< Oseas 4 >

1 OID palabra de Jehová, hijos de Israel, porque Jehová pleitea con los moradores de la tierra; porque no hay verdad, ni misericordia, ni conocimiento de Dios en la tierra.
ဣ​သ​ရေ​လ​အ​မျိုး​သား​တို့၊ ထာ​ဝ​ရ​ဘု​ရား ၏​မိန့်​တော်​မူ​ချက်​ကို​နား​ထောင်​ကြ​လော့။ ဤ တိုင်း​ပြည်​တွင်​နေ​ထိုင်​သူ​တို့​အား​ထာ​ဝ​ရ ဘု​ရား​စွပ်​စွဲ​တော်​မူ​ချက်​ရှိ​ပေ​၏။ ကိုယ်​တော် က``ဤ​တိုင်း​ပြည်​တွင်​သစ္စာ​တ​ရား​မေတ္တာ တ​ရား​ဟူ​၍​မ​ရှိ။ ငါ​သည်​ဘု​ရား​ဖြစ်​သည် ဟု​ပြည်​သူ​တို့​က​အ​သိ​အ​မှတ်​မ​ပြု​ကြ။-
2 Perjurar, y mentir, y matar, y hurtar y adulterar prevalecieron, y sangres se tocaron con sangres.
သူ​တို့​သည်​က​တိ​မ​တည်​ခြင်း၊ မု​သား စ​ကား​ကို​ပြော​ခြင်း၊ လူ့​အ​သက်​ကို​သတ် ခြင်း၊ သူ​တစ်​ပါး​ဥစ္စာ​ပစ္စည်း​ကို​ခိုး​ယူ​ခြင်း၊ သူ​တစ်​ပါး​သား​မ​ယား​ကို​ပြစ်​မှား​ခြင်း တို့​ကို​ပြု​၏။ တ​ရား​လက်​လွတ်​နေ​ထိုင်​၍ လူ​သတ်​မှု​များ​ကို​အ​ထပ်​ထပ်​ကူး​လွန် ကြ​၏။-
3 Por lo cual, se enlutará la tierra, y extenuaráse todo morador de ella, con las bestias del campo, y las aves del cielo: y aun los peces de la mar fallecerán.
သို့​ဖြစ်​၍​ဤ​ပြည်​သည်​ခြောက်​သွေ့​လျက် သက်​ရှိ​သတ္တ​ဝါ​အ​ပေါင်း​တို့​သည်​သေ​ကြေ ပျက်​စီး​ကြ​လိမ့်​မည်။ တိ​ရစ္ဆာန်​များ၊ ငှက်​များ နှင့်​ပင်​လယ်​ထဲ​ရှိ​ငါး​များ​ပင်​သေ​ကြေ ပျက်​စီး​ကြ​လိမ့်​မည်'' ဟု​မိန့်​တော်​မူ​၏။
4 Ciertamente hombre no contienda ni reprenda á hombre, porque tu pueblo es como los que resisten al sacerdote.
ထာ​ဝ​ရ​ဘု​ရား​က``မည်​သူ​မျှ​ပြည်​သား တို့​အား​မ​စွပ်​စွဲ​မ​ဆုံး​မ​စေ​နှင့်၊ ငါ​၌​ယဇ် ပု​ရော​ဟိတ်​တို့​အား​စွပ်​စွဲ​ရန်​အ​ချက်​ရှိ​သည်။-
5 Caerás por tanto en el día, y caerá también contigo el profeta de noche; y á tu madre talaré.
သင်​တို့​သည်​နေ့​ရော​ည​ပါ​ချွတ်​ချော်​လွဲ မှား​ကြ​၏။ ပ​ရော​ဖက်​တို့​သည်​လည်း​ထို နည်း​ဖြစ်​ကြ​၏။ ငါ​သည်​သင်​တို့​၏​မိ​ခင် ဖြစ်​သော​ဣ​သ​ရေ​လ​နိုင်​ငံ​ကို​ဖျက်​ဆီး မည်။-
6 Mi pueblo fué talado, porque le faltó sabiduría. Porque tú desechaste la sabiduría, yo te echaré del sacerdocio: y pues que olvidaste la ley de tu Dios, también yo me olvidaré de tus hijos.
ငါ​၏​လူ​မျိုး​တို့​သည်​ငါ့​ကို​အ​သိ​အ​မှတ် မ​ပြု​သော​ကြောင့် အ​ပြစ်​ဒဏ်​စီ​ရင်​ခြင်း​ကို ခံ​ရ​ကြ​၏။ အ​သင်​ယဇ်​ပု​ရော​ဟိတ်​တို့​သည် ငါ့​ကို​အ​သိ​အ​မှတ်​မ​ပြု​ဘဲ ငါ​၏​သြ​ဝါ​ဒ ကို​လည်း​လက်​မ​ခံ​ကြ​သော​ကြောင့် ငါ​သည် သင်​တို့​ကို​ပစ်​ပယ်​ပြီ။ သင်​တို့​၏​သား​များ ကို​လည်း​ငါ​၏​ယဇ်​ပု​ရော​ဟိတ်​များ​အ​ဖြစ် အ​သိ​အ​မှတ်​ပြု​မည်​မ​ဟုတ်။
