< Isaías 40 >

1 CONSOLAOS, consolaos, pueblo mío, dice vuestro Dios.
သင် တို့၏ ဘုရား သခင်မိန့် တော်မူသည်ကား၊ ငါ ၏လူ တို့ကို နှစ်သိမ့် စေကြလော့။ နှစ်သိမ့် စေကြလော့။
2 Hablad al corazón de Jerusalem: decidle á voces que su tiempo es ya cumplido, que su pecado es perdonado; que doble ha recibido de la mano de Jehová por todos sus pecados.
စစ်မှု ကို ထမ်းရသောအချိန်စေ့ ပြီ။ သင်၏ အပြစ် လည်း ပြေရှင်း ပြီဟု ယေရုရှလင် မြို့အား နှစ်သိမ့်စေသော စကားကို ပြော ၍ ကြွေးကြော် ကြလော့။ အကြောင်း မူကား၊ ထာဝရဘုရား ၏ လက် တော်၌ မိမိ အပြစ်အတွက် နှစ်ဆ ခံ ရပြီ။
3 Voz que clama en el desierto: Barred camino á Jehová: enderezad calzada en la soledad á nuestro Dios.
တော ၌ ဟစ်ကြော် သောသူ ၏အသံ မှာ၊ ထာဝရဘုရား ကြွတော်မူရာ လမ်း ကို ပြင် ကြလော့။ ငါ တို့ ဘုရား သခင် ၏ လမ်း ခရီးတော်ကို လွင်ပြင် ၌ ဖြောင့် စေ ကြလော့။
4 Todo valle sea alzado, y bájese todo monte y collado; y lo torcido se enderece, y lo áspero se allane.
ချိုင့်ဝှမ်း ရာ ရှိသမျှ တို့ကို ဖို့ ရမည်။ တောင် ကြီး တောင် ငယ်ရှိသမျှတို့ကို ဖြို ရမည်။ ကောက် သော လမ်း များကို ဖြောင့် စေရမည်။ ကြမ်းတမ်း သော လမ်းများကိုလည်း သုတ်သင်ပြင်ဆင်ရမည်။
5 Y manifestaráse la gloria de Jehová, y toda carne juntamente la verá; que la boca de Jehová habló.
ထာဝရဘုရား ၏ ဘုန်း တော်ပေါ်ထွန်း ၍ ၊ လူ အပေါင်းတို့သည် အတူ မြင် ရကြလတံ့ဟု ထာဝရဘုရား ၏ နှုတ် တော်ထွက်အမိန့် တော်ရှိ၏။
6 Voz que decía: Da voces. Y [yo] respondí: ¿Qué tengo de decir á voces? Toda carne es hierba, y toda su gloria como flor del campo:
တဖန် ထိုအသံ က၊ ဟစ်ကြော် လော့ဟု ဆို လျှင် ငါက၊ အဘယ် အရာကို ဟစ်ကြော် ရမည်နည်းဟုမေး သော်၊ လူမျိုး ရှိသမျှ သည် မြက်ပင် ဖြစ်၏။ လူမျိုး၏ ဘုန်း ရှိသမျှ သည်လည်း တော အပွင့် ကဲ့သို့ ဖြစ်၏။
7 La hierba se seca, y la flor se cae; porque el viento de Jehová sopló en ella: ciertamente hierba es el pueblo.
ထာဝရဘုရား ၏ လေ တိုက် သောအခါ ၊ မြက်ပင် သည် ညှိုးနွမ်း သွေ့ခြောက်တတ်၏။ အပွင့် လည်း ကြွေ တတ်၏။ အကယ် စင်စစ်လူ တို့သည် မြက်ပင် ဖြစ်ကြ၏။
8 Sécase la hierba, cáese la flor: mas la palabra del Dios nuestro permanece para siempre.
မြက်ပင် သည် ညှိုးနွမ်း သွေ့ခြောက်တတ်၏။ အပွင့် လည်း ကြွေ တတ်၏။ ထာဝရဘုရား ၏ နှုတ်ကပတ် တရားမူကား ၊ ကာလစဉ်အမြဲ တည် ၏ဟု ဆိုသတည်း။
9 Súbete sobre un monte alto, anunciadora de Sión; levanta fuertemente tu voz, anunciadora de Jerusalem; levántala, no temas; di á las ciudades de Judá: ¡Veis aquí el Dios vuestro!
