< Éxodo 3 >

1 Y APACENTANDO Moisés las ovejas de Jethro su suegro, sacerdote de Madián, llevó las ovejas detrás del desierto, y vino á Horeb, monte de Dios.
မော​ရှေ​သည်​သူ​၏​ယောက္ခ​မ မိ​ဒျန်​ယဇ်​ပု​ရော ဟိတ်​ယေ​သ​ရော​၏​သိုး​ဆိတ်​များ​ကို​ထိန်း ကျောင်း​လျက်​ရှိ​စဉ်၊ တော​ကန္တာ​ရ​ကို​ဖြတ်​၍ သိုး​ဆိတ်​များ​ကို​မောင်း​နှင်​လာ​ရာ၊ ဟော​ရပ် ဟု​ခေါ်​သော​ဘု​ရား​သ​ခင်​၏​တောင်​သို့​ရောက် ရှိ​လာ​လေ​၏။-
2 Y apareciósele el Angel de Jehová en una llama de fuego en medio de una zarza: y él miró, y vió que la zarza ardía en fuego, y la zarza no se consumía.
ထို​အ​ရပ်​တွင်​ထာ​ဝ​ရ​ဘု​ရား​၏​ကောင်း​ကင် တ​မန်​သည်​ချုံ​တစ်​ခု​အ​လယ်​မှ မီး​တောက် လောင်​နေ​သည့်​မီး​လျှံ​အ​သွင်​ဖြင့်​ထွက်​လာ​၍ မော​ရှေ​အား​ထင်​ရှား​ပြ​၏။ ချုံ​သည်​မီး​တောက် နေ​သော်​လည်း​လောင်​ကျွမ်း​ခြင်း​မ​ရှိ​ကြောင်း မော​ရှေ​တွေ့​မြင်​ရ​၏။-
3 Entonces Moisés dijo: Iré yo ahora, y veré esta grande visión, por qué causa la zarza no se quema.
ထို့​ကြောင့်​သူ​က``ငါ​သည်​အ​နီး​သို့​ချဉ်း​ကပ် ၍ ထို​ထူး​ဆန်း​သော​ရူ​ပါ​ရုံ​ကို​ကြည့်​ဦး​မည်'' ဟု​အ​ကြံ​ရှိ​လေ​၏။
4 Y viendo Jehová que iba á ver, llamólo Dios de en medio de la zarza, y dijo: ¡Moisés, Moisés! Y él respondió: Heme aquí.
မော​ရှေ​အ​နီး​သို့​ချဉ်း​ကပ်​လာ​သည်​ကို​မြင် တော်​မူ​လျှင်၊ ထာ​ဝ​ရ​ဘု​ရား​သည်​ချုံ​အ​လယ် မှ``မော​ရှေ၊ မော​ရှေ'' ဟူ​၍​ခေါ်​တော်​မူ​၏။ ထို​အ​ခါ​မော​ရှေ​က``အ​ကျွန်ုပ်​ရှိ​ပါ​၏ အ​ရှင်​ဘု​ရား'' ဟု​လျှောက်​လေ​၏။
5 Y dijo: No te llegues acá: quita tus zapatos de tus pies, porque el lugar en que tú estás, tierra santa es.
ဘု​ရား​သ​ခင်​က``အ​နီး​သို့​မ​ချဉ်း​ကပ်​နှင့်။ သင်​သည်​သန့်​ရှင်း​သော​မြေ​ပေါ်​တွင်​ရပ်​နေ သည်​ဖြစ်​၍ ခြေ​နင်း​ကို​ချွတ်​လော့။-
6 Y dijo: Yo soy el Dios de tu padre, Dios de Abraham, Dios de Isaac, Dios de Jacob. Entonces Moisés cubrió su rostro, porque tuvo miedo de mirar á Dios.
