< Gálatas 1 >

1 PABLO, apóstol, (no de los hombres, ni por hombre, mas por Jesucristo y por Dios el Padre, que lo resucitó de los muertos),
လူနှင့်မစပ်ဆိုင်၊ လူ၏အခွင့်မရှိဘဲလျက်၊ ယေရှုခရစ်၏အခွင့်နှင့်၎င်း၊ ထိုသခင်ကို သေခြင်းမှ ထမြောက် စေတော်မူသော ခမည်းတော် ဘုရားသခင်၏ အခွင့်နှင့် ၎င်း၊ တမန်တော်ဖြစ်သောငါပေါလုမှစ၍၊
2 Y todos los hermanos que están conmigo, á las iglesias de Galacia:
ငါ့ထံမှာရှိသော ညီအစ်ကိုအပေါင်းတို့သည် ဂလာတိပြည်၌ရှိသော အသင်းတော်များကို ကြားလိုက် ပါ၏။
3 Gracia [sea] á vosotros, y paz de Dios el Padre, y de nuestro Señor Jesucristo,
သခင်ယေရှုခရစ်နှင့် ခမည်းတော်ဘုရားထံတော်က ကျေးဇူးတော်နှင့် ငြိမ်သက်ခြင်းသည် သင်တို့၌ ရှိပါစေသော။
4 El cual se dió á sí mismo por nuestros pecados para librarnos de este presente siglo malo, conforme á la voluntad de Dios y Padre nuestro; (aiōn g165)
ထိုသခင်သည် ငါတို့အဘတည်းဟူသော ဘုရားသခင်၏အလိုတော်နှင့်အညီ ဆိုးညစ်သော ဤပစ္စုပ္ပန် ဘဝမှ ငါတို့ကို ကယ်နှုတ်ခြင်းငှာ၊ ငါတို့အပြစ်ကြောင့် ကိုယ်ကို ကိုယ်အပ်ပေးတော်မူ၏။ (aiōn g165)
5 Al cual [sea] la gloria por siglos de siglos. Amén. (aiōn g165)
ထိုဘုရားသခင်သည်ကမ္ဘာအဆက်ဆက် ဘုန်းကြီးတော်မူစေ သတည်း။ အာမင်။ (aiōn g165)
6 Estoy maravillado de que tan pronto os hayáis traspasado del que os llamó á la gracia de Cristo, á otro evangelio:
ခရစ်တော်၏ ကျေးဇူးအားဖြင့် သင်တို့ကို ခေါ်တော်မူသောသူနှင့် ဤမျှလောက်မြန်မြန်ခွာ၍ သင်တို့သည်အခြားသော ဧဝံဂေလိတရားကို ခံယူကြရသောကြောင့် ငါသည်အံ့ဩခြင်းရှိ၏။
7 No que hay otro, sino que hay algunos que os inquietan, y quieren pervertir el evangelio de Cristo.
ထိုဧဝံဂေလိတရားသည် ဧဝံဂေလိတရားမဟုတ်။ သင်တို့ကို နှောက်ယှက်၍ ခရစ်တော်၏ ဧဝံ ဂေလိတရားကို မှောက်လှန်ချင်သောသူ အချို့ရှိကြ၏။
8 Mas aun si nosotros ó un ángel del cielo os anunciare otro evangelio del que os hemos anunciado, sea anatema.
သို့သော်လည်း၊ သင်တို့အားငါဟောပြောသော ဧဝံဂေလိတရားမှတပါး အခြားသောဧဝံဂေလိတရားကို ငါတို့သည် ဟောပြောသော်၎င်း၊ ကောင်းကင်ဘုံမှလာသော ကောင်းကင်တမန်ဟောပြောသော်၎င်း၊ ဟောပြော သောသူသည် ကျိန်တော်မူခြင်းကိုခံစေ။
9 Como antes hemos dicho, también ahora decimos otra vez: Si alguno os anunciare otro evangelio del que habéis recibido, sea anatema.
တဖန်တုံ၊ သင်တို့ခံယူပြီးသော ဧဝံဂေလိတရားမှတပါး အခြားသော ဧဝံဂေလိတရားကို တစုံ တယောက်သောသူဟောပြောလျှင်၊ ထိုသူသည် ကျိန်တော်မူခြင်းကို ခံစေဟု ငါတို့ဆိုခဲ့ပြီးသည်အတိုင်း ယခုငါထပ်၍ဆိုသေး၏။
10 Porque, ¿persuado yo ahora á hombres ó á Dios? ¿ó busco de agradar á hombres? Cierto, que si todavía agradara á los hombres, no sería siervo de Cristo.