ဇိအုန် တောင်သို့ ဝမ်းမြောက်စရာ သိတင်း ကို ဆောင်ခဲ့သောသူ၊ မြင့် သောတောင် ပေါ် သို့တက် လော့။ ယေရုရှလင် မြို့သို့ ဝမ်းမြောက် စရာ သိတင်းကို ဆောင်ခဲ့သောသူ၊ ကျယ်သောအသံ ကို လွှင့် လော့။ မ စိုးရိမ် ဘဲ အသံကို လွှင့် လော့။ သင် တို့၏ ဘုရား သခင်ကို ကြည့်ရှု ကြဟု ယုဒ မြို့ ရွာတို့အား ပြော လော့။
10 He aquí que el Señor Jehová vendrá con fortaleza, y su brazo se enseñoreará: he aquí que su salario viene con él, y su obra delante de su rostro.
၁၀ကြည့်ရှု လော့။ အရှင် ထာဝရဘုရား သည်၊ ကြီး သော တန်ခိုး နှင့် ကြွလာ ၍ ၊ လက်ရုံး တော်အားဖြင့်အစိုးရ တော်မူလိမ့်မည်။ မိမိ ခံတော်မူထိုက်သောအခ မိမိ ၌ ပါလျှက်၊ ဆုလပ် တော်သည် ရှေ့ တော်၌ ရှိ၏။
11 Como pastor apacentará su rebaño; en su brazo cogerá los corderos, y en su seno los llevará; pastoreará suavemente las paridas.
၁၁မိမိ သိုးစု ကို သိုးထိန်း ကဲ့သို့ ကျွေးမွေး တော်မူ မည်။ သိုးသငယ် တို့ကို ချီ ၍ ပိုက် ပွေ့တော်မူမည်။ သားငယ် ရှိသောသိုးမတို့ကိုလည်း ဖြည်းညှင်းစွာ ပို့ဆောင် တော်မူမည်။
12 ¿Quién midió las aguas con su puño, y aderezó los cielos con su palmo, y con tres dedos allegó el polvo de la tierra, y pesó los montes con balanza, y con peso los collados?
၁၂ရေ များကို လက် ဆွန်းဖြင့် ခြင် သောသူ၊ မိုဃ်း ကောင်းကင် ကို မိမိလက်ဖြင့် ထွာ သောသူ၊ မြေ မှုန့်ကို တင်းတောင်း ဖြင့် ချင့် တွက်သောသူ၊ တောင် ကြီးကို ချိန်ခွင် ဖြင့် ၎င်း၊ တောင် ငယ်ကို ကပ်ပယ် ဖြင့်၎င်း ချိန် သောသူကား အဘယ်သူ နည်း။
13 ¿Quién enseñó al espíritu de Jehová, ó le aconsejo enseñándole?
၁၃ထာဝရဘုရား ၏ ဝိညာဉ် ကို အဘယ်သူ စစ်ကြော သနည်း။ ထိုဘုရား နှင့် တိုင်ပင် ၍၊ အဘယ်သူသည် အကြံပေး သနည်း။
14 ¿A quién demandó consejo para ser avisado? ¿Quién le enseñó el camino del juicio, ó le enseñó ciencia, ó le mostró la senda de la prudencia?
၁၄အဘယ်သူ နှင့် တိုင်ပင် တော်မူသနည်း။ ထိုဘုရား ကို အဘယ်သူသွန်သင် သနည်း။ ထိုဘုရားအား တရား လမ်း ကို ပြ သောသူ၊ ပညာ နည်း ကိုပေး သောသူ၊ ဉာဏ် လမ်း ကို ညွှန် သောသူကား အဘယ်သူနည်း။
15 He aquí que las naciones son reputadas como la gota de un acetre, y como el orín del peso: he aquí que hace desaparecer las islas como polvo.
၁၅လူ အမျိုးမျိုးတို့သည် ရေပုံး မှ ကျသော ရေစက် ကဲ့သို့ ဖြစ်၍ ၊ ချိန်ခွင် ၌ မြူမှုန် ကဲ့သို့ ထင်မှတ် စရာ ရှိ၏။ ကျွန်း တို့သည်လည်း၊ လွင့် တတ်သော အဏုမြူ ကဲ့သို့ ဖြစ်ကြ၏။
16 Ni el Líbano bastará para el fuego, ni todos sus animales para el sacrificio.
၁၆လေဗနုန် တောသည် မီး မွေးဘို့မ လောက်။ ထိုတော ၌ရှိသောတိရစ္ဆာန် တို့သည်လည်း၊ မီးရှို့ ရာ ယဇ် ဘို့မ လောက်။
17 Como nada son todas las gentes delante de él; y en su comparación serán estimadas en menos que nada, y que lo que no es.