ငါ​သည်​သင့်​အ​ဖ​၏​ဘု​ရား၊ အာ​ဗြ​ဟံ​၏ ဘု​ရား၊ ဣ​ဇာက်​၏​ဘု​ရား၊ ယာ​ကုပ်​၏​ဘု​ရား ဖြစ်​သည်'' ဟု​မိန့်​တော်​မူ​၏။ မော​ရှေ​သည် ဘု​ရား​သ​ခင်​ကို​မ​ကြည့်​ဝံ့​သ​ဖြင့်၊ သူ​၏ မျက်​နှာ​ကို​ဖုံး​အုပ်​ထား​လေ​၏။
7 Y dijo Jehová: Bien he visto la aflicción de mi pueblo que está en Egipto, y he oído su clamor á causa de sus exactores; pues tengo conocidas sus angustias:
ထို​နောက်​ထာ​ဝ​ရ​ဘု​ရား​က``ငါ​၏​လူ​မျိုး တော်​သည် အီ​ဂျစ်​ပြည်​တွင်​ခံ​ရ​သော​ဆင်း​ရဲ ဒုက္ခ​ကို​ငါ​ဒိ​ဌ​တွေ့​မြင်​ရ​ပြီ။ သူ​တို့​ကို​စေ ခိုင်း​သော​သ​ခင်​တို့​၏​ညှင်း​ပန်း​ခြင်း​ကို​မ​ခံ မ​ရပ်​နိုင်​သော​ကြောင့် သူ​တို့​အော်​ဟစ်​၍​အ​ကူ အ​ညီ​တောင်း​ခံ​သံ​ကို​ငါ​ကြား​ရ​ပြီ။ ငါ​သည် သူ​တို့​ခံ​ရ​သော​ဆင်း​ရဲ​ခြင်း​ကို​ဧ​ကန်​အ​မှန် သိ​မြင်​ရ​ပြီ။-
8 Y he descendido para librarlos de mano de los Egipcios, y sacarlos de aquella tierra á una tierra buena y ancha, á tierra que fluye leche y miel, á los lugares del Cananeo, del Hetheo, del Amorrheo, del Pherezeo, del Heveo, y del Jebuseo.
အီ​ဂျစ်​အ​မျိုး​သား​တို့​လက်​တွင်း​မှ​သူ​တို့ အား​ကယ်​တင်​ပြီး​လျှင် ထို​ပြည်​မှ​ထုတ်​ဆောင် လျက်​မြေ​သြ​ဇာ​ထက်​သန်​၍​ကျယ်​ပြန့်​သော ပြည်​သို့​ပို့​ဆောင်​ရန်​ငါ​ကြွ​ဆင်း​လာ​ပြီ။ ထို ပြည်​သည်​မြေ​သြ​ဇာ​ထက်​သန်​၍​အ​စာ​ရေ စာ​ပေါ​ကြွယ်​ဝ​၏။ ထို​ပြည်​တွင်​ခါ​နာန်​အ​မျိုး သား၊ ဟိတ္တိ​အ​မျိုး​သား၊ အာ​မော​ရိ​အ​မျိုး​သား၊ ဖေ​ရ​ဇိ​အ​မျိုး​သား၊ ဟိ​ဝိ​အ​မျိုး​သား၊ ယေ​ဗု​သိ​အ​မျိုး​သား​တို့​နေ​ထိုင်​ကြ​၏။-
9 El clamor, pues, de los hijos de Israel ha venido delante de mí, y también he visto la opresión con que los Egipcios los oprimen.
ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏​အော်​ဟစ်​သံ ကို​ငါ​ကြား​ရ​ပြီ။ သူ​တို့​အား​အီ​ဂျစ်​အ​မျိုး သား​တို့​ရက်​စက်​စွာ​ညှင်း​ဆဲ​ပုံ​ကို​လည်း​ငါ မြင်​ရ​ပြီ။-
10 Ven por tanto ahora, y enviarte he á Faraón, para que saques á mi pueblo, los hijos de Israel, de Egipto.
၁၀ငါ​၏​လူ​မျိုး​တော်​ကို​အီ​ဂျစ်​ပြည်​မှ​ထုတ် ဆောင်​ရန် သင့်​အား​ဖာ​ရော​ဘု​ရင်​ထံ​သို့​ငါ စေ​လွှတ်​မည်'' ဟု​မိန့်​တော်​မူ​၏။
