< Josué 17 >
1 Y TUVO también suerte la tribu de Manasés, porque fué primogénito de José. Machîr, primogénito de Manasés, [y] padre de Galaad, el cual fué hombre de guerra, tuvo á Galaad y á Basán.
၁ယောသပ်၏သားဦးဖြစ်သောမနာရှေ၏ အဆက်အနွယ်မိသားစုအချို့တို့သည် လည်း ယော်ဒန်မြစ်အနောက်ဘက်ရှိနယ်မြေ တစ်စိတ်တစ်ဒေသကိုအပိုင်ရရှိကြလေ သည်။ ဂိလဒ်၏ဖခင်မာခိရသည်မနာရှေ ၏သားဦးဖြစ်သည်။ စစ်သူရဲကောင်းလည်း ဖြစ်သည်။ သို့ဖြစ်၍သူသည်ယော်ဒန်မြစ် အရှေ့ဘက်ရှိဂိလဒ်နယ်နှင့်ဗာရှန်နယ် တို့ကိုရရှိသည်။-
2 Tuvieron también [suerte] los otros hijos de Manasés conforme á sus familias: los hijos de Abiezer, y los hijos de Helec, y los hijos de Esriel, y los hijos de Sichêm, y los hijos de Hepher, y los hijos de Semida; estos fueron los hijos varones de Manasés hijo de José, por sus familias.
၂ယော်ဒန်မြစ်အနောက်ဘက်နယ်မြေကိုမနာ ရှေမှဆင်းသက်သောကျန်မိသားစုများရ ရှိကြသည်။ ယင်းမိသားစုတို့မှာအဗျေဇာ မိသားစု၊ ဟေလက်မိသားစု၊ အသရေလ မိသားစု၊ ရှေခင်မိသားစု၊ ဟေဖာမိသား စုနှင့်ရှမိဒမိသားစုတို့ဖြစ်ကြသည်။-
3 Pero Salphaad, hijo de Hepher, hijo de Galaad, hijo de Machîr, hijo de Manasés, no tuvo hijos, sino hijas, los nombres de las cuales son estos: Maala, Noa, Hogla, Milchâ, y Tirsa.
၃မနာရှေ၏တီ၊ မာခိရ၏မြစ်၊ ဂိလဒ်၏မြေး၊ ဟေဖာ၏သား၊ ဇလောဖဒ်တွင်သားယောကျာ်း မရှိ၊ သမီးများသာရှိသည်။ ထိုသမီးတို့ ၏နာမည်များမှာမာလာ၊ နောအာ၊ ဟော ဂလာ၊ မိလကာနှင့်တိရဇာဟူ၍ဖြစ်၏။-
4 Estas vinieron delante de Eleazar sacerdote, y de Josué hijo de Nun, y de los príncipes, y dijeron: Jehová mandó á Moisés que nos diese herencia entre nuestros hermanos. Y él les dió herencia entre los hermanos del padre de ellas, conforme al dicho de Jehová.
၄သူတို့သည်ယဇ်ပုရောဟိတ်ဧလာဇာ၊ နုန်၏ သားယောရှုနှင့်ခေါင်းဆောင်တို့ထံသို့ချဉ်း ကပ်၍``ကျွန်မတို့အားလည်းကောင်း၊ ကျွန်မ တို့၏ဆွေမျိုးသားချင်းဖြစ်သူအမျိုးသား တို့အားလည်းကောင်း ပိုင်ဆိုင်ရန်မြေပေးရ မည်ဟုထာဝရဘုရားသည်မောရှေကို မိန့်မှာခဲ့ပါသည်'' ဟုလျှောက်ထားသဖြင့် ထာဝရဘုရားမိန့်မှာတော်မူသည့်အတိုင်း သူတို့သည်သူတို့၏ဆွေမျိုးသားချင်းဖြစ် သူအမျိုးသားများနည်းတူမြေကိုရရှိ ကြသည်။-
5 Y cayeron á Manasés diez suertes á más de la tierra de Galaad y de Basán, que está de la otra parte del Jordán:
၅သို့ဖြစ်၍မနာရှေအနွယ်သည်ယော်ဒန်မြစ် အရှေ့ဘက်တွင် ဂိလဒ်နယ်နှင့်ဗာရှန်နယ် များအပြင်ဝေစုဆယ်စုကိုရရှိလေသည်။
6 Porque las hijas de Manasés poseyeron herencia entre sus hijos: y la tierra de Galaad fué de los otros hijos de Manasés.
