< Nahum 2 >

1 SUBIÓ destruidor contra ti: guarda la fortaleza, mira el camino, fortifica los lomos, fortalece mucho la fuerza.
အို နိ​နေ​ဝေ​မြို့၊ရန်​သူ​သည်​သင့်​ကို​တိုက်​ခိုက် လျက်​ရှိ​၏။ သင်​တို့​ချေ​မှုန်း​ပစ်​မည့်​သူ​သည်​ရောက်​ရှိ​လာ လေ​ပြီ။ သင်​၏​ခံ​တပ်​များ​ကို​ကြီး​ကြပ်​အုပ်​ချုပ်​လော့။ လမ်း​တွင်​အ​စောင့်​ချ​ထား​လော့။ တိုက်​ပွဲ​ဝင်​ရန်​အ​သင့်​ပြင်​ဆင်​လော့။
2 Porque Jehová restituirá la gloria de Jacob como la gloria de Israel; porque vaciadores los vaciaron, y estropearon sus mugrones.
(ထာ​ဝ​ရ​ဘု​ရား​သည် ဣ​သ​ရေ​လ​ပြည်​သား ရန်​သူ​များ​လု​ယက်​တိုက်​ခိုက်​မှု​မ​ပြု​မီ အ​ခါ​က အ​ခြေ​အ​နေ​သို့​ပြန်​လည်​ရောက် ရှိ​စေ​တော်​မူ​တော့​အံ့။)
3 El escudo de sus valientes será bermejo, los varones de [su] ejército vestidos de grana: el carro como fuego de hachas; el día que se aparejará, temblarán las hayas.
ရန်​သူ​စစ်​သူ​ရဲ​တို့​သည်​ဒိုင်း​လွှား​နီ​များ ကို​ကိုင်​ဆောင်​ကာ ဆင်​တူ​ဝတ်​စုံ​နီ​များ​ကို​ဝတ်​ဆင်​ထား​ကြ​၏။ သူ​တို့​သည်​တိုက်​ခိုက်​ရန်​အ​သင့်​ပြင်​ဆင်​လျက် ရှိ​ကြ​၏။ သူ​တို့​၏​စစ်​မြင်း​ရ​ထား​များ​သည်​မီး​လျှံ သ​ဖွယ် တောက်​ပ​လျက်၊ သူ​တို့​၏​မြင်း​များ​သည်​ခုန်​ပေါက်​၍​နေ​ကြ​၏။
4 Los carros se precipitarán á las plazas, discurrirán por las calles: su aspecto como hachas encendidas; correrán como relámpagos.
စစ်​မြင်း​ရ​ထား​တို့​သည်​လမ်း​များ​တွင်​အ​ပြင်း နှင်​ကာ၊ လူ​ထု​စု​ဝေး​ရာ​ကွက်​လပ်​များ​တွင် အ​စုံ​အ​ဆန်​ပြေး​ကြ​ကုန်​၏။ ယင်း​တို့​သည်​မီး​ရှူး​တိုင်​များ​သ​ဖွယ် တောက်​ပ​လျက်၊ လျှပ်​စစ်​ပြက်​သ​ကဲ့​သို့​လျင်​မြန်​ကြ​၏။
5 Acordaráse él de sus valientes; andando tropezarán; se apresurarán á su muro, y la cubierta se aparejará.
တပ်​မှူး​တို့​ကို​ဆင့်​ခေါ်​လိုက်​သော​အ​ခါ သူ​တို့​သည်​ခ​လုတ်​တိုက်​၍​ပြို​လဲ​မ​တတ် ရှေ့​သို့​ချီ​တက်​လာ​ကြ​၏။ ထိုး​စစ်​ဆင်​သူ​တို့​သည်​မြို့​ရိုး​ရှိ​ရာ​သို့ အ​လျင်​အမြန် ပြေး​လာ​ပြီး​လျှင်၊ဒိုင်း​လွှား​များ​ဖြင့် အ​ကွယ်​အ​ကာ​ယူ​ကာ​ခံ​တပ်​ဖြို​သော တင်း​ပုတ်​ကြီး​များ​ကို​တပ်​ဆင်​ကြ​၏။
6 Las puertas de los ríos se abrirán, y el palacio será destruído.
မြစ်​အ​နီး​ရှိ​မြို့​တံ​ခါး​များ​သည်​ရုတ်​တ​ရက် ပွင့်​ထွက်​လာ​လေ​ပြီ။ နန်း​တော်​တွင်​လည်း​ကြောက်​စိတ်​လွှမ်း​လျက် နေ​တော့​၏။
7 Y la reina fué cautiva; mandarle han que suba, y sus criadas la llevarán gimiendo como palomas, batiendo sus pechos.
မိ​ဖု​ရား​သည်​အ​ဖမ်း​ခံ​ပြီး​ဖြစ်​၍ ရံ​ရွေ​တော်​တို့​သည်​ချိုး​ငှက်​များ​ကဲ့​သို့ ညည်း​တွား​ငို​ယို​ကြ​ကုန်​၏။ သူ​တို့​သည်​ဝမ်း​နည်း​ကြေ​ကွဲ​သ​ဖြင့်​မိ​မိ​တို့ ရင်​ဘတ်​များ​ကို​တီး​ကြ​၏။
