< Jeremías 18 >
1 LA palabra que fué á Jeremías de Jehová, diciendo:
၁ထာဝရဘုရားကငါ့အား``အိုးထိန်းသည်၏ အိမ်သို့သွားလော့။ သင့်အားငါဗျာဒိတ်ပေး တော်မူမည်'' ဟုမိန့်တော်မူသဖြင့်၊-
2 Levántate, y vete á casa del alfarero, y allí te haré oir mis palabras.
၂
3 Y descendí á casa del alfarero, y he aquí que él hacía obra sobre la rueda.
၃ငါသည်ထိုအရပ်သို့သွားရာအိုးထိန်းစက် ကိုလှည့်လည်နေသောအိုးထိန်းသည်ကိုမြင်၏။-
4 Y el vaso que él hacía de barro se quebró en la mano del alfarero; y tornó é hízolo otro vaso, según que al alfarero pareció mejor hacerlo.
၄သူသည်မိမိပြုလုပ်လျက်ရှိသည့်အိုးမြေ တွင်အပြစ်အနာအဆာကိုတွေ့သောအခါ ထိုအိုးမြေကိုယူ၍အခြားအရာဝတ္ထု တစ်ခုအဖြစ်သို့ပြောင်းလဲပြုလုပ်လိုက် လေသည်။
5 Entonces fué á mí palabra de Jehová, diciendo:
၅ထိုအခါထာဝရဘုရားကငါ့အား၊-
6 ¿No podré yo hacer de vosotros como este alfarero, oh casa de Israel, dice Jehová? He aquí que como el barro en la mano del alfarero, así sois vosotros en mi mano, oh casa de Israel.
၆``အိုးထိန်းသည်သည်ရွှံ့စေးကိုပြုသကဲ့သို့ ငါသည်လည်းသင်တို့ဣသရေလပြည်သား များအားမပြုနိုင်ပါသလော။ အို ဣသရေလ အမျိုးသားတို့၊ ရွှံ့စေးသည်အိုးထိန်းသည်၏ လက်တွင်း၌ရှိသကဲ့သို့ သင်တို့အမျိုးသား များသည်လည်းငါ၏လက်တွင်း၌ရှိကြ၏။-
7 En un instante hablaré contra gentes y contra reinos, para arrancar, y disipar, y destruir.
၇အကယ်၍ငါသည်အဘယ်အခါ၌မဆိုဤ မည်သောလူမျိုးကိုသော်လည်းကောင်း၊ ဤမည် သောတိုင်းပြည်ကိုသော်လည်းကောင်းနုတ်ပယ် ဖြိုချဖျက်ဆီးတော်မူမည်ဟုဆိုပြီးနောက်၊-
8 Empero si esas gentes se convirtieren de su maldad, de que habré hablado, yo me arrepentiré del mal que había pensado hacerles.
၈ထိုလူမျိုးသည်နောင်တရပါမူငါ၏စိတ် ပြောင်းလဲလျက် ယခင်မြွက်ဆိုခဲ့သည့်အမှု များကိုမပြုဘဲငါနေမည်။-
9 Y en un instante hablaré de la gente y del reino, para edificar y para plantar;
၉သို့ရာတွင်အကယ်၍ငါသည်ဤမည်သော လူမျိုး သို့မဟုတ်တိုင်းပြည်ကိုပြုစုပျိုး ထောင်တည်ဆောက်မည်ဆိုပြီးနောက်၊-
10 Pero si hiciere lo malo delante de mis ojos, no oyendo mi voz, arrepentiréme del bien que había determinado hacerle.
၁၀ထိုလူမျိုးသည်ငါ၏ရှေ့တွင်ဒုစရိုက်များ ကိုပြုကျင့်လျက် ငါ၏စကားကိုနားမထောင် ပါမူငါ၏စိတ်ကိုပြောင်းလဲလျက် ယခင်ငါ မြွက်ဆိုသည့်ကောင်းမှုများကိုမပြုဘဲနေမည်။-
11 Ahora pues habla luego á todo hombre de Judá, y á los moradores de Jerusalem, diciendo: Así ha dicho Jehová: He aquí que yo dispongo mal contra vosotros, y trazo contra vosotros designios: conviértase ahora cada uno de su mal camino, y mejorad vuestros caminos y vuestras obras.