7 Conforme á su grandeza así pecaron contra mí: trocaré su honra en afrenta.
အ​သင်​ယဇ်​ပု​ရော​ဟိတ်​တို့​၏​ဦး​ရေ​များ လာ​သည်​နှင့်​အ​မျှ​ငါ့​ကို​သင်​တို့​ပြစ်​မှား ကူး​လွန်​မှု​များ​လာ​၏။ ထို့​ကြောင့်​ငါ​သည် သင်​တို့​ဂုဏ်​သိက္ခာ​ကို​ရှုတ်​ချ​မည်။-
8 Comen del pecado de mi pueblo, y en su maldad levantan su alma.
သင်​တို့​သည်​ငါ​၏​လူ​မျိုး​တော်​အ​ပြစ်​ကူး လွန်​ခြင်း​ကို​အ​ကြောင်း​ပြု​၍​ကြွယ်​ဝ​ချမ်း သာ​လာ​ကြ​၏။ ထို့​ကြောင့်​သင်​တို့​သည်​သူ​တို့ အ​ပြစ်​တိုး​၍​ကူး​လွန်​စေ​ရန်​အား​ပေး​ကြ သည်။-
9 Tal será el pueblo como el sacerdote: y visitaré sobre él sus caminos, y pagaréle conforme á sus obras.
သင်​တို့​သည်​ပြည်​သား​များ​နည်း​တူ​အ​ပြစ် ဒဏ်​ခံ​ရ​မည်။ ငါ​သည်​သင်​တို့​ကို​ဒဏ်​ခတ် မည်။ သင်​တို့​၏​ဒု​စ​ရိုက်​အ​ကျိုး​ဆက်​ကို ခံ​စေ​မည်။-
10 Y comerán, mas no se hartarán; fornicarán, mas no se aumentarán: porque dejaron de atender á Jehová.
၁၀သင်​တို့​သည်​ပူ​ဇော်​သ​ကာ​ဝေ​စု​ကို​စား ရ​သော်​လည်း​အ​ဆာ​ပြေ​လိမ့်​မည်​မ​ဟုတ်၊ သင်​တို့​သည်​သား​သ​မီး​ဖြစ်​ထွန်း​စေ​တတ် သော​နတ်​ဘု​ရား​များ​ကို​ကိုး​ကွယ်​သော် လည်း​သား​သ​မီး​မ​ထွန်း​ကား၊ အ​ဘယ် ကြောင့်​ဆို​သော်​သင်​တို့​သည်၊ ငါ​ထာ​ဝ​ရ ဘု​ရား​ကို​စွန့်​၍​အ​ခြား​သော​ဘု​ရား ကို​ကိုး​ကွယ်​ကြ​ပြီ။-
11 Fornicación, y vino, y mosto quitan el corazón.
၁၁ထာ​ဝ​ရ​ဘု​ရား​က``ငါ​၏​လူ​စု​သည်​စ​ပျစ် ရည်​သစ်၊ စ​ပျစ်​ရည်​ဟောင်း​တို့​ကို​သောက်​စား ယစ်​မူး​သ​ဖြင့်​အ​သိ​ဉာဏ်​ကင်း​မဲ့​လျက် ရှိ​၏။-
12 Mi pueblo á su madero pregunta, y su palo le responde: porque espíritu de fornicaciones lo engañó, y fornicaron debajo de sus dioses.
၁၂သူ​တို့​သည်​သစ်​သား​နတ်​ဘု​ရား​ထံ​ဗေ​ဒင် မေး​ကြ​သည်။ တုတ်​ချောင်း​က​လူ​တို့​သိ​လို သ​မျှ​ကို​ပြော​ပြ​သည်။ သူ​တို့​သည်​ငါ့​ကို စွန့်​သွား​ကြ​ပြီ။ ပြည့်​တန်​ဆာ​မ​ဘ​ဝ​သို့ ရောက်​သော​မိန်း​မ​ကဲ့​သို့​သူ​တို့​သည်​အ​ခြား သော​ဘု​ရား​များ​ထံ​၌​ဆည်း​ကပ်​ကြ​၏။-
13 Sobre las cabezas de los montes sacrificaron, é incensaron sobre los collados, debajo de encinas, y álamos, y olmos que tuviesen buena sombra: por tanto, vuestras hijas fornicarán, y adulterarán vuestras nueras.
