< Éxodo 40 >

1 Y JEHOVÁ habló á Moisés, diciendo:
ထာ​ဝ​ရ​ဘု​ရား​က​မော​ရှေ​အား၊
2 En el primer día del mes primero harás levantar el tabernáculo, el tabernáculo del testimonio:
``ပ​ထ​မ​လ၊ ပ​ထ​မ​နေ့​ရက်​တွင်​ထာ​ဝ​ရ ဘု​ရား​စံ​တော်​မူ​ရာ​တဲ​တော်​ကို​စိုက်​ထူ​လော့။-
3 Y pondrás en él el arca del testimonio, y la cubrirás con el velo:
တဲ​တော်​တွင်​ပ​ညတ်​တော်​ဆယ်​ပါး​ပါ​ရှိ သော​သေတ္တာ​တော်​ကို​သွင်း​ထား​၍၊ သေတ္တာ အ​ရှေ့​တွင်​ကန့်​လန့်​ကာ​ကို၊ ကာ​ထား​လော့။-
4 Y meterás la mesa, y la pondrás en orden: meterás también el candelero, y encenderás sus lámparas:
တဲ​တော်​ထဲ​သို့​စား​ပွဲ​တော်​ကို​သွင်း​၍၊ ဆိုင် ရာ​ပစ္စည်း​များ​ကို စား​ပွဲ​ပေါ်​တွင်​တင်​ထား လော့။ ဆီ​မီး​တိုင်​ကို​လည်း​သွင်း​၍ မီး​ခွက် များ​ကို​တင်​ထွန်း​ရ​မည်။-
5 Y pondrás el altar de oro para el perfume delante del arca del testimonio, y pondrás el pabellón delante de la puerta del tabernáculo.
နံ့​သာ​ပေါင်း​မီး​ရှို့​ရာ​ရွှေ​ပလ္လင်​ကို၊ ပ​ညတ် တော်​ဆယ်​ပါး​ပါ​ရှိ​သော ပ​ဋိ​ညာဉ်​သေတ္တာ​ရှေ့ တွင်​ထား​၍၊ တဲ​တော်​တံ​ခါး​ဝ​တွင်​ကန့်​လန့် ကာ​ကို​တပ်​ဆင်​လော့။-
6 Después pondrás el altar del holocausto delante de la puerta del tabernáculo, del tabernáculo del testimonio.
ယဇ်​ကောင်​မီး​ရှို့​ရာ​ပလ္လင်​ကို​ထာ​ဝ​ရ​ဘု​ရား စံ​တော်​မူ​ရာ တဲ​တော်​တံ​ခါး​ဝ​ရှေ့​တွင်​ထား လော့။-
7 Luego pondrás la fuente entre el tabernáculo del testimonio y el altar; y pondrás agua en ella.
အင်​တုံ​ကို​ထာ​ဝ​ရ​ဘု​ရား​စံ​တော်​မူ​ရာ​တဲ တော်​နှင့် ယဇ်​ပလ္လင်​စပ်​ကြား​တွင်​ထား​၍၊ အင်​တုံ ၌​ရေ​ဖြည့်​လော့။-
8 Finalmente pondrás el atrio en derredor, y el pabellón de la puerta del atrio.
တဲ​တော်​ပတ်​လည်​တွင်​ဝင်း​ကာ​၍၊ ဝင်း တံ​ခါး​ဝ​၌ ကန့်​လန့်​ကာ​ကို​တပ်​ဆင်​လော့။
9 Y tomarás el aceite de la unción, y ungirás el tabernáculo, y todo lo que está en él; y le santificarás con todos sus vasos, y será santo.