8 Y fué Nínive de tiempo antiguo como estanque de aguas; mas ellos huyen: Parad, parad; y ninguno mira.
တာ​ကျိုး​မှ​စီး​ထွက်​သည့်​ရေ​ကဲ့​သို့​လူ​တို့​သည် နိ​နေ​ဝေ​မြို့​မှ​တစ်​ဟုန်​တည်း​ထွက်​ပြေး​ကြ​၏။ သူ​တို့​အား`ရပ်​တန့်​လော့၊ရပ်​တန့်​လော့' ဟု ဟစ်​အော်​ပြော​ဆို​ပါ​သော်​လည်း၊အ​ဘယ်​သူ​မျှ လှည့်​၍​မ​ကြည့်​ကြ။
9 Saquead plata, saquead oro: no hay fin de las riquezas [y] suntuosidad de todo ajuar de codicia.
ငွေ​တို့​ကို​လု​ယူ​ကြ​လော့။ ရွှေ​တို့​ကို​လု​ယူ ကြ​လော့။ ဤ​မြို့​သည်​ဥစ္စာ​ရ​တ​နာ​ပေါ​များ​ကြွယ်​ဝ သော​မြို့ ဖြစ်​ပါ​သည်​တ​ကား။
10 Vacía, y agotada, y despedazada está, y el corazón derretido: batimiento de rodillas, y dolor en todos riñones, y los rostros de todos tomarán negrura.
၁၀နိ​နေ​ဝေ​မြို့​သည်​ပျက်​စီး​၍​သွား​လေ​ပြီ။ လူ​သူ​မ​ရှိ။ ဆိတ်​ညံ​ရာ​ဖြစ်​လျက်​နေ​၏။ လူ​တို့​သည်​အ​လွန်​ကြောက်​လန့်​သ​ဖြင့်​နှ​လုံး ခုန်​ရပ်​လု​နီး၊ ဒူး​များ​တုန်​လျက်​အား​အင်​ကုန်​ခန်း​၍​သွား​ကြ​၏။ သူ​တို့​၏​မျက်​နှာ​တွင်​လည်း​သွေး​မ​ရှိ​တော့။
11 ¿Qué es de la morada de los leones, y de la majada de los cachorros de los leones, donde se recogía el león, y la leona, y los cachorros del león, y no había quien les pusiese miedo?
၁၁ခြင်္သေ့​များ​ခို​အောင်း​ရာ​သား​ရဲ​တွင်း၊ခြင်္သေ့​ငယ် များ​ကို အ​စာ​ကျွေး​ရာ၊ ခြင်္သေ့​ကြီး​ငယ်​တို့​ဘေး​မဲ့​လုံ​ခြုံ​စွာ​လာ ရောက်​ခို​လှုံ​ရာ အ​ရပ်​နှင့်​တူ​သော​မြို့​သည် ယ​ခု​အ​ဘယ်​မှာ​ရှိ​သ​နည်း။
12 El león arrebataba en abundancia para sus cachorros, y ahogaba para sus leonas, y henchía de presa sus cavernas, y de robo sus moradas.
၁၂ခြင်္သေ့​သည်​သား​ကောင်​ကို​သတ်​ပြီး​လျှင်၊ ခြင်္သေ့​မ​နှင့် သား​ငယ်​တို့​အ​တွက် အ​ပိုင်း​ပိုင်း​အ​စ​စ​ဖြစ်​အောင်​ကိုက်​ဖြတ်​ကာ၊ ထို​အ​သား​စ​များ​ဖြင့်​မိ​မိ​သား​ရဲ​တွင်း​ကို ပြည့်​စေ​တတ်​၏။
13 Heme aquí contra ti, dice Jehová de los ejércitos. Encenderé y [reduciré] á humo [tus] carros, y espada devorará tus leoncillos; y raeré de la tierra tu robo, y nunca más se oirá voz de tus embajadores.
၁၃အ​နန္တ​တန်​ခိုး​ရှင်​ထာ​ဝရ​ဘု​ရား​က``ငါ​သည် သင်​၏​ရန်​သူ​ဖြစ်​၏။ သင့်​ရ​ထား​များ​ကို​ငါ မီး​ရှို့​ပစ်​မည်။ သင်​၏​စစ်​သည်​တပ်​သား​တို့​သည် စစ်​ပွဲ​တွင်​ကျ​ဆုံး​ကြ​လိမ့်​မည်။ သူ​တစ်​ပါး တို့​ထံ​မှ သင်​သိမ်း​ယူ​ထား​သည့်​ဥစ္စာ​ပစ္စည်း မှန်​သ​မျှ​ကို​ငါ​ဖယ်​ရှား​မည်။ သင်​၏​သံ​တ​မန် တို့​၏​တောင်း​ဆို​သံ​များ​ကို​ကြား​ကြ​ရ တော့​မည်​မ​ဟုတ်'' ဟု​မိန့်​တော်​မူ​၏။

< Nahum 2 >