< Éxodo 8 >

1 ENTONCES Jehová dijo á Moisés: Entra á Faraón, y dile: Jehová ha dicho así: Deja ir á mi pueblo, para que me sirvan.
ထာဝရဘုရား ကလည်း ၊ သင်သည် ဖါရော ဘုရင်ထံ သို့ဝင် ၍ ငါ ၏လူ တို့သည် ငါ့ အားဝတ်ပြု မည်အကြောင်း ၊ သူတို့ကိုလွှတ် လော့။
2 Y si no lo quisieres dejar ir, he aquí yo heriré con ranas todos tus términos:
မလွှတ် ဘူးဟုငြင်း လျှင် ၊ သင် ၏ပြည် တရှောက်လုံး ကို ဘား တို့ဖြင့် ဒဏ်ခတ် ဦးမည်။
3 Y el río criará ranas, las cuales subirán, y entrarán en tu casa, y en la cámara de tu cama, y sobre tu cama, y en las casas de tus siervos, y en tu pueblo, y en tus hornos, y en tus artesas:
မြစ် သည်လည်း များစွာ သော ဘား တို့ကိုဘွား၍၊ သူတို့သည် သင် ၏အိမ် ၌၎င်း ၊ အိပ် ခန်း ၌ ၎င်း ၊ အိပ်ရာ ပေါ် ၌၎င်း ၊ သင် ၏ကျွန် တို့ အိမ် ၌ ၎င်း ၊ သင် ၏လူ တို့အပေါ် ၌၎င်း ၊ သင် ၏မီးဖို ၌ ၎င်း ၊ မုန့် နယ်သော ခွက်၌ ၎င်း တက် ကြလိမ့်မည်။
4 Y las ranas subirán sobre ti, y sobre tu pueblo, y sobre todos tus siervos.
သင် မှစ၍ သင် ၏လူ ၊ သင် ၏ကျွန် ရှိသမျှ တို့ အပေါ် ၌ တက် ကြလိမ့်မည်ဟု ထာဝရဘုရား မိန့် တော်မူသည် အကြောင်းကို ကြားပြော လော့ဟု မောရှေ အား မိန့် တော်မူ၏။
5 Y Jehová dijo á Moisés: Di á Aarón: Extiende tu mano con tu vara sobre los ríos, arroyos, y estanques, para que haga venir ranas sobre la tierra de Egipto.
တဖန် ထာဝရဘုရား သည် မောရှေ အား မိန့်တော်မူပြန်သည်ကား၊ အာရုန် သည် ချောင်း ရေ၊ မြစ် ရေ၊ အိုင် အင်းရေတို့အပေါ်၌ လှံတံ ကို ကိုင်လျက်၊ လက် ကို ဆန့် ၍ အဲဂုတ္တု ပြည် အပေါ်သို့ ဘား များကို တက် စေ ခြင်းငှါ ပြော လော့ဟု မိန့် တော်မူ၏။
6 Entonces Aarón extendió su mano sobre las aguas de Egipto, y subieron ranas que cubrieron la tierra de Egipto.
အာရုန် သည် အဲဂုတ္တု ပြည်၌ရှိသောရေ အပေါ် မှာ လက် ကိုဆန့် သဖြင့် ၊ ဘား တို့သည်တက် ၍ အဲဂုတ္တု ပြည် တရှောက်လုံးကို ဖုံးလွှမ်း ကြ၏။
7 Y los encantadores hicieron lo mismo con sus encantamientos, é hicieron venir ranas sobre la tierra de Egipto.
ဝိဇ္ဇာဆရာ တို့သည်လည်း ဝိဇ္ဇာအတတ် အားဖြင့် ထိုအတူ ပြု ၍ ဘား တို့ကို အဲဂုတ္တု ပြည် အပေါ် သို့ ဆောင် ကြ၏။
8 Entonces Faraón llamó á Moisés y á Aarón, y díjoles: Orad á Jehová que quite las ranas de mí y de mi pueblo; y dejaré ir al pueblo, para que sacrifique á Jehová.