၆မနာရှေအနွယ်အမျိုးသမီးနှင့် အမျိုးသား များပါနယ်မြေများကိုရရှိကြသဖြင့် ကျန် ရှိသောအခြားမနာရှေအဆက်အနွယ်တို့ သည်ဂိလဒ်နယ်ကိုရရှိကြလေသည်။
7 Y fué el término de Manasés desde Aser hasta Michmetat, la cual está delante de Sichêm; y va este término á la mano derecha, á los que habitan en Tappua.
၇မနာရှေနယ်မြေ၏နယ်နိမိတ်သည်အာရှာ နယ်မြေမှ ရှေခင်မြို့အရှေ့တွင်တည်ရှိသော မိတ်မေသမြို့အထိရောက်သည်။ ထိုနောက် နယ်နိမိတ်သည်တောင်ဘက်သို့ဖြတ်သွား ရာအင်တာပွာမြို့တွင် နေထိုင်သူများလည်း ပါဝင်လေသည်။-
8 Y la tierra de Tappua fué de Manasés; pero Tappua, que está junto al término de Manasés, es de los hijos de Ephraim.
၈အင်တာပွာမြို့သည်မနာရှေပိုင်နယ်မြေ အတွင်းပါရှိသော်လည်း မြို့ပတ်လည်တွင် တည်ရှိသောမြေမူကားဧဖရိမ်နယ်မြေ အတွင်း၌ရှိ၏။-
9 Y desciende este término al arroyo de Cana, hacia el mediodía del arroyo. Estas ciudades de Ephraim están entre las ciudades de Manasés: y el término de Manasés es desde el norte del mismo arroyo, y sus salidas son á la mar.
၉ထိုနောက်နယ်နိမိတ်သည်ကာနချောင်းဘက် သို့ဆင်းလာသည်။ ထိုချောင်းတောင်ဘက်ရှိ မြို့များသည်မနာရှေပိုင်နယ်မြေအတွင်း ၌တည်ရှိသော်လည်း ဧဖရိမ်အနွယ်ကပိုင် သည်။ မနာရှေနယ်မြေနယ်နိမိတ်သည်ကာန ချောင်းမြောက်ဘက်တစ်လျှောက်သွားပြီးလျှင် မြေထဲပင်လယ်တွင်အဆုံးသတ်သည်။-
10 Ephraim al mediodía, y Manasés al norte, y la mar es su término: y encuéntranse con Aser á la parte del norte, y con Issachâr al oriente.
၁၀ဧဖရိမ်နယ်မြေသည်ချောင်းတောင်ဘက်တွင် တည်ရှိ၍ မနာရှေနယ်မြေသည်ချောင်းမြောက် ဘက်တွင်တည်ရှိ၏။ မြေထဲပင်လယ်သည်ထို နယ်မြေနှစ်ခု၏အနောက်နယ်နိမိတ်ဖြစ် သည်။ အနောက်မြောက်ဘက်တွင်အာရှာနယ် မြေတည်ရှိ၍အရှေ့မြောက်ဘက်တွင် ဣသခါနယ်မြေတည်ရှိလေသည်။-
11 Tuvo también Manasés en Issachâr y en Aser á Beth-san y sus aldeas, é Ibleam y sus aldeas, y los moradores de Dor y sus aldeas, y los moradores de Endor y sus aldeas, y los moradores de Taanach y sus aldeas, y los moradores de Megiddo y sus aldeas: tres provincias.
၁၁မနာရှေအနွယ်သည်ဣသခါနှင့်အာရှာ နယ်မြေများအတွင်း၌တည်ရှိသောဗက်ရှန် မြို့၊ ဣဗလံမြို့နှင့်ပတ်ဝန်းကျင်ရှိမြို့များ အပြင်ဒေါရမြို့(ပင်လယ်ကမ်းခြေတွင်တည် ရှိသည်) အင်္ဒေါရမြို့၊ တာနက်မြို့၊ မေဂိဒ္ဒေါမြို့ နှင့်ပတ်ဝန်းကျင်ရှိမြို့များကိုပိုင်လေသည်။-