``တဲ​တော်​နှင့်​တဲ​တော်​အ​တွင်း​၌​ရှိ​သ​မျှ သော​အ​ရာ​တို့​ကို ဘိ​သိက်​ဆီ​သွန်း​လောင်း ၍၊ ထာ​ဝ​ရ​ဘု​ရား​ထံ​ဆက်​ကပ်​လော့။-
10 Ungirás también el altar del holocausto y todos sus vasos: y santificarás el altar, y será un altar santísimo.
၁၀ထို​နောက်​ယဇ်​ကောင်​မီး​ရှို့​ရာ​ပလ္လင်​နှင့်​ဆိုင် ရာ​ပစ္စည်း​ရှိ​သ​မျှ​တို့​ကို​လည်း​ဘိ​သိက် ဆီ​သွန်း​လောင်း​၍၊ အ​လွန်​သန့်​ရှင်း​စေ​လော့။-
11 Asimismo ungirás la fuente y su basa, y la santificarás.
၁၁ထို​နည်း​အ​တိုင်း​အင်​တုံ​နှင့်​အောက်​ခံ​ခုံ​များ ကို​ဆက်​ကပ်​လော့။
12 Y harás llegar á Aarón y á sus hijos á la puerta del tabernáculo del testimonio, y los lavarás con agua.
၁၂``အာ​ရုန်​နှင့်​သား​များ​ကို​ထာ​ဝ​ရ​ဘု​ရား စံ​တော်​မူ​ရာ​တဲ​တော်​တံ​ခါး​ဝ​သို့​ခေါ်​ဆောင် ၍၊ ရေ​ဖြင့်​ဆေး​ကြော​သန့်​စင်​စေ​လော့။-
13 Y harás vestir á Aarón las vestiduras sagradas, y lo ungirás, y lo consagrarás, para que sea mi sacerdote.
၁၃အာ​ရုန်​အား​ယဇ်​ပု​ရော​ဟိတ်​အ​ဝတ်​တန်​ဆာ များ​ကို​ဝတ်​ဆင်​စေ​၍၊ ဘိ​သိက်​ဆီ​လောင်း လျက်​သူ့​အား​ဆက်​ကပ်​၍၊ ငါ့​အ​တွက်​ယဇ် ပု​ရော​ဟိတ်​အ​ဖြစ်​ဆောင်​ရွက်​စေ​လော့။-
14 Después harás llegar sus hijos, y les vestirás las túnicas:
၁၄သူ​၏​သား​များ​ကို​လည်း​ခေါ်​၍​အင်္ကျီ​ဝတ် ပေး​လော့။-
15 Y los ungirás como ungiste á su padre, y serán mis sacerdotes: y será que su unción les servirá por sacerdocio perpetuo por sus generaciones.
၁၅ထို​နောက်​သူ​တို့​အား​ယဇ်​ပု​ရော​ဟိတ်​အ​မှု ကို​ဆောင်​ရွက်​စေ​ရန် သူ​တို့​၏​အ​ဖ​အား​ဘိ သိက်​ပေး​သ​ကဲ့​သို့၊ သူ​တို့​အား​ဘိ​သိက်​ဆီ လောင်း​၍​ဆက်​ကပ်​လော့။ သူ​တို့​အား​ဤ​ကဲ့ သို့​ဘိ​သိက်​ဆီ​လောင်း​ခြင်း​အား​ဖြင့်၊ သူ​တို့ ၏​သား​စဉ်​မြေး​ဆက်​တို့​သည် ယဇ်​ပု​ရော ဟိတ်​အ​ရာ​ကို​အ​မြဲ​ဆက်​ခံ​ရ​ကြ လိမ့်​မည်'' ဟု​မိန့်​တော်​မူ​၏။