၁၇ခပ်သိမ်း သော လူ အမျိုးမျိုးတို့သည် အဘယ်မျှ မဟုတ်သကဲ့သို့ ရှေ့ တော်၌ ဖြစ်ကြ၏။ အဘယ် မျှမဟုတ် သော အရာထက်သာ၍ငယ် သကဲ့သို့၎င်း၊ အနတ္တ ကဲ့သို့၎င်း မှတ် တော်မူ၏။
18 ¿A qué pues haréis semejante á Dios, ó qué imagen le compondréis?
၁၈သို့ ဖြစ်၍၊ ဘုရား သခင်ကို အဘယ်သို့ ပုံ ပြရအံ့ နည်း။ ဘုရား သခင်နှင့် အဘယ် မည်သော ပုံ သဏ္ဍာန် တူသည်ဟု ဆိုရအံ့နည်း။
19 El artífice apareja la imagen de talla, el platero le extiende el oro, y le funde cadenas de plata.
၁၉ပန်းတဉ်း သမားသည် ရုပ်တု ကို သွန်း ပြီးမှ ၊ ပန်းထိမ် သမားသည် ရွှေ နှင့် မွမ်းမံ ၍ ၊ ငွေ ကြိုးကိုလည်း လုပ် တတ်၏။
20 El pobre escoge, para ofrecerle, madera que no se corrompa; búscase un maestro sabio, que le haga una imagen de talla que no se mueva.
၂၀အဘိုးထိုက်သော အလှူ ကို မလှူနိုင်သောသူသည်၊ မ ဆွေးမြေ့ တတ်သော သစ်သား ကို ရွေးကောက် ပြီးမှ၊ မြဲမြံ သော ရုပ်တု ကို လုပ် စေခြင်းငှါ ၊ လိမ္မာ သော လက်သမား ကို ရှာ တတ်၏။
21 ¿No sabéis? ¿no habéis oído? ¿nunca os lo han dicho desde el principio? ¿no habéis sido enseñados desde que la tierra se fundó?
၂၁သင်တို့သည် မ သိ ကြသလော။ မ ကြား ကြသလော။ ရှေ့ဦး စွာမှစ၍ သင်တို့ အား မ ဘော် မပြသလော။ မြေကြီး တည် သည်အကြောင်းကို နား မ လည်ကြသလော။
22 El está asentado sobre el globo de la tierra, cuyos moradores son como langostas: él extiende los cielos como una cortina, tiéndelos como una tienda para morar:
၂၂မြေကြီး စက် အပေါ် မှာ ထိုင် ၍ ၊ မြေကြီး သား တို့ကို နှံကောင် ကဲ့သို့ မှတ်တော်မူထသော၊ မိုဃ်းကောင်းကင် ကို မျက်နှာကြက် ကဲ့သို့ ကြက် ၍ ၊ နေ စရာ တဲ ကဲ့သို့ ဖြန့် တော်မူထသော၊
23 El torna en nada los poderosos, y á los que gobiernan la tierra hace como cosa vana.
၂၃မင်း တို့ကို ရှုတ်ချ ၍၊ မြေကြီး တရားသူကြီး တို့ကို အနတ္တ ကဲ့သို့ ဖြစ် စေတော်မူသောသူ ပေတည်း။
24 Como si nunca fueran plantados, como si nunca fueran sembrados, como si nunca su tronco hubiera tenido raíz en la tierra; así que sopla en ellos se secan, y el torbellino los lleva como hojarascas.
၂၄အကယ် စင်စစ်သူတို့ကို မ စိုက် မပျိုးရ။ အကယ် စင်စစ်သူတို့၏မျိုးစေ့ကို မ ကြဲ ရ။ အကယ် စင်စစ်သူ တို့ အပင် သည် မြေ ၌ အမြစ်မ စွဲ ရ။ သူ တို့အပေါ် မှာ မှုတ် တော်မူသဖြင့် ၊ သူတို့သည် ညှိုးနွမ်း သွေ့ခြောက်၍ ၊ လေ ဘွေသည် သူ တို့ကို ဖွဲ ကဲ့သို့ တိုက် လွှင့်လိမ့်မည်။
25 ¿A qué pues me haréis semejante, ó seré asimilado? dice el Santo.