12 Mas los hijos de Manasés no pudieron echar [á los] de aquellas ciudades; antes el Cananeo quiso habitar en la tierra.
၁၂မနာရှေအနွယ်သည်ထိုမြို့များတွင်နေ ထိုင်သောခါနာန်အမျိုးသားတို့ကိုမနှင် ထုတ်နိုင်သဖြင့် သူတို့သည်ထိုအရပ် များတွင်ဆက်လက်နေထိုင်ကြသည်။-
13 Empero cuando los hijos de Israel tomaron fuerzas, hicieron tributario al Cananeo, mas no lo echaron.
၁၃ဣသရေလအမျိုးသားတို့သည်အင်အား ကြီးလာသော်လည်း ခါနာန်အမျိုးသား အားလုံးတို့ကိုမနှင်ထုတ်ဘဲမိမိတို့ ထံ၌အစေခံစေကြ၏။
14 Y los hijos de José hablaron á Josué, diciendo: ¿Por qué me has dado por heredad una sola suerte y una sola parte, siendo yo un pueblo tan grande y que Jehová me ha así bendecido hasta ahora?
၁၄ယောသပ်၏အဆက်အနွယ်ဝင်တို့က ယောရှု အား``ထာဝရဘုရားသည်အကျွန်ုပ်တို့အား ကောင်းချီးမင်္ဂလာချပေးတော်မူသဖြင့် လူ ဦးရေအလွန်များပြားလာပါသည်။ ကိုယ် တော်သည်အဘယ်ကြောင့်အကျွန်ုပ်တို့အား မြေဝေစုတစ်စုတည်းကိုသာပေးပါသ နည်း'' ဟုမေးလျှောက်ကြ၏။
15 Y Josué les respondió: Si eres pueblo tan grande, sube tú al monte, y corta para ti allí en la tierra del Pherezeo y de los gigantes, pues que el monte de Ephraim es angosto para ti.
၁၅ယောရှုက``သင်တို့တွင်လူဦးရေတိုးပွား များပြားသဖြင့် ဧဖရိမ်အတွက်ပေးသော တောင်ကုန်းဒေသသည်ကျဉ်းမြောင်းလျှင် ဖေရဇိနှင့်ရေဖိမ်အမျိုးသားများနေ ထိုင်ရာအရပ်ရှိတောများကိုခုတ်ထွင်၍ နေထိုင်ကြလော့'' ဟုပြန်ဖြေ၏။
16 Y los hijos de José dijeron: No nos bastará á nosotros [este] monte: y todos los Cananeos que habitan la tierra de la campiña, tienen carros herrados; los que están en Beth-san y en sus aldeas, y los que están en el valle de Jezreel.
၁၆ထိုအခါသူတို့က``တောင်ကုန်းဒေသသည် အကျွန်ုပ်တို့နေထိုင်ရန်အတွက်ကျဉ်းမြောင်း ပါသည်။ ဗက်ရှန်နှင့်ပတ်ဝန်းကျင်မြို့များ အနီးရှိမြေပြန့်၌လည်းကောင်း၊ ယေဇရေ လချိုင့်ဝှမ်း၌လည်းကောင်းနေထိုင်သော ခါနာန်အမျိုးသားများတွင်သံစစ်ရထား များရှိကြပါသည်'' ဟုလျှောက်ဆိုကြ၏။
17 Entonces Josué respondió á la casa de José, á Ephraim y Manasés, diciendo: Tú eres gran pueblo, y tienes gran fuerza; no tendrás una sola suerte;
၁၇ယောရှုကဧဖရိမ်နှင့် အနောက်မနာရှေ အနွယ်ဝင်တို့အား``သင်တို့သည်စင်စစ် အားဖြင့်လူဦးရေများပြား၍ခွန်အား ကြီးကြ၏။ သို့ဖြစ်၍သင်တို့သည်ဝေစု တစ်စုထပ်မံ၍ရစေမည်။-
18 Mas aquel monte será tuyo; que bosque es, y tú lo cortarás, y serán tuyos sus términos: porque tú echarás al Cananeo, aunque tenga carros herrados, y aunque sea fuerte.
၁၈တောင်ကုန်းဒေသကိုသင်တို့အားပေးမည်။ ထိုဒေသသည်သစ်တောဖြစ်သော်လည်း သင် တို့သည်တောကိုခုတ်ထွင်၍တစ်စွန်းမှတစ် စွန်းအထိနေထိုင်လော့။ ခါနာန်အမျိုးသား တို့တွင်သံစစ်ရထားများရှိ၍အင်အား ကောင်းသော်လည်းသင်တို့သည်သူတို့ကို နှင်ထုတ်နိုင်ကြလိမ့်မည်'' ဟုပြောဆို၏။