11 Entonces Moisés respondió á Dios: ¿Quién soy yo, para que vaya á Faraón, y saque de Egipto á los hijos de Israel?
၁၁မော​ရှေ​က​ထာ​ဝ​ရ​ဘု​ရား​အား``အ​ကျွန်ုပ် သည်​သာ​မ​ည​လူ​တစ်​ယောက်​သာ​ဖြစ်​ပါ​၏။ ဖာ​ရော​ဘု​ရင်​ထံ​သို့​ဝင်​ပြီး​လျှင်​ဣ​သ​ရေ​လ အ​မျိုး​သား​တို့​ကို အီ​ဂျစ်​ပြည်​မှ​ထုတ်​ဆောင် သည့်​ကိစ္စ​ကို​အ​ဘယ်​သို့​ဆောင်​ရွက်​နိုင်​ပါ​မည် နည်း'' ဟု​လျှောက်​၏။
12 Y él [le] respondió: [Ve], porque yo seré contigo; y esto te será por señal de que yo te he enviado: luego que hubieres sacado este pueblo de Egipto, serviréis á Dios sobre este monte.
၁၂ဘု​ရား​သ​ခင်​က``ငါ​သည်​သင်​နှင့်​အ​တူ​ရှိ မည်။ ငါ​သည်​သင့်​အား​စေ​လွှတ်​ကြောင်း​သက် သေ​အ​ထောက်​အ​ထား​မှာ၊ သင်​သည်​ထို​သူ တို့​ကို​အီ​ဂျစ်​ပြည်​မှ​ထုတ်​ဆောင်​လာ​သည့် အ​ခါ သင်​တို့​အ​ပေါင်း​သည်​ဤ​တောင်​ပေါ် တွင်​ငါ​ဘု​ရား​အား​ဝတ်​ပြု​ကိုး​ကွယ်​ရ​ကြ မည်​ဖြစ်​သည်'' ဟု​မိန့်​တော်​မူ​၏။
13 Y dijo Moisés á Dios: He aquí que llego yo á los hijos de Israel, y les digo, El Dios de vuestros padres me ha enviado á vosotros; si ellos me preguntaren: ¿Cuál es su nombre? ¿qué les responderé?
၁၃ထို​အ​ခါ​မော​ရှေ​က``အ​ကျွန်ုပ်​သည်​ဣ​သ ရေ​လ​အ​မျိုး​သား​တို့​ထံ​သို့​သွား​၍၊ သူ​တို့ အား`သင်​တို့​ဘိုး​ဘေး​တို့​၏​ဘု​ရား​သ​ခင် သည် ငါ့​အား​သင်​တို့​ထံ​သို့​စေ​လွှတ်​လိုက်​သည်' ဟု​ပြော​လျှင်​သူ​တို့​က`ထို​ဘု​ရား​၏​နာ​မ တော်​ကား​မည်​သို့​ခေါ်​ပါ​သ​နည်း' ဟု​မေး သည်​ရှိ​သော်​အ​ကျွန်ုပ်​က​မည်​သို့​ဖြေ​ကြား ရ​ပါ​မည်​နည်း'' ဟု​မေး​လျှောက်​လေ​၏။
14 Y respondió Dios á Moisés: YO SOY EL QUE SOY. Y dijo: Así dirás á los hijos de Israel: YO SOY me ha enviado á vosotros.
၁၄ဘု​ရား​သ​ခင်​က``ငါ​၏​နာ​မ​သည်​ငါ​ဖြစ် သည့်​အ​တိုင်း ငါ​ဖြစ်​၏ ဟူ​၍​ဖြစ်​သည်။ `ငါ​ဖြစ်​သည်​ဟု​နာ​မည်​ရှိ သော​အ​ရှင်​သည် သင်​တို့​ထံ​သို့​ငါ့​အား​စေ​လွှတ် တော်​မူ​သည်' ဟု​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့ ကို​ပြော​ရ​မည်'' ဟု​မိန့်​တော်​မူ​၏။-
15 Y dijo más Dios á Moisés: Así dirás á los hijos de Israel: Jehová, el Dios de vuestros padres, el Dios de Abraham, Dios de Isaac y Dios de Jacob, me ha enviado á vosotros. Este es mi nombre para siempre, este es mi memorial por todos los siglos.