16 Y Moisés hizo conforme á todo lo que Jehová le mandó; así lo hizo.
၁၆မော​ရှေ​သည်​ထာ​ဝရ​ဘု​ရား​မိန့်​တော်​မူ သ​မျှ​အ​တိုင်း​ဆောင်​ရွက်​လေ​၏။-
17 Y así en el día primero del primer mes, en el segundo año, el tabernáculo fué erigido.
၁၇သူ​တို့​သည်​အီ​ဂျစ်​ပြည်​မှ​ထွက်​ခွာ​ခဲ့​ပြီး နောက် ဒု​တိ​ယ​နှစ်​ပ​ထ​မ​လ၊ ပ​ထ​မ​နေ့ တွင်​ထာ​ဝ​ရ​ဘု​ရား​စံ​တော်​မူ​ရာ​တဲ တော်​ကို​စိုက်​ထူ​ကြ​၏။-
18 Y Moisés hizo levantar el tabernáculo, y asentó sus basas, y colocó sus tablas, y puso sus barras, é hizo alzar sus columnas.
၁၈မော​ရှေ​သည်​တဲ​တော်​၏​အောက်​ခံ​ခုံ​များ​ကို နေ​ရာ​ချ​ထား​၏။ ထို​နောက်​ဘောင်​ခွေ​များ​ကို ထောင်​၍ ကန့်​လန့်​ကျင်​များ​ကို​လျှို​လျက်​တိုင် များ​ကို​ထူ​၏။-
19 Y extendió la tienda sobre el tabernáculo, y puso la sobrecubierta encima del mismo; como Jehová había mandado á Moisés.
၁၉ထာ​ဝ​ရ​ဘု​ရား​က​သူ့​အား​မိန့်​တော်​မူ​သည့် အ​တိုင်း​တဲ​တော်​အ​မိုး​ကို​ဖြန့်​မိုး​လျက် ထို အ​မိုး​အ​ထက်​အ​ပေါ်​ထပ်​အ​မိုး​ကို​မိုး ပြန်​၏။-
20 Y tomó y puso el testimonio dentro del arca, y colocó las varas en el arca, y encima la cubierta sobre el arca:
၂၀ထို​နောက်​သူ​သည်​ကျောက်​ပြား​ကို​သေတ္တာ တော်​ထဲ​၌​ထည့်​ထား​၏။ သေတ္တာ​တော်​ကွင်း များ​တွင်​ထမ်း​ပိုး​များ​ကို​လျှို​၍၊ သေတ္တာ တော်​အ​ဖုံး​ကို​တင်​၏။-
21 Y metió el arca en el tabernáculo, y puso el velo de la tienda, y cubrió el arca del testimonio; como Jehová había mandado á Moisés.
၂၁ထို​နောက်​သူ​သည်​သေတ္တာ​တော်​ကို​တဲ​တော် အ​တွင်း​၌​သွင်း​၍ ကန့်​လန့်​ကာ​ကို​ကာ​သ ဖြင့်၊ ထာ​ဝရ​ဘု​ရား​မိန့်​တော်​မူ​သည့်​အ​တိုင်း သေတ္တာ​ကို​ကာ​ထား​လေ​၏။-
22 Y puso la mesa en el tabernáculo del testimonio, al lado septentrional del pabellón, fuera del velo:
၂၂သူ​သည်​ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သည့် အ​တိုင်း​စား​ပွဲ​ကို​ထာ​ဝ​ရ​ဘု​ရား​စံ​တော် မူ​ရာ​တဲ​တော်​အ​တွင်း မြောက်​ဘက်၊ ကန့်​လန့် ကာ​အ​ပြင်​ဘက်​တွင်​နေ​ရာ​ချ​ထား​၍၊-
23 Y sobre ella puso por orden los panes delante de Jehová, como Jehová había mandado á Moisés.
၂၃ထာ​ဝရ​ဘု​ရား​မိန့်​တော်​မူ​သည့်​အ​တိုင်း ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်​၌​ဆက်​သ​ရန် မုန့်​ကို​စား​ပွဲ​ပေါ်​၌​တင်​ထား​၏။-