ထိုအခါ ဖါရော မင်းသည်၊ မောရှေ နှင့် အာရုန် ကို ခေါ် ၍ ၊ ထာဝရဘုရား သည် ဘား တို့ကိုငါ နှင့် ငါ့ လူ တို့ ထံမှ ပယ်ရှား တော်မူမည်အကြောင်း တောင်းပန် လော့။ ဣသရေလလူ တို့သည် ထာဝရဘုရား အား ယဇ်ပူဇော် ရသောအခွင့် ကို ငါပေးမည်ဟု ဆို ၏။
9 Y dijo Moisés á Faraón: Gloríate sobre mí: ¿cuándo oraré por ti, y por tus siervos, y por tu pueblo, para que las ranas sean quitadas de ti, y de tus casas, y que solamente se queden en el río?
မောရှေ ကလည်း ၊ ကိုယ်တော် နှင့် ကိုယ်တော် အိမ် များမှ ဘား တို့ကို ပယ်ရှင်း ဖျက်ဆီး၍၊ မြစ် ၌ သာ နေ စေ ခြင်းငှါ၊ ကိုယ်တော် နှင့် ကိုယ်တော် ကျွန် များ၊ လူ များအဘို့ အကျွန်ုပ်တောင်းပန် ရသောအချိန် ကို ချိန်းချက် တော်မူပါဟု လျှောက် သော်၊
10 Y él dijo: Mañana. Y [Moisés] respondió: Se hará conforme á tu palabra, para que conozcas que no hay como Jehová nuestro Dios:
၁၀နက်ဖြန် နေ့ တောင်းပန်လော့ဟု မိန့် တော်မူသည်ဖြစ်၍ ၊ မောရှေက၊ အကျွန်ုပ် တို့ဘုရား သခင်ထာဝရဘုရား နှင့်တူ သော ဘုရားမရှိ ကြောင်းကို ကိုယ်တော်သိ စေခြင်းငှါ အမိန့် တော်အတိုင်း ဖြစ်၍ ၊
11 Y las ranas se irán de ti, y de tus casas, y de tus siervos, y de tu pueblo, y solamente se quedarán en el río.
၁၁ဘား တို့သည်ကိုယ်တော် နှင့် ကိုယ်တော် အိမ် များ၊ ကျွန် များ၊ လူ များထံမှ ထွက် သွား၍ မြစ် ၌ သာ နေ ကြလိမ့်မည်ဟု မောရှေလျှောက် ပြီးလျှင်၊
12 Entonces salieron Moisés y Aarón de con Faraón, y clamó Moisés á Jehová sobre el negocio de las ranas que había puesto á Faraón.
၁၂အာရုန် နှင့်အတူ အထံတော်မှ ထွက်သွား ၍ ၊ ဖါရော ဘုရင်အပေါ် သို့ ထာဝရဘုရား ဆောင် တော်မူ သောဘား တို့အကြောင်း ကြောင့် ၊ မောရှေ သည် ဆုတောင်း ပဌနာပြုလေ၏။
13 E hizo Jehová conforme á la palabra de Moisés, y murieron las ranas de las casas, de los cortijos, y de los campos.
၁၃ထာဝရဘုရား သည် မောရှေ တောင်း လျှောက်သော စကားအတိုင်း ပြု တော်မူသဖြင့် ၊ ဘား တို့သည် အိမ် များ၊ ရွာ များ၊ လယ်ပြင် များတို့တွင် သေ ကြ၏။
14 Y las juntaron en montones, y apestaban la tierra.
၁၄အသေကောင် တို့ကို စုပုံ ၍ထားသဖြင့် တပြည် လုံး နံ လေ၏။
15 Y viendo Faraón que le habían dado reposo, agravó su corazón, y no los escuchó; como Jehová lo había dicho.
၁၅ဖါရော မင်းလည်း၊ သက်သာ ရကြောင်းကို သိမြင် သောအခါ ၊ ထာဝရဘုရား မိန့် တော်မူသည်အတိုင်း ၊ နှလုံး ခိုင်မာ ၍ သူ တို့စကားကို နား မ ထောင်ဘဲ နေပြန် လေ၏။
16 Entonces Jehová dijo á Moisés: Di á Aarón: Extiende tu vara, y hiere el polvo de la tierra, para que se vuelva piojos por todo el país de Egipto.
