar Bermejo.
၂၂ထို​ပြည်​တွင်​ကိုယ်​တော်​ပြု​တော်​မူ​သော အ​မှု​တော်​တို့​သည် အံ့​သြ​ဖွယ်​ကောင်း​လှ​ပါ​သည်​တ​ကား။ ပင်​လယ်​အ​နီး​တွင်​ပြု​တော်​မူ​သော​အ​မှု တော်​တို့​သည် အံ့​ဖွယ်​သူ​ရဲ​ဖြစ်​လှ​ပါ​သည်​တ​ကား။
23 Y trató de destruirlos, á no haberse puesto Moisés su escogido al portillo delante de él, á fin de apartar su ira, para que no [los] destruyese.
၂၃ဘု​ရား​သ​ခင်​သည်​မိ​မိ​၏​လူ​စု​တော်​အား သုတ်​သင်​ဖျက်​ဆီး​တော်​မူ​မည်​ဟု​မိန့်​တော်​မူ သော​အ​ခါ ကိုယ်​တော်​ရွေး​ချယ်​တော်​မူ​သည့်​အ​စေ​ခံ မော​ရှေ​သည် ဆီး​တား​သ​ဖြင့် အ​မျက်​တော်​ထွက်​၍​ထို​သူ​တို့​အား​သုတ်​သင် ဖျက်​ဆီး​တော်​မ​မူ။
24 Empero aborrecieron la tierra deseable: no creyeron á su palabra;
၂၄ထို​နောက်​သူ​တို့​သည်​သာ​ယာ​သော​ပြည်​သို့ ဝင်​ရန် ငြင်း​ဆန်​ကြ​သည်။ အ​ဘယ်​ကြောင့်​ဆို​သော်​သူ​တို့​သည်​ဘု​ရား​သ​ခင်​၏ က​တိ​တော်​ကို​မ​ယုံ​ကြ​သော​ကြောင့်​ဖြစ်​၏။
25 Antes murmuraron en sus tiendas, y no oyeron la voz de Jehová.
၂၅သူ​တို့​သည်​မိ​မိ​တို့​၏​တဲ​များ​တွင်​နေ​၍ ညည်း​ညူ​ကြ​၏။ ထာ​ဝ​ရ​ဘု​ရား​၏​စ​ကား​တော်​ကို​နား​မ ထောင်​ကြ။
26 Por lo que alzó su mano á ellos, en orden á postrarlos en el desierto,
၂၆သို့​ဖြစ်​၍​ကိုယ်​တော်​သည်​သူ​တို့​အား​တော ကန္တာ​ရ​တွင် သေ​စေ​မည်​ဖြစ်​ကြောင်း​ကို​လည်း​ကောင်း၊ သူ​တို့​၏​သား​မြေး​များ​အား​ဘု​ရား​မဲ့​သူ​တို့ ထံ​တွင် ကွဲ​လွင့်​စေ​လျက်​တိုင်း​တစ်​ပါး​တွင် သေ​စေ​မည်​ဖြစ်​ကြောင်း​ကို​လည်း​ကောင်း ကြပ်​တည်း​စွာ သ​တိ​ပေး​တော်​မူ​၏။
27 Y humillar su simiente entre las gentes, y esparcirlos por las tierras.
၂၇
28 Allegáronse asimismo á Baal-peor, y comieron los sacrificios de los muertos.
၂၈ထို​နောက်​ဘု​ရား​သ​ခင်​၏​လူ​စု​တော်​သည် ဗာ​လ​ဘု​ရား​ကို​ပေ​ဂု​ရ​အ​ရပ်​တွင်​ရှိ​ခိုး ဝတ်​ပြု​၍ သက်​မဲ့​ဘု​ရား​များ​ကို​ပူ​ဇော်​သည့်​ယဇ်​ကောင်​သား​ကို စား​ကြ​၏။
29 Y ensañaron [á Dios] con sus obras, y desarrollóse la mortandad en ellos.
၂၉သူ​တို့​သည်​ယင်း​သို့​ပြု​မူ​ခြင်း​အား​ဖြင့် ထာ​ဝ​ရ​ဘု​ရား​၏​အ​မျက်​တော်​ကို လှုံ့​ဆော်​ပေး​ကြ​ရာ​သူ​တို့​တွင်​ရော​ဂါ​ဆိုး ကပ်​ရောက်​လေ​၏။
30 Entonces se levantó Phinees, é hizo juicio; y se detuvo la plaga.
၃၀သို့​ရာ​တွင်​ဖိ​န​ဟတ်​သည်​ထ​၍ အ​ပြစ်​ရှိ​သူ​တို့​ကို​ဒဏ်​စီ​ရင်​လိုက်​သ​ဖြင့် ကပ်​ရော​ဂါ​သည်​ငြိမ်း​လေ​၏။