၁၅တစ်​ဖန်​ထာ​ဝ​ရ​ဘု​ရား​က​မော​ရှေ​အား``သင် တို့​ဘိုး​ဘေး​တို့​၏​ထာ​ဝ​ရ​ဘု​ရား၊ အာ​ဗြ​ဟံ ၏​ဘု​ရား၊ ဣ​ဇာက်​၏​ဘု​ရား၊ ယာ​ကုပ်​၏​ဘု​ရား တည်း​ဟူ​သော​ထာ​ဝ​ရ​ဘု​ရား​သည် သင်​တို့ ထံ​သို့​ငါ့​အား​စေ​လွှတ်​တော်​မူ​သည်​ဟု ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား​ပြော​ရ မည်။ ဤ​နာ​မ​သည်​ထာ​ဝ​စဉ်​ငါ​၏​နာ​မ ဖြစ်​၏။ နောင်​လူ​မျိုး​အ​ဆက်​ဆက်​တို့​သည် ထို​နာ​မ​ဖြင့်​ငါ့​အား​သိ​ကြ​လိမ့်​မည်။-
16 Ve, y junta los ancianos de Israel, y diles: Jehová, el Dios de vuestros padres, el Dios de Abraham, de Isaac, y de Jacob, me apareció, diciendo: De cierto os he visitado, y [visto] lo que se os hace en Egipto;
၁၆သင်​သွား​၍​ဣ​သ​ရေ​လ​အမျိုး​သား​ခေါင်း ဆောင်​တို့​ကို​စု​ရုံး​လျက် သူ​တို့​အား​သင်​တို့ ဘိုး​ဘေး​တို့​၏​ထာ​ဝ​ရ​ဘု​ရား၊ အာ​ဗြ​ဟံ ၏​ဘုရား၊ ဣဇာက်​၏​ဘု​ရား၊ ယာ​ကုပ်​၏​ဘု​ရား တည်း​ဟူ​သော​ထာ​ဝ​ရ​ဘု​ရား​ကို​ဖူး​မြင် ရ​၍၊ ထို​ဘု​ရား​က​သင်​တို့​အား​ငါ​သည်​သင် တို့​ထံ​သို့​ကြွ​လာ​လျက်​အီ​ဂျစ်​အ​မျိုး​သား တို့​က​သင်​တို့​အား​ပြု​သော​အ​မှု​ကို​မြင် ရ​ပြီ။-
17 Y he dicho: Yo os sacaré de la aflicción de Egipto á la tierra del Cananeo, y del Hetheo, y del Amorrheo, y del Pherezeo, y del Heveo, y del Jebuseo, á una tierra que fluye leche y miel.
၁၇ငါ​သည်​သင်​တို့​နှိပ်​စက်​ညှင်း​ဆဲ​ခြင်း​ခံ​ရ သော​အီ​ဂျစ်​ပြည်​မှ​သင်​တို့​ကို​ထုတ်​ဆောင် ၍၊ ခါ​နာန်​အ​မျိုး​သား၊ ဟိတ္တိ​အ​မျိုး​သား၊ အာ​မော​ရိ​အ​မျိုး​သား၊ ဖေ​ရ​ဇိ​အ​မျိုး​သား၊ ဟိ​ဝိ​အ​မျိုး​သား၊ ယေ​ဗု​သိ​အ​မျိုး​သား​တို့ နေ​ထိုင်​ရာ​ပြည်​သို့​ပို့​ဆောင်​မည်။ ထို​ပြည်​သည် မြေ​သြ​ဇာ​ထက်​သန်​၍​အ​စာ​ရေ​စာ​ပေါ ကြွယ်​ဝ​၏ ဟူ​၍​မိန့်​တော်​မူ​ကြောင်း​ပြော ပြ​လော့။
18 Y oirán tu voz; é irás tú, y los ancianos de Israel, al rey de Egipto, y le diréis: Jehová, el Dios de los Hebreos, nos ha encontrado; por tanto nosotros iremos ahora camino de tres días por el desierto, para que sacrifiquemos á Jehová nuestro Dios.