၁၃သူ​တို့​သည်​တောင်​ထိပ်​များ​ပေါ်​ရှိ​ကိုး​ကွယ် ရာ​ဌာ​န​များ​၌​ယဇ်​ပူ​ဇော်​ကြ​၍ တောင် ကုန်း​များ​ပေါ်​ရှိ​အ​ရိပ်​ကောင်း​သော​သစ် ပင်​ကြီး​များ​အောက်​၌​နံ့​သာ​ပေါင်း​ကို မီး​ရှို့​ကြ​သည်။ ``ထို့​ကြောင့်​သင်​တို့​၏​သ​မီး​များ​သည် ပြည့်​တန်​ဆာ​ဘ​ဝ​သို့​ရောက်​၍​သင်​တို့ ၏​ချွေး​မ​များ​သည်​မျောက်​မ​ထား​ကြ​၏။-
14 No visitaré sobre vuestras hijas cuando fornicaren, ni sobre vuestras nueras cuando adulteraren: porque ellos ofrecen con las rameras, y con las malas mujeres sacrifican: por tanto, el pueblo sin entendimiento caerá.
၁၄သို့​ရာ​တွင်​သူ​တို့​ကို​ငါ​ဒဏ်​ခတ်​တော်​မ​မူ။ သင်​တို့​ကိုယ်​တိုင်​နတ်​ဘု​ရား​ကိုး​ကွယ်​ရာ ဌာ​န​ဆိုင်​ရာ​ပြည့်​တန်​ဆာ​မ​များ​နှင့်​ပေါင်း ဖော်​၍ နတ်​ဘု​ရား​များ​ကို​အ​တူ​တ​ကွ ပူ​ဇော်​ပ​သ​လေ့​ရှိ​သော​ကြောင့်​ပေ​တည်း။ `အ​သိ​ဉာဏ်​ကင်း​မဲ့​သော​လူ​မျိုး​သည်​ပျက် စီး​ဆုံး​ရှုံး​ရ​လိမ့်​မည်' ဟူ​၍​ဆို​ရိုး​စကား ရှိ​သည်​အ​တိုင်း​ပင်​ဖြစ်​၏။
15 Si fornicares tú, Israel, á lo menos no peque Judá: y no entréis en Gilgal, ni subáis á Beth-aven; ni juréis, Vive Jehová.
၁၅``အ​သင်​ဣ​သ​ရေ​လ​ပြည်​သား​တို့​သည် ငါ့​အား​သစ္စာ​မဲ့​ကြ​သော်​လည်း ယု​ဒ​ပြည် သား​တို့​သည်​ထို​အ​ပြစ်​မျိုး​ကို​မ​ကူး လွန်​မိ​ပါ​စေ​နှင့်၊ ဂိ​လ​ဂါ​လ​မြို့​သို့​မ ဟုတ်​ဗေ​သ​လ​မြို့​များ​တွင်​ဘု​ရား​ဝတ် ပြု​ခြင်း​မ​ပြု​ကြ​နှင့်။ ထို​မြို့​များ​တွင် အ​သက်​ရှင်​တော်​မူ​သော​ထာ​ဝ​ရ​ဘု​ရား ၏​နာ​မ​တော်​ကို​တိုင်​တည်​၍​ကျိန်​တွယ် ပြော​ဆို​မှု​မ​ပြု​ကြ​နှင့်။-
16 Porque como becerra cerrera se apartó Israel: ¿apacentarálos ahora Jehová como á carneros en anchura?
၁၆ဣ​သ​ရေ​လ​ပြည်​သား​တို့​သည်​ထိန်း ကျောင်း​ရ​ခက်​သော​နွား​မ​တမ်း​ကဲ့​သို့​ပေ ကပ်​ကပ်​နိုင်​လှ​၏။ ငါ​သည်​သူ​တို့​အား သိုး​က​လေး​များ​သ​ဖွယ်​စား​ကျက်​တွင် မည်​ကဲ့​သို့​ထိန်း​ကျောင်း​နိုင်​ပါ​အံ့​နည်း။-
17 Ephraim es dado á ídolos; déjalo.
၁၇ဣ​သ​ရေ​လ​ပြည်​သား​တို့​သည်​ရုပ်​တု​ကို ကိုး​ကွယ်​ခြင်း​၌​စွဲ​လန်း​ကြ​၏။ ရှိ​စေ တော့။-
18 Su bebida se corrompió; fornicaron pertinazmente: sus príncipes amaron las dádivas, afrenta [de ellos].
၁၈သူ​တို့​သည်​စ​ပျစ်​ရည်​သောက်​ကြူး​၍​ပြည့် တန်​ဆာ​အ​လုပ်​ဖြင့်​ပျော်​ပါး​ကြ​၏။ သူ​တို့ သည်​ဂုဏ်​ရှိ​စေ​မည့်​အ​မှု​ထက်​အ​ရှက်​ကွဲ စေ​မည့်​အ​မှု​ကို​နှစ်​သက်​ကြ​၏။-
19 Atóla el viento en sus alas, y de sus sacrificios serán avergonzados.
၁၉သူ​တို့​သည်​လေ​တိုက်​ရာ​ပါ​သွား​သ​ကဲ့​သို့ လွင့်​စင်​သွား​ကြ​လိမ့်​မည်။ နတ်​ဘု​ရား​များ ကို​ပူ​ဇော်​ပ​သ​ခဲ့​ခြင်း​ကြောင့်​ရှက်​ကြ​လိမ့် မည်။

< Oseas 4 >