၁၆တဖန် ထာဝရဘုရား သည် မောရှေ အား မိန့် တော်မူသည်ကား၊ အဲဂုတ္တု ပြည် တရှောက်လုံး ၌ ရှိသောမြေမှုန့်သည် ခြင် ကောင်ဖြစ် စေခြင်းငှါ ၊ အာရုန် သည် လှံတံ ကိုကိုင်လျက် လက်ကိုဆန့် ၍၊ မြေမှုန့် ကို ရိုက် စေ ခြင်းငှါ ပြော လော့ဟု မိန့်တော်မူသည်အတိုင်း၊
17 Y ellos lo hicieron así; y Aarón extendió su mano con su vara, é hirió el polvo de la tierra, el cual se volvió piojos, así en los hombres como en las bestias: todo el polvo de la tierra se volvió piojos en todo el país de Egipto.
၁၇အာရုန် သည် လှံတံ ကိုကိုင်လျက် လက် ကိုဆန့် ၍ မြေမှုန့် ကို ရိုက် လေ၏။ မြေမှုန့်သည်လည်း လူ ၌ ၎င်း ၊ တိရစ္ဆာန် ၌ ၎င်း ခြင် ကောင်ဖြစ် လေ၏။ အဲဂုတ္တု ပြည် တရှောက်လုံး ၌ မြေမှုန့် ရှိသမျှ သည် ခြင် ကောင်ဖြစ် လေ၏။
18 Y los encantadores hicieron así también, para sacar piojos con sus encantamientos; mas no pudieron. Y había piojos así en los hombres como en las bestias.
၁၈ဝိဇ္ဇာဆရာ ကိုလည်း ၊ ခြင် ကောင်တို့ကို ဖြစ် စေ ခြင်းငှါ ဝိဇ္ဇာအတတ် အားဖြင့် ထိုအတူ ပြု ၍ မ တတ် နိုင် ကြ။ သို့ဖြစ်၍ လူ တို့နှင့် တိရစ္ဆာန် တို့၌ ခြင် ကောင်တို့သည် ရှိ ကြ၏။
19 Entonces los magos dijeron á Faraón: Dedo de Dios es este. Mas el corazón de Faraón se endureció, y no los escuchó; como Jehová lo había dicho.
၁၉ထိုအခါ ဝိဇ္ဇာဆရာ တို့က၊ ဤ အမှုသည် ဘုရား သခင် ၏ တန်ခိုး ကြောင့်ဖြစ်သည်ဟု ဖါရော ဘုရင်အား လျှောက် ကြားကြ၏။ သို့သော်လည်း ထာဝရဘုရား မိန့် တော်မူသည်အတိုင်း ၊ ဖာရော ဘုရင်သည် နှလုံး ခိုင်မာ ၍ သူ တို့စကားကို နား မ ထောင်ဘဲနေပြန်လေ၏။
20 Y Jehová dijo á Moisés: Levántate de mañana y ponte delante de Faraón, he aquí él sale á las aguas; y dile: Jehová ha dicho así: Deja ir á mi pueblo, para que me sirva.