31 Y fuéle contado á justicia de generación en generación para siempre.
၃၁ဖိ​န​ဟတ်​ပြု​ခဲ့​သည့်​ကျေး​ဇူး​ကို​ယ​နေ့​တိုင်​အောင် လူ​တို့​သ​တိ​ရ​ကြ​ကုန်​၏။ နောင်​ကာ​လ​အ​စဉ်​မ​ပြတ်​လည်း သ​တိ​ရ​ကြ​ပေ​လိမ့်​မည်။
32 También le irritaron en las aguas de Meriba: é hizo mal á Moisés por causa de ellos;
၃၂သူ​တို့​သည်​မေ​ရိ​ဘ​စမ်း​ချောင်း​အ​နီး​တွင် ထာ​ဝ​ရ​ဘု​ရား​အား​အ​မျက်​ထွက်​စေ​ကြ​၏။ သူ​တို့​အ​တွက်​ကြောင့်​မော​ရှေ​သည်​ဒုက္ခ​ရောက် ရ​၏။
33 Porque hicieron se rebelase su espíritu, como lo expresó con sus labios.
၃၃သူ​တို့​သည်​မော​ရှေ​အား​လွန်​စွာ စိတ်​နာ​ကြည်း​စေ​သ​ဖြင့်​သူ​မ​စဉ်း​စား မ​ဆင်​ခြင်​ဘဲ​စ​ကား​ပြော​မိ​၏။
34 No destruyeron los pueblos que Jehová les dijo;
၃၄သူ​တို့​သည်​ခါ​နာန်​အ​မျိုး​သား​တို့​အား သုတ်​သင်​ပစ်​ရန်​ထာ​ဝ​ရ​ဘု​ရား​စေ​ခိုင်း တော်​မူ​သည့်​အ​တိုင်း​မ​ပြု​မ​လုပ်​ကြ​ဘဲ
35 Antes se mezclaron con las gentes, y aprendieron sus obras,
၃၅ထို​သူ​တို့​နှင့်​ထိမ်း​မြား​မင်္ဂ​လာ​ပြု​လျက်​သူ​တို့​၏ ဋ္ဌ​လေ့​ထုံး​စံ​များ​ကို​လိုက်​နာ​ကျင့်​သုံး​ကြ​၏။
36 Y sirvieron á sus ídolos; los cuales les fueron por ruina.
၃၆ဘု​ရား​သ​ခင်​၏​လူ​စု​တော်​သည်​ရုပ်​တု​များ​ကို ရှိ​ခိုး​ကြ​သ​ဖြင့်​ပျက်​စီး​ဆုံး​ရှုံး​ရ ကြ​၏။
37 Y sacrificaron sus hijos y sus hijas á los demonios;
၃၇သူ​တို့​သည်​မိ​မိ​တို့​၏​သား​သ​မီး​များ​ကို ယဇ်​ကောင်​များ​အ​ဖြစ်​ဖြင့်​ခါ​နာန်​ရုပ်​တု​တို့​အား ပူ​ဇော်​ကြ​၏။
38 Y derramaron la sangre inocente, la sangre de sus hijos y de sus hijas, que sacrificaron á los ídolos de Canaán: y la tierra fué contaminada con sangre.
၃၈သူ​တို့​သည်​မိ​မိ​တို့​၏​အ​ပြစ်​မဲ့​သူ သား​သ​မီး​အ​ရင်း​အ​ချာ​များ​ကို​သတ် ဖြတ်​ကာ ခါ​နာန်​ရုပ်​တု​များ​အား​ပူ​ဇော်​ကြ​ရာ​တိုင်း​ပြည်​ကို ညစ်​ညမ်း​စေ​ကြ​၏။
39 Contamináronse así con sus obras, y fornicaron con sus hechos.
၃၉ယင်း​သို့​သတ်​ဖြတ်​မှု​များ​ဖြင့်​မိ​မိ​တို့​ကိုယ်​ကို ညစ်​ညမ်း​စေ​ကြ​၏။ ယင်း​သို့​ပြု​မူ​ကြ​ခြင်း​အား​ဖြင့်​ဘု​ရား​သ​ခင် ကို​လည်း သစ္စာ​ဖောက်​ကြ​၏။
40 Encendióse por tanto el furor de Jehová sobre su pueblo, y abominó su heredad:
၄၀သို့​ဖြစ်​၍​ထာ​ဝ​ရ​ဘု​ရား​သည်​မိ​မိ​၏​လူ​စု တော်​အား အ​မျက်​ထွက်​တော်​မူ​၏။ သူ​တို့​အား​စက်​ဆုပ်​ရွံ​ရှာ​တော်​မူ​၏။