၁၁သို့ဖြစ်၍ငါသည်ယုဒပြည်သားများနှင့် ယေရုရှလင်မြို့သူမြို့သားတို့အား ဆန့်ကျင် ဘက်ပြုရန်ကြံစည်လျက်နေတော်မူကြောင်း ကိုလည်းကောင်း၊ အပြစ်ဒဏ်ခတ်ရန်ပြင်ဆင် လျက်နေတော်မူကြောင်းကိုလည်းကောင်းပြော ကြားလော့။ အသီးသီးဒုစရိုက်တွင်ကျင် လည်မှုကိုရပ်စဲကြရန်၊ မိမိတို့လမ်းစဉ် နှင့်အကျင့်အကြံများကိုပြောင်းလဲကြ ရန်သူတို့အားထာဝရဘုရားဆင့်ဆို မှာကြားကြောင်းပြောကြားလော့။-
12 Y dijeron: Es por demás: porque en pos de nuestras imaginaciones hemos de ir, y hemos de hacer cada uno el pensamiento de su malvado corazón.
၁၂ထိုအခါသူတို့က``အကျွန်ုပ်တို့မပြောင်း လဲနိုင်ပါ။ အဘယ်ကြောင့်ပြောင်းလဲရပါ မည်နည်း။ ကျွန်ုပ်တို့သည်စိတ်ရှိလက်ရှိခေါင်း မာဆိုးညစ်လျက်နေကြပါမည်'' ဟုဆို ကြလိမ့်မည်။
13 Por tanto, así dijo Jehová: Preguntad ahora á las gentes, quién tal haya oído. Gran fealdad ha hecho la virgen de Israel.
၁၃သို့ဖြစ်၍ငါထာဝရဘုရားက၊ ``ဣသရေလသမီးပျိုသည်ကြောက်မက်ဖွယ် ကောင်းသည့်အမှုကိုပြုကြလေကုန်ပြီ။ အဘယ်အခါကများဤအမှုမျိုးဖြစ် ပျက်ခဲ့ဖူးသနည်းဟု လူမျိုးတကာတို့အားမေးမြန်းလော့။
14 ¿Faltará la nieve del Líbano de la piedra del campo? ¿faltarán las aguas frías que corren de lejanas tierras?
၁၄လေဗနုန်ကျောက်တောင်ထိပ်တို့သည်မိုးပွင့် များနှင့် ကင်းသည့်အခါရှိဖူးသလော။ ထိုတောင်မှစီးဆင်းလာသောအေးမြသည့် ချောင်းများသည်ခန်းခြောက်သည့်အခါများ ရှိဖူးသလော။
15 Porque mi pueblo me ha olvidado, incensando á la vanidad, y hácenles tropezar en sus caminos, en las sendas antiguas, para que caminen por sendas, por camino no hollado;
၁၅သို့ရာတွင်ငါ၏လူမျိုးတော်မူကားငါ့ကို မေ့လျော့ကြလေပြီ။ သူတို့သည်တန်ဖိုးမရှိသောရုပ်တုများအား နံ့သာပေါင်းကိုမီးရှို့ပူဇော်ကြ၏။ သူတို့သည်မိမိတို့လိုက်သင့်သောလမ်းတွင် ခြေချော်၍လဲကြလေပြီ။ လမ်းဟောင်းကိုမလိုက်ကြတော့ပေ။ သူတို့သည်အမှတ်အသားပြမထားသည့် မတည်ဆောက်ရသေးသောလမ်းများကိုလိုက် ကြ၏။
16 Para poner su tierra en desolación, y en silbos perpetuos; todo aquel que pasare por ella se maravillará, y meneará su cabeza.
၁၆သူတို့သည်ဤပြည်အားလူသူကင်းမဲ့သော ပြည်၊ ထာဝစဉ်စက်ဆုတ်ဖွယ်ကောင်းသောပြည် ဖြစ်စေကြလေပြီ။ အနီးမှဖြတ်သန်းသွားလာသူလူအပေါင်း တို့သည် အံ့သြတွေဝေ၍သွားကြလျက် မိမိတို့ဦးခေါင်းကိုခါကြလိမ့်မည်။
17 Como viento solano los esparciré delante del enemigo; mostraréles las espaldas, y no el rostro, en el día de su perdición.
၁၇ငါသည်မိမိတို့လူမျိုးတော်အားအရှေ့လေ တိုက်ခံရသည့်မြေမှုန့်များကဲ့သို့ ရန်သူတို့ရှေ့တွင်ကွဲလွင့်၍သွားစေမည်။ သူတို့အားငါကျောခိုင်း၍နေမည်။ ငါသည်ဘေးအန္တရာယ်ဆိုးကျရောက်ချိန်၌ သူတို့ဘက်လှည့်လိမ့်မည်မဟုတ်'' ဟုမိန့်တော် မူ၏။
18 Y dijeron: Venid, y tracemos maquinaciones contra Jeremías; porque la ley no faltará del sacerdote, ni consejo del sabio, ni palabra del profeta. Venid é hirámoslo de lengua, y no miremos á todas sus palabras.