24 Y puso el candelero en el tabernáculo del testimonio, enfrente de la mesa, al lado meridional del pabellón.
၂၄သူ​သည်​ဆီ​မီး​တိုင်​ကို​ထာ​ဝ​ရ​ဘု​ရား စံ​တော်​မူ​ရာ​တဲ​တော်​အ​တွင်း၊ တောင်​ဘက် စား​ပွဲ​၏​တစ်​ဘက်​တွင်​ထား​၏။-
25 Y encendió las lámparas delante de Jehová; como Jehová había mandado á Moisés.
၂၅ထို​နောက်​ထာ​ဝရ​ဘု​ရား​မိန့်​တော်​မူ​သည့် အ​တိုင်း ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်​တွင်​မီး ခွက်​များ​ကို​ထွန်း​ညှိ​လေ​၏။-
26 Puso también el altar de oro en el tabernáculo del testimonio, delante del velo:
၂၆ရွှေ​ပလ္လင်​ကို​လည်း​ထာ​ဝ​ရ​ဘု​ရား​စံ​တော်​မူ ရာ​တဲ​တော်​အ​တွင်း၊ ကန့်​လန့်​ကာ​အ​ရှေ့​တွင် နေ​ရာ​ချ​ထား​၏။-
27 Y encendió sobre él el perfume aromático; como Jehová había mandado á Moisés.
၂၇ထို​နောက်​ထာ​ဝရ​ဘု​ရား​မိန့်​တော်​မူ​သည့်​အ​တိုင်း ပလ္လင်​ပေါ်​တွင်​နံ့​သာ​ပေါင်း​ကို​မီး​ရှို့​လေ​၏။-
28 Puso asimismo la cortina de la puerta del tabernáculo.
၂၈သူ​သည်​တဲ​တော်​တံ​ခါး​ဝ​တွင်​ကန့်​လန့်​ကာ ကို​တပ်​ဆင်​ပြီး​နောက်-
29 Y colocó el altar del holocausto á la puerta del tabernáculo, del tabernáculo del testimonio; y ofreció sobre él holocausto y presente; como Jehová había mandado á Moisés.
၂၉ထာ​ဝ​ရ​ဘု​ရား​စံ​တော်​မူ​ရာ​တဲ​တော်​တံ​ခါး ဝ​ရှေ့​တွင် မီး​ရှို့​ရာ​ယဇ်​ပလ္လင်​ကို​နေ​ရာ​ချ​ထား ၏။ ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သည့်​အ​တိုင်း သူ​သည်​မီး​ရှို့​ရာ​ယဇ်​ကို​လည်း​ကောင်း၊ ဘော​ဇဉ် ပူ​ဇော်​သ​ကာ​ကို​လည်း​ကောင်း​ပလ္လင်​ပေါ်​တွင် ပူ​ဇော်​လေ​၏။-
30 Y puso la fuente entre el tabernáculo del testimonio y el altar; y puso en ella agua para lavar.
၃၀သူ​သည်​အင်​တုံ​ကို​ထာ​ဝ​ရ​ဘု​ရား​စံ​တော်​မူ ရာ​တဲ​တော်​နှင့် ယဇ်​ပလ္လင်​အ​ကြား​တွင် နေ​ရာ​ချ ထား​၍​ရေ​ထည့်​ထား​၏။-
31 Y Moisés y Aarón y sus hijos lavaban en ella sus manos y sus pies.
၃၁ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သည့်​အ​တိုင်း​မော​ရှေ၊ အာ​ရုန်​နှင့်​သူ​၏​သား​များ​သည်​ထာ​ဝ​ရ​ဘု​ရား စံ​တော်​မူ​ရာ​တဲ​တော်​ထဲ​သို့​ဝင်​သော​အ​ခါ​၌ လည်း​ကောင်း၊ ယဇ်​ပလ္လင်​ရှိ​ရာ​သို့​ချဉ်း​ကပ်​သော အ​ခါ​၌​လည်း​ကောင်း သူ​တို့​၏​ခြေ​လက်​များ ကို​ထို​နေ​ရာ​တွင်​ဆေး​ကြော​ကြ​၏။-
32 Cuando entraban en el tabernáculo del testimonio, y cuando se llegaban al altar, se lavaban; como Jehová había mandado á Moisés.