41 Y entrególos en poder de las gentes, y enseñoreáronse de ellos los que los aborrecían.
၄၁ကိုယ်​တော်​သည်​သူ​တို့​အား​အ​ခြား​လူ​မျိုး​တို့​၏ လက်​တွင်​စွန့်​ပစ်​၍​ထား​တော်​မူ​သ​ဖြင့် ရန်​သူ​များ​သည်​သူ​တို့​ကို​အ​စိုး​ရ​ကြ​ကုန်​၏။
42 Y sus enemigos los oprimieron, y fueron quebrantados debajo de su mano.
၄၂သူ​တို့​သည်​ရန်​သူ​များ​၏​ဖိ​စီး​နှိပ်​စက်​မှု​ကို ခံ​ရ​ကြ​ကာ​လက်​အောက်​ခံ​များ​ဖြစ်​လာ​ရ ကြ​၏။
43 Muchas veces los libró; mas ellos se rebelaron á su consejo, y fueron humillados por su maldad.
၄၃ထာ​ဝ​ရ​ဘု​ရား​သည်​မိ​မိ​၏​လူ​စု​တော်​အား ကြိမ်​ဖန်​များ​စွာ​ကယ်​ဆယ်​တော်​မူ​ခဲ့​သော်​လည်း သူ​တို့​သည်​ကိုယ်​တော်​အား​ပုန်​ကန်​မြဲ ပုန်​ကန်​ကြ​သ​ဖြင့် အ​ပြစ်​နွံ​တွင်​ပို​၍​သာ​နစ်​ကြ​ကုန်​၏။
44 El con todo, miraba cuando estaban en angustia, y oía su clamor:
၄၄သို့​ရာ​တွင်​သူ​တို့​ဟစ်​အော်​ကြ​သော​အ​ခါ ထာ​ဝ​ရ​ဘု​ရား​ကြား​တော်​မူ​၍​သူ​တို့​၏ ဆင်း​ရဲ​ဒုက္ခ​ကြောင့်​သူ​တို့​ကို​သနား​တော်​မူ​၏။
45 Y acordábase de su pacto con ellos, y arrepentíase conforme á la muchedumbre de sus miseraciones.
၄၅ကိုယ်​တော်​သည်​သူ​တို့​၏​အ​ကျိုး​ကို​ထောက်​၍ ပ​ဋိ​ညာဉ်​တော်​ကို​သ​တိ​ရ​တော်​မူ​၏။ မေတ္တာ​တော်​သည်​ကြီး​မား​တော်​မူ​သည် ဖြစ်​၍ အ​မျက်​ပြေ​တော်​မူ​၏။
46 Hizo asimismo tuviesen de ellos misericordia todos los que los tenían cautivos.
၄၆သူ​တို့​အား​ဖမ်း​ဆီး​ချုပ်​နှောင်​ထား​ကြ​သူ​တို့​၏ စိတ်​နှ​လုံး​တွင်​သ​နား​တတ်​သော​သ​ဘော​ကို သွင်း​ပေး​တော်​မူ​၏။
47 Sálvanos, Jehová Dios nuestro, y júntanos de entre las gentes, para que loemos tu santo nombre, para que nos gloriemos en tus alabanzas.
၄၇ကျွန်​တော်​မျိုး​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ ဘု​ရား၊ ကျွန်​တော်​မျိုး​တို့​အား​ကယ်​မူ​ပါ​၏။ ကိုယ်​တော်​ရှင်​၏​သန့်​ရှင်း​မြင့်​မြတ်​သည့်​နာ​မ တော်​ကို ထော​မ​နာ​ပြု​နိုင်​ကြ​စေ​ရန်​လည်း​ကောင်း၊ ကိုယ်​တော်​၏​ကျေး​ဇူး​တော်​ကို​ချီး​မွမ်း​နိုင် ကြ​စေ​ရန်​လည်း​ကောင်း ကျွန်​တော်​မျိုး​တို့​အား​လူ​မျိုး​တ​ကာ​တို့ အ​ထဲ​မှ ပြန်​လည်​ခေါ်​ဆောင်​တော်​မူ​ပါ။
48 Bendito Jehová Dios de Israel, desde el siglo y hasta el siglo: y diga todo el pueblo, Amén. Aleluya.
၄၈ဣသ​ရေ​လ​အ​မျိုး​သား​တို့​၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​အား​ထော​မ​နာ​ပြု​ကြ လော့။ ကိုယ်​တော်​အား​ယ​ခု​မှ​စ​၍​ကမ္ဘာ​အ​ဆက်​ဆက် ထော​မ​နာ​ပြု​ကြ​လော့။ လူ​အ​ပေါင်း​တို့​သည်​အာ​မင်​ဟု​ဆို​ကြ​စေ။ ထာ​ဝ​ရ​ဘု​ရား​အား​ထော​မ​နာ​ပြု​ကြ လော့။

< Salmos 106 >