၁၀အကြောင်းမူကား၊ ယခုတွင် ငါသည် လူတို့၏ အလိုသို့လိုက်သလော။ ဘုရားသခင်၏ အလိုတော်ကို လိုက်သလော။ လူတို့စိတ်ကို နူးညွတ်စေခြင်းငှါ ရှာကြသလော။ လူတို့စိတ်ကိုနူးညွတ်စေခြင်းငှါ ရှာကြံသေးလျှင်၊ ခရစ်တော်၏ အစေခံကျွန်မဟုတ်ပြီ။
11 Mas os hago saber, hermanos, que el evangelio que ha sido anunciado por mí, no es según hombre;
၁၁ညီအစ်ကိုတို့၊ ငါဟောပြောသော ဧဝံဂေလိတရားသည် လူတို့၏တရားမဟုတ်။
12 Pues ni yo lo recibí, ni lo aprendí de hombre, sino por revelación de Jesucristo.
၁၂လူထံမှာငါခံရသည်မဟုတ်။ ယေရှုခရစ်၏ ဗျာဒိတ်တော်မှတပါး အခြားသောဥပဒေသကို ငါမခံ သည်အကြောင်းကို သင်တို့အား ငါကြားလိုက်၏။
13 Porque ya habéis oído acerca de mi conducta otro tiempo en el Judaismo, que perseguía sobremanera la iglesia de Dios, y la destruía;
၁၃အဘယ်သို့နည်းဟူမူကား၊ အထက်က ယုဒဘာသာ၌နေ၍ ငါကျင့်သောအကျင့်သည်းဟူသော ဘုရားသင်၏အသင်းတော်ကို အတိုင်းထက်အလွန် ညှဉ်းဆဲဖျက်ဆီးကြောင်းကို၎င်း၊
14 Y aprovechaba en el Judaismo sobre muchos de mis iguales en mi nación, siendo muy más celador [que todos] de las tradiciones de mis padres.
၁၄ဘိုးဘေးတို့၏လက်မှ ငါခံရသောနည်း ဥပဒေသဘက်၌ အထူးသဖြင့်စိတ်အားသန်လျက်၊ ငါ၏ လူမျိုးထဲတွင် ငါ့ရွယ်တူချင်းအများတို့ထက် ယုဒဘာသာကိုကျင်လည်လေ့ကျက်ကြောင်းကို၎င်း သင်တို့ကြားသိ ကြရပြီ။
15 Mas cuando plugo á Dios, que me apartó desde el vientre de mi madre, y me llamó por su gracia,
၁၅သို့သော်လည်း၊ ငါ့ကိုအမိဝမ်းထဲကပင် ရွေးချယ်ခွဲထား၍ ကျေးဇူးတော်အားဖြင့် ခေါ်တော်မူသော ဘုရား သခင်သည်၊
16 Revelar á su Hijo en mí, para que le predicase entre los Gentiles, luego no conferí con carne y sangre;
၁၆သားတော်၏ ဧဝံဂေလိတရားကို တပါးအမျိုးသားတို့၌ ဟောပြောစေမည်အကြောင်း၊ မိမိအလိုတော် နှင့်အညီသားတော်ကို ငါအားပြတော်မူသောအခါ၊ ငါသည်အသွေးအသားနှင့် တိုင်ပင်ခြင်းကိုမပြု။
17 Ni fuí á Jerusalem á los que eran apóstoles antes que yo; sino que me fuí á la Arabia, y volví de nuevo á Damasco.
၁၇ငါ့အရင်တမန်တော်ဖြစ်နှင့်သောသူတို့ရှိရာ ယေရုရှလင်မြို့ သို့လည်းမသွား၊ အာရပ်ပြည်သို့ ချက်ခြင်း သွား၍ တဖန်ဒမာသက်မြို့သို့ ပြန်လေ၏။
18 Después, pasados tres años, fuí á Jerusalem á ver á Pedro, y estuve con él quince días.
၁၈ထိုနောက်သုံးနှစ်လွန်ပြီးမှ ပေတရုကို အကျွမ်းဝင်လိုသောငှါ၊ ယေရုရှလင်မြို့သို့သွား၍ သူနှင့်အတူ တဆယ်ငါးရက်နေ၏။
19 Mas á ningún otro de los apóstoles vi, sino á Jacobo el hermano del Señor.
၁၉သူနှင့်သခင်ဘုရား၏ညီတော် ယာကုပ်မှတပါး အခြားသော တမန်တော်တယောက်ကိုမျှ ငါမတွေ့မမြင်။
20 Y en esto que os escribo, he aquí, delante de Dios, no miento.
၂၀ဤသို့ သင်တို့အား ငါရေး၍ ကြားလိုက်သည် တွင် မုသာစကားကို ငါမပြောမသုံးဟု ဘုရားသခင်ရှေ့ တော်၌ငါဆို၏။
21 Después fuí á las partes de Siria y de Cilicia;
၂၁ထိုနောက်ရှုရိပြည်၊ ကိလိကိပြည်သို့ ငါသွား၍၊
22 Y no era conocido de vista á las iglesias de Judea, que eran en Cristo;
၂၂ယုဒပြည်၌ခရစ်တော်၏ဘာသာကို ခံယူသော သင်းဝင်သူတို့သည် ငါ့မျက်နှာကိုမျှမသိမမှတ်ဘဲနေ၍၊
23 Solamente habían oído decir: Aquel que en otro tiempo nos perseguía, ahora anuncia la fe que en otro tiempo destruía.
၂၃ငါတို့ကိုညှင်းဆဲဘူးသောသူသည် အထက်က မိမိဖျက်ဆီးသော ယုံကြည်ခြင်းတရားကို ယခု မိမိ ဟောပြောသည်ဟု သူတို့ကြားရုံရှိကာမျှနှင့်၊
24 Y glorificaban á Dios en mí.
၂၄ငါ့အကြောင်းကြောင့် ဘုရားသခင်ကို ချီးမွမ်းကြ၏။

< Gálatas 1 >