၃၂
33 Finalmente erigió el atrio en derredor del tabernáculo y del altar, y puso la cortina de la puerta del atrio. Y así acabó Moisés la obra.
၃၃ထို​နောက်​သူ​သည်​တဲ​တော်​နှင့်​ယဇ်​ပလ္လင်​ပတ် လည်​တွင်​ဝင်း​ကာ​၍ ဝင်း​တံ​ခါး​ဝ​၌​ကန့်​လန့် ကာ​ကို​တပ်​ဆင်​လေ​၏။ သို့​ဖြစ်​၍​မော​ရှေ​သည် လုပ်​ငန်း​ရှိ​သ​မျှ​ကို​လုပ်​ဆောင်​ပြီး​စီး​လေ သည်။
34 Entonces una nube cubrió el tabernáculo del testimonio, y la gloria de Jehová hinchió el tabernáculo.
၃၄ထို​အ​ခါ​ထာ​ဝ​ရ​ဘု​ရား​စံ​တော်​မူ​ရာ​တဲ တော်​ကို မိုး​တိမ်​တိုက်​လွှမ်း​၍​ထာ​ဝ​ရ​ဘု​ရား ၏​တောက်​ပ​သော​ဘုန်း​အ​သ​ရေ​တော်​သည် တဲ​တော်​တွင်း​၌​ထွန်း​တောက်​လေ​၏။-
35 Y no podía Moisés entrar en el tabernáculo del testimonio, porque la nube estaba sobre él, y la gloria de Jehová lo tenía lleno.
၃၅ထို​အ​ခြင်း​အ​ရာ​ကြောင့်​မော​ရှေ​သည် ထာ​ဝ​ရ ဘု​ရား​စံ​တော်​မူ​ရာ​တဲ​တော်​တွင်း​သို့​မ​ဝင် နိုင်​ချေ။-
36 Y cuando la nube se alzaba del tabernáculo, los hijos de Israel se movían en todas sus jornadas:
၃၆ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည်​တဲ​တော်​မှ မိုး​တိမ်​တိုက်​အ​ထက်​သို့​တက်​ခွာ​သော​အ​ခါ မှ​သာ ရှေ့​စ​ခန်း​သို့​ခ​ရီး​ထွက်​ကြ​သည်။-
37 Pero si la nube no se alzaba, no se partían hasta el día en que ella se alzaba.
၃၇တဲ​တော်​ကို​မိုး​တိမ်​တိုက်​လွှမ်း​လျက်​နေ​သည့် ကာ​လ​ပတ်​လုံး သူ​တို့​သည်​ခ​ရီး​မ​ထွက် ကြ​ချေ။-
38 Porque la nube de Jehová estaba de día sobre el tabernáculo, y el fuego estaba de noche en él, á vista de toda la casa de Israel, en todas sus jornadas.
၃၈ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည်​လှည့်​လည်​၍ ခ​ရီး​သွား​ရာ​လမ်း​တစ်​လျှောက်​လုံး​တွင်​တဲ တော်​ပေါ်​၌​နေ့​အ​ခါ​ထာ​ဝရ​ဘု​ရား​၏​မိုး တိမ်​တိုက်​လွှမ်း​လျက်​ရှိ​သည်​ကို​လည်း​ကောင်း၊ ည​အ​ခါ​မီး​တောက်​လျက်​ရှိ​သည်​ကို​လည်း ကောင်း​တွေ့​မြင်​ရ​ကြ​သ​တည်း။ ရှင်​မော​ရှေ​စီ​ရင်​ရေး​ထား​သော​ထွက်​မြောက်​ရာ ကျမ်း​ပြီး​၏။

< Éxodo 40 >