၂၅သို့ဖြစ်၍၊ ငါ့ ကို အဘယ်သို့ ပုံ ပြရအံ့နည်း။ ငါသည် အဘယ်သူနှင့် တူ ရအံ့နည်းဟု သန့်ရှင်း သော ဘုရားမေး တော်မူ၏။
26 Levantad en alto vuestros ojos, y mirad quién crió estas cosas: él saca por cuenta su ejército: á todas llama por sus nombres; ninguna faltará: [tal] es la grandeza de su fuerza, y [su] poder y virtud.
၂၆အထက်သို့ မျှော် ကြည့် ကြလော့။ ထို အရာတို့ကို အဘယ်သူ ဖန်ဆင်း သနည်း။ ထိုသူသည် သူ တို့အလုံး အရင်းကို အရေအတွက် အားဖြင့် ထုတ် ဆောင်တော်မူ၏။ အလုံးစုံ တို့ကို နာမည် ဖြင့် ခေါ် တော်မူ၏။ ခွန်အား ကြီး ၍ တန်ခိုး နှင့် ပြည့်စုံတော်မူသောကြောင့်၊ တစုံတခု မျှ မ ပေါ် ဘဲမနေရ။
27 ¿Por qué dices, oh Jacob, y hablas tú, Israel: Mi camino es escondido de Jehová, y de mi Dios pasó mi juicio?
၂၇အိုယာကုပ် အမျိုး၊ သင် သွားသော လမ်း ကို ထာဝရဘုရား သိ တော်မမူဟု အဘယ်ကြောင့်ပြော သနည်း။ အိုဣသရေလ အမျိုး၊ သင့် အမှု ကို သင် ၏ဘုရား သခင် မှတ် တော်မမူဟု၊ အဘယ်ကြောင့် ဆို ရသနည်း။
28 ¿No has sabido, no has oído que el Dios del siglo es Jehová, el cual crió los términos de la tierra? No se trabaja, ni se fatiga con cansancio, y su entendimiento no hay quien lo alcance.
၂၈ထာဝရဘုရား သည် အစဉ် အမြဲတည် တော်မူသော ဘုရား သခင်ဖြစ်ကြောင်းကို၎င်း၊ မြေကြီး စွန်း တိုင်အောင် ဖန်ဆင်း တော်မူသောအရှင်ဖြစ်ကြောင်းကို၎င်း၊ မော တော်မူခြင်း၊ ပင်ပန်း တော်မူခြင်းမ ရှိ၊ စစ် ၍ မ ကုန်နိုင် သော ဉာဏ် နှင့် ပြည့်စုံတော်မူကြောင်းကို၎င်း၊ သင်သည် မသိ မကြားဘူးသလော။
29 El da esfuerzo al cansado, y multiplica las fuerzas al que no tiene ningunas.
၂၉ထိုဘုရားသည် မော သောသူတို့အား ၊ ခွန်အား ကိုပေး တော်မူ၏။ နွမ်းနယ် သောသူတို့ အား ၊ အစွမ်း သတ္တိ နှင့် ပြည့်စုံ သော အခွင့်ကိုပေး တော်မူ၏။
30 Los mancebos se fatigan y se cansan, los mozos flaquean y caen:
၃၀လူပျို တို့သည် မော ၍ ပင်ပန်း ခြင်းသို့ ရောက်ကြ လိမ့်မည်။ လုလင် တို့သည်လည်း ထိမိ ၍ လဲ ကြလိမ့်မည်။
31 Mas los que esperan á Jehová tendrán nuevas fuerzas; levantarán las alas como águilas; correrán, y no se cansarán; caminarán, y no se fatigarán.
၃၁ထာဝရဘုရား ကို မြော်လင့် သောသူတို့မူကား ၊ အား ပြည့် ကြလိမ့်မည်။ ရွှေလင်းတ ကဲ့သို့ မိမိတို့ အတောင် ကို အသစ်ပြုပြင် ကြလိမ့်မည်။ ပြေး သော်လည်း မ ပင်ပန်း ၊ ခရီးသွား သောအခါ မ မော ရကြ။

< Isaías 40 >