၁၈ထိုအခါ ပြည်သားတို့က``ယေရမိကိုငါတို့ ဖယ်ရှားကြကုန်အံ့။ ငါတို့အားသွန်သင်မည့် ယဇ်ပုရောဟိတ်များ၊ အကြံပေးမည့်ပညာရှိ များ၊ ဘုရားသခင်၏ဗျာဒိတ်တော်ကိုပြန် ကြားမည့်ပရောဖက်များထားရှိမြဲရှိကြ မည်သာဖြစ်၏။ ယေရမိအားငါတို့စွဲချက် တင်ကြကုန်အံ့။ သူပြောသည့်စကားကို နားမထောင်ဘဲနေကြကုန်အံ့'' ဟုဆို ကြ၏။
19 Oh Jehová, mira por mí, y oye la voz de los que contienden conmigo.
၁၉ထို့ကြောင့်ယေရမိသည်``အို ထာဝရဘုရား၊ ကျွန်တော်မျိုး၏လျှောက်ထားချက်ကိုကြား တော်မူ၍ ရန်သူတို့ကျွန်တော်မျိုးအားဆန့် ကျင်ပြောဆိုသည့်စကားများကိုနား ထောင်တော်မူပါ။-
20 ¿Dase mal por bien, para que hayan cavado hoyo á mi alma? Acuérdate que me puse delante de ti para hablar bien por ellos, para apartar de ellos tu ira.
၂၀ကောင်းကျိုးကိုဆိုးကျိုးဖြင့်ပေးချေသင့်ပါ မည်လော။ သို့ပါလျက်သူတို့သည်ကျွန်တော် မျိုးလိမ့်ကျစေရန်တွင်းကိုတူးကြပါပြီ။ ကျွန်တော်မျိုးသည်အထံတော်သို့လာ၍သူ တို့အားအမျက်တော်နှင့်ဆက်ဆံတော်မမူ ရန် သူတို့ကိုယ်စားအဘယ်သို့ပြန်ကြား လျှောက်ထားခဲ့သည်ကိုအောက်မေ့သတိရ တော်မူပါ။-
21 Por tanto, entrega sus hijos á hambre, y hazlos derramar por medio de la espada; y queden sus mujeres sin hijos, y viudas; y sus maridos sean puestos á muerte, y sus jóvenes heridos á cuchillo en la guerra.
၂၁သို့ရာတွင် အို ထာဝရဘုရား၊ ယခုအခါ၌ သူတို့၏သားသမီးများအားအစာရေစာ ငတ်လျက်သေစေတော်မူပါ။ သူတို့အားစစ် ပွဲတွင်ကျဆုံးစေတော်မူပါ။ အမျိုးသမီး တို့အားမိမိတို့ခင်ပွန်းများနှင့်သားသမီး များကိုဆုံးရှုံးစေတော်မူပါ။ အမျိုးသား တို့အားသေစေတော်မူ၍ လူငယ်လူရွယ်တို့ အားစစ်ပွဲတွင်ကျဆုံးစေတော်မူပါ။-
22 Oigase clamor de sus casas, cuando trajeres sobre ellos ejército de repente: porque cavaron hoyo para prenderme, y á mis pies han escondido lazos.
၂၂သူတို့၏အိမ်ရာများကိုတိုက်ခိုက်လုယက် ရန်ရုန်းရင်းဆန်ခတ်လူအုပ်အားအမှတ်မ ထင်စေလွှတ်တော်မူပါ။ သူတို့သည်ကြောက် လန့်တုန်လှုပ်လျက်ဟစ်အော်ရကြပါစေ သော။ သူတို့သည်ကျွန်တော်မျိုးလိမ့်ကျစေ ရန်တွင်းကိုတူးကြပါပြီ။ ကျွန်ုပ်အတွက် ထောင်ချောက်ကိုဆင်ကြပါပြီ။-
23 Mas tú, oh Jehová, conoces todo su consejo contra mí para muerte; no perdones su maldad, ni borres su pecado de delante de tu rostro: y tropiecen delante de ti; haz [así] con ellos en el tiempo de tu furor.
၂၃သို့ရာတွင် အို ထာဝရဘုရား၊ ကျွန်တော်မျိုး အားသတ်ဖြတ်ရန် ရန်သူတို့ပြုသည့်လျှို့ဝှက် သောအကြံအစည်များကိုကိုယ်တော်ရှင် သိတော်မူပါ၏။ သူတို့၏ဆိုးညစ်မှုကို ခွင့်လွှတ်တော်မမူပါနှင့်။ သူတို့အားမိမိ တို့၏အပြစ်များမှလွတ်ငြိမ်းချမ်းသာခွင့် ပေးတော်မမူပါနှင့်။ သူတို့အားအရေးရှုံး နိမ့်စေတော်မူပါ။ အမျက်တော်ထွက်ချိန်၌ သူတို့အားဆုံးမစီရင်တော်မူပါ'' ဟု လျှောက်၏။