၂၀ထာဝရဘုရား ကလည်း ၊ သင်သည် နံနက် စောစော ထလော့။ ရေ ဆိပ်သို့ ထွက်သွား သော ဖါရော ဘုရင်ရှေ့မှာ ရပ် ၍ ထာဝရဘုရား က၊ ငါ ၏လူ တို့သည် ငါ့ အား ဝတ်ပြု မည်အကြောင်း ၊ သူတို့ကိုလွှတ် လော့။
21 Porque si no dejares ir á mi pueblo, he aquí yo enviaré sobre ti, y sobre tus siervos, y sobre tu pueblo, y sobre tus casas toda suerte de moscas; y las casas de los Egipcios se henchirán de toda suerte de moscas, y asimismo la tierra donde ellos estuvieren.
၂၁မ လွှတ် ဘဲနေလျှင် သင် နှင့် သင် ၏ကျွန် များ၊ လူ များ၊ အိမ် များထဲသို့ ယင်ရဲ တို့ကို ငါ စေလွှတ် သဖြင့် အဲဂုတ္တု လူတို့နေသောအိမ် ၊ ရပ်သောမြေ သည် ယင်ရဲ နှင့်အပြည့် ရှိရလိမ့်မည်။
22 Y aquel día yo apartaré la tierra de Gosén, en la cual mi pueblo habita, para que ninguna suerte de moscas haya en ella; á fin de que sepas que yo soy Jehová en medio de la tierra.
၂၂ငါ သည် မြေကြီး အလယ် ၌ ထာဝရဘုရား ဖြစ်ကြောင်းကို သင်သိ စေခြင်းငှါ ငါ ၏လူ တို့နေရာ ဂေါရှင် ပြည် ကို ထို နေ့ ၌ ငါခြားနား စေ၍၊ ထို ပြည်၌ ယင်ရဲ မ ရှိ ရ။
23 Y yo pondré redención entre mi pueblo y el tuyo. Mañana será esta señal.
၂၃ထိုသို့ ငါ ၏လူ တို့နှင့် သင် ၏လူ တို့ကို ငါခြားနား စေ မည်။ နက်ဖြန် နေ့၌ ထို နိမိတ် ထင်ရှား လိမ့်မည်ဟု မိန့် တော်မူကြောင်းကို ပြော လော့ဟု မောရှေ အား မိန့် တော်မူ၏။
24 Y Jehová lo hizo así: que vino toda suerte de moscas molestísimas sobre la casa de Faraón, y sobre las casas de sus siervos, y sobre todo el país de Egipto; y la tierra fué corrompida á causa de ellas.
၂၄ထိုသို့ ထာဝရဘုရား ပြု တော်မူသဖြင့် ၊ အလွန် ကြမ်းတမ်း သော ယင်ရဲ တို့သည်၊ ဖါရော ဘုရင်အိမ် အစရှိသော သူ ၏ကျွန် တို့အိမ် ၊ အဲဂုတ္တု ပြည် တရှောက်လုံး ၌ ရောက် လာ၍၊ ထိုယင်ရဲ တို့ကြောင့် အဲဂုတ္တုပြည် ပျက် လေ၏။
25 Entonces Faraón llamó á Moisés y á Aarón, y díjoles: Andad, sacrificad á vuestro Dios en la tierra.
၂၅ထိုအခါ ၊ ဖါရော ဘုရင်သည် မောရှေ နှင့် အာရုန် ကို ခေါ် ပြီးလျှင် ၊ သင်တို့သည် ဤပြည် ၌ သင် တို့၏ ဘုရား သခင် အား ယဇ်ပူဇော် သွား ကြလော့ဟု မိန့် တော်မူသော်၊
26 Y Moisés respondió: No conviene que hagamos así, porque sacrificaríamos á Jehová nuestro Dios la abominación de los Egipcios. He aquí, si sacrificáramos la abominación de los Egipcios delante de ellos, ¿no nos apedrearían?