၁၈``သူ​တို့​သည်​သင့်​စ​ကား​ကို​နား​ထောင်​ကြ မည်။ ထို​နောက်​သင်​သည်​ဣ​သ​ရေ​လ​အ​မျိုး သား​ခေါင်း​ဆောင်​တို့​နှင့်​အ​တူ ဖာ​ရော​ဘု​ရင် ထံ​သို့​ဝင်​၍​ဘု​ရင်​အား`အ​ကျွန်ုပ်​တို့​သည် ဟေ​ဗြဲ​အ​မျိုး​သား​တို့​၏​ထာ​ဝ​ရ​အ​ရှင် ဘု​ရား​သ​ခင်​နှင့်​ဖူး​တွေ့​ခဲ့​ရ​ပါ​ပြီ။ အ​ကျွန်ုပ် တို့​၏​ထာ​ဝ​ရ​အ​ရှင်​ဘု​ရား​သ​ခင်​အား ယဇ်​ပူ​ဇော်​နိုင်​ရန် တော​ကန္တာ​ရ​သို့​သုံး​ရက် ခ​ရီး​ထွက်​ခွင့်​ပေး​ပါ' ဟု​လျှောက်​ထား​လော့။-
19 Mas yo sé que el rey de Egipto no os dejará ir sino por mano fuerte.
၁၉အီ​ဂျစ်​ဘု​ရင်​သည်၊ အင်​အား​ကြီး​မား​သော လက်​တော်​ဖြင့်​တိုက်​တွန်း​ခြင်း​မ​ပြု​လျှင် သင် တို့​အား​သွား​ခွင့်​ပြု​မည်​မ​ဟုတ်​ကြောင်း​ငါ သိ​၏။-
20 Empero yo extenderé mi mano, y heriré á Egipto con todas mis maravillas que haré en él, y entonces os dejará ir.
၂၀ငါ​၏​တန်​ခိုး​တော်​ဖြင့်​နိ​မိတ်​လက္ခ​ဏာ​များ ကို​ပြ​၍ အီ​ဂျစ်​ပြည်​သား​တို့​ကို​ဒဏ်​ခတ်​မည်။ ထို​နောက်​မှ​ဘု​ရင်​သည်​သင်​တို့​ကို​သွား​ခွင့် ပေး​လိမ့်​မည်။
21 Y yo daré á este pueblo gracia en los ojos de los Egipcios, para que cuando os partiereis, no salgáis vacíos:
၂၁``အီ​ဂျစ်​အ​မျိုး​သား​တို့​က​ငါ​၏​လူ​မျိုး တော်​အား စေ​တ​နာ​မေတ္တာ​ရှိ​လာ​စေ​ရန်​ငါ ပြု​မည်​ဖြစ်​သော​ကြောင့်၊ သင်​တို့​ထို​ပြည်​မှ ထွက်​ခွာ​ရ​သော​အ​ခါ​လက်​ချည်း​သက် သက်​မ​ထွက်​ခွာ​ရ။-
22 Sino que demandará cada mujer á su vecina y á su huéspeda vasos de plata, vasos de oro, y vestidos: los cuales pondréis sobre vuestros hijos y vuestras hijas; y despojaréis á Egipto.
၂၂ဣ​သ​ရေ​လ​အ​မျိုး​သ​မီး​တိုင်း​က​မိ​မိ​၏ အီ​ဂျစ်​ပြည်​သား​အိမ်​နီး​ချင်း​တို့​ထံ​မှ​သော် လည်း​ကောင်း၊ မိ​မိ​အိမ်​မှာ​တည်း​ခို​သော​အီ​ဂျစ် အ​မျိုး​သ​မီး​တို့​ထံ​မှ ရွှေ၊ ငွေ၊ လက်​ဝတ်​တန် ဆာ​နှင့်​အ​ဝတ်​အ​ထည်​များ​ကို​တောင်း​ယူ​ကြ လိမ့်​မည်။ သင်​တို့​သည်​သင်​တို့​၏​သား​သ​မီး များ​အား​ထို​ပစ္စည်း​များ​ဖြင့်​တန်​ဆာ​ဆင်​ပေး ကြ​ခြင်း​ဖြင့်​အီ​ဂျစ်​ပြည်​သား​တို့​၏​ဥစ္စာ ပစ္စည်း​များ​ကို​အ​ပိုင်​ရ​ရှိ​ကြ​လိမ့်​မည်'' ဟု မိန့်​တော်​မူ​၏။

< Éxodo 3 >