၂၆မောရှေ က ထိုသို့ မ ပြု သင့်။ ပြုလျှင်အဲဂုတ္တု လူ တို့၏ ရွံရှာ ဘွယ်သောအရာကို အကျွန်ုပ် တို့ဘုရား သခင်ထာဝရဘုရား အား ယဇ် ပူဇော်ရပါမည်။ အဲဂုတ္တု လူတို့၏ ရွံရှာဘွယ် သောအရာကို သူ တို့မျက်မှောက် ၌ ယဇ်ပူဇော် လျှင် ၊ သူတို့သည် အကျွန်ုပ် တို့ကိုခဲနှင့်ပစ် ကြပါလိမ့်မည်မဟုတ် လော။
27 Camino de tres días iremos por el desierto, y sacrificaremos á Jehová nuestro Dios, como él nos dirá.
၂၇သို့ဖြစ်၍တော ၌ သုံး ရက် ခရီး သွား ၍ အကျွန်ုပ် တို့ဘုရား သခင်ထာဝရဘုရား မိန့် တော်မူသည်အတိုင်း ယဇ်ပူဇော် ကြပါမည်ဟု လျှောက်ဆို ၏။
28 Y dijo Faraón: Yo os dejaré ir para que sacrifiquéis á Jehová vuestro Dios en el desierto, con tal que no vayáis más lejos: orad por mí.
၂၈ဖါရော ဘုရင်ကလည်း ၊ သင် တို့၏ဘုရား သခင်ထာဝရဘုရား အား ၊ တော ၌ ယဇ် ပူဇော်မည်အကြောင်း ၊ သွားရသောအခွင့် ကို ငါ ပေးမည်။ သို့ရာတွင် ဝေး ဝေး မ သွား ရကြ။ ငါ့ အဘို့ တောင်းပန် လော့ဟု မိန့် တော်မူ၏။
29 Y respondió Moisés: He aquí, en saliendo yo de contigo, rogaré á Jehová que las diversas suertes de moscas se vayan de Faraón, y de sus siervos, y de su pueblo mañana; con tal que Faraón no falte más, no dejando ir al pueblo á sacrificar á Jehová.
၂၉မောရှေ ကလည်း ၊ အကျွန်ုပ် သည် ကိုယ်တော် ထံ မှ ထွက်သွား ၍ ယင်ရဲ တို့သည် ဖါရော ဘုရင်နှင့် သူ ၏ ကျွန် များ၊ လူ များထံမှ ၊ နက်ဖြန် နေ့သွား မည်အကြောင်း ထာဝရဘုရား ကို တောင်းပန် ပါမည်။ သို့ရာတွင် ဣသရေလ လူ တို့သည် ထာဝရဘုရား အား ယဇ် မပူဇော်ရမည် အကြောင်း ၊ နောက်တဖန် ဆီးတား ၍ လှည့်စား တော် မ မူပါနှင့်ဟု လျှောက် ပြီးလျှင် ၊
30 Entonces Moisés salió de con Faraón, y oró á Jehová.
၃၀ဖါရော ဘုရင်ထံ မှ ထွက် သွား၍ ထာဝရဘုရား ကို တောင်းပန် လေ၏။
31 Y Jehová hizo conforme á la palabra de Moisés; y quitó todas aquellas moscas de Faraón, y de sus siervos, y de su pueblo, sin que quedara una.
၃၁ထာဝရဘုရား သည်လည်း ၊ မောရှေ စကား ကို နားထောင် ၍ ယင်ရဲ တို့ကို ဖါရော ဘုရင်နှင့်သူ ၏ကျွန် များ၊ လူ များထံမှာ တကောင် မျှ မ ကျန် စေခြင်းငှါ ပယ်ရှား တော်မူ၏။
32 Mas Faraón agravó aún esta vez su corazón, y no dejó ir al pueblo.
၃၂ထို အခါ ၌ လည်း ၊ ဖါရော ဘုရင်သည် နှလုံး ခိုင်မာ ပြန်၍ ၊ ဣသရေလလူ တို့ကို မ လွှတ် ဘဲနေလေ၏။

< Éxodo 8 >